Professional

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်

အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေ၊စီးပွါးရေးပါတနာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှု အတိုင်းအတာမတူသလိုဝင်ပါလို့ရတဲ့ စည်းမတူဘူး။ဒါကို နားလည်ဖို့လိုတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာစေတနာဆိုတဲ့စကားနဲ့ ကိုယ်နဲ့မဆိုင် ဝင်ပါချင်ကြတာသတိထားရမည့် အပိုင်းပဲ။ Personal, Professional နဲ့ Business ကိုမရောမိဖို့လိုတယ်။ကိုယ့်စည်းနဲ့ ကိုယ်ပဲ။သူများပိုက်ဆံယူပြီးရင်Professional မှာ ကိုယ်ပေးတဲ့ ကတိတည်ရမယ်။စိတ်ပါတာ မပါတာ အရေးမကြီးဘူး။ကိုယ့်စည်း ကိုယ်စောင့်ဖို့အရေးကြီးတယ်။ ℙ𝕙𝕪𝕠 Paing @ Derek

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်
Read More »

ကိုယ့် profession ကိုချစ်ဖို့လိုတယ်။

Marketing လို့ပြောလိုက်ရင်၂၀၁၆ လောက်ထိ အထင်သိပ်မကြီးကြဘူး။အဆင့်မြင့်ပညာလို့ လူအများစုမယူဆခဲ့ကြဘူး။ မားကတ်တင်းဆင်းတယ်ဆိုရင်ကိုပဲအဆင့်နိမ့်တဲ့အလုပ်လို့ ထင်ခဲ့ကြတယ်။ ဒါကြီးကို အပြောင်းအလဲလုပ်ချင်တဲ့အတွက်2016 မှာ Marketing 101 ဆိုတဲ့သင်တန်းနဲ့ လူပေါင်းများစွာကိုသင်တန်းပေးခဲ့တယ်။နောက်လုပ်ငန်းရှင်တွေအတွက်Guerrilla Marketing သင်တန်းကို စတင်မိတ်ဆက်ပေးခဲ့တယ်။ Marketing ဆိုတာ ကုန်ပစ္စည်း၊ဝန်ဆောင်မှု ကြော်ငြာတာထက်အများကြီးပိုတယ်။ Psychology, Philosophy, Influence, Interaction (human),Technology နဲ့ Tactics တွေပါတယ်။ အပြောင်းအလဲလုပ်ချင်တိုင်းမှာMarketing လုပ်ရတယ်။ လူတွေ ဆိုင်ကယ်ဦးထုပ်ဆောင်းအောင်Marketing လုပ်ရတယ်။လူတွေ သားဆက်ခြားအောင်Marketing လုပ်ရတယ်။လူတွေ ကြက်ခြေနီမှာ သွေးလာလှူအောင်Marketing လုပ်ရတယ်။လူတွေ ကိုယ့် ကုန်ပစ္စည်းကို သုံးအောင်Marketing လုပ်ရတယ်။ Japan မှာ Facebook အသုံးပြုအောင်လုပ်တုန်းက Invite ဆိုတဲ့စာသားကြောင့် Japan မှာလူအများစုက ကိုယ့်သူငယ်ချင်းတွေကိုinvite မလုပ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်အရမ်းမသေချာသေးတဲ့Platform

ကိုယ့် profession ကိုချစ်ဖို့လိုတယ်။ Read More »

စိတ်ပါပါ မပါပါ
လုပ်စရာရှိတာ
သတ်မှတ်အချိန်တွင်း
အဆင်ပြေချောမွေ့
ပြီးအောင် လုပ်တာ
professional ပဲ။

မပြုံးပြချင်လဲ အချိုသာဆုံးအပြုံး ပြုံးပြတာ လေယဥ်မယ်ရဲ့ တာဝန်။ စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek

စိတ်ပါပါ မပါပါ
လုပ်စရာရှိတာ
သတ်မှတ်အချိန်တွင်း
အဆင်ပြေချောမွေ့
ပြီးအောင် လုပ်တာ
professional ပဲ။
Read More »

စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။
ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။

စိတ်ပါပါ မပါပါ လုပ်စရာရှိအောင်သတ်မှတ်အချိန်တွင်းအဆင်ပြေချောမွေ့ပြီးအောင် လုပ်တာ professional ပဲ။ မပြုံးပြချင်လဲ အချိုသာဆုံးအပြုံး ပြုံးပြတာ လေယဥ်မယ်ရဲ့ တာဝန်။ စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek

စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။
ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။
Read More »

အမှားလုပ်ရမှာ မကြောက်ပါနဲ့။

Professional တွေက မမှားအောင်လုပ်တယ်။Entrepreneur တွေက အောင်နိုင်ဖို့လုပ်တယ်။ဒါကြောင့် entrepreneur တွေနဲ့အမှားတွေနဲ့ မိတ်ဆွေပဲ။ဒီကမှ အမှန်တွေကို ရွေးချယ်သွားတယ်။အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Phyo Paing @ Derek

အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Read More »

အလုပ်ဆိုတာ ထွက်ပေါက်ပဲ။

အလုပ်ဆိုတာ စိတ်ကြွဆေးပဲ။အလုပ်ဆိုတာ တွန်းအားပဲ။အလုပ်ကိုစွဲလမ်းသွားတဲ့အခါပြဿနာတချို့ကိုမေ့သွားတယ်။အလုပ်ဆိုတာထွက်ပေါက်ပဲ။အလုပ်ဆိုတာ လွတ်မြောက်ရာနယ်မြေ။ ဒီလိုဖြစ်ဖို့ ကိုယ်ရင်ခုန်တဲ့အလုပ်လုပ်ဖို့လိုတယ်။ကိုယ်မကြိုက်တဲ့အလုပ်ကို စိတ်ညစ်ခံလုပ်ပြီးကိုယ့်ကိုကိုယ် မညှင်းဆဲတော့တာ၂၀၁၂ Jan ဘွဲ့ရပြီးကတည်းကပဲ။ တစ်ရက်မှ အလုပ်မလုပ်ချင်ရင်ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါလို့ကွန်ဖြူးရှပ်လဲ ပြောခဲ့တာပဲ။ အလုပ်ကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အလုပ်ဆိုတာ ထွက်ပေါက်ပဲ။ Read More »

Personal mission

တခါက ဒေါ်အောင်ဆန်းစုကြည်ကိုKorean ကောင်မလေးတစ်ယောက်ကWhat’s your dream, Madam?လို့ မေးတယ်။ကျွန်မရဲ့ အိမ်မက်ကတော့ကျွန်မရဲ့လူတွေကို ကမ္ဘာကြီးအတွက်ပိုကောင်းတဲ့အနာဂတ်တွေဖန်တီးနိုင်တဲ့အခွင့်အရေးတွေ ဖန်တီးပေးချင်တယ်တဲ့။ ဒါကို Personal Mission လို့ခေါ်တယ်။ဒီ ကိုယ့်ရဲ့သမိုင်းပေးတာဝန်ကိုသိတဲ့လူတစ်ယောက်က နေ့စဉ်ဘဝဖြတ်သန်းရတာဘယ်လိုအခြေအနေမျိုးဖြစ်နေနေကိုယ့်ရဲ့လုပ်ရပ်တွေအတွက် ဂုဏ်ယူပြီးဘဝအဓိပ္ပာယ်ရှိနေတယ်ကြတယ်။ Lee Kuan Yew ရဲ့ သမိုင်းပေးတာဝန်ကတတိယကမ္ဘာတွေကြားမှာပထမနိုင်ငံ အိုအေစစ်ဖန်တီးတာဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ သမိုင်းပေးတာဝန်ကကိုယ့်ကိုကိုယ် အကောင်းဆုံးဖန်တီးနေရင်းတခြားသူတွေကိုလဲ သူတို့ကိုယ်ကိုအကောင်းဆုံးဖန်တီးနိုင်အောင်ကူညီပေးမယ်။ Phyo Paing @ Derek

Personal mission Read More »

ရှက်စရာမဟုတ်တာကို ရှက်စရာလို့မမြင်ပါနဲ့။

စျေးရောင်းတာရှက်စရာမဟုတ်ပါဘူး။ Online shop ရောင်းတာရှက်စရာမဟုတ်ပါဘူး။ တချို့နိုင်ငံကြီးတွေမှာတောင် အိမ်စရိတ်၊စားဝတ်နေရေးအတွက် အလုပ်လုပ်ရတာကြောင့်Full time လုပ်ဖို့ မလွယ်ပါဘူး။Dropshipping တို့ ဘာတို့ မကြားဖူးလို့လို့မြင်တယ်။ လူတိုင်းရောင်းနေရတာပါပဲ။ ဘယ်လိုရောင်းလဲတာကွာတာ။ တချို့က အချိန်ရောင်းပြီး ဝန်ထမ်းလုပ်တယ်။ တချို့က service ရောင်း freelance လုပ်တယ်။ တချို့က result ရောင်းတယ်။ တချို့က ဝန်ထမ်းတွေခန့် သင်တန်းပေးပြီး ဝန်ထမ်းတွေရောင်းခိုင်းတယ်။ တချို့က နည်းပညာအသုံးပြု automation နဲ့ရောင်းတယ်။ ကိုယ်က Online Shop ရောင်းသူတွေကိုရှက်စရာလို့ မြင်နေတုန်း ဟိုကတိုက်တွေ၊ ကားတွေနဲ့ ဖြစ်သွားပြီ။ ဘယ် profession ကမှ ရှက်စရာမဟုတ်ပါဘူး။ နောက်ဆရာဖြိုးသီဟ ရေးထားတာလေးလဲစဉ်းစားလို့ရအောင် comment မှာတင်ပေးထားပါတယ်။ Phyo Paing @ Derek

ရှက်စရာမဟုတ်တာကို ရှက်စရာလို့မမြင်ပါနဲ့။ Read More »

ကျောင်းမှာ မသင်ပေးလိုက်တဲ့ Life skill

၁။ ကိုယ့် emotion ကို အကောင်းဆုံးအသုံးချပြီးရည်မှန်းချက်ပန်းတိုင်တွေ အကောင်အထည်ဖော်ဖို့၊ ၂။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့၊ ၃။ ကိုယ့် idea ကို လူရှေ့သူရှေ့မှာချပြတတ်ဖို့ လူရှေ့စကားပြောဟောနည်း ပြောနည်းအတတ်ပညာ၊ ၄။ ငွေကြေးစီမံခန့်ခွဲတတ်ဖို့ Cashflow၊ Asset နဲ့ Liability ကိုစီမံတတ်ဖို့၊ ၅။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်အောင်အချိန်စီမံခန့်ခွဲတတ်ဖို့၊ ၆။ ပြဿနာတစ်ခုကို အကောင်းဆုံးနည်းလမ်းနဲ့ချည်းကပ်ဖြေရှင်းနိုင်ဖို့ ၇။ သတင်းအချက်အလက်တွေကို အကောင်းဆုံးရှာဖွေအသုံးချနိုင်ဖို့အင်္ဂလိပ်စာ ၈။ အခြေခံနည်းပညာနဲ့ အိုင်တီပစ္စည်းတွေအသုံးပြုနိုင်စွမ်း။ Phyo Paing @ Derek

ကျောင်းမှာ မသင်ပေးလိုက်တဲ့ Life skill Read More »