Time

နေ့တိုင်းက စုဗူးပဲ။

အချိန်အလဟသ ဖြုန်းတာကိုယ့်ကိုကိုယ် သတ်တာနဲ့ အတူတူပဲ။ လေ့ကျင့်ရင် လေ့ကျင့်၊အလုပ်လုပ်ရင် လုပ်၊နားရင်နား။ တရားထိုင်တယ်ဆိုတာ သေနည်းလေ့ကျင့်တာ၊ သမာဓိကောင်းအောင်လေ့ကျင့်တာ။ စာဖတ်တယ်ဆိုတာ အတွေးအခေါ် ရင့်သန်အောင်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်တာ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို လေ့ကျင့်တာ။သင်တန်းတက်တယ်ဆိုတာ အတွေးအခေါင်၊ အပေါင်းအသင်း၊နည်းနာအသစ်တွေကို လေ့လာတာ။ ဓားသွေးတာနဲ့ တူတယ်။ ဓားသွေးပြီးရင်ခုတ်ဖို့လိုတယ်။ ဒီဓာတ်သွေးပြီး ခုတ်တာကအလုပ်လုပ်တာလို့ ဆိုနိုင်တယ်။နေ့စဥ် ဒီနေ့ ဝင်ငွေအတွက်လုပ်တာဖြစ်နိုင်သလို အနာဂတ် ဝင်ငွေအတွက်လုပ်တာဖြစ်နိုင်တယ်။လူတွေအကျိုးပြုတဲ့ အလုပ်လုပ်တာဖြစ်နိုင်တယ်။ လူတွေဘဝ ဒုက္ခရောက်သွားစေမည့်သူများမျက်ရည်ကြီးငယ်နဲ့လုပ်တဲ့အလုပ်က ဗုဒ္ဓဟောတဲ့ မဂ္ဂင်ရှစ်ပါးရဲ့ သမာအာဇီဝ အလုပ်မဟုတ်တဲ့အတွက် အလုပ်တာတော့ ကောင်းတယ်။ နောက်အလုပ်တစ်ခုက အနားယူပြီး နောက်နေ့အတွက် အားဖြည့်တာ။ ဒါကို TWR framework ဆိုပြီးPeak Productivity Coaching အတွက်ကျွန်တော် နာမည်ပေးထားတယ်။Train + Work + Rest နေ့တိုင်းက စုဗူးပဲ။ […]

နေ့တိုင်းက စုဗူးပဲ။ Read More »

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။

လုပ်ငန်းရှင်ကြီးတော်တော်များများမှာ တွေ့ရတာတစ်ချက်ကအရေးမပါတာတွေကို အရာမပေးတတ်ဘူး။အရေးမပါတဲ့ ကိစ္စတွေအတွက်အချိန်ကုန် ခံမနေဘူး။ဒီတော့ တခါတလေ power buyer တွေကိုရောင်းရတာ စိတ်ချမ်းသာတယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။ Read More »

အရေးအကြီးဆုံး အရင်းအမြစ်က
“အချိန်”ပဲ။

တကယ်လို့ ဒီနေ့ကိုသာ ဒုတိယအကြိမ်အနေနဲ့ပြန်နေရမယ်ဆို ဘယ်လိုအသုံးပြုမလဲ။ ဘယ်သူတွေနဲ့တွေ့မလဲ။ဘာတွေလုပ်နေမလဲ။ အချိန်ကို ဘယ်လိုအသုံးပြုမလဲ။ လူတွေမှာ ရှိထားတဲ့အရေးအကြီးဆုံး အရင်းအမြစ်က“အချိန်”ပဲ။ Phyo Paing @ Derek

အရေးအကြီးဆုံး အရင်းအမြစ်က
“အချိန်”ပဲ။
Read More »