ToeTet

လူတွေကို ထိန်းချုပ်ထားတာ
အတွေးအခေါ်ပဲ။

ဒါက ခဏခဏကြားပြီးပိတ်မိနေတဲ့အချက်ပဲ။မင်းရဲ့ဆယ်နှစ်စာ plan ကိုခြောက်လနဲ့ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့Peter Thiel ရဲ့ မေးခွန်းဟာလူတွေကို လန့်ဖြန့်သွားစေတယ်။ လူတွေကို ကူညီနိုင်တာ လူတွေပဲ။ဒါကြောင့် လူကြောနပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတွေကို ထိန်းချုပ်ထားတာ
အတွေးအခေါ်ပဲ။
Read More »

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့

စဥ်းစားကြည့်ကြည့်အင်္ဂလိပ်လို မဖတ်တတ်ရာကဖတ်တတ်၊ ပြောတတ်သွားတဲ့အချိန်။တရုတ်လို မပြောတတ်ရာကပြောတတ်သွားတဲ့အချိန်။လူရှေ့စကားပြောမတတ်ရာကပြောတတ်ဆိုတာ ပေါင်းသင်းတတ်တဲ့သူဖြစ်သွားတဲ့အချိန်။လုပ်ငန်းတစ်ခုကို ဘယ်လိုစရမလဲမသိရာကကြိုက်တဲ့လုပ်ငန်းကို အချိန်မရွေးစအချိန်တိုအတွင်း growth-hackingလုပ်နိုင်တဲ့ အချိန်။ ဘဝမှာ ဒီလို မလုပ်တတ်ရာကကျွမ်းကျင်မှုတစ်ခုရတဲ့ပျော်ရွင်မှုက ဘာနဲ့မှ ယှဥ်လို့မရဘူး။ ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ကိုယ့်ရဲ့ skill တွေ ဂျွတ်နေမှဖြစ်မယ်။ Phyo Paing @ Derek

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ Read More »

Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို

၁။ တင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်။ ကိုယ်က social media သုံးပြီးလုပ်ငန်း၊ personality ဒါမှမဟုတ်ကုန်ပစ္စည်းကို စျေးကွက်ဖောက်တော့မယ်ဆိုတင်ရမလား မတင်ရမလားစဉ်းစားနေရင် တင်သာတင်လိုက်။ပြီးမှ အခြေအနေကြည့်။လိုအပ်ရင် post ကို edit ပြန်လုပ်။ ၂။ မတူအောင်လုပ် အခု social media မှာ သင်တန်းတွေတက်ပြီးအကုန်လုံးက ပုံစံတူတွေဖြစ်လာတတ်တယ်။အရေးကြီးတာ မတူအောင်လုပ်ပါ။တင်ဆက်တဲ့ပုံစံ မတူဖို့ ဆန်းသစ်ဖို့လိုတယ်။မားကတ်တင်းရဲ့ ရန်သူတော်ကပျင်းစရာကောင်းခြင်းပဲ။ဒါကြောင့် ”Don’t be boring”.ဆန်းသစ်နေရမယ်။သတင်းတွေကို ချက်ချင်းတင်။ငါးရက်လောက်နေမှ တင်မယ်ဆိုရင်စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ၃။ ပုံမှန်တင် ကြာကြာမှ တစ်ခါတင်တာထက်ပုံမှန်တင်ဖို့အရေးကြီးတယ်။Consistency ရှိရှိနဲ့ လေ့လာပြီးသေချာတင်မယ်ဆိုရင်ကိုယ့် audience ရဲ့အသွားအလာကိုသိလာမယ်။ဒါကြောင့် သူစိမ်းကို စာဖတ်သူ၊စာဖတ်သူကို follow လုပ်သူ၊Follow လုပ်သူကို customerCustomer ကို အမာခံပရိသတ်အဖြစ်ပြောင်းလဲနိုင်မှာ ဖြစ်တယ်။ Phyo Paing @

Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို
Read More »

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်

ဆယ်ကျော်သက်အရွယ်မှာကျတော့မြင်မြင်သမျှ အသစ်ပဲ။Fresh ဖြစ်နေတယ်။လောက ကြီးကစူးစမ်းချင်စရာကြီး။ နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာအံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။ အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကိုတစ်ဆင့်ချင်းတတ်ဖို့ နည်းလမ်းရှာကြရပြီ။ သုံးဆယ်ကျော်လာတဲ့အခါကျဗိုက်ကလေးက ပူလာပြီ။စူပါ၊ မနေနေဂျာဖြစ်လာပြီ။လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်းနှစ်ဆယ်ကျော်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ခုခုဆို မျက်စိမှိတ် ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။ အသက်လေးဆယ်ကျော်တဲ့အခါကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်းသိလာပြီ။အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့လူရိုသေရှင်ရိုသေ နေရာလေးလည်းရလာတတ်တဲ့အချိန်။ လောလောပြီးကနေရတာ လောကထဲ။ တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။အမြဲတမ်းစူးစမ်းပြီးကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာဘဝ curriculum ကိုကိုယ်တိုင်တည်ဆောက်ကြတယ်။ အဲ့ဒီ ဘောင်တွေက လူတွေကိုသိုးတစ်ကောင်လိုဖြစ်အောင်ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုကဘောင်ထဲမှာနေပြီး ဖြစ်လာဖို့မလွယ်ဘူး။ Phyo Paing @ Derek

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်
Read More »

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်

တစ်ရက်တစ်ရက်သာကုန်သွားတယ်။မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။ ဒါမျိုးကြုံဖူးတတ်ကြတယ်။ ဘဝရဲ့ ရင်ခုန်မှုဆိုတာ တိုးတက်မှုက လာတာများတယ်။ ဒါကြောင့် တစ်ရက်တာအတွက်မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့ ပြင်ရမည့်အချိန်ပဲ။ လျှောက်လုပ်နေလို့ မရဘူး။ စည်းကမ်းလိုတယ်။ ကြာကြာနေမှ တစ်ခါထလုပ်တဲ့အလုပ်တွေက ဘဝကို အပြောင်းအလဲ ဖြစ်စေတာထက်စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေကကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။ ဒီနေ့ည အိပ်ယာဝင်တဲ့အခါ မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲကဂုဏ်အယူဆုံးအရာတစ်ခုဆိုဘာများဖြစ်မလဲ ဆိုတဲ့အခါဘာများပြန်ဖြေဖြစ်မလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေလိုကောင်းလိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်
Read More »

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး

အချိန်ဆိုတာရှိတယ်။ အဲ့ဒီအချိန်ကောင်းမှာ ကြိုးစားအားထုတ်မှု တစ်လ၊ နှစ်လကတစ်နှစ်၊ နှစ်နှစ်နဲ့ ညီနိုင်တယ်။ ဒါကို “အချိန်ကောင်း” ကြုံဖူးသူတိုင်းသိကြတယ်။ ဒီ “Timing အချိန်ကောင်း” ဟာ လူတိုင်းရဲ့ ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အချိန်ပဲ။အဲ့ဒီအချိန်မှာ ယောင်နေလို့မရဘူး။အလုပ်ကို ဖိလုပ်ရတဲ့ အချိန်ဖြစ်တယ်။ တခြားအချိန်တွေက ကိစ္စမရှိပေမယ့်အချိန်ကောင်းမှာ တခြားကိစ္စတွေနဲ့အာရုံထွေပြားခြင်းဟာ အခွင့်အလမ်းကို အလဟဿဖြုန်းလိုက်သလိုပဲ။ ဘာနဲ့ တူသလဲဆို တစ်နှစ်လုံးစာကြိုးစားခဲ့ပြီး စာမေးပွဲနီးတဲ့အခါစိတ်လေတာမျိုးနဲ့ တူနိုင်တယ်။ ဒါဆို အချိန်ကောင်းပဲ စောင့်ပြီးအလုပ် လုပ်ဖို့ မရဘူးလား။ မရသလောက်လို့ ဆိုရမယ်။ဘာကြောင့်လဲဆိုတော့ စီးပွားရေးမှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း“anticipation” ဟာ သေမတတ်အရေးကြီးတယ်။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခု လုပ်လာသူတွေဟာ ဒီလုပ်ငန်းရဲ့အပြောင်းအလဲကို အခုမှ ဝင်လာတဲ့ လုပ်သက်နုသူတွေထက်အများကြီးပိုခန့်မှန်းနိုင်တတ်ကြတယ်။ ဒါကြောင့် game တစ်ခုထဲမှာ ရေရှည်နေထားဖို့ အရေးကြီးတယ်။

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး
Read More »

“ရည်မှန်းချက်ပန်းတိုင်”ကို
သေချာသတ်မှတ်ပြီးရင်

ဘဝအပြောင်းအလဲဆိုတာmotivational speaker ပြောတာနားထောင်Comfort zone ထဲကထွက်မယ်ဆိုပြီးရေကူးမသင်ပဲ ရေထဲခုန်ချရေနစ်သေသွားတာမျိုးမဟုတ်ဘူး။ ဘဝအပြောင်းအလဲဆိုတာကိုယ်သွားမည့် “ရည်မှန်းချက်ပန်းတိုင်”ကိုသေချာသတ်မှတ်ပြီးရင်“နေ့စဥ်ရဲ့ စွမ်းပကား” ကို အသုံးပြု“သင်ယူမှု”နဲ့ “ကြိုးစားအားထုတ်မှု”ဒီနှစ်ခုနဲ့ ရှေ့ဆက်ရတာမျိုး။ နေ့စဥ်လုပ်နေတဲ့အရာတွေကကျွန်တော်တို့ ဘယ်လိုလူဖြစ်လာမယ်ဆိုတာသတ်မှတ်ပေးတဲ့ အုပ်မြစ်လေးတွေပဲ။ ကိုယ်နေ့စဥ်လုပ်နေတဲ့အလုပ်နဲ့ရောက်ချင်တဲ့ ပန်းတိုင်နဲ့ကလမ်းတည့်ရဲ့လား ပြန်ပြန်မေးကြည့်ဖို့လိုအပ်တဲ့အချိန်တွေ လူတိုင်းမှာရှိတတ်ကြတယ်။ Phyo Paing @ Derek

“ရည်မှန်းချက်ပန်းတိုင်”ကို
သေချာသတ်မှတ်ပြီးရင်
Read More »

နေ့စဥ်ရဲ့ စွမ်းပကား

ဥုံဖွ ဆိုပြီး ဘဝကြီးကိုကိုယ်လိုချင်သလို ပြောင်းလိုက်ဖို့ဆိုတာဇာတ်ကားထဲမှာပဲ ရှိမယ်။ ကိုယ််လိုချင်တဲ့ဘဝ ဖန်တီးဖို့ကနေ့စဥ်ရဲ့ စွမ်းပကားကိုအသုံးချဖို့ လိုတယ်။​ စည်းကမ်းလိုတယ်။ကိုယ့်ကိုကိုယ် ပေးထားးတဲ့ကတိတည်ဖို့လိုတယ်။ တစ်ရက်တစ်ရက် ခေါင်းထဲကိုဘာတွေထည့်သလဲ၊ဘာတွေလုပ်သလဲ၊ဘယ်လိုလူတွေနဲ့ တွေ့သလဲ၊ဘယ်လို အလုပ်တွေ လုပ်သလဲ။​ ဒါတွေကို ဘဝကို ပုံဖော်ပေးတဲ့အရာတွေပဲ။ မွေးလာတဲ့ ဘဝပေးထားချက်ကိုလက်မခံလို့ မရပေမည့်ဘယ်လိုပုံစံဘဝဖြတ်သန်းမလဲဆိုတာကတော့ကိုယ်တိုင်ရွေးချယ်လို့ရတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ကနေ့စဥ်ရဲ့ စွမ်းပကားကိုအကောင်းဆုံး အသုံးချဖို့လိုတယ်။​ Phyo Paing @ Derek

နေ့စဥ်ရဲ့ စွမ်းပကား Read More »

လူတွေ မမှတ်မိလောက် အောင်တိုးတက်ပြောင်းလဲလိုက်ပါ။

အရင်က ကိုယ့်ကိုကိုယ် ဘယ်တော့မှ အားမရခဲ့ဘူး။ အပြောင်းအလဲ တစ်ခုအမြဲလုပ်ချင်ခဲ့တယ်။ သင်တန်းတွေတက်တယ်။ စာအုပ်တွေဖတ်တယ်။​ စာအုပ်တွေလဲ​ မျိုးစုံပဲ။ သင်တန်းဆိုလဲ ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေး မျိုးစုံတက်ဖြစ်တယ်။ ဒါပေမယ့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ဆိုတာကတော့ တော်တော်မလွယ်ခဲ့ဘူး။ ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့တယ်။ မှတ်ဥာဏ်ကောင်းဖို့ ဦးနှောက်အားတိုးဆေးတွေဖြစ်တဲ့ nootropics တွေ supplement တွေအပြင် မတူညီတဲ့ project တွေအများကြီးလုပ်ဖြစ်တယ်။ ဒီ project တွေ လေ့လာမှုတွေမှ တဆင့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ ToeTet Techniques တွေကို တွေ့ရှိခဲ့တယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အဆင့်သုံးဆင့်လိုတယ်။​ ပထမအဆင့်ဖြစ်တဲ့ တစ်ကိုယ်ရည်တိုးတက်မှုအတွက် personal development လိုတယ်။ ဒုတိယအဆင့်ကတော့ အသက်မွေးဝမ်းကြောင်းအတတ်ပညာတိုးတက်မှု professional development လိုတယ်။

လူတွေ မမှတ်မိလောက် အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ Read More »

ဒီအလုပ်လေးခုပြီးဖို့လိုတယ်

တစ်ရက်တစ်ရက်ကိုနေ့စဉ်မဖြစ်မနေလုပ်ရတဲ့အလုပ် (တိုးတက်ရေး)အလုပ်ပြီးမြောက်တယ်လို့ခံစားရတဲ့အလုပ်ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်အနာဂတ်မှာ ပိုက်ဆံရှာပေးမယ့်အလုပ်ဒီအလုပ်လေးခုပြီးဖို့လိုတယ်လို့ကိုယ့်ကိုကိုယ် တာဝန်ပေးထားတယ်။လူဆိုတာ ကိုယ့်ကိုကိုယ်မဟားတရားမခိုင်းရင်သူများခိုင်းတာကြီး ခံနေရလိမ့်မယ်။ Phyo Paing @ Derek

ဒီအလုပ်လေးခုပြီးဖို့လိုတယ် Read More »