Uncategorized

အရေးမပါတာတွေကို
အရာမပေးတော့ဘူး။

ဘဝမှာအသက်အရွယ်တစ်ခုရောက်လာတဲ့အခါဘာအရေးကြီးလဲ၊ဘာမအရေးမကြီးဘူးလဲသိလာကြပြီ။ ဘဝမှာ ဘာက အဓိကကျလဲ၊ဘယ်အရာကအဓိကမကျဘူးလဲသိလာပြီ။ ကျန်းမာရေးအရေးကြီးတယ်။ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။ကိုယ့်ရဲ့အားသာချက်အပေါ်အခြေခံပြီးလုပ်ငန်းတည်ဆောက်ဖို့အရေးကြီးတယ်။အရေးမပါတာတွေကို လျစ်လျူရှုနိုင်ဖို့အရေးကြီးတယ်။ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံတည်ဆောက်ဖို့ အရေးကြီးတယ်။ ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်က Essentialism တဲ့။အဓိက ကျတာတွေကို အဓိကလုပ်ဖို့အပိုင်းလေးပိုင်း ပိုင်းထားတယ်။​Essence, Explore, Eliminate, Execute တဲ့။ လူတိုင်းရွေးချယ်မှုပြုလုပ်ရတယ်။​ရွေးချယ်ပိုင်ခွင့်ရှိတယ်။လူတိုင်းမှာ “no” လို့ပြောနိုင်တဲ့အခွင့်အရေးရှိတယ်။အခုအလုပ်ကို မကြိုက်ဘူးလား။“no” လို့ပြောလို့ရတယ်။ဒီအချက်ကို ကျွန်တော်တို့မေ့နေတတ်တယ်။ ကျွန်တော့်ဘဝမှာလဲ ဒီအချက်ကိုသိတော့တချို့အရာတွေကို “no” လို့ပြောခဲ့တယ်။ကိုယ်ဘွဲ့ရတဲ့ဘွဲ့နဲ့ အသက်မွေးတယ်မမွေးမယ်ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။ကိုယ်အသုံးပြုမည့် စီးပွားစီမံခန့်ခွဲမှုပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ကိုယ့်လုပ်ငန်းလည်ပတ်ဖို့ စီးပွားရေးပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ဒီ ရွေးချယ်မှုပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာသိလိုက်တဲ့ အချိန်ကစလို့ဘဝက ပိုမိုက်လာတယ်။ နောက်တစ်ချက်က အရေးမပါတာတွေကိုအရာမပေးဖို့။ကိုယ်လိုချင်တဲ့ရလဒ်ရဖို့ ဘာတွေလိုမလဲ။ဘာတွေ လုံးဝမလိုဘူးလဲ။ဘာတွေ သိပ်မလိုဘူးလဲ။မလိုတာတွေဖြုတ်။ဒီအတွေးအခေါ်နဲ့ပဲသွားတယ်။အဓိကမကျတာတွေကို ဖြုတ်ထားလိုက်တယ်။​ နောက်ဘဝမှာ No တွေအများကြီးပြောရတယ်။ဒီ trade-off တွေလုပ်ရတယ်။လူရယ်လို့ဖြစ်လာရင် ပြဿနာရှိမှာပဲ။ကိုယ်က ဘယ်ပြဿနာကိုဖြေရှင်းဖို့ရွေးချယ်မလဲက အဓိကကျတယ်။ဆရာဝန်လုပ်ရင် လူနာရဲ့ရောဂါပြဿနာကိုဖြေရှင်းပေးရမယ်။စီးပွားရေးအကြံပေးလုပ်ရင်လုပ်ငန်းတိုးတက်ရေးအတွက် စိန်ခေါ်မှုကိုဖြေရှင်းပေးရမယ်။​Which problem […]

အရေးမပါတာတွေကို
အရာမပေးတော့ဘူး။
Read More »

အမူအကျင့်တစ်ခုလုပ်တိုင်း

ဒီနေ့ခေတ် ဦးနှောက်နဲ့ပတ်သက်တဲ့သုတေသနတွေ၊ တွေ့ရှိချက်တွေကလူတွေကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်design လုပ်ဖို့ ကူညီပေးတယ်။ ရှေးခေတ်အယူအဆဖြစ်တဲ့gene မျိုးရိုးက ညံ့လို့ကိုယ်ကညံ့တာ၊စာညံ့တဲ့သူက အမြဲညံ့နေမှာဒါမျိုးထက် ဦးနှောက်ဟာပြုပြင်ကြီးထွားတိုးတက်အောင်လုပ်လို့ရပါတယ်။ဒါဟာ Neuroplasticity အယူအဆဖြစ်တယ်။Genetics တို့အရေးကြီးတာမှန်သလိုသူ့လိုပဲ ဦးနှောက်ကို လေ့ကျင့်ပျိုးထောင်လို့ရတယ်ဆိုတဲ့အယူအဆကအရေးကြီးတယ်။ ကိုယ်လိုချင်တဲ့ အမူအကျင့်ကိုလိုချင်သလို ဒီဇိုင်းလုပ်လို့ရတယ်။ကိုယ်ပုံမှန်ခံစားချင်တဲ့ခံစားချက်တွေဖြစ်အောင် သေချာဒီဇိုင်းလုပ်လို့ရတယ်။ လူတွေရဲ့ ဦးနှောက်ဆဲလ်ကိုneuron လို့ခေါ်တယ်။သူ့မှာ ခန္ဓာကိုယ်ပိုင်း axon နဲ့အမြီးပိုင်းတွေမှာ dendrite ဆိုတာရှိတယ်။ဒီ neuron တွေတစ်ခုနဲ့ တစ်ခုဆက်သွယ်ဖို့ကြားမှာ synapse ဆိုတာရှိတယ်။Electrical activity ဖြစ်တိုင်းneurotransmitters တွေထွက်တယ်။အဲ့မှာ dopamine တို့၊ serotonin တို့ပါတယ်။ အမူအကျင့်တစ်ခုလုပ်တိုင်း၊ပညာရပ်တစ်ခုကို လေ့လာတိုင်းdendritic connections ဆိုတာဖြစ်တယ်။ဦးနှောက်ထဲက dendrites တွေဆက်လာတယ်။ဒါကို ဆေးကျောင်းဒုတိယနှစ်physiology ဇီဝကမ္မဗေဒလေ့လာကတည်းကအရမ်းစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းဖြစ်တယ်။ Neurons that fire together, wire together တဲ့။အဖြစ်အပျက်တစ်ခုဖြစ်သွားတိုင်းမှာဦနှောက်က

အမူအကျင့်တစ်ခုလုပ်တိုင်း Read More »

ကိုယ်ဘယ်လိုလူဖြစ်လာမလဲ။

စီးပွါးရေးပဲလုပ်လုပ်၊ကျောင်းပဲတက်တက်၊အပေါင်းအသင်ရေးရာဖြစ်ဖြစ်၊အလုပ်အကိုင်ဖြစ်ဖြစ်အမြဲမေးတာ ငါဒါလုပ်ရင်တချိန် ဘယ်လိုလူဖြစ်လာမလဲ။ ℙ𝕙𝕪𝕠 Paing @ Derek

ကိုယ်ဘယ်လိုလူဖြစ်လာမလဲ။ Read More »

မှန်ကန်တဲ့ ရွေးချယ်မှု

ဘဝမှာ အရေးကြီးတာ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ဖို့ပဲ။ကျွန်တော့်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရဲ့definition က ကိုယ့်ကို ရေရှည်မှာ“ဒုက္ခမရောက်စေတဲ့” ရွေးချယ်မှု။ကိုယ့်ကို “ရေရှည်ပျော်ရွင်စေမည့်” ရွေးချယ်မှု။ Phyo Paing @ Derek

မှန်ကန်တဲ့ ရွေးချယ်မှု Read More »

အရေးမပါတာတွေကို
အရာမပေးဖို့ လိုတယ်။

ဘဝမှာ အရေးကြီးတာ၊​အရေးမကြီးတာ ခွဲသိပြီးအရေးကြီးတာကိုအားစိုက်လုပ်တဲ့အခါဘဝကို ပိုသာယာလာတာတွေ့လိမ့်မယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးဖို့ လိုတယ်။
Read More »

မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage

မြန်မာပြည်မှာ လူဦးရေသန်းငါးဆယ်ရှိတယ်။ဗမာစကားအသုံးများတဲ့အတွက်ဒါက ပြင်ပ ပြိုင်ဆိုင်မှုတွေအတွက်အကြီးဆုံး အတားအဆီးတစ်ခုအနေနဲ့ရှိတယ်။​ ဥပမာ စလုံးဆိုရင် တစ်ကမ္ဘာလုံးနဲ့ပြိုင်ဆိုင်ရပြီ။အကုန်လုံးက အင်္ဂလိပ်လိုရတယ်။ မိဘအများစုက ကလေးကိုအင်္ဂလိပ်လို ပြောတတ်ရင် ဂုဏ်ယူကြတယ်။​ မြန်မာပြည်မှာနေရင် အရေးကြီးတဲ့competitive advantage ကအနာဂတ်ကလေးတွေအတွက်အင်္ဂလိပ်စာမဟုတ်ဘူး။မြန်မာစာဖြစ်မယ်။သန်းငါးဆယ်ရှိတဲ့ စျေးကွက်မှာပြိုင်ဆိုင်မှုနည်းပြီးကိုယ့်လူမျိုးအကြောင်းသိထားတာဟာဘာနဲ့မှ လဲလို့မရတဲ့ အားသာချက်ပဲ။ Indonesia မှာဆိုရင်Home schooling နဲ့ကြီးလာတဲ့ကလေးတွေရှိတယ်။ဥပမာ Rich Brian လိုမျိုးကလေး။88rising ကနေ စင်ပေါ်တင်ပေးပြီးကမ္ဘာ့ကျော်လာတယ်။ဒီဖက်ကိုသွားတာက လူနည်းစုဖြစ်မယ်။ ဒါပေမယ့် ပြုတ်ကျရင်တောင်ကြောင်ကျကျဖို့ ပြေးမလွတ်တဲ့စျေးကွက်ကကိုယ်အသက်ကြီးလာတဲ့ စျေးကွက်ဖြစ်တဲ့အတွက်ကိုယ့်လူမျိုး ဘာသာစကားကအရေးကြီးနေအုံးမှာပဲ။ Phyo Paing @ Derek

မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage
Read More »

ကျွန်တော်သာ ၂၈ အောက်ဆို

လူငယ်တွေ ပြည်တွင်းမှာOfqual သို့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို ပြည်တွင်းမှာ စျေးသက်သက်သာသာနဲ့အမြန်ပြီးအောင်လုပ်။တချိန်ထဲ အလုပ်အတွေ့အကြုံယူ။ဘာသာစကားသေချာလုပ်။နှစ်နှစ်၊ သုံးနှစ်ပြီးရင် နိုင်ငံခြားထွက်။PR ရမှ ပြန်လာခဲ့။ကျွန်တော်သာ ၂၈ အောက်ဆိုအဲ့လိုပဲ လုပ်မယ်။သိန်းလေးငါးခြောက်ရာအထက်သုံးနိုင်ရင်တော့ နိုင်ငံခြားသွားတက်ပေါ့။ Phyo Paing @ Derek

ကျွန်တော်သာ ၂၈ အောက်ဆို Read More »

နေ့စဥ်တိုင်းက စုဗူးပဲ

တစ်ရက်တစ်ရက်ကိုစုဗူးတစ်ခုလိုပဲ စဥ်းစားကြည့်တယ်။ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကတစ်ခုပဲရှိတယ်။ကိုယ့်ရဲ့ မိနစ်၊ စက္ကန့်တိုင်းကိုဘယ်လို အသုံးချမလဲ။ စိတ်ညစ်စရာတွေကို တွေးပူပြီးဒီအတိုင်း နေမလား။ကိုယ့်အတွက် အကျိုးမရှိတဲ့အတွေးအခေါ်တွေကိုဖယ်ပြီးကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊တိုးတက်ရေး၊ ကိုယ့်သမိုင်းပေးတာဝန်၊မိသားစုအရေးနဲ့ ဘဝအရေးအတွက်မိနစ်၊ စက္ကန့်တိုင်းကို အကောင်းဆုံးအသုံးချ မလား။ဒုတိယတစ်ခုပဲ လုပ်ဖို့အမြဲစဥ်းစားတယ်။ နေ့စဥ်တိုင်းက စုဗူးပဲ။လောကီမှာ ခပ်ကြီးကြီးကျယ်ကျယ်ပြောရရင်လောကုတ္တရာမှာ ပါသွားဖို့နေ့စဥ်က စုဗူးပဲ။ Phyo Paing @ Derek

နေ့စဥ်တိုင်းက စုဗူးပဲ Read More »

ဘာကြောင့် တက္ကသိုလ်တက်သလဲ?

တကယ်တမ်းကျွန်တော်နားလည်ထားတဲ့တက္ကသိုလ်တစ်ခုဖြစ်ဖို့ အရေးအကြီးဆုံးကသင်တန်းသား network ပဲ။ဘယ်လိုလူတွေနဲ့ အတူတူသင်ရမယ်ဆိုတာအရေးအကြီးဆုံးတစ်ခုပဲ။ ကျွန်တော်ဆို ဆေးပညာစိတ်မဝင်စားဘူး။ဒါပေမယ့်ဆေးကျောင်းတက်ခဲ့တဲ့အတွက် နောက်တမရဘူး။ဘွဲ့ကြောင့်မဟုတ်ဘူး။ဘာကြောင့်လဲဆို smart ဖြစ်တဲ့သူတွေနဲ့သိခွင့်ရခဲ့လို့။ Informal learning က လူတွေတိုးတက်ဖို့အရမ်းအရေးကြီးတယ်။ နောက်တစ်ခုက သင်ကြားတဲ့ဆရာတွေ။နောက် course ကို design လုပ်တဲ့ပုံစံပေါ့။နောက် အသိအမှတ်ပြုခံရမှု။ အရှေ့တောင်အာရှမှာအောင်မြင်တဲ့tech startup founder အများစုကIvy League တက္ကသိုလ်တွေကများတယ်။သူတို့အချင်းချင်းကလဲ တက္ကသိုလ်မှာတွေ့ခဲ့ကြတဲ့သူတွေများတယ်။ ဥပမာ Grab co-founders တွေဖြစ်တဲ့ Anthony Tan နဲ့ Tan Hooi Ling ဆိုလဲHarvard (MBA 2011) မှာတွေ့ပြီးcase study လုပ်ရင်း idea ရစဖြစ်ခဲ့ကြတယ်။ နောက် သူတို့ အတန်းကပဲ Indonesia က Gojek co-founderNadiem Makarim ဆိုလဲHarvard

ဘာကြောင့် တက္ကသိုလ်တက်သလဲ? Read More »