Sapwar

Guerrilla Marketing

Guerrilla Marketing ဆိုတာကတော့ မတူညီကွဲပြားတဲ့ marketing ဗျူဟာနဲ့ ကြော်ငြာအသုံးငွေနည်းနည်းနဲ့ စျေးကွက်ဖောက်တာကိုဆိုလိုတာဖြစ်ပါတယ်။ ဒီ မားကတ်တင်းအယူအဆကို အမေရိကန် စီးပွားရေးစာရေးဆရာ Jay Conrad Levinson က စတင်ထုတ်ဖော်ခဲ့ပြီး သမရိုးကျစီးပွားရေးကြော်ငြာ channel တွေဖြစ်တဲ့ radio, TV, journal, magazine အပြင် Internet နှင့် Online channel တွေကိုအသုံးချပြီး ပေးချင်တဲ့ original message ကိုလူတွေကြားမှာ ရေပန်းစားအောင်လုပ်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို စျေးကွက်ဖောက်တာဖြစ်ပါသည်။ (Low Cost & High Impact Marketing) သမရိုးကျ မားကတ်တင်းနှင်. GM ကွာခြားချက် အဓိက ၃ ချက် 1. ငွေကိုရင်းနှီးမြုပ်နှံမှုပြုခြင်းထက် knowledge, […]

Guerrilla Marketing Read More »

မားကတ်တင်းမလေ့လာပါနဲ့။

ကိုယ်ကလုပ်နေတဲ့အလုပ်၊ရနေတဲ့ရောင်းအား၊လက်ရှိပုံစံ status quo ကိုသဘောကျတယ်၊ ရောင့်ရဲတယ်ဆို မားကတ်တင်းကို မလေ့လာပါနဲ့။ ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ အပြောင်းအလဲတွေကိုမြန်နှုန်းမြင့်စေတဲ့ အတတ်ပညာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပဲ။ မားကတ်တင်းအတတ်ပညာကိုဘယ်သူတွေအသုံးပြုကြသလဲသေချာစဥ်းစားကြည့်ရင်စီးပွားရေးလုပ်ငန်းတွေပဲအသုံးပြုတာ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းနားလည်လာလိမ့်မယ်။ နိုင်ငံရေးသမားတွေ မဲဆွယ်တဲ့နေရာအသုံးပြုတယ်။အုပ်ချုပ်သူတွေက လူတွေရဲ့အပြုအကျင့်ကိုပုံသွင်းချင်တဲ့အချိန်အသုံးပြုတယ်။လုပ်ငန်းတစ်ခုကို အထင်အမြင်ကောင်းစေချင်တဲ့အချိန်အသုံးပြုတယ်။ ကိုယ့်ကို လူသိစေချင်ရင်၊သတ်မှတ်ထားတဲ့သူတွေ သဘောကျစေချင်ရင်၊ယုံစေချင်ရင်အသုံးပြုတယ်။ကိုယ့်ကုန်ပစ္စည်းဝယ်စေချင်ရင်အသုံးပြုတယ်။ အလုပ်မှာ ရာထူးမြန်မြန်တိုးဖို့ကိုယ့်အပေါ်အထင်အမြင်ကောင်းအောင်လုပ်ဆောင်တာကလဲ မားကတ်တင်း။လုပ်ငန်းတွေ ရောင်းအောင်းအောင်လူတွေစိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ လူတွေအထင်လွဲနေတာကို အမြင်ပြန်ကောင်းအောင်လုပ်တာလဲမားကတ်တင်း။ ကိုယ့်ရဲ့ရပ်တည်ချက်ကိုလူတွေသိအောင်စိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ အပြောင်းအလဲကို ပုံဖော်လိုသူတိုင်းအတွက်မားကတ်တင်းအတတ်ပညာလိုတယ်။ ဒါကြောင့် Marketing for Change ဆိုပြီးဟောပြောပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ လူတွေကို ရေသုံးအိပ်သာတွေသုံးစေချင်တော့အမြင်ပြောင်းအောင် အသိပညာပေးလုပ်ရတယ်။လမ်းဘေးအမှိုက်မပြစ်အောင်အသိပေးတွေလုပ်ရတယ်။အလားတူပဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊အမှတ်တံဆိပ်၊ ကုမ္ပဏီက ဘာတွေလဲ၊ ဘာလုပ်လဲ လူတွေကိုအသိပေးလုပ်ရတယ်။နောက်အမြင်ပြောင်းရတယ်။ဒီကမှတစ်ဆင့် ဖြစ်စေချင်တဲ့ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်အောင် ပုံဖော်ရတယ်။ ဒါက မားကတ်တင်းအတတ်ပညာရဲ့ရည်ရွယ်ချက်ပဲ။ဒါကြောင့် မားကတ်တင်းဆိုတာ အမြင်ပြောင်းပညာလို့ပြောရင်မမှားဘူး။ Guerrilla Marketing စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မားကတ်တင်းမလေ့လာပါနဲ့။ Read More »

Coach ဆိုတာ နည်းပြ။

နည်းလမ်းကိုပြပေးတာ နည်းပြ။ နည်းလမ်းမျိုးစုံရှိတယ်။ တရားထိုင်တာတရားထိုင်နည်းမျိုးစုံရှိတယ်။ကျန်းမာရေးအတွက်လေ့ကျင့်ခန်းနည်းမျိုးစုံရှိတယ်။စီးပွားရေးစီမံခန့်ခွဲမှုအတွက်စီမံခန့်ခွဲမှုနည်းလမ်းမျိုးစုံရှိတယ်။ တိုးတက်ရေးအတွက်တိုးတက်ရေးနည်းလမ်းမျိုးစုံရှိတယ်။မားကတ်တင်းလုပ်တဲ့အခါမားကတ်တင်းလုပ်နည်းမျိုးစုံရှိတယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ကိုယ့်နဲ့ကိုက်ညီတဲ့ နည်းလမ်းကိုအသုံးပြုဖို့၁။ စာဖတ်ပြီး လုပ်လို့ရတယ်။၂။ ဗွီဒီယိုကြည့်ပြီး လေ့လာလိုက်လုပ်ကြည့်လို့ရတယ်။၃။ သင်တန်းတက်ပြီးလိုက်လုပ်ကြည့်လို့ရတယ်။ ဒီအပေါ် ၃ ခုကို DIY လို့ခေါ်တယ်။Do-it-yourself ကိုယ်တိုင်လုပ်နည်းပေါ့။သူက လုပ်လိုက်၊ ဆန်းစစ်လိုက်၊​ ပြန်ပြင်လိုက်ကိုယ်တိုင် ကြည့်ကျက်လုပ်တဲ့အတွက်အချိန်နည်းနည်းကြာတယ်။​ နောက်တစ်နည်းကနည်းပြနဲ့သွားတဲ့နည်း။ဘောလုံးကို ဘယ်လိုကန်ဆိုတာပြပေးလိုက်တယ်။ကန်တာကို ဘေးကကြည့်တယ်။လိုအပ်တာကို ပြန်လည်ပြောပြ feedback ပေးတယ်။ဒီကတစ်ဆင့်တိုးတက်အောင်လုပ်သွားကြတယ်။နည်းပြနဲ့ လုပ်ဆောင်သူ အတူတူသွားတဲ့အတွက်ဒါကို Do-it-with-you ကိုယ်နဲ့အတူလို့ခေါ်တယ်။​DIWY business model လို့လဲခေါ်တယ်။ နောက်တစ်နည်းက ဖြစ်ချင်တာပြော။အကျိုးအကြောင်းအတိအကျမေး။နောက်မျက်စိမှိတ်ထားလိုက်တော့ကျွန်တော်တို့ အကုန်လုပ်သွားမယ်။ဒီနည်းနဲ့ ဖောက်သည်ပြဿနာဖြေရှင်းပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားတာကိုAgency လို့ကြမ်းဖျင်းခေါ်လို့ရတယ်။တချို့က Consulting နဲ့ Agency တွဲလုပ်တယ်။တချို့ Consulting က အကြံပဲပေးတယ်။တချို့က အကောင်ထည်ဖော် Implementation ပါပါတယ်။Harvard Business Reviews ကလဲConsulting is more

Coach ဆိုတာ နည်းပြ။ Read More »

Product တစ်ခုတည်းကို
promote လုပ်တဲ့ခေတ်က
ကုန်သလောက်ရှိခဲ့ပြီ။

Kylie Cosmetics ဖြစ်ပေါ်လာပုံတို့၊MrBeast Burger တို့၊Chamberlain Coffee တို့ကိုကြည့်ရင်Influencer ကိုယ်တိုင်ထုတ်တဲ့brand တွေရဲ့ power ကိုသတိထားမိလိမ့်မယ်။ ဒါအဘိုးခေတ်၊ အဖေခေတ်မှာလုပ်လို့ မလွယ်တဲ့ ကိစ္စ။ ဒီနေ့ခေတ်က product တွေကိုအဓိက promote လုပ်တာထက်Personality တို့၊ Philosophy တို့ကိုအဓိက promote လုပ်တဲ့ခေတ်ဖြစ်လာပြီ။​ Apple ဆို Privacy ကို promote လုပ်တယ်။​Facebook ဆို Connectivity ကို promote လုပ်တယ်။Google ဆို information democratization ကိုpromote လုပ်တယ်။ Xiaomi ဆို လူတိုင်းအတွက် တီထွင်ဆန်းသစ်မှုInnovation for everyone ကို promote လုပ်တယ်။Alibaba ဆို 相信小的伟大 ဆိုပြီးsmall is beautiful

Product တစ်ခုတည်းကို
promote လုပ်တဲ့ခေတ်က
ကုန်သလောက်ရှိခဲ့ပြီ။
Read More »

ဘဝမှာ လူအများနဲ့ မတူချင်ရင်
လျှို့ဝှက်ချက်တွေရှာရမယ်လို့မြင်တယ်

ဥပမာ လူအများစုမသိတဲ့ကိုယ့်ရဲ့ စိတ်ကို စီမံခန့်ခွဲတဲ့နည်းသိတဲ့အခါ။လူအများစု မသိတဲ့ စီးပွားရေးလမ်းကြောင်းသိတဲ့အခါ။လူအများစု မသိတဲ့ မားကတ်တင်းနည်းစနစ်ကို သိရှိအသုံးချမိတဲ့အခါ။ လောကမှာ လျှို့ဝှက်ချက်တွေရှိတယ်။တချို့က open secretsကျင့်သုံးရုံပဲ။​ တချို့က လူသိနည်းတဲ့ လျှို့ဝှက်ချက်။​ကိုယ့်မှာလူသိနည်းပြီး ကိုယ့်ကိုအပြောင်းအလဲ​လုပ်ပေးမည့်လျှို့ဝှက်ချက်တွေ ရှိပြီလား? ဒီလျှို့ဝှက်ချက်က အချိန်ကုန်တာတွေကိုခြွေတာပေးနိုင်တယ်။​ဒီလျှို့ဝှက်ချက်က ကိုယ့်ရဲ့အစွမ်းအစငွေကြေး၊​ ရည်မှန်ချက်ပန်းတိုင်ရောက်အောင်မြန်မြန် ဆောင်ရွက်ပေးစေနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ လူအများနဲ့ မတူချင်ရင်
လျှို့ဝှက်ချက်တွေရှာရမယ်လို့မြင်တယ်
Read More »

Marketing နဲ့ Branding ဆိုတာ

Marketing ဆိုတာ ဘာလဲ။ Sales နဲ့ ဘာကွာသလဲ။ Marketing ရဲ့ တာဝန်က Sales ကို လွယ်ကူအောင်လုပ်ပေးတာဖြစ်တယ်။ Marketing ရဲ့ တာဝန်က ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ စိတ်ဆန္ဒကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ဖြည့်ဆည်းပေးတာလို့ ဆိုခဲ့ကြတယ်။ လူတွေ လိုအပ်တာ၊ လိုချင်တာတွေက အမြဲအပြောင်းအလဲဖြစ်နေတဲ့အတွက် ဒီ definition က ပိုပိုပြီး ကျယ်ပြန့်လာတယ်။ မားကတ်တင်းဆိုတာ သတင်းအချက်အလက်ကို ပြန့်အောင်လုပ်တဲ့ game တစ်ခုဖြစ်တယ်။​ ဒီလို ပြန့်အောင် ကြော်ငြာတွေလုပ်ကြတယ်။ လူတွေဝယ်ချင်အောင် promotion တွေလုပ်ကြတယ်။​ မသိသေးတဲ့သူတွေဆီသွား မိတ်ဆက်ပြီးရောင်းချမှုမျိုးလုပ်ခဲ့ကြတယ်။ တစ်ဆင့်စကားတစ်ဆင့်နားပြန့်အောင် ကိုယ့်လုပ်ငန်းအကြောင်း ပြောပေးပါအုံးဆိုတဲ့ခေတ်ကနေ check-in ဝင်ရင် ဘာ promotion ပေးမယ်ဆိုတာမျိုး၊ ကိုယ့်ဝက်ဝက်ကွဲ ပုရိသတ်တွေပျော်အောင် ပွဲတွေ

Marketing နဲ့ Branding ဆိုတာ Read More »

Planning is a process

Plan ဆိုတာ အမြဲချနေရတာမျိုး။ လုပ်ငန်းရှင်တချို့ထင်ကြတာကျွန်တော်ကို Business Plan ဆွဲပေး၊Marketing Plan ဆွဲပေးဆိုပြီးတစ်ခါတည်းပြီးသွားမည့်အမျိုးလို့ထင်ကြတယ်။​ Plan ဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။Plan ဆိုတာ ဖြစ်စဥ်တစ်ခုပါ။​နောက်တစ်ပတ်လုပ်မည့်အစီအစဥ်ဟာဒီရက်ပိုင်းမှာ ဖြစ်ပျက်မှုတချို့ကြောင့်အပြောင်းအလဲရှိနေနိုင်ပါတယ်။ဒါကြောင့် ကိုယ့် Plan ကိုအမြဲ updateလုပ်နေဖို့ လိုအပ်တယ်။ New Year ညမှာ ၂၀၂၂ အတွက်plan ဆွဲပြီး တစ်ခါတည်းအကောင်ထည်ဖော်တယ်ဆိုတာ အကောင်ဆုံးနည်းလမ်းဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကိုယ့် plan အကောင်အထည်ဖော်နေတုန်းမှာအသိဥာဏ်သစ်တွေ၊ အတွေ့အကြုံသစ်တွေသင်ခန်းစာသစ်တွေကကိုယ့်ကိုသင်ကြားပေးသွားမှာဖြစ်တယ်။​ ဒါကြောင့် Plan ဆိုတာ အမြဲ updateလုပ်နေရတဲ့ Process ဖြစ်တယ်။​ဒီလို အမြဲ update လုပ်နေရတဲ့ process အတွက်Plan ချနည်းစနစ် Framework တွေကိုယ့်မှာ ရှိထားဖို့လိုအပ်တယ်။ ဥပမာ Business Plan မှာ ဘာတွေပါရမယ်၊Brand Plan

Planning is a process Read More »

စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။

စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။မားကတ်တင်းဆိုတာ ဖောက်သည်တွေဘာလိုချင်၊ ဖြစ်ချင်တယ်ဆိုတဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ပညာလုပ်ရပ်ဖြစ်တဲ့အတွက်စေတနာကိုယ်ချင်းစာစိတ်အခြေခံတယ်။ Phyo Paing @ Derek

စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။ Read More »

ဖောက်သည် သေချာရွေးပါ။

လုပ်ငန်းအောင်မြင်ဖို့ အကြည်ဓာတ်လိုတယ်။ဒါကြောင့် အကြည်ဓာတ်ရှိနေဖို့ကိုယ့်လုပ်ငန်းရဲ့ culture ကိုသေချာတည်ဆောက်ဖို့လိုသလို၊ဖောက်သည်သေချာအရွေးမှန်ဖို့လိုတယ်။ Phyo Paing @ Derek

ဖောက်သည် သေချာရွေးပါ။ Read More »

စေတနာ

အောင်မြင်တဲ့ စားသောက်ဆိုင်အောင်မြင်တဲ့ လုပ်ငန်းအောင်မြင်တဲ့ စာရေးဆရာနဲ့အောင်မြင်တယ်ဆိုတဲ့ သူတွေမှာသူ့ဖောက်သည်တွေ သူ့ပရိသတ်တွေအတွက်စေတနာကိုတွေ့ရမှာပါ။ စေတနာဟာ ခံစားလို့ရပါတယ်။ Phyo Paing @ Derek

စေတနာ Read More »