Progress

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။

တိုးတက်ချင်ရင်အဓိက တစ်နည်းပဲရှိတယ်။ပြဿနာဖြေရှင်း။ ဒီထက်ကောင်းတဲ့တိုးတက်တဲ့နည်းမရှိဘူး။ ပုစ္စာတွေပြဿနာအဖြေရှာတာကိုသူငယ်တန်းကတည်းကလုပ်ခဲ့တယ်။အတန်းကြီးလေ ပုစ္စာတွေခက်လာလေပဲ။ ဘဝရဲ့အရည်အသွေးဆိုတာကလဲကိုယ့်ဘဝပြဿနာဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။
Read More »

သင်ယူမှုပြုလုပ်တယ်ဆိုတာ
Risk management အန္တရာယ်ကို စီမံခန့်ခွဲမှုပြုလုပ်တာပဲ။

ကိုယ်နားမလည်တာကိုလုပ်တာRisk အန္တရာယ်ပဲ။သင်ယူမှုပြုလုပ်တယ်ဆိုတာRisk management အန္တရာယ်ကိုစီမံခန့်ခွဲမှုပြုလုပ်တာပဲ။ Phyo Paing @ Derek

သင်ယူမှုပြုလုပ်တယ်ဆိုတာ
Risk management အန္တရာယ်ကို စီမံခန့်ခွဲမှုပြုလုပ်တာပဲ။
Read More »

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။

နောက်အနှစ်ငါးဆယ်ဆိုFacebook ပေါ်ကလူတော်တော်များများရှိချင်မှ ရှိကြတော့မယ်။​ Facebook ကြီးကလဲရှိချင်မှ ရှိကြတော့မယ်။ ရှိရင်လဲ သိချင်မှသိကြတော့မယ်။ အားလုံးက သံသရာမှာတခဏလာတွေ့ကြတယ်။ မသေခင်တော့အထောက်အပံကောင်းတွေတည်ဆောက်သွားဖို့လိုနိုင်တယ်။ဘာကြောင့်လဲဆို အနာဂတ်မှာဘာတွေဖြစ်မလဲ၊ဘာတွေရှိမလဲမသိနိုင်ဘူး။​ကုသိုလ်၊ ဥစ္စာ၊ ပညာဒီသုံးခုဖြည့်ဆည်းထားတာကတော့မှားတဲ့အလုပ်မဟုတ်ဘူး။နေ့တိုင်း ဒီသုံးခုစလုံးမဟုတ်ရင်တောင်တစ်ခုကတော့ ဖြည့်ဆည်းထားမှအနာဂတ်အတွက် တော်ကာကျနိုင်မယ်။ Phyo Paing @ Derek

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။
Read More »

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။

အိမ်တွင်းတိုက်ပွဲမရှိတော့တဲ့သူတွေကဘဝတိုက်ပွဲမှာ အစွမ်းပိုပြနိုင်တတ်ကြတယ်။ လူတိုင်းကတော့ အနည်းနဲ့အများအိမ်တွင်းတိုက်ပွဲ ဆင်နွဲခဲ့ဖူးကြလိမ့်မယ်။ မိသားစု၊ သားသမီး၊ အမျိုး၊သမီးရည်းစား၊ လင်မယား။ အိမ်တွင်းတိုက်ပွဲတွေအောင်မှဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။ ဒါကို တချို့သူတွေပဲသေချာနားလည်မယ်ထင်တယ်။ Phyo Paing @ Derek

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။
Read More »

လောကအမြင်အရေးကြီးတယ်။

လောကအမြင်မတူရင်ဘဝရဲ့ အမြင့်မတူဘူး။ ငွေရေးကြေးရေးအပေါ်ထားတဲ့အမြင်မတူရင်ပိုင်ဆိုင်မှုအမြင့်မတူဘူး။ပညာရေးပေါ်ထားတဲ့အမြင်မတူရင်ပညာရေး အမြင့်မတူဘူး။ လူတွေရဲ့လောကအမြင်ကကိုယ့်ပတ်ဝန်းကျင်ကလာတတ်တယ်။ကိုယ့်မိဘ၊ ဆွေးမျိုး၊ကျင်လည်ခဲ့တဲ့အသိုင်းအဝိုင်း။ ချမ်းသာတဲ့မိသားစုမှာမွေးပြီးအမွေမရ၊ အထောက်အပံ့မရရင်တောင်အကြီးဆုံးရနိုင်တဲ့အရာကငွေကြေးနဲ့ပတ်သက်တဲ့လောကအမြင်ပဲ။ ကျွန်တော့်ဘဝရဲ့ အကြီးဆုံးအပြောင်းအလဲတစ်ခုက၂၀၁၃ မှာ စတင်တယ်။ ချမ်းသာတဲ့သူတွေရဲ့စဥ်းစားပုံနဲ့ကိုယ်ကျင်လည်နေတဲ့အသိုင်းအဝိုင်းစဥ်းစားပုံကို တော်တော်လေးကွာတာသတိသွားပြုမိတယ်။ ကိုယ်ကျင်လည်နေတဲ့နေရာကသူများအကြောင်း၊ ဘယ်သူဘာဖြစ်အရေးမပါတာတွေနဲ့ပြောဆို အချိန်ကုန်နေတာများတယ်။ သူ့နယ်ပယ်မှာ နေရာကြီးကြီးတစ်ခုမှာရောက်နေတဲ့အသိုင်းအဝိုင်းမှာဒါတွေ ပြောဆိုတာမတွေ့ရဘူး။အများစုက ကိုယ့်လုပ်ငန်းအကြောင်း၊အတုယူလို့ရတဲ့သူတွေအကြောင်းဒီအချက်ကိုတွေ့ရတယ်။ အဲ့နေ့ကစတင်ပြီး MYOB ဆိုတာကိုကျင့်သုံးခဲ့တယ်။Mind Your Own Businessကိုယ့်အလုပ်ကိုယ်အာရုံစိုက်။ အဲ့နေ့ကစတင်ပြီး ဘဝမှာငွေကြေးပိုင်းအရင်ကထက်အများကြီး အဆင်ပြေလာတယ်။ အဲ့နှစ်မှာပဲ ကိုယ့်ငွေနဲ့ကိုယ်ကားဝယ်တယ်။နောက်တစ်နှစ်ကျတော့ဆိုင်ဖွင့်တယ်။နောက်ထပ်တစ်နှစ်June 2015 မှာ YEC ကို စတင်ခဲ့တယ်။ လူတွေဆီက အများကြီးလေ့လာလို့ရတယ်။လူတိုင်းက ကိုယ့်ဆရာပဲ။ရှောင်စရာနဲ့ အတုယူစရာသင်ပေးလိုက်တဲ့ ဆရာကြီးပဲ။ လောကအမြင်အရေးကြီးတယ်။ Phyo Paing @ Derek

လောကအမြင်အရေးကြီးတယ်။ Read More »

အပြစ်မတင်နဲ့ အဖြေရှာကြည့်။

လောကမှာ လူနှစ်မျိုးရှိတယ်။လိုချင်တာကို ရအောင်ယူနိုင်သူနဲ့လိုချင်တာကို ရအောင်မယူနိုင်တဲ့သူ။ ပထမသူက အဖြေရှာတတ်တယ်။ဒုတိယသူက အပြစ်တင်တတ်တယ်။ လိုချင်တာရဖို့ အလားအလာများချင်ရင်အပြစ်မတင်နဲ့ အဖြေရှာကြည့်။ကိုယ့်ကိုကိုယ် အဲ့လိုအမြဲဆုံးမတယ်။ Phyo Paing @ Derek

အပြစ်မတင်နဲ့ အဖြေရှာကြည့်။ Read More »

အလုပ်ဖြစ်မှ ထလုပ်လို့မရဘူး။

တချို့အလုပ်တွေကအလုပ်ဖြစ်မှ ထလုပ်လို့မရဘူး။အလုပ်ဖြစ်မည့်အချိန်စောင့်ပြီးလေး၊ ငါး၊ ဆယ်နှစ်ကြိုတင်ပြင်ဆင်ရတတ်တယ်။ Phyo Paing @ Derek

အလုပ်ဖြစ်မှ ထလုပ်လို့မရဘူး။ Read More »

နားမလည်ရင် မှားမယ်။

နားမလည်ရင် မှားမယ်။ ယောကျာ်းတွေအကြောင်းနားမလည်ရင်ယောကျာ်းတွေကြောင့် ဒုက္ခရောက်မယ်။မိန်းမတွေအကြောင်းနားမလည်ရင်မိန်းမတွေကြောင့် ဒုက္ခရောက်မယ်။​လူတွေအကြောင်းနားမလည်ရင်လူတွေကြောင့် ဒုက္ခရောက်မယ်။​ဝန်ထမ်းတွေအကြောင်းနားမလည်ရင်ဝန်ထမ်းတွေကြောင့်ဒုက္ခရောက်မယ်။ဘော့အကြောင်းနားမလည်ရင်ဘော့ကြောင့် ဒုက္ခရောက်မယ်။​ စီးပွားရေးလုပ်နေပြီးစီးပွားရေးအကြောင်းနားမလည်စီးပွားရေးကြောင့် ဒုက္ခရောက်မယ်။ငွေကြေးအကြောင်းနားမလည်ငွေကြေးကြောင့် ဒုက္ခရောက်မယ်။ နားလည်မှုဆိုတာကိုယ့်အထင်အမြင်နဲ့တကယ့်အဖြစ်အပျက်နဲ့အနီးစပ်ဆုံးတူနေတာ။ နားမလည်တဲ့အခါကိုယ့်အထင်အမြင်နဲ့တကယ်ဖြစ်နေတာနဲ့ကြားမှာကွာဟနေတတ်တာမျိုးဖြစ်နိုင်တယ်။ နားမလည်တဲ့အခါပေးပြီး ပြန်ရချင်တာကိုပြန်မရတာမျိုး။ နားမလည်တဲ့အခါကိုယ့်အထင်အမြင်နဲ့လောကရဲ့အဖြစ်အပျက်ကကိုက်ညီမှုမရှိနေတာမျိုး။ ဗုဒ္ဓက သံသရာ ဝဋ်ဆင်း ရဲကိုသေချာနားလည်ဖို့သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကိုဟောကြားခဲ့ပေမယ့်သိတော့ သိတယ်ဒါကို နားလည်ဖို့အတွက်ကျင့်ကြံဖို့ ဝိပဿနာinsight meditation/ Vipassanaတကယ်ကျင့်မှ နားလည်နိုင်တာမျိုး။တချို့အရာတွေက စာတွေ့သိပြီးငါတွေ့နဲ့ကြုံမှ တကယ်နားလည်နိုင်တာမျိုး။ လောကမှာ လောကဓံရှစ်ပါးကိုသေချာနားလည်လာရင်ဘဝကို ရုန်းရင်းဆန်ခတ်ဖြစ်ပြီးမနေတော့ဘူး။ဘဝမှာ သုခနဲ့ကြုံကြုံ၊ဒုက္ခနဲ့ကြုံကြုံစိတ်ကိုတည်ငြိမ်အောင်ထားတတ်တဲ့ဥပက္ခာတရားရှိလာမယ်။အရာရာဟာ ခဏပါဆိုတာနားလည်လာမယ်။ မနားလည်လို့ မမှားအောင်ဗုဒ္ဓက မှန်ကန်တဲ့အမြင်ရှိဖို့သမ္မာဒိဋ္ဌိ (၅) မျိုးကိုဟောကြားခဲ့တယ်။​ ကမ္မဿကတာသမ္မာဒိဋ္ဌိ လူတိုင်းဟာ ကိုယ်ပြုလိုက်တဲ့ကောင်းမှု၊ မကောင်းမှုကံ တွေရဲ့ အကျိုးကိုကိုယ်တိုင် ခံစားရတာကိုသိမြင်တဲ့ ဉာဏ်ပါ။ဒါဟာ အခြေခံ အကျဆုံးအမြင်မှန်ဖြစ်ပါတယ်။ ဈာနသမ္မာဒိဋ္ဌိတရားထိုင်တာကြောင့် ရရှိတဲ့ဈာန် နဲ့ ယှဉ်တဲ့ ဉာဏ်ပါ။ဈာန်ဝင်စားနေချိန်မှာစိတ်ရဲ့ အခြေအနေတွေကိုတိုက်ရိုက်သိမြင်လာတဲ့ဉာဏ်အမြင် ဖြစ်ပါတယ်။လူတိုင်းဟာ

နားမလည်ရင် မှားမယ်။ Read More »

အလုပ်မဖြစ်ခင်မှာ
နယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကို
နားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေ
မနည်းဘူး။

အလုပ်မဖြစ်ခင်မှာနယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကိုနားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေမနည်းဘူး။ နားလည်သွားရင် အလုပ်ဖြစ်အောင်လုပ်ရတာမခက်တော့ဘူး။ ဒီနားလည်အောင်လေ့လာတဲ့အချိန်တစ်ခုအမြဲပေးရတတ်တယ်။ ဘဝမှာ လုပ်ငန်းတစ်ခုကိုအောင်အောင်မြင်မြင်ဘယ်လိုစတင်မလဲ။အမှတ်တံဆိပ်တစ်ခုဘယ်လိုဖောက်မလဲ။ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။အင်တာနက်အခြေပြုလုပ်ငန်းဘယ်လိုလုပ်မလဲ။ ဒီလိုအချက်တွေကို နားလည်အောင်အကောင်အထည်ဖော်တတ်အောင်လေ့လာခဲ့ဖို့ အချိန်တစ်ခုပေးရတတ်တယ်။ စိတ်ရှည်ဖို့လိုတယ်။လေ့လာနေဖို့လိုတယ်။စမ်းသပ်ဖို့လိုတယ်။ Phyo Paing @ Derek

အလုပ်မဖြစ်ခင်မှာ
နယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကို
နားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေ
မနည်းဘူး။
Read More »

သူလိုချင်တာကိုပေး၊
မလိုချင်တာကို မပေးနဲ့။

ရည်ရွယ်ချက်မရှိပဲစကားတွေအများကြီးပြောရင်တချိန်မှာ မလိုအပ်တဲ့ပြဿနာအများကြီးဖြစ်တတ်တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုပြုတိုင်းပုံမှန် မေးဖြစ်တဲ့မေးခွန်းလေးခုရှိတယ်။​ ၁။ ငါ သူ့ဆီက ဘာရချင်သလဲ၂။ သူ ငါ့ဆီက ဘာရချင်သလဲ၃။ သူ့ဆီက မလိုချင်ဘဲရမည့်အရာက ဘာလဲ၄။ ကိုယ့်ဆီက သူမလိုချင်ဘဲရမည့်အရာက ဘာလဲ ဒီမေးခွန်းလေးခုမေးလိုက်ရင်အဖြေကရှင်းသွားမယ်။ ပေါင်းသင်းဆက်ဆံရေးတိုင်းမှာရည်ရွယ်ချက်တစ်ခုရှိတယ်။ သူလိုချင်တာကိုပေး၊မလိုချင်တာကို မပေးနဲ့။ Phyo Paing @ Derek

သူလိုချင်တာကိုပေး၊
မလိုချင်တာကို မပေးနဲ့။
Read More »