Technology

ဘယ်နေရာရောက်ရောက်

၁။ ဘာသာစကားလိုတယ်။၂။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်။၃။ လူရှေ့သူရှေ့ အိုင်ဒီယာချပြရမယ်။၄။ နည်းပညာအသုံးပြုရမယ်။ ၅။ ပိုက်ဆံရှာရမယ်။ ၆။ လူတွေကို အုပ်ချုပ်ဦးဆောင်နိုင်ရမယ်။၇။ အချိန်စီမံခန့်ခွဲနိုင်ရမယ်။ ၈။ အသစ်တွေ မြန်မြန်သင်ယူနိုင်ရမယ်။ Phyo Paing @ Derek

ဘယ်နေရာရောက်ရောက် Read More »

နည်းပညာကို ကောင်းကောင်းအသုံးပြုနိုင်လေလေ

ရည်မှန်းချက်ပန်းတိုင်းတွေမြန်မြန်ရောက်ဖို့ နည်းပညာကကူညီပေးတယ်။ နည်းပညာသစ်တွေ စမ်းသပ်ပြီးချက်ချင်းသုံးနိုင်ခြင်းကဘဝကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ လူမှုကွန်ယက်ကလဲ နည်းပညာပဲ။အလားတူပဲ ဘဝမှာနည်းပညာကို ကောင်းကောင်းအသုံးပြုနိုင်လေလေစွမ်းဆောင်ရည် ပိုမြင့်လေလေပဲ။ Phyo Paing @ Derek

နည်းပညာကို ကောင်းကောင်းအသုံးပြုနိုင်လေလေ Read More »

အေအိုင်

မနက်တိုင်း Journaling ရေးပြီးရင်AI ကို မေးတယ်။ မင်းသာ ငါ့ business coach ဖြစ်ပြီးဒီနှစ် ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက်ဆို ငါ့ကို ဘာမေးခွန်းတွေ မေးမလဲဆိုပြီး။ ခုတောင် AI သုံးနိုင်တဲ့ သူနဲ့ မသုံးနိုင်တဲ့ သူ တော်တော်ကွာသွားမယ်။ သုံးတယ်ဆိုတာ Generative AI မှာ ကိုယ်လိုချင်တဲ့ output ရဖို့ ဘာရေး၊ ဘာမေးမယ်ဆိုတဲ့ input နဲ့ အသုံးပြုတဲ့ AI model ပေါ်မူတည်ပြီးprompt engineering လုပ်ရတယ်။ ဒီလိုလုပ်တဲ့အခါ အမြဲတမ်းoutput က ကိုယ်လိုချင်တာဖြစ်ရဲ့လားအမြဲ ကြည့်ရတယ်။ မားကတ်တာတွေ၊ စွန့်ဦးတီထွင်တွေအတွက်ကPrompt engineering လုပ်နိုင်စွမ်းကဖိုထိုး alchemy လုပ်သလိုပဲ။ လုပ်ငန်းချင်းတူရင်တောင်လူမှုကွန်ယက် social media ကို အသုံးချတဲ့ပုံမတူရင် ရလဒ်မတူသလိုပဲအေအိုင်တစ်ခေတ်ကလဲ

အေအိုင် Read More »

Software company တစ်ခု စတင်တဲ့အခါ

လုပ်ငန်းတစ်ခု ခုန်ပျံကျော်လွှားတိုးတက်ဖို့တီထွင်ဆန်းသစ်မှု၊ချဲ့ထွင်နိုင်စွမ်းနဲ့Leverage ကံစွမ်း၊ ဥာဏ်စွမ်း၊ နည်းပညာစွမ်းအသုံးချနိုင်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ အရေးအကြီးဆုံးထဲမှာနည်းပညာပါတယ်။ စာရင်းကို လက်နဲ့ပေါင်းနေတာနဲ့ကွန်ပြူတာစာရင်းနဲ့ တွက်တာနဲ့၊Receipt တွေဓာတ်ပုံရိုက်တာနဲ့AI က အလိုအလျောက်တွက်သွားပေးနိုင်တဲ့ လုပ်ငန်း သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မတူနိုင်တော့ဘူး။ လုပ်ငန်းတွေက နည်းပညာကို အသုံးပြုဖို့အတွက်စာရွက်စာတမ်းတွေနဲ့ မှတ်နေတာကိုdigital ဒီဂျစ်တယ်အနေနဲ့ ပြောင်းတယ်။နောက်ပိုင်း လုပ်နေတဲ့ လုပ်ငန်းဆောင်တာအဆင့်တွေကို process တွေကို နည်းပညာနဲ့လုပ်ဆောင်နိုင်တဲ့အဆင့်ပြန်သွားတယ်။နောက်ဆုံးလုပ်ငန်းတစ်ခုလုံးကိုနည်းပညာအသုံးပြုစလယ်ဆုံး plan ချတဲ့အချိန်ကစလို့control ထိန်းချုပ်တဲ့အပိုင်းထိနည်းပညာသုံးလို့ရအောင်လုပ်တယ်။digitization, digitalization နဲ့ digital transformationလုပ်တဲ့ အဆင့်လို့ခေါ်တယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာsoftware တွေရဲ့ အကူအညီလိုတယ်။ဒီနေ့ခေတ် လုပ်ငန်းရှင်တွေလုပ်နေကြပြီးတချို့လဲအောင်မြင်တယ်၊တချို့လဲ မအောင်မြင်တဲ့ Enterprise Resource Planning (ERP) တို့၊HR, Marketing, Accounting, Inventory Control, Logistics အကုန်လုံးကို နည်းပညာအသုံးပြု စီမံခန့်ခွဲလို့ရအောင်လုပ်တဲ့အခါ ကိုယ်တိုင်ဖန်တီးမလား၊ဝယ်မလား၊ဒါမှမဟုတ်

Software company တစ်ခု စတင်တဲ့အခါ Read More »

နည်းပညာ

လူတွေက ကောင်းကင်မှာပျံဖို့အတောင်ပံလဲမပါဘူး။မြင်းတွေလိုလဲ အကြာကြီးမြန်မြန်မပြေးနိုင်ဘူး။ဆင်တွေလိုလဲ ခွန်အားမရှိဘူး။ ဒါပေမယ့် ကောင်ကင်ပျံအောင်လဲလုပ်လို့ရတယ်။မြင်းထက်မြန်အောင်လဲ ပြေးလို့ရလာတယ်။ဆင်ထက်သန်မာအောင်လဲဖန်တီးနိုင်တယ်။ ဒါကတော့ ဒီလိုလုပ်နိုင်အောင်နည်းပညာတွေ ဖန်တီးတာပဲ။ ဒီနည်းပညာတွေကို ဖန်တီးနိုင်ဖို့ဥာဏ်ရည်လိုတယ်။အချင်းချင်းဆက်သွယ်နိုင်တဲ့ဘာသာစကားလိုတယ်။ကိုယ့်ကိုယ်ကို သတိရှိတဲ့self-awareness လိုတယ်။ လူတွေက တိရစ္ဆာန်တွေနဲ့အရင်းအမြစ်ပြိုင်ဆိုင်တဲ့နေရာမှာရှေ့ပိုရောက်အောင်ဥာဏ်စွမ်း၊ ဆက်သွယ်နိုင်စွမ်း၊နည်းပညာတွေအသုံးပြုခဲ့ကြတယ်။ လူအချင်းချင်းကြားမှာငွေဆိုတဲ့အရင်းအမြစ်စုဆောင်းတဲ့အခါမှာလဲဥာဏ်စွမ်း၊ ဆက်သွယ်နိုင်တဲ့အဆက်အသွယ်၊ နည်းပညာတွေသုံးကြတယ်။ ကိုယ့်အနေနဲ့ဥာဏ်စွမ်း၊အဆက်အသွယ်ပြုနိုင်တဲ့ ဆက်သွယ်နိုင်စွမ်း၊နည်းပညာအသုံးချ ဖန်တီးနိုင်မှုစွမ်းတိုးတက်အောင် လုပ်နေဖို့လိုနိုင်တယ်။ Humans don’t have wings to fly in the sky, nor can they run long distances as fast as horses, nor do they possess the strength of elephants. Yet, they can fly

နည်းပညာ Read More »

ဘယ်လို အလုပ်လုပ်လဲ လေ့လာရတယ်။

Facebook ကို ခိုင်းစားဖို့ Facebook ဘယ်လို အလုပ်လုပ်လဲလေ့လာရတယ်။Tik Tok ကို ခိုင်းစားဖို့ Tik Tok ဘယ်လိုအလုပ်လုပ်လဲ လေ့လာရတယ်။Youtube ကို ခိုင်းစားဖို့ Youtube ဘယ်လိုအလုပ်လုပ်လဲလေ့လာရတယ်။ Marketing ကို ခိုင်းစားဖို့ Marketing ဘယ်လို အလုပ်လုပ်လဲ လေ့လာရတယ်။ To master Facebook, it’s essential to understand its operational mechanisms. This includes comprehending the platform’s algorithms, the way it prioritizes and distributes content, the intricacies of Facebook Ads, and strategies for

ဘယ်လို အလုပ်လုပ်လဲ လေ့လာရတယ်။ Read More »

micro-skills

ဒီနေ့ခေတ်ရဲ့ လိုအပ်လာတဲ့ကိုယ့်အိုင်ဒီယာကို ပြန့်အောင်လုပ်ဆောင်ဖို့ကျွမ်းကျင်မှု micro-skills ၁။ စာရေးသားခြင်း၂။ ဗီဒီယိုရှေ့မှာ ကိုယ်ပြောချင်တဲ့မက်ဆေ့ကိုကောင်းကောင်းပြောနည်း၃။ လူရှေ့သူရှေ့စကားပြောခြင်း၄။ ပြန်လည်သင်ကြားပေးနိုင်ခြင်း Phyo Paing @ Derek

micro-skills Read More »

Facebook ကို မှတ်စုလိုသုံးတယ်။

Facebook ကို မှတ်စုလိုသုံးတယ်။Facebook ကို ဒိုင်ယာရီလိုသုံးတယ်။Facebook ကို အိုင်ဒီယာစမ်းသပ်ခန်းလိုသုံးတယ်။Facebook ကို မီဒီယာလိုသုံးတယ်။Facebook ကို လော်စပီကာလိုသုံးတယ်။Facebook ကို မာတီမီဒီယာလိုသုံးတယ်။Facebook ကို စျေးရုံကြီးတစ်ခုလိုသုံးတယ်။Facebook ကို ဒိုပါမင်းထွက်ဖို့အတွက်သုံးတယ်။Facebook ကို စကားပြောဆက်သွယ်ဖို့သုံးတယ်။Facebook ကို သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့သုံးတယ်။Facebook ကို ကိုယ့်ဝန်ထမ်းတွေနဲ့ဆက်သွယ်ဖို့သုံးတယ်။Facebook ကို ငွေရိုက်စက်တစ်ခုလိုသုံးတယ်။ တရုတ်မ ယောကျာ်းကို ဆဲသာဆဲသာစဥ်းစားကြည့်တော့လဲ ကျေးဇူးတင်စရာဇကာပေါက်ပါပဲ။ 😁 Phyo Paing @ Derek

Facebook ကို မှတ်စုလိုသုံးတယ်။ Read More »

ဒီနေ့လို AI ခေတ်မှာ

မသိတဲ့အရာသိဖို့မေးတတ်ဖို့ပဲလိုတယ်။မသိတာ ပြဿနာမဟုတ်တာ။မမေးတတ်တာ ပြဿနာ။ မေးတယ်ဆိုတာ စဉ်းစားတာပဲ။စဉ်းစားတယ်ဆိုတာ နားလည်ဖို့။နားလည်မှ အဖြေရှာလို့ရမှာ။မသိတာကို သိဖို့ မေးဖို့၊ စဉ်းစားဖို့၊ အဖြေရှာတတ်ဖို့လိုလာတယ်။ Phyo Paing @ Derek

ဒီနေ့လို AI ခေတ်မှာ Read More »

AI သေချာနားမလည်သေးတဲ့
မြန်မာစကားတတ်နေလို့။

ဟော့ကောင် AI “Action is the highest form of learning” ကိုအဆိုအမိန့်အနေနဲ့ ထုတ်ပေးစမ်း။ ဟုတ်။“Action is the catalyst that transforms knowledge into wisdom, for it is through active engagement that we truly learn and grow.” တရုတ်လိုပြောကွာ“行动是将知识转化为智慧的催化剂,因为正是通过积极参与,我们才能真正学习和成长。” ဟ မိုက်လှချည်လား။ မြန်မာလိုဆို?“လက်ရှိမှုသည် အပြည့်အစုံအနေနဲ့ အများအား အလွန်တစ်သန်းအများကို သက်ဝင်စေသည်။ ကျွန်မတို့သည် အရှေ့အကြုံလေးနဲ့ ပညာရေးသို့ သင်ယူရန် ကျွန်မတို့ အလွန်သင်ယူတာလဲဖြစ်ပါသည်။” ဟုတ်ပြီ၊ ဟုတ်ပြီ။ ဟူးးးးးးတော်သေးတာပေါ့။AI သေချာနားမလည်သေးတဲ့ မြန်မာစကားတတ်နေလို့။ 😎 Phyo Paing @

AI သေချာနားမလည်သေးတဲ့
မြန်မာစကားတတ်နေလို့။
Read More »