social media

လူမှုကွန်ယက်မှာ
ကိုယ့်လုပ်ငန်းအတွက် တင်ပါ။

တနေ့ကျရင် ဖောဖောတီတီရခဲ့တဲ့လူမှုကွန်ယက်က reach တွေအာရုံ attention တွေကိုနှမြောတသ ဖြစ်ကြအုံးမယ်။ နောင်တဆိုတာ အမြဲ နောင်မှပဲ။ Jack Ma က လူတွေဘာကြောင့်ကျဆုံးကြလဲဆိုရင်အခွင့်အလမ်းတစ်ခုကို၁။ မမြင် 看不见၂။ နားမလည် 看不懂၃။ အထင်မကြီး 看不起၄။ မမှီတော့လို့ 来不及了 တဲ့။ လူမှုကွန်ယက်မှာကိုယ့်လုပ်ငန်းအတွက် တင်ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လူမှုကွန်ယက်မှာ
ကိုယ့်လုပ်ငန်းအတွက် တင်ပါ။
Read More »

မသုံးတတ်ရင် ရှုံးနေမယ်။

ပြတာကိုပဲ တွေ့တာ လူမှုကွန်ယက်။လူတွေကို ကိုယ်သိစေချင်တဲ့ပုံပြင်တွေ ဖန်တီးဖို့ အခွင့်အရေးပေးတာလူမှုကွန်ယက်။မသုံးတတ်ရင် ရှုံးနေမယ်။ Phyo Paing @ Derek

မသုံးတတ်ရင် ရှုံးနေမယ်။ Read More »

Social Media

ကိုယ်က Facebook Page လုပ်တယ်။လူမှုကွန်ယက်မှာ စာတွေတင်၊ဗီဒီယိုတွေတင်တယ်ဆိုကိုယ့်ရည်ရွယ်ချက်ကဘာလဲအရင်ပြန်စဥ်းစားရတယ်။ နာမည်ကြီးဖို့လား။လူအထင်ကြီးဖို့လား။အိုင်ဒီယာတစ်ခုကို လူတွေသိအောင်လား။စျေးပိုရောင်းချင်တာလား။လူတိုင်းကိုသိစေချင်တာလား၊ကိုယ်သိစေချင်တဲ့ လူတစ်စုကိုပဲသိစေချင်တာလား။လူတွေကို တကယ်ကူညီပေးဖို့လား။လုပ်ငန်းအသစ်တွေပြန်စရင်လွယ်ဖို့လား။ငွေပိုရှာဖို့လား။လွမ်းမိုးမှုပိုကြီးဖို့လား။ကိုယ့်ရန်သူတွေကို ဒုက္ခပေးဖို့လား။လူတွေရဲ့ အတွေးအမှားတွေကိုပြင်ပေးချင်တာလား။ဒီလိုလေးလဲ ဖန်တီးလို့ရတယ်ဆိုတဲ့အသစ်တွေကို ပြပေးချင်တာလား။လူတွေကို ဖျော်ဖြေချင်တာလား။ကိုယ့်လုပ်ငန်းကို လိုသိပိုများဖို့လား။အိုင်ဒီယာသစ်တွေကို စမ်းသပ်ဖို့လား။ တစ်ခုထက်လဲ ပိုနိုင်တယ်။ ဒီအချက်ကို သေချာသိရင်ကိုယ့်ရဲ့ လူမှုကွန်ယက်မဟာဗျူဟာကိုသေချာ ချမှတ်လို့ရပြီ။ လူတိုင်း Social Media ကိုအသုံးပြုပေမယ့်အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။ Phyo Paing @ Derek

Social Media Read More »

Mobile first to AI first.

အရင် email ရေးရင်ငါးမိနစ်၊ ဆယ်မိနစ် အကြာကြီးကြာတယ်။ အခုတော့ တစ်မိနစ်လောက်နဲ့အပြီးသတ်နေပြီ။ အရင် စာတစ်ကြောင်းရေးပြီးGrammarly ထဲ မှန်မမှန်ပြန်ကြည့်ရတယ်။အခု correct the grammar တို့၊ Write it better တို့ဖြစ်လာပြီ။ Google CEO ပြောသလို Mobile first ကနေ AI first ဖြစ်လာပြီ။ 2014 June လမှာ အော်ရီဒူးတွေပေါ်တော့ပျော်ပျော်ကြီး Facebook ဆိုတာဖြစ်လာတယ်။ AI first မှာဘာတွေဖြစ်လာမလဲစိတ်ဝင်စားဖို့ကောင်းတယ်။ Phyo Paing @ Derek

Mobile first to AI first. Read More »

နှလုံးသားချင်တူရင်ယူ
မကြိုက်ရင် လျစ်လျူရှု။

ဆိုကရေးတီးပြောသလိုပဲမင်းဘာသိလဲဆိုရင် ငါသိတာကတော့ ငါဘာမှမသိတာပဲတဲ့။ မသိတာတွေကို မေးခွန်းတွေမေးအဖြေရှာစဥ်းစားရင်း ဒီ page မှာ note ထုတ်ထားတယ်။ နှလုံးသားချင်တူရင်ယူမကြိုက်ရင် လျစ်လျူရှု။ သူများလို နာမည်ကြီးလဲမဟုတ်သလိုလူအထင်ကြီးအောင် လုပ်တဲ့ page လဲမဟုတ်။ ခေတ်ပျက်ကြီးထဲမှာ ဘူကောင်ရှောင် community တစ်ခုကို ဖန်တီးချင်တဲ့သူတစ်ယောက်ဆိုမမှားဘူးလို့ထင်တာပဲ။ Phyo Paing @ Derek

နှလုံးသားချင်တူရင်ယူ
မကြိုက်ရင် လျစ်လျူရှု။
Read More »

Social media မှာ ကိုယ့်ပုံတင်ရမှာရှက်စရာကြီးတဲ့။

အဲ့တော့ သူများပုံတွေပဲ ကြည့်ပြီးစိတ်ညစ်ခံနေမှာလား ပြန်စဉ်းစားကြည့်။ကိုယ့်အလှည့် သူ့အလှည့်ပေါ့။ 😂 Content Marketing မှာ ဆရာဒါလေးတင်လိုက်ရမလားလာမေးရင်“တင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်” ဆဲခံရရင်ရော်?ဆဲခံရရင် ပြန်ပြင်ပေါ့။ဥပမာ ပိုက်ဆံဆိုတာအရာရာပဲလို့ရေးလိုက်တယ်။ကိုယ့်ကို ဝိုင်းဆဲကြရင်ဆရာတစ်ယောက်ကပြောတယ်ပိုက်ဆံဆိုတာ အရာရာပဲတဲ့ဆိုကိုယ့်ကိုဆဲဖို့ ခက်သွားပြီ။ဘယ်ဆရာပြောလဲတော့ မသိ 😆 ဒီနေ့လိုသတင်းတွေတင်ပြီး မှားရင်ပြန်ပြင်တဲ့ beta journaling ခေတ်မှာတင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်။နောက် တင်ပြီးရင် ပြန်သုံးသပ်။ကိုယ့်ကိုကိုယ် data analysis လုပ်တဲ့သူတစ်ယောက်လိုမြင် အားတီ၊ အားမေတို့။ Phyo Paing @ Derek

Social media မှာ ကိုယ့်ပုံတင်ရမှာရှက်စရာကြီးတဲ့။ Read More »