Mental Map
ကမ္ဘာကြီးကိုမြင်တဲ့ စိတ်မြေပုံအရေးကြီးတယ်။Mental Map မကောင်းရင်ရောက်မည့်ပန်းတိုင်လဲ မကောင်းနိုင်ဘူး။ Phyo Paing @ Derek
ကမ္ဘာကြီးကိုမြင်တဲ့ စိတ်မြေပုံအရေးကြီးတယ်။Mental Map မကောင်းရင်ရောက်မည့်ပန်းတိုင်လဲ မကောင်းနိုင်ဘူး။ Phyo Paing @ Derek
ဘဝကို ဖရိုဖရဲဖြစ်ပြီး ပြိုလဲသွားစေနိုင်တဲ့ဘေးချော်နေတဲ့ အတွေးအခေါ်တွေကိုအရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek
အဲ့လို လုပ်ဖို့ လွယ်ပါ့မလားစဉ်းစားမိတိုင်းငါလွယ်တဲ့အလုပ်တွေပဲလုပ်နေတော့မှာလားပြောင်းတွေးကြည့်လိုက်တယ်။ Phyo Paing @ Derek
မြန်မာပြည်မှာနေရင် မြန်မာလိုတွေးနိုင်ငံခြားမှာ အလုပ်ဖြစ်တဲ့အရာဒီမှာ ဖြစ်မှာမဟုတ်ဘူး။ အမေရိကားမှာ အလုပ်ဖြစ်တဲ့အရာတရုတ်မှာ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အဲ့လို စဥ်းစားတဲ့ သူတွေရှိတယ်။ အမေရိကားမှာ အလုပ်ဖြစ်တဲ့အရာကိုတရုတ်မှာ အလုပ်ဖြစ်အောင်တရုတ်ယဥ်ကျေးမှုနဲ့ ကိုက်အောင်ဘယ်လိုလုပ်မလဲစဥ်းစားတဲ့သူတွေရှိတယ်။ ဘဝတွေ အကြီးကြီး ကွာသွားတယ်။ အတွေးတွေကို ဂရုတော်တော်စိုက်ရတယ်။ Phyo Paing @ Derek
ကိုယ်ရူးသွပ်တဲ့ အလုပ်ကို ကျန်းကျန်းမာမာနဲ့ လုပ်ခွင့်ရှိပြီး ကိုယ်မွေးဖွားခဲ့တဲ့ နေရာကလူတွေအတွက်အကျိုးပြန်ရှိအောင် လုပ်ဆောင်ပေးရင်းအသက်မွေးဝမ်းကြောင်းပြုခွင့်ရတဲ့အတွက်ကံတရားကို ကျေးဇူးတင်မိတယ်။ ဘဝမှာ ကိုယ့်ကိုမွေးဖွားခဲ့တဲ့အဖေ၊ အမေ။လမ်းညွှန်ပြသပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ ကိုယ်ရူးသွပ်တဲ့အလုပ်တွေကို မြန်ဆန်စွာလုပ်နိုင်အောင် ဖန်တီးပေးတဲ့နည်းပညာတီထွင်သူတွေ။ အမှားတွေ ထပ်မမှားရအောင်ပြသပေးတဲ့ သိပ္ပံပညာရှင်တွေ၊စာရေးဆရာတွေ။ ဖြစ်တည်မှုရဲ့ အမှန်တရားကိုလမ်းပြပေးတဲ့ မြတ်ဗုဒ္ဓ။ ကိုယ်တည်ဆောက်ချင်တဲ့ လူမှုအဖွဲ့အစည်းအတွက်ယုံကြည်မှုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလူမုန်းခံပြီး လုပ်ဆောင်ပေးနေတဲ့ညီအစ်ကို မောင်နှမတွေ။ လူတွေစားသောက်နိုင်အောင်စိုက်ပျိုးထွန်ယက်ပေးနေတဲ့တောင်သူလယ်သမားနဲ့ကျန်းမာရေးအတွက် စိတ်ရင်းစေတနာနဲ့ အစောင့်အရှောက်ပြုနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ။ ကမ္ဘာစစ်တွေကြား၊ ပလိပ်ရောဂါတွေ၊ အနူရောဂါ အနာကြီးရောဂါဘေးမကျရောက်ပဲ လည်ပတ်နေနိုင်တဲ့အချိန်မှာကိုယ့်အလုပ်တွေကို နောက်မျိုးဆက်တွေအတွက် ဖန်တီးခွင့်ရတာ ကျေးဇူးတင်စရာပါ။ ဘုရားဟောနဲ့ ဆန့်ကျင်တဲ့ဆိုတဲ့ အယူအဆနဲ့ ပိတ်ပင်ခဲ့ပေမယ့် အတွေးအခေါ်သစ် New Thought Movement ကိုမြန်မာတွေအတွက် အတွေးသစ်အမြင်သစ်ဖွင့်ပေးခဲ့ပြီးငယ်ငယ်က ကိုးတန်း၊ ဆယ်တန်းမှာပါသင်ကြားခဲ့ရတဲ့ အားလပ်သောအချိန်ကလေးများရေးသားခဲ့တဲ့
လူတွေက တစ်နေ့တစ်နေ့ကိုအတွေးပေါင်း ၅၀၀၀၀ နဲ့ ၇၀၀၀၀ ကြားတွေးနေကြတယ်။ လူတိုင်းက တွေးနေကြတယ်။ ဒါပေမယ့် ဘယ်လိုတွေးရမလဲမလေ့လာဖူးကြဘူး။ အတွေးမတွေးပဲ တစ်ခုတည်းကို အာရုံစိုက်နေတာ၊ အတွေးတွေကို သတိနဲ့ကြည့်တာကိုတရားထိုင်တယ်လို့ခေါ်ပြီးအတွေးတွေးတတ်အောင်သင်ယူတာကို တွေးခေါ်ခြင်းပညာ Thinking Skills လို့ခေါ်တယ်။ Phyo Paing @ Derek
၁။ Lateral Thinkingဖြာထွက် စဥ်းစားခြင်း၂။ Critical Thinkingစဥ်းစားမှုအပိုင်းမှာ ယုတ္တိကျမကျအမှာရှာခြင်း၃။ First Principle Thinkingကိုယ့်ယူဆချက်တွေ အားလုံးကိုမေးခွန်းထုတ်ပြီးပြဿနာကို အစက ပြန်လည်ဖြေရှင်းခြင်း၄။ Systems Thinkingစနစ်တစ်ခုအနေနဲ့ ချိပ်ဆက်ပြီးစဥ်းစားခြင်း၅။ Abstract Thinkingပြဿနာကို အဓိပ္ပာယ်တစ်ခုပေးပြီးမလိုအပ်တာတွေကို ဖယ်ထုတ်အယူအဆတစ်ခုဖန်တီးပြီးစဥ်းစားခြင်း၆။ Associative Thinkingဆက်စပ်စဥ်းစားခြင်း၇။ Analytical Thinkingခွဲခြမ်းစိတ်ဖြာစဥ်းစားခြင်း ဆရာဝန်တစ်ယောက်အနေနဲ့လူနာတဲ့တွေ့တဲ့အခါအထင်အမြင်နဲ့ ဆေးကုလို့မရဘူး။သတင်းအချက်အလက်တတ်နိုင်အမျှ အကုန်ယူရတယ်။မေးရတယ်။ကြည့်ရတယ်။စမ်းရတယ်။ဒီ မေးကြည့်စမ်းလုပ်တာကိုHistory taking, Observing signs and symptoms,Physical examination လို့ခေါ်တယ်။ ပြီးရင် အရင်းအမြစ်ရှာခြင်းRoot cause analysis ကိုလုပ်ဖို့Analytical thinking ဆွဲခြမ်းစိတ်ဖြာစဥ်းစားခြင်းလုပ်ရတယ်။ ဥပမာ ဗိုက်ရဲ့ ချက်အလယ်တည့်တည့်နာတယ်ဆိုပါတော့။လေနာတာ ဆိုပြီး အလွယ်မပြောလိုက်ပဲ။မေးခွန်းတွေမေးရတယ်။ဘယ်လိုနာသလဲ၊ တစ်ခုတည်းနာသလား၊တစ်ပြင်လုံးနာသလား၊ နာတာက ပေါ်လိုက်ပျောက်လိုက်မလား၊ အမြဲနာနေသလား၊အတွင်းထဲကနာသလား၊ အပြင်ကနာသလား၊ဘယ်လိုလုပ်လိုက်ရင် ပျောက်သွားသလဲ၊ဘယ်လိုလုပ်လိုက်ရင် ပိုနာသလဲအစရှိတဲ့ မေးခွန်းတွေ
ပြဿနာတစ်ခုကြုံတဲ့အခါဆရာဝန်တစ်ယောက်ဟာထိုင်ငြီးနေလို့မရဘူး။ပြဿနာ အဖြေရှာရတယ်။တာဝန်ယူရတယ်။ဒါကြောင့် ကိုယ့်ဘဝကိုတာဝန်ယူပါ။ခိုလိုပဲထိုင်ငြီးမနေပါနဲ့. ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာမဖြေရှင်းနိုင်တဲ့ ပြဿနာခွဲသိပါ။ယုံကြည်မှုလွန်ကဲပြီးကိုယ့်ကျွမ်းကျင်မှုနဲ့ ဖြေရှင်းလို့မနိုင်တဲ့ပြဿနာကို လိုအပ်ရင်ကိုယ့်ထက်ကျွမ်းကျင်သူကိုလွဲပေးပါ။ကိုယ်အားသာတဲ့အချက်အားမသာတဲ့အချက်ကို ခွဲသိပါ။Know your niche. စာနာစိတ်ထားပါ။ဆရာဝန်တစ်ယောက်ရဲ့တာဝန်ကလူနာကို တိုင်ပင်ဆွေးနွေးသူ့ပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ်။လူနာကိုစိတ်မဝင်စားရင်ပြဿနာအရင်းအမြစ်ကိုသေချာသိဖို့ခက်တယ်။ဒါကြောင့် စာနာစိတ်နဲ့စိတ်ဝင်စားပါ။ ကိုယ့်အထင်အမြင်တွေကိုအထောက်အပံ့ပြုတဲ့ အချက်အလက်ရှာပါ။ကိုယ်ထင်တာကိုဆန်းစစ်ဖို့လိုအပ်ရင် ရောဂါရှာဖွေခြင်း diagnosis လုပ်ရပါတယ်။လိုအပ်တဲ့ စစ်ဆေးတိုင်းတာမှုတွေပြုလုပ်ရပါတယ်။ကိုယ့်ယုံကြည်တာယုံကြည်တာဆိုတာနားလည်ပါ။ဒီ ယုံကြည်မှုတွေမှန်မမှန် confirmation bias မဖြစ်အောင်data-driven decision အချက်အလက်အခြေပြုဆုံးဖြတ်ချက်ချတတ်အောင်လေ့ကျင့်ပါ။ အဖွဲ့နဲ့အလုပ်ပူးတွဲလုပ်တတ်အောင်လေ့လာသင်ယူဖို့လိုတယ်။တစ်ယောက်တည်းနဲ့ ဥုံဖွလုပ်လို့မရဘူး။ကျွမ်းကျင်သူတွေစုပြီး အလုပ်လုပ်ရတဲ့အတွက်မတူညီတဲ့လူတွေရဲ့မတူညီတဲ့လိုအပ်ချက်တွေကိုသိပါ။ နောက်ဆက်တွဲကိုကြိုတင်စဥ်းစားပါ။ရောဂါတစ်ခုကို ကုသ treatment ပေးပြီးတိုင်းမှာသက်သာတိုးတက်မှု prognosis ဆိုတာရှိသလိုနောက်ဆက်တွဲ complications ဆိုတာလဲရှိတယ်။လုပ်ရပ်တိုင်းရဲ့နောက်မှာ နောက်ဆက်တွဲတွေရှိတာဖြစ်တဲ့အတွက်ဒီနောက်ဆက်တွဲ consequences တွေကိုကြိုတင်စဥ်းစားပါ။ စကားပြောတတ်ပါစေ။ဒီခွဲစိတ်မှုပြုလုပ်ရင် သေဖို့ 10% ရှိတယ်ဆိုတာနဲ့ဒီခွဲစိတ်မှုကြောင့် ပြန်ကောင်းနိုင်ခြေ 90% ရှိတယ်အဓိပ္ပာယ်တူပေမယ့်အသုံးပြုတဲ့ စကားအထားအသို syntax နဲ့ semantics ကွာရင်အဓိပ္ပာယ်အထင်အမြင်ကွာသွားတတ်တာအားလုံးအသိဖြစ်တဲ့အတွက်ဆက်သွယ်ပြောဆိုတတ်ဖို့လိုတယ်။ ဘဝပြဿနာတွေကို ဆရာကျကျအဖြေရှာနိုင်ဖို့ ဆရာဝန်တစ်ယောက်လို့စဥ်းစားချင်တဲ့ အားတီ၊
တချို့က ဘယ်အလုပ်လုပ်ရင်ချမ်းသာမလဲလို့စဥ်းစားတယ်။တချို့က လုပ်တဲ့အလုပ်ကိုချမ်းသာအောင် ဘယ်လိုလုပ်မလဲစဥ်းစားတယ်။ တချို့က ငါဒါကို ဘာလို့မတတ်နိုင်သေးတာလိမ့်လို့ စဥ်းစားတယ်။တချို့က ငါဒါကို ဝယ်နိုင်အောင်ဘယ်လိုလုပ်မလဲ စဥ်းစားတယ်။ စဥ်းစားပုံအရေးကြီးတယ်။လေ့လာတာမြန်ဖို့လိုတယ်။ဒီနေ့ခေတ် ဥာဏ်နည်းရင်ပိုဒုက္ခရောက်လိမ့်မယ်။ သူများယောင်တိုင်းလဲ လိုက်မယောင်နဲ့။ရှေ့က ပြေးသွားတဲ့သူတွေနောက်လိုက်ရင်နောက် ဖုန်ပဲရှူနေရလိမ့်မယ်အားတီ၊ အားမေတို့။ Phyo Paing @ Derek