လူတစ်ယောက်ကို…
လူတစ်ယောက်ကိုကောင်းစေနိုင်သလိုဒုက္ခရောက်စေနိုင်တာအတွေးအခေါ်ပဲ။ Phyo Paing @ Derek
🎯ကိုယ်ဘာတွေ plan လုပ်ထားသလဲ? 🎯ဘာတွေပြီးသွားပြီလဲ? 🎯ဘာတွေ ဆက်လုပ်ဖို့လိုသေးသလဲ? 🎯ဘာတွေကို အသစ်ဖန်တီးမလဲ? 🎯ဘယ်အပြောင်းအလဲတွေလုပ်မလဲ? 🎯Client တွေအတွက်ဘာတွေပြင်ဆင်ထားပေးဖို့လိုမလဲ? 🎯ကိုယ်နဲ့မဆိုင်တဲ့ သူများအကြောင်းစဉ်းစားဖို့ စိတ်မဝင်စားသလို အချိန်လဲမရဘူး။ ဒါကတော့ ကျွန်တော့်တစ်ယောက်ထဲတင်မဟုတ်ဘူး၊ high-performer တွေအကုန်ကြည့်ရင် ဒီလိုပုံစံပဲဆိုတာတွေ့လိမ့်မယ်။ ဟိုလူမကောင်းဘူး ဒီလိုမကောင်းဘူးပဲစဉ်းစားနေရင် သင့်ဘဝအတွက်ကော စဉ်းစားဖို့ အချိန်လုံလောက်ပါ့အုံးမလား? ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာအချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာ အချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။ Read More »
Perspectives ဆေးတက္ကသိုလ်တက်၊ Engineer တက်လိုက်တဲ့အတွက် ၆ နှစ် ၇ နှစ် အချိန်အလဟသ ကုန်သွားတယ်လို့ပြောတာ လုံးဝ မှားတယ်။ ဘာပဲတက်ခဲ့တက်ခဲ့ သင်လုံးဝမမှားပါဘူး။ ဘာကြောင့်လဲဆို knowledge transfer လုပ်လို့ရတဲ့အတွက်ဖြစ်တယ်။ ဘာသာစကားသုံးမျိုးလောက်တတ်သွားရင် နောက်တစ်မျိုးထပ်လေ့လာဖို့က သိပ်မခက်တော့ဘူး။ တချို့က တစ်ခုခုလုပ်တော့မယ်ဆို ဆုံးဖြတ်ချက်မှားမှာ သိပ်ကြောက်ကြတယ်။  ကျွန်တော် ဆေးကုမ္ပဏီထွက်ပြီး ဖုန်းဆိုင်ဖွင့်ခဲ့တဲ့အခါ SME တွေ ဘယ်လိုစဥ်းစားတယ်သိလာတယ်။ MNC မှာ ဝင်လုပ်တဲ့အခါ corporate တွေဘယ်လိုလုပ်သလဲသိလာတယ်။ ဆုံးဖြတ်ချက်မှားမှာ မကြောက်ပါနဲ့။ Steve Jobs ပြောသလို You can only connect the dots by going backward တဲ့။ Nike ရဲ့ slogan
ဆုံးဖြတ်ချက်မှားမှာကြောက်ပြီး ဘာမှမလုပ်ဘဲ မနေပါနဲ့။ Read More »
Covid-19 ကြောင့် ကစားပွဲအသစ်ပြောင်းသွားတယ်။ အပြစ်တင်နေတာ၊ ငြီးနေရင် ကျန်ခဲ့မယ်။ လုပ်တဲ့သူတွေကလုပ်၊ ပြင်တဲ့သူတွေက ပြင်နေကြပြီ။ သင်ထိုင်ငြီးနေတုန်းလား။
သင်ထိုင်ငြီးနေတုန်းလား? Read More »
ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့ ကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေဖို့ နေ့စဥ်တိုးတက်နေဖို့ နေ့စဉ် Higher level of consciousness ကို ထိတွေ့နိုင်ဖို့ ကိုယ်ပြောတာနားလည်တဲ့သူတွေနဲ့ ဝန်းရံနေဖို့ လူတွေကို မေတ္တာထားတတ်ဖို့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအတွက် ဝင်ငွေရှိနေဖို့ ကျန်းမာနေဖို့ ကိုယ်သိထားတာကို ပြန်လည်မျှဝေပေးဖို့ Phyo Paing @ Derek
ဘဝမှာ အရေးကြီးတဲ့ အချက်၉ချက်က Read More »
ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ရင်တောင်ရိုက်တဲ့ရှုထောင့်ကွာရင်ရုပ်ထွက်ကွာသလိုပဲလောကကြီးကိုကြည့်တဲ့ရှုထောင့်မတူရင်ဘဝတွေကလဲ တူမှာမဟုတ်ဘူး။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ရင်တောင် Read More »
ငွေရှာရင် ငွေရမယ်။တရားရှာရင် တရားရမယ်။အပူရှာရင်တော့ အပူရမယ်။ဘာရှာမှန်းမသိရင်တော့သူများပေးတာရမယ်။Phyo Paing @ Derek
ပညာရှာရင် ပညာရမယ်။ Read More »
Harvard Professor – Daniel Gilbert က လူတွေဟာ အနာဂတ်မှာ ဘယ်လိုခံစားရမလည်းဆိုတာ ခန့်မှန်းကြတယ်။ ဒါပေမယ့် မမှန်ကြဘူး။ အဆုံးမသတ် ကျောင်းစာမေးပွဲကြီးပြီးရင် ပျော်မယ်ထင်ခဲ့ကြတယ်။ အလုပ်ရှာဖို့ဖြစ်လာတယ်။ အလုပ်ရရင် ဘဝမှာအေးအေးဆေးဆေးဖြစ်ပြီစဉ်းစားတယ်။ ရုံးတွင်းပြိုင်ဆိုင်မှု Office Politics တွေနဲ့တွေ့တယ်။ ကိုယ်တိုင်စီးပွားရေး လုပ်ရင်တော့ Financial Freedom ရမယ်စဉ်းစားတယ်။ ဝန်ထမ်းစီမံခန့်ခွဲမှု Management ပြဿနာတွေကြုံတယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်လို့လည်း ပြဿနာတွေ ၁၀၀% မရှိတော့မှာ မဟုတ်ဘူး။ သူ့ထက်ပိုကြီးတဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမှာ။ ရွေးချယ်မှု လူရှိရင် ပြဿနာရှိတယ်။ Game ကစားသလိုဘဲ။ Level မြင့်လေလေ ပြဿနာကြီးလာလေလေ။ ဒီတော့ ကိုယ် ကစားချင်တဲ့ Game ကိုရွေးချယ်ဖို့လိုတယ်။ လုပ်ဆောင်မှု နောက်ပြီး လူတိုင်းဟာ ကိုယ်လုပ်တာကိုသိတာထက် ကိုယ်သိတာကိုလုပ်နေကြတာဖြစ်တယ်။
သစ်ကြီးဘဲထိုင်ခုတ်နေတာထက် ပုဆိန်သွေးဖို့လိုပါတယ်။ Read More »
မိတ်ဆွေစာရွက်တစ်ရွက်ထုတ်ပြီး ဒီရက်ပိုင်းအတွင်းစဉ်းစားနေတဲ့အရာတွေအားလုံးချရေးကြည့်ကြည့်ပါ။ ကျွန်တော်တို့ဟာ အတွေးများစွာကို သယ်ဆောင်ထားရတယ်ဆိုတာတွေ့ရမှာပါ။ အရမ်းလေးတယ်ဟုတ်? ဟုတ်တယ်။ မိတ်ဆွေတို့အတွေးတွေကို ဂရုစိုက်ပါ။ ဒါ့ကြောင့် အတွေးတွေကို ရည်မှန်းချက်တွေအပေါ်မှာ စူးစိုက်ထားဖို့အရေးကြီးပါတယ်။ Phyo Paing @ Derek
အတွေးတွေကို ဂရုစိုက်ပါ။ Read More »
လူအများစုရဲ့အတွေးဟာ သူနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ Equal ဖြစ်ကြတယ်။ ဒါပေမယ့် လောကမှာတကယ့်အောင်မြင်တဲ့ visionary leaders တွေဖြစ်တဲ့ ဂန္ဒီ၊ မာတင်လူသာကင်း၊ အစရှိသူတို့ရဲ့ အတွေးအခေါ်ဟာ လက်ရှိပတ်ဝန်းကျင်အခြေအနေထက်မြင့်မားကြတယ်။ လက်ရှိပတ်ဝန်းကျင်၊ နေ့စဉ်အတွေ့အကြုံတွေထက်ကြီးမားကောင်းမွန်တဲ့အပြောင်းအလည်းတွေလုပ်ဖို့ သင်ယူမှုလိုပါတယ်။ သင်ယူမှုအသစ်ရှိလာတဲ့အခါ အတွေးအခေါ်အသစ်ဖြစ်လာတယ်။ အတွေးအခေါ်အသစ်ကြောင့်လူတွေပြောင်းလည်းလာတယ်။ Phyo Paing @ Derek
သင်ဟာသင့်အတွေးအခေါ်ရဲ့ရလဒ်ဖြစ်တယ်။ Read More »