Sapwar

Marketing 1.0 to 5.0

အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။ နောက် အဖေ၊ အမေ လက်ထက်ကျတော့လက်ဟောင်းပဲ ယူချင်တယ်။စထုတ်တုန်းအရည်အသွေးကောင်းပြီးရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။ အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ကျွန်တော်ကတော့ “Me Marketing” လို့အတိုကောက်နာမည်ပေးတယ်။“ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး”မားကတ်တင်းပေါ့။ သာကောတို့ လက်ထက်ရောက်တော့ရွေးချယ်စရာတွေက စများလာပြီလေ။ ထုတ်လုပ်နိုင်လာပြီ။ စက်မှုတိုးတက်မှုက ရေနွေးငွေ့နဲ့တိုးတက်တဲ့ Industrial revolution 1.0 လျပ်စစ်မီးပေါ်လာတဲ့ Industrial revolution 2.0 အင်တာနက်နဲ့ အိုင်တီပေါ်တဲ့ Industrial revolution 3.0 […]

Marketing 1.0 to 5.0 Read More Âť

System is the solution

ရောင်းအားတွေက တက်တဲ့လတက်ကျတဲ့လကျ။ မငြိမ်တာမျိုးကြုံဖူးလား။ ဒါက predictable revenue လို့ခေါ်တဲ့ခန့်မှန်းလို့ရတဲ့ ရောင်းအားမရှိတဲ့ ပြဿနာပဲ။ ဘာကြောင့်လဲဆိုတော့ မားကတ်တင်းနဲ့ အရောင်းစနစ်မရှိလို့။ စနစ်တစ်ခုဆိုတာ ကိုယ်ပါပါမပါပါလည်ပတ်နေတာကိုခေါ်တာ။ A repeatable process that works with or without you. မားကတ်တင်းဆိုတာ ကြာကြာနေမှတစ်ခါဖြစ်တဲ့အဖြစ်အပျက် event မဟုတ်ဘူး။နေ့စဥ်လုပ်ဆောင်နေရတဲ့ ဖြစ်စဥ်process ဖြစ်တယ်။ ဒီဖြစ်စဥ်တွေမှာ စနစ်ရှိရမယ်။ဘာကြောင့်လဲဆိုတော့ စနစ်က အဖြေပဲ။ System is the solution ပဲ။ #gmc#sapwar

System is the solution Read More Âť

Guerrilla Marketing ဆိုတာ

ဘာ့ကြောင့် အီလွန်မက်က သူ့ကား Telsa Roadster ကို အင်္ဂါဂြိုလ်စက်ကွင်းထဲ ပို့လိုက်သလဲ။ $200,000 လောက် ကုန်ကျတဲ့ ကားကိုအာကာသထဲပို့လိုက်ပြီးတစ်ကမ္ဘာလုံးရဲ့ သတင်းတွေမှာ လူသန်းရာပေါင်းများစွာတွေ့အောင်လုပ်ပြီးbreaking news ဖြစ်အောင်လုပ်ပြီးTesla ရဲ့ပေးချင်တဲ့ အမှတ်တံဆိပ်မတ်ဆေ့နဲ့အမှတ်တံဆိပ် ကိုယ်ရည်ကိုယ်သွေးလူတွေမှတ်မိ၊ ပြောဆိုအောင်လုပ်ခဲ့တယ်။ Guerrilla Marketing ဆိုတာ ကုန်ကျစရိတ်အနည်းဆုံး သို့ မရှိသလောက်နဲ့လူတွေသိ၊ မြင်၊ ပြော၊ ဝယ်အောင်လုပ်ဆောင်တဲ့ မားကတ်တင်းစနစ်တစ်ခုဖြစ်ပါတယ်။ #gmc#sapwar

Guerrilla Marketing ဆိုတာ Read More »

အလုပ်တွေ ရှယ်ကြိုးစားပြီး
ဘာကြောင့်အရာမထင်သေးသလဲ။

၁။ လူတွေကိုယ့်လုပ်ငန်းအကြောင်းသိအောင် မလုပ်နိုင်သေးလို့။၂။ လုပ်ငန်းမှာ စျေးနှုန်းသတ်မှတ်မှုလွဲနေလို့၃။ အထာကျတဲ့ အရောင်းစနစ်မရှိလို့၄။ တီထွင်ဆန်းသစ်မှုအားနည်းလို့၅။ စျေးကွက်ကို ကြည့်လုပ်ရှားပြီးပုံစံခွက်ထဲက မထွက်နိုင်သေးလို့၆။ ငါက ငါ့လုပ်ငန်းကိုပဲသိစေချင်တာငါ့ကို မသိစေချင်ဘူးဆိုတဲ့ စိတ်ထားနေသေးလို့၇။ ဖေ့ဘုတ်ဆိုတာ ဘဝကြီးမှမဟုတ်တာအဲ့လို လူမှုကွန်ယက်တွေအပေါ်ထားတဲ့အယူအဆမပြင်သေးလို့၈။ ကိုယ့်အိုင်ဒီယာကို လူတွေနားလည်အောင်မရေးတတ်၊ မဖော်ပြတတ်၊ မရောင်းတတ်သေးလို့၉။ နောက်တစ်ချက်က ကိုယ့်ကိုကိုယ် ပြန်ဖြည့်ကြည့် 😃 #gmc#sapwar

အလုပ်တွေ ရှယ်ကြိုးစားပြီး
ဘာကြောင့်အရာမထင်သေးသလဲ။
Read More Âť

ပြေးလေးဝေးလေ မဖြစ်ဖို့

လုပ်ငန်းတစ်ခု မားကတ်တင်းအောင်မြင်ဖို့SEC လိုတယ်။ 1. Strategy – Doing the right things မှန်တဲ့အလုပ်ကို မှန်တဲ့အချိန် လုပ်နိုင်ဖို့ 2. Execution – Doing the things right မှန်မှန်ကန်ကန်ဖြစ်အောင် လိုတာရအောင်လုပ်နိုင်ဖို့ 3. Consistency – Keep doing what works အလုပ်ဖြစ်တာကို ရေရှည်လုပ်နိုင်မှု ကိုယ့်အနေနဲ့ အကောင်အထည်ဖော်တာလဲကောင်းတယ်။ဇွဲလဲကောင်းတယ်။ နောက်ပြီး လမ်းမှားပြီးပြေးနေသလိုများဖြစ်နေသလို ခံစားရလား? ဘာကြောင့်လဲဆိုတော့ လမ်းမှားပြီးပြေးရင်ဘယ်လောက်မြန်မြန်ပြေးပြေးပန်းတိုင်ရောက်ဖို့ မလွယ်ဘူး။ #gmc#sapwar

ပြေးလေးဝေးလေ မဖြစ်ဖို့ Read More »

မားကတ်တင်းရဲ့ အဓိကရန်သူတစ်ဦး

မားကတ်တင်းရဲ့ အဓိကရန်သူတစ်ဦးက အချိန်ဆွဲတာပဲ။ တစ်ခုခုလုပ်ဖို့ နောက်မှလုပ်မယ်ဆိုတဲ့စိတ်ကတခြားသူတွေ ထက်နောက်ကျစေတယ်။ အောင်မြင်တဲ့စီးပွားရေးသမားနဲ့သိပ်မအောင်မြင်တဲ့စီးပွားရေးသမားတွေကြားကွာခြားချက်တစ်ခုက အကောင်အထည်ဖော်မှုမြန်နှုန်းပဲ။ ဒါကို Speed of implementation လို့ခေါ်တယ်။ကိုယ့်အတွက် အကျိုးရှိမယ်။လုပ်ဖို့လိုတယ်။ ဘေးထွက်ဆိုးကျိုးလဲမများကြီးမရှိရင်ဘာလို့ အချိန်ဆွဲနေမှာလဲ။ ဟုတ်တယ်ဟုတ်။ #gmc#sapwar

မားကတ်တင်းရဲ့ အဓိကရန်သူတစ်ဦး Read More »

လူတွေက Guerrilla Marketing
အရမ်းအစွမ်းထက်တယ်လို့ပြောကြတယ်။

ဒါကြောင့် လုပ်ငန်းငယ်တွေကစလို့ကမ္ဘာ့ထိပ်တန်းလုပ်ငန်းကြီးတွေမှာပါတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတယ်။ အစွမ်းထက်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ထွင်ထားတဲ့သူကလဲJay Conrad Levinson ဖြစ်ပြီးUniversity of California in Berkeley မှာပြန်လည်ပို့ချပေးခဲ့ရာက Guerrilla Marketing စာအုပ်ကို ဘာသာစကားပေါင်း ၆၂ မျိုးထိပြန်ခဲ့ပြီးကမ္ဘာ့တစ်ဝှမ်း MBA အတန်းတွေမှာမသင်မဖြစ်ဖြစ်ခဲ့တာပေါ့။ #gmc#sapwar

လူတွေက Guerrilla Marketing
အရမ်းအစွမ်းထက်တယ်လို့ပြောကြတယ်။
Read More Âť

မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။

အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲအိမ်ငှားခမပေးနိုင်ရင် ကန်ချခံရမယ်။ လုပ်ငန်းအတွက်အောင်မြင်မှုကလဲအလားတူပဲမားကတ်တင်းကို မဟာဗျူဟာကျကျထိရောက်အောင် မလုပ်နိုင်တဲ့တစ်နေ့ကန်ချခံရနိုင်တယ်။ နောက်ပြီးမားကတ်တင်းဆိုတာ မာရသွန်။တာတိုပြေးပွဲမဟုတ်ဘူးဆိုတာဒီဂိမ်းထဲမှာ ကြာလာလေလေနားလည်လာလေလေဖြစ်လိမ့်မယ်။ ဒါကြောင့် မဟာဗျူဟာလိုတယ်။တစ်ပွဲထိုးဗျူဟာနဲ့ မရဘူး။ စနစ်တကျအချိန်ပေးလေ့လာဖို့လိုတယ်။ သစ်တစ်ပင်သေးလေးကိုတစ်ချက်နဲ့ခုတ်လို့ရကောင်းရမယ်။သစ်ပင်ကြီးတွေအတွက် ရချင်မှရမယ်။ တာတိုက လုပ်ငန်းသေးတဲ့အခါရမယ်။ဘယ်လို boost၊ ဘယ်လိုခေါင်းကြီးပိုင်းရေး၊ဘယ်လိုလေးကြော်ငြာ၊အွန်လိုင်းပေါ်နာမည်ကြီးနေတဲ့အပေါ် အသုံးချ။ ဒါတွေအကုန်လုံးက အလုပ်ဖြစ်တယ်။ ရေရှည်အတွက်ကျတော့ မာရသွန်ဖြစ်တဲ့အတွက် စနစ်တကျလေ့လာဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှမဟုတ်တာ။ #gmc#sapwar

မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။ Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း

ဒီနေ့ခေတ်မှာ media နဲ့ code ကိုနိုင်ရင်အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းလုပ်လို့ရပြီ။ media ဆိုတဲ့နေရာမှာကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်ကိုများများကို မြန်မြန် ကုန်ကျစရိတ်မရှိပဲ သို့ အနည်းဆုံးနဲ့ရောက်အောင် လုပ်နိုင်တဲ့စွမ်းရည်။ Code ဆိုတဲ့နေရာမှာကုန်ပစ္စည်းနောက်တစ်ခုပွါးတိုင်းကုန်ကျစရိတ်မရှိတဲ့ software/app တွေ။ #gmc#sapwar

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း Read More »

“မားကတ်တင်း”

လူတစ်ယောက် ဘယ်လောက်အဆိုကောင်းကောင်းသူသီချင်းဆိုကောင်းတာလူတွေမသိ၊ အားမပေးရင်အောင်မြင်မှုလို့ခေါ်ဆိုလို့ရချင်မှရမယ်။ အလားတူပဲ စာရေးဆရာတစ်ယောက်ဘယ်လောက်စာရေးကောင်းကောင်းသူ့ဖန်တီးမှုတွေကို လူတွေသိအောင်လုပ်တာအားပေးအောင်မလုပ်နိုင်ရင်အောင်မြင်မှုလို့ခေါ်ဆိုဖို့ ခက်ကောင်းခက်မယ်။ လူတွေသိအောင်၊ အားပေးအောင်၊ဝယ်အောင်၊ ထပ်ဝယ်အောင်၊ ညွှန်းအောင်လုပ်ပေးတဲ့ အတတ်ပညာကို“မားကတ်တင်း” လို့ခေါ်တယ်။ ဒါကြောင့် Product x Marketing = Success လို့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့The Wharton School of the University of Pennsylvania ရဲ့မားကတ်တင်း သင်တန်းအဖွင့်မှာဆိုတယ်။ တခါတလေ ကိုယ်လိုအပ်တာထက်လူတွေသိဖို့လိုနေသေးတယ်၊အားပေးဖို့၊ ဝယ်ဖို့၊ ထပ်ဝယ်ဖို့၊ညွှန်းဖို့ လိုနေသေးတယ်ဆိုတာ “မားကတ်တင်း” လိုအပ်နေလို့လဲဖြစ်နိုင်တယ်။ Guerrilla Marketing Coach – Myanmar ကော်ရဲလား မားကတ်တင်းက သမရိုးကျ မားကတ်တင်းတွေနဲ့ အများကြီး ကွာကောင်းကွာလိမ့်မယ်။ #gmc#sapwar

“မားကတ်တင်း” Read More Âť