Recommendation

လူရှိန်အောင် အချိန်ကုန်မခံပါနဲ့။

ဝန်ထမ်းဘယ်နှစ်ယောက်ရှိသလဲ?ရုံးခန်းဘယ်လောက်ကျယ်သလဲ?လူတွေ အထင်ကြီးအောင် ဘယ်လောက်လုပ်နိုင်သလဲ? တခါတလေကျရင် လူအများစုယုံကြည်ထားတဲ့ ယူဆချက်အများတွေကြောင့်တချို့လူတွေ လမ်းလွဲသွားတတ်ကြတယ်။ အောင်မြင်မှုတစ်ခုကို တိုင်းတာတဲ့အခါဝန်ထမ်းများမှ၊ ရုံးခန်းကြီးမှ၊ ဆိုင်ခွဲတွေ အများကြီးရှိမှ၊ လူရှိန်အောင် Billboard တွေထောင်မှnecktie တွေ၊ suit တွေနဲ့မှအောင်မြင်မှုလို့သတ်မှတ်တတ်ကြတယ်။ ဒီ society က သတ်မှတ်ထားတဲ့ အယူအဆမှားတွေနဲ့ အထင်မြင်မှားတွေကိုမေးခွန်းထုတ်ဖို့လိုတယ်။ ပတ်ဝန်းကျင်က သတ်မှတ်ချက်အမှားတွေကကျွန်တော်တို့နှလုံးသားထဲကသွားချင်တဲ့လမ်းကြောင်းတွေကို လမ်းလွဲစေနိုင်တယ်။ ကောင်းမွန်တဲ့ဘဝတစ်ခုအတွက်မေးခွန်းကောင်းတွေလိုတယ်။ ကိုယ့်အလုပ်က လူတွေရဲ့ဘဝကို ဘယ်လောက် ကောင်းမွန်တဲ့သက်ရောက်မှုရှိစေမလဲ? လူတွေရဲ့ ဘဝပိုကောင်း၊ ပိုလှ၊ ပိုပျော်အောင်ဘာတွေလုပ်ပေးရမလဲ? လူတွေ လုပ်နေကျ ဘယ်အမှားတွေကိုမှန်အောင် လုပ်ပေးမလဲ? ကိုယ်ဒီနေ့လုပ်လိုက်တဲ့အလုပ်က ကိုယ့်ဘဝ တစ်လျှောက်လုံးနဲ့ကိုယ်မရှိတော့တဲ့အခါ နောက်လူတွေကိုအကျိုးပြုနေအောင် ဘာတွေလုပ်မလဲ? အဆိုးဆုံးအခြေအနေရောက်သွားတောင်ကိုယ့်ဖန်တီးမှုတွေ ဆက်လက်ရှင်သန်နေအောင်ဘယ်လို စီမံထားမလဲ? ဒီမေးခွန်းတချို့က သင်ဘယ်လောက်လူရှိန်အောင်လုပ်နိုင်လဲဆိုတဲ့ မေးခွန်းထက်အနှစ်သာရပိုရှိတယ်လို့ ခံစားရတယ်။ ကောင်းမွန်တဲ့အပြောင်းအလဲ တစ်ခုဖန်တီးတဲ့အခါလူရှိန်အောင်လုပ်ဖို့ အချိန်ကုန်မခံပါနဲ့။ […]

လူရှိန်အောင် အချိန်ကုန်မခံပါနဲ့။ Read More »

English လေ့လာလို့ ကောင်းတဲ့ App

ဒီနေ့ App တစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်။English စာလေ့လာတဲ့အခါအသံထွက်တွေ လေ့ကျင့်ချင်ရင်ပဲဖြစ်ဖြစ်နေ့စဉ် ဆယ့်ငါးမိနစ်၊ မိနစ် ၂၀လေ့ကျင့်မှုတွေဖြစ်သွားအောင်စိတ်ပညာကို ပိုင်ပိုင်နိုင်နိုင်အသုံးချထားနိုင်တဲ့App တစ်ခုဖြစ်တယ်။Google ကလဲ ဒီ App မှာ ရင်းနှီးမြုပ်နှံထားတယ်။ ELSA Speak တဲ့။ Phyo Paing @ Derek

English လေ့လာလို့ ကောင်းတဲ့ App Read More »

ဘဝမှာ လမ်းပြသူတွေက ဘဝလမ်းကြောင်း မှန်စေခဲ့တယ်။

Tony Buzan ကိုသိလို့ Accelerated learningကိုလုပ်ဖြစ်ခဲ့တယ်။Tony Robbins ကိုသိလို့ Personal developmentကို လုပ်ဖြစ်ခဲ့တယ်။Edward Debono ကိုသိခဲ့တဲ့အတွက်စဉ်းစားနည်းစနစ် lateral thinking ကိုနေ့စဉ်ဘဝမှာ ကျင့်သုံးဖြစ်လာခဲ့တယ်။ Eben Pagan ကိုသိလို့ Digital Product တွေတည်ဆောက်ရမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်။Seth Godin ကိုသိလို့ Marketing ကိုသေချာနားလည်လုပ်ဆောင်နိုင်ခဲ့တယ်။Tim Ferriss ကိုသိခဲ့လို့ Productivity ကိုအလေးပေးရမယ်နားလည်ခဲ့တယ်။ Peter Drucker ကိုသိခဲ့လို့ Management ကိုဘယ်လိုလုပ်ဆောင်ရမယ်နားလည်ခဲ့တယ်။Michael Porter စာအုပ်တွေဖတ်ပြီးStrategy တစ်ခု Competitive advantageဘယ်လို တည်ဆောက်ရမလဲ နားလည်ခဲ့တယ်။Robert Greene ကြောင့် လူ့အကြောင်းတွေသေချာနားလည်ခဲ့တယ်။ ဆရာတော် Thick Nhat Hanh ကိုသိခဲ့တဲ့အတွက်Buddhism ကိုလမ်းမှန်မြင်နိုင်ခဲ့ပြီးနေ့စဉ်ဘဝမှာ ပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်နေခဲ့တယ်။ List တွေချရေးရင်

ဘဝမှာ လမ်းပြသူတွေက ဘဝလမ်းကြောင်း မှန်စေခဲ့တယ်။ Read More »


idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။

Oct 1 လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်ကပုံပြန်တက်လာတယ်။ အိုင်ဒီယာတွေအပေါ် ရူးသွပ်တာကတော့ ငယ်ငယ်ကတည်းကရူးတာ။ ဆေးကျောင်းဒုတိယနှစ်က idea box ဆိုတာထားတယ်။ ရှိတဲ့ idea တိုင်းကို စာရေးပြီး အဲ့ဒီ box ထဲထည့်တယ်။ နောက်ပိုင်းတော့ Friendster တို့ renren တို့မှာရေးတယ်။နောက်ပိုင်း diary grid မှာရေးတယ်။ နောက်ပိုင်း Facebook မှာရေးတယ်။ တွေးမိတဲ့အတိုင်းရေးတယ်။ ရေးရင်းနဲ့ ကိုယ့်လိုတွေးမိတဲ့သူတွေရှိတယ်။ အဲ့ကမှတဆင့် အိမ်လာလည်ကြ၊ မိတ်ဆွေဖြစ်ကြရင်းတချို့ဆို အလုပ်တွေဖြစ်လာတယ်။ ဟိုးအရင်ကတည်းကသုံးနေကျ accont တစ်ခုကို၂၀၁၄ March မှာ ကိုယ်ဖြစ်ချင်တဲ့ identity ပြောင်းမယ်ဆိုပြီးဒီ Facebook account စဖွင့်ဖြစ်တယ်။ ကိုယ်စဥ်းစားမိတာရေးတယ်။ နောက်ပိုင်း Facebook Page မှာ Blog ဆိုပြီးရေးတယ်။ စလုပ်တုန်းက


idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။
Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။

ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။ နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။ တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။
Read More »