Work

This is my life work ပဲ။

ကျွန်တော်က မြန်မာပြည်ဖွားတရုတ်လူမျိုး တတိယမျိုးဆက်ပဲ။ ဒါပေမယ့် ကိုယ်မွေးခဲ့တဲ့မြေကကိုယ့်အိမ်လို့ပဲ ခံယူသလိုကိုယ်ရှိနေတဲ့အတွက် ဒီနေရာကို တစ်ခုခုပြန်အကျိုးပြုရမယ်လို့ခံယူထားတယ်။ ထမင်းစားဖို့အတွက် ပိုက်ဆံရှာရတယ်။ဒါပေမယ့် ကိုယ့်ကြောင့်လူတွေအပြောင်းအလဲ တစ်ခုဖြစ်ရမယ်လို့ခံယူထားတယ်။ ကိုယ်ကူညီနိုင်တာ ကိုယ်လေ့လာထားတာကိုယ့်ဘဝဖြတ်သန်းမှုတွေကို တချိန် ကိုယ်သေသွားရင်လဲ တခြားသူတွေကို အကျိုးဆက်ပြုနေအောင်နေ့စဥ် content တွေဖန်တီးတာပါ။ ဆယ်စုနှစ်တစ်ခု ရေးခဲ့တဲ့ဘဝဖြတ်သန်းမှု မှတ်စုကြမ်းကို www.drphyopaing.com မှာအကုန်တင်ထားတယ်။ နေ့စဥ် တစ်ရက်တစ်အုပ်ဖတ်ပြီးvideo note ထုတ်ထားတာကိုတော့ Insider note https://toetet.com/insidernote/ မှာတင်ထားတယ်။ This is my life work ပဲ။ ကိုယ်ကတော့ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ဂုဏ်ယူတယ်။ မနက်ထတိုင်း ကိုယ့်ကိုကိုယ် ပြန်မေးတယ်။ငါဒီနေ့သေသွားရင် ကိုယ်နေထိုင်ခဲ့တဲ့ နေရာကို အမြတ်ပိုထုတ်ခဲ့သလား၊ အကျိုးပိုပြုခဲ့သလား။ Phyo Paing @ Derek

This is my life work ပဲ။ Read More »

အနာဂတ်က ကြောက်ဖို့ကောင်းသလို
ရင်ခုန်ဖို့လဲ ကောင်းတယ်။

တချို့အလုပ်တွေ လုံးဝပျောက်ကွယ်တော့မယ်။တချို့အလုပ်တွေ အစားထိုးခံရလိမ့်မယ်။အလုပ်အကိုင်အသစ်တွေ ပေါ်လာတော့မယ်။အလုပ်အကိုင်အသစ်တွေကနေကြွယ်ဝခြင်းအသစ်တွေ ဖြစ်လာတော့မယ်။တကယ်လို့ ဒါကို အမိအရဖမ်းယူနိုင်ရင်အဘိုး၊ အဖေ တစ်သက်ရှာတာကိုတစ်နှစ်နဲ့လဲ ဖန်တီးနိုင်တဲ့ အချိန်တွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်။အနာဂတ်က ကြောက်ဖို့ကောင်းသလိုရင်ခုန်ဖို့လဲ ကောင်းတယ်။ Phyo Paing @ Derek

အနာဂတ်က ကြောက်ဖို့ကောင်းသလို
ရင်ခုန်ဖို့လဲ ကောင်းတယ်။
Read More »

လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့အတိုင်းပဲ။ Jim Rohn ဂျင်ရွန်း က မင်းနဲ့ပေါင်းတဲ့ သူငါးယောက်ကိုပြမင်းက အဲ့ငါးယောက်ရဲ့ average မျှခြေပဲတဲ့။ ဒါက တော်တော်လေးမှန်တဲ့စကားဖြစ်တယ်။ အတွေးအခေါ်က ကူးစပ်တတ်တယ်။ ဒါကို လုပ်ငန်းတွင်းမှာဆို informal learning လို့ခေါ်တယ်။ ဘူဓာတ်ဖြန့်တဲ့ လူတစ်ယောက်ကြောင့်လုပ်ငန်းတစ်ခုလုံး ကမောက်ကမဖြစ်သွားနိုင်တယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုအနေနဲ့၁။ ဘူဓာတ်ဖြန့်သူကို သိဖို့လိုတယ်။၂။ တော်တဲ့ team တွေနဲ့ ခွဲဖို့လိုတယ်။ ၃။ ပြင်ပေးဖို့လိုတယ်။၄။ ပြင်မရရင် ထုတ်ဖို့လိုတယ်။ လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။ Phyo Paing @ Derek

လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။ Read More »

အလုပ်ဆိုတာ ကိုယ့်ဘယ်သူလဲဆိုတဲ့
အနာဂတ်ကိုယ့်ကို ဖော်ဆောင်ပေးတဲ့အရာပဲ။

ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်ကို အသစ်ဖြစ်လာတဲ့new version, next version ဖန်တီးပေးနေတဲ့ လေ့ကျင့်ရေးစင်တာကြီးလို့မြင်တယ်။အလုပ်ဆိုတာ ပိုက်ဆံအသပြာရတာတစ်ခုတည်းထက်အများကြီး အများကြီးပိုတယ်။ ကိုယ့်ဘဝရဲ့ နုပျိုမှု၊ အကျိုးရှိတဲ့အချိန်တွေကို အသပြာတစ်ခုတည်းအတွက် မရောင်းလိုက်နဲ့။ မနက်ဖြန်ဖြစ်လာမည့်ကိုယ့်အတွက် ဖြစ်နေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

အလုပ်ဆိုတာ ကိုယ့်ဘယ်သူလဲဆိုတဲ့
အနာဂတ်ကိုယ့်ကို ဖော်ဆောင်ပေးတဲ့အရာပဲ။
Read More »

အရေးအကြီးဆုံးက အာရုံပဲ။

အာရုံတွေ လွင့်နေရင် အလုပ်မပြီးဘူး။ကိုယ်လုပ်တဲ့အလုပ် အာရုံမစိုက်နိုင်ရင်အကောင်းဆုံးဆိုတာကို ဘယ်တော့မှဖန်တီးနိုင်ဖို့ မလွယ်ဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ကို 100% အာရုံလိုတယ်။ Phyo Paing @ Derek

အရေးအကြီးဆုံးက အာရုံပဲ။ Read More »

အလုပ်တစ်ခုလုပ်တဲ့အခါ

ပေါ့ဆမှု သေးသေးလေးကြောင့်မလိုအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။အခြေခံအကြောင်းရင်းကတော့စိတ်နဲ့လူမကပ် သတိမရှိလို့။ Phyo Paing @ Derek

အလုပ်တစ်ခုလုပ်တဲ့အခါ Read More »