Uncategorized

ကိုယ်ဘယ်လိုလူဖြစ်လာမလဲ။

စီးပွါးရေးပဲလုပ်လုပ်၊ကျောင်းပဲတက်တက်၊အပေါင်းအသင်ရေးရာဖြစ်ဖြစ်၊အလုပ်အကိုင်ဖြစ်ဖြစ်အမြဲမေးတာ ငါဒါလုပ်ရင်တချိန် ဘယ်လိုလူဖြစ်လာမလဲ။ ℙ𝕙𝕪𝕠 Paing @ Derek

ကိုယ်ဘယ်လိုလူဖြစ်လာမလဲ။ Read More »

မှန်ကန်တဲ့ ရွေးချယ်မှု

ဘဝမှာ အရေးကြီးတာ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ဖို့ပဲ။ကျွန်တော့်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရဲ့definition က ကိုယ့်ကို ရေရှည်မှာ“ဒုက္ခမရောက်စေတဲ့” ရွေးချယ်မှု။ကိုယ့်ကို “ရေရှည်ပျော်ရွင်စေမည့်” ရွေးချယ်မှု။ Phyo Paing @ Derek

မှန်ကန်တဲ့ ရွေးချယ်မှု Read More »

အရေးမပါတာတွေကို
အရာမပေးဖို့ လိုတယ်။

ဘဝမှာ အရေးကြီးတာ၊​အရေးမကြီးတာ ခွဲသိပြီးအရေးကြီးတာကိုအားစိုက်လုပ်တဲ့အခါဘဝကို ပိုသာယာလာတာတွေ့လိမ့်မယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးဖို့ လိုတယ်။
Read More »

မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage

မြန်မာပြည်မှာ လူဦးရေသန်းငါးဆယ်ရှိတယ်။ဗမာစကားအသုံးများတဲ့အတွက်ဒါက ပြင်ပ ပြိုင်ဆိုင်မှုတွေအတွက်အကြီးဆုံး အတားအဆီးတစ်ခုအနေနဲ့ရှိတယ်။​ ဥပမာ စလုံးဆိုရင် တစ်ကမ္ဘာလုံးနဲ့ပြိုင်ဆိုင်ရပြီ။အကုန်လုံးက အင်္ဂလိပ်လိုရတယ်။ မိဘအများစုက ကလေးကိုအင်္ဂလိပ်လို ပြောတတ်ရင် ဂုဏ်ယူကြတယ်။​ မြန်မာပြည်မှာနေရင် အရေးကြီးတဲ့competitive advantage ကအနာဂတ်ကလေးတွေအတွက်အင်္ဂလိပ်စာမဟုတ်ဘူး။မြန်မာစာဖြစ်မယ်။သန်းငါးဆယ်ရှိတဲ့ စျေးကွက်မှာပြိုင်ဆိုင်မှုနည်းပြီးကိုယ့်လူမျိုးအကြောင်းသိထားတာဟာဘာနဲ့မှ လဲလို့မရတဲ့ အားသာချက်ပဲ။ Indonesia မှာဆိုရင်Home schooling နဲ့ကြီးလာတဲ့ကလေးတွေရှိတယ်။ဥပမာ Rich Brian လိုမျိုးကလေး။88rising ကနေ စင်ပေါ်တင်ပေးပြီးကမ္ဘာ့ကျော်လာတယ်။ဒီဖက်ကိုသွားတာက လူနည်းစုဖြစ်မယ်။ ဒါပေမယ့် ပြုတ်ကျရင်တောင်ကြောင်ကျကျဖို့ ပြေးမလွတ်တဲ့စျေးကွက်ကကိုယ်အသက်ကြီးလာတဲ့ စျေးကွက်ဖြစ်တဲ့အတွက်ကိုယ့်လူမျိုး ဘာသာစကားကအရေးကြီးနေအုံးမှာပဲ။ Phyo Paing @ Derek

မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage
Read More »

ကျွန်တော်သာ ၂၈ အောက်ဆို

လူငယ်တွေ ပြည်တွင်းမှာOfqual သို့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို ပြည်တွင်းမှာ စျေးသက်သက်သာသာနဲ့အမြန်ပြီးအောင်လုပ်။တချိန်ထဲ အလုပ်အတွေ့အကြုံယူ။ဘာသာစကားသေချာလုပ်။နှစ်နှစ်၊ သုံးနှစ်ပြီးရင် နိုင်ငံခြားထွက်။PR ရမှ ပြန်လာခဲ့။ကျွန်တော်သာ ၂၈ အောက်ဆိုအဲ့လိုပဲ လုပ်မယ်။သိန်းလေးငါးခြောက်ရာအထက်သုံးနိုင်ရင်တော့ နိုင်ငံခြားသွားတက်ပေါ့။ Phyo Paing @ Derek

ကျွန်တော်သာ ၂၈ အောက်ဆို Read More »

နေ့စဥ်တိုင်းက စုဗူးပဲ

တစ်ရက်တစ်ရက်ကိုစုဗူးတစ်ခုလိုပဲ စဥ်းစားကြည့်တယ်။ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကတစ်ခုပဲရှိတယ်။ကိုယ့်ရဲ့ မိနစ်၊ စက္ကန့်တိုင်းကိုဘယ်လို အသုံးချမလဲ။ စိတ်ညစ်စရာတွေကို တွေးပူပြီးဒီအတိုင်း နေမလား။ကိုယ့်အတွက် အကျိုးမရှိတဲ့အတွေးအခေါ်တွေကိုဖယ်ပြီးကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊တိုးတက်ရေး၊ ကိုယ့်သမိုင်းပေးတာဝန်၊မိသားစုအရေးနဲ့ ဘဝအရေးအတွက်မိနစ်၊ စက္ကန့်တိုင်းကို အကောင်းဆုံးအသုံးချ မလား။ဒုတိယတစ်ခုပဲ လုပ်ဖို့အမြဲစဥ်းစားတယ်။ နေ့စဥ်တိုင်းက စုဗူးပဲ။လောကီမှာ ခပ်ကြီးကြီးကျယ်ကျယ်ပြောရရင်လောကုတ္တရာမှာ ပါသွားဖို့နေ့စဥ်က စုဗူးပဲ။ Phyo Paing @ Derek

နေ့စဥ်တိုင်းက စုဗူးပဲ Read More »

ဘာကြောင့် တက္ကသိုလ်တက်သလဲ?

တကယ်တမ်းကျွန်တော်နားလည်ထားတဲ့တက္ကသိုလ်တစ်ခုဖြစ်ဖို့ အရေးအကြီးဆုံးကသင်တန်းသား network ပဲ။ဘယ်လိုလူတွေနဲ့ အတူတူသင်ရမယ်ဆိုတာအရေးအကြီးဆုံးတစ်ခုပဲ။ ကျွန်တော်ဆို ဆေးပညာစိတ်မဝင်စားဘူး။ဒါပေမယ့်ဆေးကျောင်းတက်ခဲ့တဲ့အတွက် နောက်တမရဘူး။ဘွဲ့ကြောင့်မဟုတ်ဘူး။ဘာကြောင့်လဲဆို smart ဖြစ်တဲ့သူတွေနဲ့သိခွင့်ရခဲ့လို့။ Informal learning က လူတွေတိုးတက်ဖို့အရမ်းအရေးကြီးတယ်။ နောက်တစ်ခုက သင်ကြားတဲ့ဆရာတွေ။နောက် course ကို design လုပ်တဲ့ပုံစံပေါ့။နောက် အသိအမှတ်ပြုခံရမှု။ အရှေ့တောင်အာရှမှာအောင်မြင်တဲ့tech startup founder အများစုကIvy League တက္ကသိုလ်တွေကများတယ်။သူတို့အချင်းချင်းကလဲ တက္ကသိုလ်မှာတွေ့ခဲ့ကြတဲ့သူတွေများတယ်။ ဥပမာ Grab co-founders တွေဖြစ်တဲ့ Anthony Tan နဲ့ Tan Hooi Ling ဆိုလဲHarvard (MBA 2011) မှာတွေ့ပြီးcase study လုပ်ရင်း idea ရစဖြစ်ခဲ့ကြတယ်။ နောက် သူတို့ အတန်းကပဲ Indonesia က Gojek co-founderNadiem Makarim ဆိုလဲHarvard

ဘာကြောင့် တက္ကသိုလ်တက်သလဲ? Read More »

လူတိုင်းက သူ့ဟာနဲ့သူ
လမ်းပျောက်နေတဲ့သူကြီးပဲ။

မှန်ရင်လဲ နည်းနည်းမှန်တာနဲ့များများမှန်တာပဲ ကွာမယ်။လမ်းမှန်ရင် အကုန် နိဗ္ဗာန်ရောက်ကုန်မှာပေါ့ မဟုတ်လား။အဲ့တော့ စိတ်လဲသိပ်ညစ်မနေနဲ့။ Phyo Paing @ Derek

လူတိုင်းက သူ့ဟာနဲ့သူ
လမ်းပျောက်နေတဲ့သူကြီးပဲ။
Read More »

ပြဿနာက ကိုယ်နဲ့တွေ့တဲ့အခါ
ကိုယ်က စိတ်မညစ်ပဲ
ပြဿနာက စိတ်ပိုညစ်သွားရမယ်။

ကိုယ့်ပတ်ဝန်းကျင်ကိုပြောင်းချင်ရင်ကိုယ်က ကိုယ့်ပတ်ဝန်းကျင်ထက်ကြီးမှ ရမယ်။ မန္တလေးကနေ ရန်ကုန်ကိုသွားသင်တဲ့trainer မရှိဘူးဆိုလို့ဟန် အဲ့လိုရှိသလား။ အခုမှ ကြားဖူးတယ်လို့ စဉ်းစားခဲ့ဖူးတယ်။ တနဲ့ သမပီတဲ့ ပြည်တွင်းတရုတ်ကဘယ်လို လူရှေ့စကားပြောမလဲဆိုတော့အဲ့လို ရှိလားလို့ စဉ်းစားခဲ့ဖူးတယ်။စာရေးဖို့ စာလုံးကမကြွယ်သတ်ပုံကမှား မဖြစ်နိုင်ဘူးခဏခဏ ပြောကြတယ်။ ထသွားမှ ကျိုးမှန်းသိလိမ့်မယ် မောင်လေး။သင်တန်းတွေက အခြေနေမကောင်းဘူးနော်။ ကမ္ဘာ့နောက်အကျဆုံး ဗရုတ်သုတ်ခတွေပဲဖြစ်နေတဲ့ နေရာမှာ အကြည်ဓာတ်အပြည့်နဲ့ ဘယ်လိုများသွားမလဲ။ကြာလေလေ တခြားနိုင်ငံကလူတွေနဲ့တိုးတက်မှု ကွာလေလေပဲ။ တက္ကသိုလ်ပထမနှစ် ပထမစာမေးပွဲမှာဘာသာစုံအောင်တာ အယောက် ၆၀၀ မှာ အယောက် ၂၀ မပြည့်ဘူးနော်။ အဲ့လိုရှိလားလို့စဉ်းစားခဲ့ဖူးတယ်။ တခါတလေ ကိုယ့် ပတ်ဝန်းကျင်ကိုပြောင်းဖို့You have to be greater than your environment ဖြစ်ဖို့လိုတာပဲ။ Phyo Paing @ Derek

ပြဿနာက ကိုယ်နဲ့တွေ့တဲ့အခါ
ကိုယ်က စိတ်မညစ်ပဲ
ပြဿနာက စိတ်ပိုညစ်သွားရမယ်။
Read More »

ကိုယ့်ရဲ့ ကိုယ်ပိုင်မဟာဗျူဟာလိုတယ်။

သူများနဲ့အဆင်ပြေတိုင်းကိုယ်နဲ့အဆင်ပြေချင်မှပြေမယ်။သူများအလုပ်ဖြစ်တဲ့ဟာကိုယ်အလုပ်ဖြစ်ချင်မှ ဖြစ်မယ်။ကိုယ်အလုပ်ဖြစ်တဲ့ဟာကလဲသူများနဲ့ ဖြစ်ချင်မှဖြစ်မယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ ကိုယ်ပိုင်မဟာဗျူဟာလိုတယ်။ Read More »