Sapwar

အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံးတစ်ခုရှိမှရမယ်။

စီးပွားရေးရဲ့ အောင်မြင်ရေးဖော်မြူလာကကိုယ်လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာ“အကောင်းဆုံး” ဖြစ်အောင်လုပ်။ အကောင်းဆုံးဆိုတာ ဘာလဲ? စျေးအပေါဆုံးလား၊အမြန်ဆုံးလား၊ အတိကျဆုံးလား၊ဂရုအစိုက်ဆုံးလား၊အခန်းနားဆုံးလား၊ဆရာအကျဆုံးလား၊ ခေတ်အမှီဆုံးလား။ အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက်အကောင်းဆုံးတစ်ခုရှိမှရမယ်။ #gmc#sapwar

အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံးတစ်ခုရှိမှရမယ်။
Read More »

Sapwar Guerrilla Marketing

ရေခဲသေတ္တာထွင်တဲ့ ကုမ္ပဏီထက်ရေခဲသေတ္တာကို အသုံးချပြီးကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကိုရောင်းသွားနိုင်တဲ့ ကုမ္ပဏီကရေခဲသေတ္တာထွင်တဲ့ ကုမ္ပဏီထက်ပိုချမ်းသာပြီး အကျိုးကျေးဇူးပိုရတယ်တဲ့။ ဥပမာ Coca Cola ကိုကာကိုလာ။ဒါက Nvidia ရဲ့ တည်ထောင်သူJensen Huang ပြောတာ။ တခါတလေ ကိုယ်ကနည်းပညာကိုထွင်စရာမလိုဘူး။ ဒါကို အသုံးချနိုင်ဖို့ (leverage) လုပ်နိုင်ဖို့ပဲလိုတယ်။ ဒါက Sapwar Guerrilla Marketing (ဆပွားကော်ရဲလား) ရဲ့ အတွေးအခေါ်တစ်ခုဖြစ်တဲ့ နည်းပညာသစ်ကိုသုံး Leverage New Technology ဖြစ်တယ်။ #gmc#sapwar

Sapwar Guerrilla Marketing Read More »

Coach = နည်းပြ

နည်းကိုပြဖို့အတွက် ၁။ နည်းလိုတယ် ၂။ ပြတိုင်းမြင်ဖို့အတွက် ဘာတွေပြမလဲသိဖို့ကိုယ့် coachee ရဲ့အဖြစ်အပျက်အခြေအနေအထင်အမြင်တွေကို “မေး” ရတယ်။ နည်း = နည်းနာ methodology နည်းတွေကို စနစ်ချထားတာကို “နည်းနာ” လို့ခေါ်တယ်။methodology = a system of methods နည်းနာဆိုတဲ့အရာမှာ အခြေခံစည်းမျဉ်းစည်းကမ်းတွေပါတယ်။အသုံးချရမည့် လိုက်နာရမည့်အရာတွေပါတယ်။ ဥပမာ သွားမည့်ပန်းတိုင်ကနိဗ္ဗာန်ဆိုရင်အခြေခံအနေနဲ့ သစ္စာလေးပါးကိုသိရမယ်။မဂ္ဂင်ရှစ်ပါးကို လိုက်နာရမယ်။ နည်းပြ တစ်ယောက်ရဲ့မရှိမဖြစ်ကလမ်းကြောင်းပြတတ်ဖို့သူ့ရဲ့အသက်က “နည်းနာ”။ ဥပမာ Performance CoachingGrowth coaching Co-active coaching Emyth coaching အရှေ့ကနည်းက အရေးကြီးတယ်။ Guerrilla နည်းနာ။အခြေခံ ၁၈ ခု။ Sapwar Coachingအခြေခံ ၆ ခု။အခွဲ အခု ၁၀၈။ #gmc#sapwar

Coach = နည်းပြ Read More »

လူတိုင်း Social Media ကိုအသုံးပြုပေမယ့်
အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။

ကိုယ်က Facebook Page လုပ်တယ်။လူမှုကွန်ယက်မှာ စာတွေတင်၊ဗီဒီယိုတွေတင်တယ်ဆိုကိုယ့်ရည်ရွယ်ချက်ကဘာလဲ အရင်ပြန်စဥ်းစားရတယ်။ နာမည်ကြီးဖို့လား။လူအထင်ကြီးဖို့လား။အိုင်ဒီယာတစ်ခုကို လူတွေသိအောင်လား။စျေးပိုရောင်းချင်တာလား။ လူတိုင်းကိုသိစေချင်တာလား၊ကိုယ်သိစေချင်တဲ့ လူတစ်စုကိုပဲသိစေချင်တာလား။လူတွေကို တကယ်ကူညီပေးဖို့လား။ လုပ်ငန်းအသစ်တွေပြန်စရင်လွယ်ဖို့လား။ငွေပိုရှာဖို့လား။လွမ်းမိုးမှုပိုကြီးဖို့လား။ကိုယ့်ရန်သူတွေကို ဒုက္ခပေးဖို့လား။ လူတွေရဲ့ အတွေးအမှားတွေကိုပြင်ပေးချင်တာလား။ဒီလိုလေးလဲ ဖန်တီးလို့ရတယ်ဆိုတဲ့ အသစ်တွေကို ပြပေးချင်တာလား။ လူတွေကို ဖျော်ဖြေချင်တာလား။ ကိုယ့်လုပ်ငန်းကို လိုသိပိုများဖို့လား။အိုင်ဒီယာသစ်တွေကို စမ်းသပ်ဖို့လား။ တစ်ခုထက်လဲ ပိုနိုင်တယ်။ ဒီအချက်ကို သေချာသိရင်ကိုယ့်ရဲ့ လူမှုကွန်ယက်မဟာဗျူဟာကိုသေချာ ချမှတ်လို့ရပြီ။ လူတိုင်း Social Media ကိုအသုံးပြုပေမယ့်အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။ #gmc#sapwar

လူတိုင်း Social Media ကိုအသုံးပြုပေမယ့်
အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။
Read More »

PhD

PhD ဆိုတာ Doctor of Philosophy Philo ဆိုတာ Philia ဆိုတဲ့ ဂရိစကားကလာတယ်။ ချစ်တယ်လို့ အဓိပ္ပာယ်ရတယ်။ – Sophy ဆိုတာ ဥာဏ်ပညာ၊ သင်ယူမှု၊ အသိပညာကိုခေါ်တာ။ Philosophy ကို မြန်မာလို အတွေးအခေါ်ပညာလို့ခေါ်တယ်။ ဒဿနလို့လဲခေါ်တယ်။ မားကတ်တင်းလုပ်တယ်ဆိုတာ လူတွေကို ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေပဲရောင်းတာမဟုတ်ဘူး။ ဒဿနတွေ ရောင်းရတယ်။ အတွေးအခေါ်တွေရောင်းရတယ်။အိုင်ဒီယာတွေ ရောင်းရတယ်။ အမှတ်တံဆိပ်ရဲ့ အတွေးအခေါ်ပညာကိုBrand philosophy လို့ခေါ််တယ်။ စီမံခန့်ခွဲမှု အတွေးအခေါ်ကို Management Philosophy လို့ခေါ်တယ်။ တရုတ်တွေ စီမံခန့်ခွဲတဲ့ ဒဿန၊ဂျပန်တွေ စီမံခန့်ခွဲတဲ့ ဒဿန၊အမေရိကန်တွေ စီမံခန့်ခွဲတဲ့ ဒဿန မတူဘူး။ ကိုယ့် ဒဿန ကိုယ်ရှိ။ ကိုယ့် ဒဿန ကိုယ်သိ။ ကိုယ့်

PhD Read More »

ကိုယ့်ဖောက်သည်အကြောင်း
သိအောင်လုပ်ဖို့ မေ့နေတတ်ကြတယ်။

မားကတ်တင်းနားမလည်ဘူးဆိုတဲ့ လမ်းထိပ်က တရုတ်အဖိုးကြီး ဘာကြောင့် စျေးရောင်းကောင်း နေလဲဆိုရင် သူ့ဖောက်သည်အကြောင်းသေချာသိလို့ ဖြစ်တယ်။ တချို့က နည်းပညာ update တွေအကုန်သိပြီး ကိုယ့်ဖောက်သည်အကြောင်းသိအောင်လုပ်ဖို့ မေ့နေတတ်ကြတယ်။ #gmc#sapwar

ကိုယ့်ဖောက်သည်အကြောင်း
သိအောင်လုပ်ဖို့ မေ့နေတတ်ကြတယ်။
Read More »

မားကတ်တင်း သုတေသီ။

မားကတ်တင်း သုတေသီ။မားကတ်တင်း ဘိတ်သိတ်။မားကတ်တင်း အင်ဂျင်နေရာ။မားကတ်တင်း ဖလောက်ဆော်ဖာ။ ဒီနေ့ခေတ်ခေါ် T-shaped မာကတ်တာ။ ကြော်ငြာရေးတဲ့ မှော်ဆရာ။ ဆိုရှယ်မီဒီယာ အင်ဖရုရန်ဆာ။ဖန်တီးသူ ခရိတ်တာ။ အေဂျန်စီတီထောင်ထားတဲ့ အားတီ၊ အားမေစွန့်ဦးတီထွင် မာကတ်တာ။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပုံရိပ်တွေ ပြောင်းလာတယ်။စျေးရောင်း၊ စျေးဝယ်ထက်ပို လူတွေအမြင်ကောင်းလာတယ်။ မားကတ်တင်းဆိုတာ အမြင်ပြောင်း အနုပညာ။သေချာစဉ်းစားရတဲ့ အတွေးအခေါ်ပညာ။နည်းပညာနဲ့ ပေါင်းစပ် လုပ်ကိုင်ရတဲ့အတတ်ပညာ။ဝေဒနာတွေကို မခံစားပဲဒေတာတွေနဲ့ ဆုံးဖြတ်တဲ့ အသက်မွေးမှုပညာ။ လူတွေကို ငေးရတယ်။ တခါတလေ တွေးရတယ်။နောက်ပြီး ရေးလဲရေးရတယ်။လူတွေအထင်အမြင် ပြန်မေးရတယ်။ အမှတ်တံဆိပ်တည်ဆောက်ဖို့အတွေးအခေါ် ကြည်တောက်ဖို့လဲလိုတယ်။တခါတလေ အတည်ပေါက်နဲ့နောက်ရတဲ့ အချိန်လဲရှိတယ်။ တခါတလေ ရိုက်ထားတဲ့ဗီတီယိုတွေကမိုက်တယ်။လူအများစု like တယ်။မလိုက်တဲ့အခါ like ဝယ်ရတဲ့အချိန်တွေလဲရှိတယ်။ အဲ့လို ရသစုံတဲ့ မားကတ်တင်းကိုအသုံးပြုတချို့တွေက စျေးရောင်းတယ်။တချို့တွေက အတွေးရောင်းတယ်။တချို့တွေက စျေးကောင်းသလိုတချို့တွေက တခြားသူတွေလုပ်တာငေးကောင်းဆဲပဲ။ အတွေး၊

မားကတ်တင်း သုတေသီ။ Read More »

လူတော်တော်များများမြင်အောင် boost ကြတယ်။

Follower တစ်သိန်းရှိတဲ့ Facebook page ရဲ့ကြော်ငြာစရာမလိုပဲ သွားတဲ့organic reach က 2-5% ပဲရှိတယ်။တစ်သိန်းမှာ ၂ ထောင်နဲ့ ငါးထောင်ပဲပုံမှန်မြင်တယ်။၅ ရာခိုင်နှုန်းဆိုရင်တောင်အခု ၂၀ တင်မှ အကုန်မြင်မှာ။လူတော်တော်များများမြင်အောင် boost ကြတယ်။တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်။အဲ့ဒါ Guerrilla Marketing Coach – Myanmar တွေ သိတယ်။ #gmc#sapwar

လူတော်တော်များများမြင်အောင် boost ကြတယ်။ Read More »

မားကတ်တင်းကျွမ်းကျင်ဖို့
ယဥ်ကျေးမှု ကိုလေ့လာဖို့လိုတယ်။

ယဥ်ကျေးမှုဆိုတာ လူတွေရဲ့ပြုမူနေထိုင် လုပ်ဆောင်တဲ့ထုံးတမ်းစဥ်လာတွေဖြစ်တယ်။ တရုတ်ပြည်မမှာ မားကတ်တင်းလုပ်ရင်တရုတ်စကားတတ်ရုံနဲ့မရဘူး။ သူတို့ ဘယ်လိုစဥ်းစားကြသလဲ၊ ဘယ်လို ပြုမူကြလဲ သိဖို့လိုတယ်။ ယဥ်ကျေးမှုမှာ အထာလေးတွေကွာပြန်တယ်။ဒါကို subculture လို့ခေါ်တယ်။မြန်မာဆိုတဲ့ နိုင်ငံမှာ ရန်ကုန်ရဲ့အထာ၊ မန်းလေးအထာ၊ရှမ်းပြည်ရဲ့အထာနဲ့ ဧရာဝတီတိုင်းရဲ့အထာမတူကြဘူး။ ဒါကြောင့် မားကတ်တင်းလို့ပြောလိုက်ရင်ယဥ်ကျေးမှုတွေ၊ အထာတွေ၊ လူတစ်ယောက်ဆို စဥ်းစားတွေးခေါ်ပုံ၊တန်ဖိုးထားပုံ အကုန်လုံးကိုလေ့လာရတယ်။ မားကတ်တင်းဆိုတာ ဖောက်သည်နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်တာ။ creating profitable relationships ဆိုမမှားဘူး။ ဆက်ဆံရေးတည်ဆောက်ဖို့ ဆက်သွယ်ရေး အရေးကြီးတယ်။ ဆန္ဒတွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးအရေးကြီးတယ်။ Guerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မားကတ်တင်းကျွမ်းကျင်ဖို့
ယဥ်ကျေးမှု ကိုလေ့လာဖို့လိုတယ်။
Read More »