Thinking

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား

ကြုံဖူးလားတော့ မသိဘူးတချို့လူတွေထွက်ပြေးလို့ မလွယ်တဲ့ အရာက ကိုယ့်အနီးနားဆုံးက toxic ဖြစ်တဲ့ သူတွေပဲဖြစ်တယ်။ ဒါက အဖေလဲဖြစ်နိုင်သလို၊ အမေလဲဖြစ်နိုင်တယ်ဆို အံ့သြသလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်အမျိုးလဲဖြစ်နိုင်သလို၊တခါတလေ ကိုယ်တိုင်လဲဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာလုပ်လုပ် စဥ်းစား၊ စွန့်လွှတ််၊ စွန့်စား။ Phyo Paing @ Derek

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား
Read More »

အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ်

အားတီ အားမေတို့အတွက်ကိုယ့်ကိုကိုယ် မေးဖြစ်တဲ့ မေးခွန်းတွေ အတွေးမရှင်းရင်ဘဝက တိုင်ပတ်တယ်။အတွေးရှင်းဖို့ ကိုယ့်ကိုကိုယ်သေချာ သိဖို့လိုတယ်။ ကိုယ့်ကိုကိုယ် သေချာနားမလည်ရင်တိုင်ပတ်မှုအပေါင်း သရဖူဆောင်းရတတ်တယ်။ ကိုယ်ဘယ်လိုတွေးလဲ?ဘာတွေ ယုံကြည်လဲ?ဘာဖြစ်ချင်လဲ?ဘယ်လိုအချိန်မှာ ဘယ်လိုဖြစ်တတ်လဲ?ကိုယ့်အားသာချက်က ဘာလဲ?အားနည်းချက်က ဘာလဲ?ဘာကို ကြိုက်သလဲ?ဘာကို မကြိုက်ဘူးလဲ?နေချင်တဲ့ဘဝမျိုးကဘာလဲတကယ်ကော အဲ့ပုံစံနေချင်တာလား?အပြောင်းအလဲကော ရှိနိုင်လား။ ကိုယ့်လိုချင်တာရဖို့ကိုယ့် winning formula က ဘာလဲ။ကိုယ်ဘယ်အချိန်တွေကျရင်သောက်တလွဲတွေ လုပ်ဖြစ်လဲ။ ဘယ်အချိန်စိတ်ညစ်သလဲ။ဘယ်အချိန် တက်ကြွသလဲ။ဘယ်အချိန်မှာ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ပြီးဘယ်အချိန်မှာ လက်လျော့တတ်သလဲ။ ဘယ်လိုလူတွေကို အပေါင်းအသင်းမလုပ်ဘူးလဲ။ဘယ်လိုလူတွေနဲ့ အပေါင်းအသင်းလုပ်သင့်သလဲ။ ကိုယ်က အခု ဘယ်လိုလူမျိုးလဲအနာဂတ်မှာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ။ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကဘာလဲ။အရေးမကြီးတာတွေကဘာလဲ။ဘာကို ယုံကြည်ခဲ့သလဲ။အဲ့အတွက် ဘာရလဒ်တွေ ရခဲ့သလဲ။ဘာကို မယုံကြည်ဘူးလဲ။​ အခုကော ဘယ်လိုယုံကြည်မှုမျိုးရှိထားလဲ။ဒီယုံကြည်မှုက အနာဂတ်သွားချင်တဲ့လမ်းကြောင်းကိုအထောက် အကူပြုလား။​မပြုရင်ကော ပြင်ဖို့လိုမလား။ ကိုယ့်ဘဝကို နောက်တစ်ဆင့်ရောက်အောင် ကူညီပေးခဲ့တဲ့လူတွေက ဘယ်လိုလူတွေလဲ။သူတို့ကို ဘယ်လိုတွေ့ခဲ့လဲ။ဘယ်အချက်တွေကြောင့်ကိုယ်အပြောင်းအလဲဖြစ်ခဲ့သလဲ။သူတို့မှာ တူညီတဲ့အချက်တွေဘာတွေရှိသလဲ။ဒီက

အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ်
Read More »

လူတွေကို ပြဿနာပေးတာ
အတွေးအခေါ်ပဲ

မွေးကတည်းက ပေးထားချက်တွေမတူဘူး။ဒါက အရေးမကြီးဘူး။ အရေးကြီးတာ ပေးထားချက်ပေါ်မှာဘဝကို ဘယ်လိုတည်ဆောက်သွားလဲဆိုတာပဲ မဟုတ်လား။ လူတွေကို ပြဿနာပေးတာ အတွေးအခေါ်ပဲ။ အတွေးအခေါ် မရှင်းရင်ဘဝကလဲ မရှင်းဘူး။ ဘဝမှာ ဘယ်ကစလဲ အရေးသိပ်မကြီးတော့ဘူး။ ဘယ်ကို သွားမလဲဘယ်ကို ရောက်နေပြီလဲဘယ်ဆက်သွားမလဲဒါပဲ အရေးကြီးတယ်။ တစ်ခုခု ဖြစ်လာဖို့ သူများအားကိုးရမည့်အလုပ်စိတ်ကို မဝင်စားဘူး။ ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်ကိုယ့်ဘဝနဲ့ ကိုယ်ပဲ လို့ ခံယူထားတယ်။ လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ပြီးမှသူများအတွက် ကြည့်ပေးနိုင်မှာပဲ။ ကိုယ်က အဆင်မပြေရင်သူများကို အဆင်ပြေအောင်ကူညီပေးဖို့ ထင်သလောက်မလွယ်နိုင်ဘူး။ ဒီနေ့လို distraction တွေကြားမှာကိုယ်သွားနေတဲ့လမ်းကြောင်းမပျောက်သွားဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို ပြဿနာပေးတာ
အတွေးအခေါ်ပဲ
Read More »

Focused modeနဲ့ Diffused mode

ထိုင်နေရင်း ဘုရားသခင်က message ပို့သလိုIdea တွေ ဒိုင်းဒိုင်းဒိုင်း ဝင်လာတာနဲ့Note တွေရေးလိုက်တာ သတိမထားမိလိုက်ဘူးနှစ်နာရီနီးပါးကြာသွားတယ်။ စိတ်ပညာမှာ focused mode နဲ့Diffused mode ဆိုတာရှိတယ်တဲ့။အကြောင်းအရာတစ်ခုကိုထိုင်ပြီး သေချာအကြိတ်အနယ်စဉ်းစားတာက Focused mode.ရေချိုးနေရင်း idea ပေါ်လာတာ။အာခိမိလိတို့လိုဆိုတာ Diffused mode. Phyo Paing @ Derek

Focused modeနဲ့ Diffused mode Read More »

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။

၁။ ပျော်လား? ၂။ ပိုက်ဆံရလား? (ကိုယ်လိုချင်တဲ့ဘဝနေထိုင်မှုပုံစံကိုပံ့ပိုးပေးနိုင်လား?)၃။ ပိုကြာလေ ပိုကျွမ်းကျင်လာလေဖြစ်မလား? (Mastery) Phyo Paing @ Derek

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။ Read More »

ကိုယ့်အတွေးSystemကို Updateလုပ်ပါ။

သူများတွေတော့ မသိဘူးကျွန်တော်ငယ်ငယ်ကတော့ငါလုပ်လိုက်တာမှားသွားမလားမှားသွားပြီထင်တယ်ဆိုပြီးခဏခဏ ထင်ပြီး မပျော်တာမျိုးဖြစ်တတ်ဘူး။ နောက်ပိုင်း Haruki Murakami ရဲ့ Norwegian Wood ထဲက “Don’t feel sorry for yourself.Only assholes do that.” ဒီစာကြောင်းတွေ့ပြီးကတည်းက ကိုယ့်အတွေး system ကို update လုပ်လိုက်တယ်။ Phyo Paing @ Derek

ကိုယ့်အတွေးSystemကို Updateလုပ်ပါ။ Read More »

Apple ရဲ့ မဟာဗျူဟာ

Gym ကို တစ်ယောက်ပြီးတစ်ယောက်အဖြူရောင် AirPod တွေနဲ့ဝင်လာတော့ စဉ်းစားမိတယ်။ Apple က iPod ကို သတ်လိုက်တယ်လို့အများစု ထင်ကြတယ်။iPod ခေတ်က Shuffle, Classic, Nanoပုံစံအများကြီးထွက်တယ်။ တကယ်တမ်း Apple ရဲ့ မဟာဗျူဟာကiPod ရောင်းဖို့လောက်ပဲ စဉ်းစားတာမဟုတ်ဘူး။Digital Hub Strategy နဲ့သွားတာ။သီချင်းရောင်းဖို့၊ လစဉ်ကြေးနဲ့သွားဖို့ရည်ရွယ်တာ။ဒါကြောင့်လဲ iTunes ကို လုပ်ခဲ့တာ။ ဒီတော့ iPod ဘာဖြစ်သွားသလဲ? AirPod ဖြစ်သွားတာပေါ့။နောက်ပိုင်း အမျိုးအစားများများစားစားထွက်လာမယ်။ Hardware က သူ့အတွက်Trojan horse ပဲ။ မဟာဗျူဟာအကောင်ထည်ဖော်တာလေ့လာချင်ရင် Apple ကိုကြည့်ကြည့်။ Ecosystem ကို ဘယ်လောက်လှလှပပတည်ဆောက်သွားခဲ့သလဲ။ Phyo Paing @ Derek

Apple ရဲ့ မဟာဗျူဟာ Read More »

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။

ငါဒီနေ့ကို ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်အောင်စွမ်းဆောင်ခဲ့ရဲ့လား? ကိုယ့်ကိုကိုယ် ဂုဏ်ယူရတာဘာတွေ လုပ်ခဲ့သလဲ? ဘာသင်ခန်းစာတွေရခဲ့သလဲ။ Phyo Paing @ Derek

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။
Read More »

လူတစ်ယောက်ရဲ့ အမူအကျင့်ကို
အကဲဖြတ်လို့ရတဲ့ နည်းက

သူနည်းနည်းအောင်မြင်မှုလေးရလာရင်ကိုယ့်အပေါ် ဆက်ဆံတဲ့ပုံစံဘယ်လို ပြောင်းသွားလဲဆိုတဲ့ အပြောင်းအလဲပဲ။ ဟိုးအရင်က လူတိုင်းကိုစေတနာထား အကုန်သင်ပေးအိတ်သွန်ဖာမှောက်ပြောပြတယ်။နောက်ပိုင်းတော့ သင်ခန်းစာရလာတာလူတွေက အောင်မြင်မှုအရသာလေးရလာရင် အချိုးပြောင်းတတ်တယ်။ ဒီတော့ လူတိုင်းအပေါ် စေတနာထားစရာမလိုဘူးဆိုတဲ့ အတွေးအခေါ်နဲ့နေတယ်။ Phyo Paing @ Derek

လူတစ်ယောက်ရဲ့ အမူအကျင့်ကို
အကဲဖြတ်လို့ရတဲ့ နည်းက
Read More »