ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်
ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။နောက်ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် နေရင်ဘယ်ကို ရောက်နေမလဲ အရေးကြီးတာပဲ။ ဒါကြောင့် ဆာလောင်မှုကို လျော့လိုက်လို့မရဘူး။ဆာလောင်မှုက အကြောက်တရားထက်ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့သဘောရှိတယ်။ ဆာလောင်မှုဟာ ရဲရဲတောက်မီးခဲလို ဖြစ်နေဖို့လိုတယ်။ ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ ဒူပေဒါပေခံဖို့လိုတယ်။စိတ်ရှည်ဖို့ လိုတယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကိုပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ဆာလောင်မှုက အကြောက်တရားထက်ကြီးနေဖို့လိုတယ်။ Phyo Paing @ Derek
ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ် Read More »
