Work

အလုပ်လို တကယ်လုပ်တတ်ဖို့လိုတာပဲ

ဘယ်နယ်ပယ်မဆို တစ်ချိန်ကျအလုပ်ဝမ်းစာပြည့်တဲ့သူတွေပဲရေရှည်ကျန်ခဲ့တာပဲ။ လုပ်ငန်းနယ်ပယ်တစ်ခု ကောင်းတုန်းသာအများအပြားဝင်လာတတ်တယ်။ရေရှည်ကျန်ဖို့အတွက်ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်ကိုအလုပ်လို တကယ်လုပ်တတ်ဖို့လိုတာပဲ။ Any field at any time,Only those who work full-timeRemain in the long run. In a promising industry,Many enter readily.To stay for the long haul,One must work as if life depends on it.That’s all it takes, after all. Phyo Paing @ Derek

အလုပ်လို တကယ်လုပ်တတ်ဖို့လိုတာပဲ Read More »

နောက်တစ်ဆင့်မချဲ့နိုင်

လူတွေရဲ့အလုပ်ပြီးတဲ့အဆင့်က မတူဘူး။ တချို့က ထလုပ်ဖို့ပျင်းအချိန်ဆွဲတဲ့အဆင့်။ တချို့က ထလုပ်တယ်အလုပ်မဖြစ်ဘူး။ တချို့က အလုပ်ဖြစ်တယ်။သက်ရောက်မှုမကြီးဘူး။ တချို့က သက်ရောက်မှုကြီးတယ်။ဒါကို နောက်တစ်ဆင့်မချဲ့နိုင်တယ်။ Phyo Paing @ Derek

နောက်တစ်ဆင့်မချဲ့နိုင် Read More »

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။

အလုပ်လုပ် ပိုက်ဆံရှာပြီးရှာတဲ့ ပိုက်ဆံနဲ့ လွတ်မြောက်ရာစိတ်အပန်းဖြေလို့ရတယ်။ ကိုယ့်အတွက် လွတ်မြောက်မှုဖြစ်တဲ့ အလုပ်ကိုလုပ်ပြီး လွတ်လပ်မှုလဲရှာငွေလဲရှာလို့ရနိုင်တယ်။ အလုပ်ဆိုတာ လွတ်မြောက်မှုတစ်ခုပဲ။တချို့လူတွေအတွက် အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Phyo Paing @ Derek

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Read More »

မတူညီတဲ့အလုပ်တွေကို စမ်းကြည့်

ကိုယ်ပါရမီပါပြီး၊ဝါသနာပါနဲ့အလုပ်ကိုကျွမ်းကျင်အောင်လုပ်။ နောင်ဒါနဲ့ အသက်မွေး။စီးပွါးရေးတည်ဆောက်။ရင်းနှီးမြုပ်နှံလို့ရတဲ့အခွင့်အလမ်းတွေဖန်တီးပေး။ သမိုင်းပေးတာဝန်ကိုကျွမ်းကျင်မှုနဲ့တည်ဆောက်။ ပါရမီပါပါ မပါပါသိဖို့မတူညီတဲ့အလုပ်တွေကို စမ်းကြည့်။ Phyo Paing @ Derek

မတူညီတဲ့အလုပ်တွေကို စမ်းကြည့် Read More »

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့အနားယူအုံးတဲ့။ အလုပ်လုပ်တယ်ဆိုတာအနားယူတာပဲ။ အလုပ်ကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းလုပ်တတ်တဲ့အခါအလုပ်ကို ချစ်တတ်၊တန်ဖိုးထားတတ်တဲ့အခါအလုပ်လုပ်တာက အနားယူတာပဲ။ လူတွေခေါင်းထဲထည့်ထားတဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူကြဘူး။ တချို့အတွက်ပိုက်ဆံရဖို့အတွက် အလုပ်လုပ်တယ်။တချို့အတွက်အလုပ်လုပ်နေရင်း ပိုက်ဆံရတယ်။ မတူကြဘူး။ Phyo Paing @ Derek

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့
Read More »

Work hard ရမှာလား၊ Work smart ဖြစ်ရမှာလား?

Work hard ရမှာလား၊ Work smart ဖြစ်ရမှာလား? ဒါက သာမာန်လူတွေမေးနေကျ။ လူတစ်ယောက် အလုပ်လုပ်တဲ့အဆင့်လေးဆင့်ရှိတယ်။ 1. Work hard စလုပ်တဲ့အခါ ကြိုးစားပါ။ 2. Work differentlyမတူညီတဲ့ လုပ်ပုံကိုင်ပုံနဲ့စမ်းကြည့်ပါ။ 3. Work less or work smart အရေးပါတာကိုပဲ အရာပေးပါ။ 4. Let others work for youလုပ်နေတဲ့ အလုပ်ကို လက်လွဲပါ။ Phyo Paing @ Derek

Work hard ရမှာလား၊ Work smart ဖြစ်ရမှာလား? Read More »

စမ်းသပ်မှုတွေ မြန်မြန်လုပ်။

စမ်းသပ်မှုတွေ မြန်မြန်လုပ်။ ၁၀ ခုထဲက ၁ ခုအောင်မြင်ရင်တော်တော်လေး ကောင်းနေပြီ။ ပြီးပြည့်စုံတာကြိုက်တဲ့ လူ့အဖွဲ့အစည်းမှာ ပြီးပြည့်စုံဖို့ အလုပ်ဖြစ်တာနဲ့ အလုပ်မဖြစ်တာခွဲသိ။အလုပ်ဖြစ်တာကို ရွေးချယ်လုပ်။ သြချရလောက်တဲ့ တင်ဆက်မှုနောက်ကွယ်မှာချော်လဲ၊ အရှက်ကွဲ၊ လဲကျ၊ ပြန်ထခဲ့တဲ့အကြိမ်အရေတွေက လူတွေသိချင်မှ သိလိမ့်မယ်။ Phyo Paing @ Derek

စမ်းသပ်မှုတွေ မြန်မြန်လုပ်။ Read More »

အလုပ်က အနုပညာ။

အလုပ်က အနုပညာ။အလုပ်က ဘဝ။အလုပ်က ဘုရားပဲ။ အလုပ်ဆိုတာ အဓိပ္ပာယ်။အလုပ်ဆိုတာ အဿပြာတစ်ခုထက်ပိုတယ်။အလုပ်ဆိုတာ ကိုယ်ဘယ်သူလဲ သတ်မှတ်ပေးတဲ့အရာပဲ။ အလုပ်က ရူးသွပ်မှု။အလုပ်က တိုးတက်မှု။အလုပ်က လွတ်မြောက်မှုတစ်ခုပဲ။ ကိုယ့်သမိုင်းက စာတစ်အုပ်ဆိုရင်အလုပ်က ပန်းချီစုတ်တံပဲ။ကိုယ်ကတော့ ဖန်တီးသူပေါ့။ အလုပ်ကို တန်ဖိုးထားမှအလုပ်က ကိုယ့်ကို ပြန်တန်ဖိုးထားမယ်။ နောက်နှစ်ပေါင်း ၂၀၀ ပြန်ကြည့်လိုက်ကိုယ့်ဆေးစက်တွေ၊ ဖန်တီးမှုတွေရှင်ကျန်နေရမယ်။ Phyo Paing @ Derek

အလုပ်က အနုပညာ။ Read More »

ဈာန်ဟု-ခေါ်သည်။

အလုပ်ထဲ စျာန် ဝင်တဲ့အချိန်များလေဘဝက ပိုပျော်စရာကောင်းလေဖြစ်လာလိမ့်မယ်။ အာရုံကို-ကြံစည်တတ်-စူးစိုက်စွာ ရှုကြည့်တတ်–သော သဘောကို ဈာန်ဟု-ခေါ်သည်။ (wikipedia) Phyo Paing @ Derek

ဈာန်ဟု-ခေါ်သည်။ Read More »