ကိုယ်လိုချင်တာသေချာသိဖို့
self-awareness လိုတယ်။
နာမည်ကြီးလူသိများတာကကျော်ကြားတာ။ငွေကြေးများများပိုင်ဆိုင်တာကချမ်းသာတာ။သမီးရည်းစားလင်မယားရှေ့သွားနောက်လောက်ညီတာကအိမ်ထောင်ရေးသာယာတာ။ လူတွေက ကိုယ်လိုချင်တာရတာကိုအောင်မြင်တယ်လို့သတ်မှတ်ကြတယ်။ ကိုယ်လိုချင်တာနဲ့တခြားသူလိုချင်တာ တူချင််မှတူလိမ့်မယ်။ ကိုယ်လိုချင်တာသေချာသိဖို့self-awareness လိုတယ်။မဟုတ်ရင် လူအများလိုချင်တာကိုကိုယ်လိုချင်တယ်လို့ပဲထင်နေတတ်တယ်။ ကျော်ကြားပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့အနုပညာရှင်တွေတွေ့ဖူးလိမ့်မယ်။ငွေကြေးတွေကျိကျိတတ်ချမ်းသာပြီးမပျော်တဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ကိုယ်လိုချင်တာရဖို့ကိုယ်ဘာလိုချင်လဲသိအောင်ကိုယ့်ကိုကိုယ်အရင်နားလည်အောင်လေ့လာဖို့လိုလာတယ်။ ဒီလိုနားလည်ဖို့ ဘဝရဲ့ဖြတ်သန်းမှု၊တုန့်ပြန်မှု၊ စဥ်းစားတဲ့ပုံ၊လုပ်ဆောင်လေ့ရှိတဲ့ပုံစံ၊ကိုယ်ရည်ကိုယ်သွေး၊အတွေး၊ အကြံ၊ အလုပ်တွေကိုလေ့လာမှုတွေပြုကြရတယ်။ မေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားဖြစ်စဥ်ကို ဘဝလို့ခေါ်တယ်။ဒီကြားမှာ ပိုကောင်းတဲ့ဘဝကိုနေထိုင်ဖို့ ကိုယ့်ကိုကိုယ်နားလည်ဖို့လိုတယ်။ကိုယ့်ရဲ့ အတွေး၊ အကြံအစည်၊ အလုပ်ဒါတွေကိုနားလည်လာရင်ပိုတိုးတက်အောင်လုပ်ဆောင်လို့ရတယ်။အတွေး၊ အကြံ၊ အလုပ်ပိုကောင်းလာလေလေရလဒ်ပိုကောင်းလာလေလေ။ရလဒ်ကောင်းလာလေလေ၊ဘဝရဲ့အရည်အသွေးပိုကောင်းလာလေလေ။ တချို့အရာတွေကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။တချို့အရာတွေကို တိုက်ရိုက်ထိန်းချုပ်လို့ရတယ်။ကိုယ်ဘယ်လိုတွေးမယ်၊ဘယ်လိုကြံစည်မယ်၊ဘယ်လိုတုန့်ပြန်မယ်ဒါတွေကို ထိန်းချုပ်လို့ရတယ်။ Phyo Paing @ Derek
ကိုယ်လိုချင်တာသေချာသိဖို့
self-awareness လိုတယ်။ Read More »
