Standard

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။

လူတစ်ယောက်ရဲ့ တန်ဖိုးကလူတစ်စုအတွက်ပြဿနာဖြေရှင်းနိုင်စွမ်းပဲ။ ဒါကတော့ အသုံးဝင်မှုအမြင်ပေါ့။ ဥပမာ ဝန်ထမ်းခန့်ထားတယ်ဗျာ။အလုပ်ဘယ်လောက်ကြိုးစားကြိုးစားboss ပြဿနာ မဖြေရှင်းပေးနိုင်ရင်ဒါ အသုံးမဝင်ပါဘူး။ ကြိုးစားတာနဲ့ အသုံးဝင်တာ မတူပါဘူး။ ကြိုးစားတာက input ပါ။အသုံးဝင်တာက output ပါ။ boss က output ကို ကြည့်ပါတယ်။customer က output ကို ကြည့်ပါတယ်။စျေးကွက်က output ကို ကြည့်ပါတယ်။ ဒါဆို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ကိုယ် ဘယ်သူ့ ပြဿနာကို ဖြေရှင်းပေးနေလဲ။ကိုယ် ဖြေရှင်းပေးနေတဲ့ ပြဿနာကဘယ်လောက် ကြီးလဲ။ ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Phyo Paing @ Derek

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Read More »

“စံနှုန်း” ကို မြင့်မြင့်ထားကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ် လျော့မတွက်နဲ့။ ကိုယ်ရောက်နေတဲ့နေရာကို သတ်မှတ်ပေးတဲ့အရာက “စံနှုန်း standard” လို့ခေါ်ပြီးpersonal development မိမိကိုယ်ကို တိုးတက်အောင်လုပ်ရေးမှာ ပထမဆုံးအချက်က “raise your standard ကိုယ့်စံနှုန်းကိုယ်မြင့်ပါ”တဲ့။ ဒါကတော့ ဟိုးငယ်ငယ် ၂၀၀၇ မှာ တိုနီရိုဘင်ရဲ့ Awaken the giant within ခန္ဓာကိုယ်ထဲက စွမ်းအားမြင်တဲ့လူ့ဘီလူးကို နိုးထလိုက်ပါ။ ဒီစာအုပ်မှာ ပထမဆုံး အခန်းပထမဆုံးစာကြောင်းရဲ့ ခေါင်းစဥ်ပဲ။ အဲ့မတိုင်ခင်က ကိုယ်ကဘူကောင်။complaint တွေ သိပ်များတယ်။ကိုယ်သိသိမသိသိ comment တွေထဲလိုက်သူများတွေကို လိုက်ဒုက္ခပေးတယ်။ ဘူမှန်းမသိ ဘူနေခဲ့တယ်။ နောက်ပိုင်းစဥ်းစားကြည့်တယ်။ငါရဲ့ စံနှုန်းက အဲ့လောက်တောင်နိမ့်နေသလား။ ဒါနဲ့ ပထမဆုံး ၇ ရက်အပြစ်မပြောရေး စမ်းကြည့်တယ်။ အကြိမ်ကြိမ် fail တယ်။ နောက်ပိုင်းကျတော့ အကျင့်ဖြစ်ပြီးအပြစ်တင်တတ်တာ၊ ကိုယ်သေချာ မသိ

“စံနှုန်း” ကို မြင့်မြင့်ထားကြည့်ပါ။ Read More »