Relationship

အထီးကျန်ဝေဒနာ

တချို့လူတွေက အထီးကျန်တတ်တယ်။ညနေရောက်ရင် ဘာလိုနေမှန်းကိုမသိဘူး။ငါဘာကြောင့် အလုပ်လုပ်နေမှန်းမသိဘူးအဲ့လို အတွေးမျိုးတွေ ဝင်တတ်တယ်။ ဒီအထီးကျန်မှုက တလွဲတွေကိုဖြစ်စေတတ်လို့ သတိထားရတယ်။ မထိန်းတတ်ရင် စိတ်ကျရောဂါဖြစ်တတ်တယ်။ ဒါကို ကျော်လွှားဖို့ အိမ်ထောင်ပြုမယ်ဆိုငါးပါးမှောက်ပြီသာမှတ်။ သမီးရည်းစားထားလို့ အစပိုင်းမှာအဲ့အထီးကျန်တာက ပျောက်ကောင်းပျောက်သွားနိုင်ပေမယ့် အခြေအနေတစ်ခုရောက်တဲ့အခါ ဒီအထီးကျန်ခြင်းက ပြန်ဖြစ်နိုင်တယ်။ အထူးသဖြင့် ရစ်တာ၊ ရန်ဖြစ်ပြီးဘူပိတ်တာနဲ့ အထီးကျန်တာနဲ့ယှဥ်ရင်ဒုတိယ တစ်ခုကိုပဲ ရွေးလိုက်ကြတာများတယ်။ အထီးကျန်တာကို ကုစားဖို့အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဘဝရဲ့ purpose ရည်ရွယ်ချက်ကိုရှာဖွေပြီး အဲ့အလုပ်ကို ဂိမ်းကစားသလို ပိုးစိုးပက်စက်လုပ်တာပဲဖြစ်တယ်။ Phyo Paing @ Derek

အထီးကျန်ဝေဒနာ Read More »

မွန်းကြပ်မှု

Relationship တချို့မှာ အချိန်တစ်ခုရောက်ရင်မွန်းကြပ်မှုဆိုတဲ့ အမှတ်တစ်ခုရောက်လာတတ်တယ်။ စိတ်ပညာအရ ဘာကြောင့်ဖြစ်လဲဆိုရင်တစ်ဖက်လူက သူ့ရဲ့စိတ်ခံစားမှု၊ လူမှုဆက်ဆံရေးလိုအပ်ချက်အားလုံးကိုတဖက်လူတစ်ယောက်ထဲအပေါ်ကမျှော်လင့်တဲ့အခါ ဒီ ”မွန်းကြပ်မှု suffocating” ဆိုတာဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ဖက်လူရဲ့လုပ်ရပ်တိုင်းကို အထအနကောက်ပြီးစိတ်တိုင်းမကျ ဖြစ်တတ်တယ်။ တဖက်လူအနေနဲ့လဲ သူ့မှာတခြားကိစ္စေတွကြားမှာ အရာရာကို အာရုံမပြုမိတာမျိုးဖြစ်တတ်တယ်။အဲ့ဒီ point က Eminem ရဲ့Love the way you lie သီချင်းထဲကလိုခံစားမှုနဲ့ ပြဿနာတွေ စဖြစ်တာပဲ။ ဒါကြောင့် အလုပ်ရှုပ်နေပါစေ။ Phyo Paing @ Derek

မွန်းကြပ်မှု Read More »

လွှတ်ချလိုက်တာက
အကောင်းဆုံးရွေးချယ်မှု
ဖြစ်ကောင်းဖြစ်နေနိုင်တယ်

ဘဝမှာ တချို့အရာတွေကို လက်လွတ်လိုက်တာနဲ့ပိုကောင်းတဲ့အရာတွေ ရောက်လာတတ်တယ်။ တခါတလေ အဆင်မပြေပေမည့်လဲသူနဲ့ သည်းခံပြီး ပြုပြင်ဖို့ နှစ်ပေါင်းများစွာကြိုးစားတဲ့အခါတွေလူတိုင်းမှာရှိတတ်ကြတယ်။ ဒါကို သမီး၊ ရည်းစား၊ လင်မယားကစလို့မိဘ၊ ဝန်ထမ်းလူအမျိုးမျိုးမှာဖြစ်နိုင်တယ်။ စတင်ခဲ့တဲ့ project တစ်ခုကို သံယောဇဉ်နဲ့ စိတ်မဖြတ်ရဲတာမျိုးလဲဖြစ်တတ်ကြတယ်။ ဒီအရာတွေကို ခြေထောက်ကိုသံကြိုးခတ်ထားသလို မွန်းကြပ်မှုတွေကို ပေးတယ်။ ရှေ့သွားတိုင်းမရောက်။အနောက်ကို ပြန်ပြန်ကြည့်နေရပြီးကြည့်တိုင်း အားမရ စိတ်ညစ်ရတတ်တယ်။ ဒါကြောင့် တချို့အချိန်တွေမှာ letting go ဆိုတဲ့ စကားကအကောင်းဆုံးဖြစ်တတ်တယ်။ Phyo Paing @ Derek

လွှတ်ချလိုက်တာက
အကောင်းဆုံးရွေးချယ်မှု
ဖြစ်ကောင်းဖြစ်နေနိုင်တယ်
Read More »

Relationship တစ်ခုတည်ဆောက်တယ်ဆိုတာ

လူ့ဘဝရဲ့ အနှစ်သာရကသူ့ရဲ့ relationship ရဲ့ အရည်အသွေးပဲ။ဒါကြောင့် တချို့လူတွေချစ်ကျွမ်းဝင်တဲ့အခါ အရာရာကိုအကောင်းမြင်လို့။အသည်းကွဲတဲ့အခါလဲဘဝကြီးက ဘူလို့ကို မဆုံးဘူး။ အဲ့ဒီ relationship မှာလဲ ဓာတ်တွေရှိတယ်။တချို့လူတွေနဲ့ တွေ့တဲ့အခါလောဘတွေ ကြီးလာတတ်တယ်။တချို့လူတွေနဲ့ဆို ကြောက်စိတ်တွေကြီးလာတတ်တယ်။တချို့နဲ့ဆို romantic ဖြစ်တဲ့ခံစားချက်၊တချို့ကျတော့လဲ အသံကြားတာနဲ့ငါ့ရစ်တော့မယ်ဆိုတဲ့ စိတ်ညစ်စရာ။တချို့က စိတ်မောပန်းမှုကိုပေးတယ်။တချို့က နားလည်မှု။ Relationship တစ်ခုတည်ဆောက်တယ်ဆိုတာလူမှုသိပ္ပံပညာတစ်ခုပဲ။ငွေကြေးပိုင်ဆိုင်မှု အရမ်းကွာလို့မရဘူး။ပညာရေး အရမ်းကွာလို့မရဘူး။အသိုင်းအဝိုင်းမှာ အရမ်းကွာလို့မရဘူး။That’s a fact ပဲ။ဒီ social tier မှာ level ၂ ခုနဲ့ အထက်ကွာရင်ရေရှည်မှာ တိုင်ပတ်နိုင်တယ်။ ပြီးရင် ငယ်ဘဝရဲ့ ဖြတ်သန်းမှုနဲ့ပြဿနာတစ်ခုကို ဖြေရှင်းတဲ့ပုံစံတွေကလဲတော်တော် စကားပြောတတ်တယ်။ တကယ်တမ်း တစ်ယောက်တည်းနေတာတောင်ကိုယ့်အတွေးနဲ့ ကိုယ် တိုင်ပတ်နေတတ်တာ။နှစ်ယောက်နေရင် တိုင်ပတ်တာကတစ်ခါမဟုတ် တစ်ခါ ခဏခဏကြုံမှာပဲ။ဒါကြောင့် Choose your struggle ဆိုတဲ့အတိုင်းကြုံလာမည့် ပြဿနာတွေကိုငါ

Relationship တစ်ခုတည်ဆောက်တယ်ဆိုတာ Read More »