တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။
ကိုယ့်အသက်ကို တန်ဖိုးထားရင်ကိုယ့်တစ်ရက်ကိုလဲ တန်ဖိုးထားဖို့လိုတယ်။ တစ်ရက်တာကို အဓိပ္ပာယ်မရှိအလဟသ မဖြစ်ဖို့လိုတယ်။ ကိုယ့်ကို ပိုပျော်စေတဲ့၊ ပိုတော်စေတဲ့ ဒီနေ့နဲ့ မနက်ဖြန်ဝင်ငွေ ပိုပွားစေမည့်၊တခြားသူတွေအတွက် အထောက်အကူပြုမည့်အားထုတ်လုပ်ကိုင်ရတဲ့အလုပ်တွေနေ့စဥ်လုပ်ခြင်းနဲ့ ဘဝအဓိပ္ပာယ်ဖန်တီးလို့ရတယ်။ တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကိုလျော့မတွက်ပါနဲ့။ တစ်နှစ်မှာ ၁၂ လ။ရက်သတ္တပတ် ၅၂ ပတ်။ ရက်ပေါင်း ၃၆၅ ရက်။ နာရီပေါင်း ၈၇၆၀။ မိနစ်ပေါင်း ၅ သိန်းကျော်။ (၅၂၅၆၀၀)စက္ကန့်ပေါင်း ၃၁ သန်း။ (၃၁၅၃၆၀၀) အိပ်ချိန်၊ စားချိန်၊ နားချိန်၊ လည်ချိန်၊ မိသားစုတာဝန်တွေနဲ့ဆို ကိုယ့်ဘဝမှာ ဖန်တီးချင်တဲ့အရာတွေအတွက်အချိန် ဘယ်လောက်များရမလဲ။ နှစ်တစ်နှစ်ရဲ့နာရီပေါင်း ၈၇၆၀ ကျော်ကို ဘာအနေနဲ့ ပြောင်းမလဲဒီနေ့နဲ့ ဆိုင်တယ်။ Phyo Paing @ Derek
တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။ Read More »