wisdom

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့
ဥာဏ်ပညာလိုတယ်။

ဆင်တွေက လူထက်အင်အားပိုကြီးတယ်။မြင်းတွေက အပြေးပိုမြန်တယ်။လူတွေက တိရစ္ဆာန်တွေကြားမှာ ဥာဏ်ပိုကောင်းတယ်။ ဥာဏ်ဆိုတဲ့နေရာမှာ ပြဿနာအဖြေရှာနိုင်စွမ်း။ပြဿနာအဖြေရှာတဲ့နေရာမှာ တွက်ချက်မှုကစလို့၊ ပြောဆိုပေါင်းသင်းမှု၊ ပူးတွဲအလုပ်လုပ်ဆောင်နိုင်မှု၊ ပြန်လည်ဆန်းစစ်ပြီးအနာဂတ်ကို ကြိုတင်စီမံနိုင်မှုတွေပါဝင်တယ်။ ဒီဥာဏ်ကို အသုံးပိုပြုနိုင်အောင်ဘိုးဘေးဘီဘင်ကတဆင့်အသိပညာတွေကို လက်ဆင့်ကမ်းခဲ့ကြတယ်။ဒါတွေကို စာအုပ်အနေနဲ့ရေးခဲ့ကြတယ်။ဒါကို စနစ်တကျပြန်သင်ပေးဖို့ကျောင်းတွေ ဖွင့်ကြတယ်။တက္ကသိုလ်တွေ ဖြစ်လာတယ်။ လိုချင်တာရဖို့ ပြဿနာဖြေရှင်းဖို့လိုတယ်။ ဥာဏ်ဆိုတာ ပြဿနာဖြေရှင်းဖို့။ ဥာဏ်ကို တိုးတက်ဖို့ ပညာသင်တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင်တောင်ကိုယ့်ရပ်ကိုယ့်ရွာကို မပြောင်းလဲနိုင်ရင်တောင်ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့ ဥာဏ်ပညာလိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့
ဥာဏ်ပညာလိုတယ်။
Read More »

ဉာဏ်ပညာ

ဥာဏ်ပညာကို မြတ်နိုးတန်ဖိုးထားတယ်။တန်ဖိုးထားသလို တိုးတက်အောင်လဲနေ့တိုင်း လေ့ကျင့်တယ်။ကိုယ်မသိတဲ့အရာတစ်ခုကို ရှင်းလင်းသိမြင်သွားတဲ့အရသာကဘယ်အရာနဲ့မှ မလဲနိုင်ဘူး။ Phyo Paing @ Derek

ဉာဏ်ပညာ Read More »