Akyanpay

လုပ်ငန်းတစ်ခုအတွက်
စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာ တစ်ဝက်ပဲမှန်တယ်။

လုပ်ငန်းတစ်ခုအတွက် စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာတစ်ဝက်ပဲမှန်တယ်။ လုပ်ငန်းတစ်ခုဟာ စနစ်နဲ့ လူ နှစ်ခုနဲ့လည်ပတ်တာဖြစ်တယ်။ ဒါကြောင့် စနစ်တိုးတက်မှု (system development) နဲ့အတူဝန်ထမ်းတိုးတက်မှု (leadership development) လုပ်ဖို့လိုလာတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

လုပ်ငန်းတစ်ခုအတွက်
စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာ တစ်ဝက်ပဲမှန်တယ်။
Read More »

စီးပွားရေး မသိပညာမပါ
ရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။

ထီးနဲ့ ဖိနပ်မပါနွေခါမှ သိမယ်။ဒါနဲ့နဲ့ သီလမပါ သေခါမှ သိမယ်။ မားကတ်တင်းအသိဥာဏ်မပါဒေါ်လာစျေးတက်ခါမှ သိမယ်။စီးပွားရေး မသိပညာမပါရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

စီးပွားရေး မသိပညာမပါ
ရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။
Read More »

လေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။

သစ်တစ်ပင်ခုတ်လို့ ၈ နာရီကြာမယ်ဆို၆ နာရီကို ပုဆိန်သွေးပြီး၂ နာရီကို သစ်ခုတ်မယ်တဲ့။ ဒါက လင်ကွန်းပြောခဲ့တာလေး။ လူတွေက တစ်နေ့တစ်နေ့သစ်ပင်တွေ ခတ်နေကြတယ်။ဓားတွေဖို့၊ ပုဆိန်သွေးဖို့၊နည်းပညာအသစ်တွေလေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

လေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။ Read More »

စီးပွားရေးဆိုတာ အိုင်ဒီယာတွေရဲ့ပြိုင်ပွဲ။

စီးပွားရေးဆိုတာ အိုင်ဒီယာတွေရဲ့ပြိုင်ပွဲ။စီးပွားရေးဆိုတာ မဟာဗျူဟာတွေပြိုင်ပွဲ။စီးပွားရေးဆိုတာ အကောင်အထည်ဖော်မှုမြန်ဆန် သေသပ်မှု ပြိုင်ပွဲ။စီးပွားရေးဆိုတာ စနစ်တွေရဲ့ပြိုင်ပွဲ။စီးပွားရေးဆိုတာ ဖောက်သည်အချစ်တွေရဖို့ပြိုင်ပွဲ။စီးပွားရေးဆိုတာ ကြံ့ကြံ့ခံမှုပြိုင်ပွဲ။စီးပွားရေးဆိုတာ စျေးကွက်ပြဿနာအဖြေရှာမှုပြိုင်ပွဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွားရေးဆိုတာ အိုင်ဒီယာတွေရဲ့ပြိုင်ပွဲ။ Read More »

Business is a spiritual pursuit ပဲ။

Business is a spiritual pursuit ပဲ။ အရှုံးအမြတ်၊ ဝင်ငွေတွေကို တခြားသူတွေနဲ့နှိုင်းယှဥ်တဲ့အခါ သာနေရင်ပျော်မယ်။ နောက်ကျနေရင် စိတ်ညစ်မယ်။ စီးပွားရေးရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုကို ယူဆောင်ပေးတဲ့ activities တွေဖြစ်တဲ့အတွက် တခြားသူနဲ့ နှိုင်းယှဥ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ လူတိုင်း လုပ်ငန်းလုပ်တဲ့အခါ တိုးတက်ဖို့ ကြိုးစားအားထုတ်ရတာကြီးပဲ။ ဒီ struggle က ကိုယ့်ကို ပျော်ရွင်မှုတွေယူပေးတဲ့ struggle လေးဖြစ်ဖို့လိုတယ်။ ကိုယ်ချစ်တဲ့ လုပ်ငန်းကိုလုပ်ရင်း စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုတွေကို ယူဆောင်နိုင်ရင် ဘဝရဲ့ blessings ပဲ။ ဘယ်လုပ်ငန်းက ဝင်ငွေဘယ်လောက်ဝင်တဲ့အတွက် အဲ့လုပ်ငန်းကိုလုပ်ဆိုတာထက် ကိုယ့်ချစ်တဲ့ industry ရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးတိုးတက်သွားဖို့ ပိုအရေးကြီးတယ်။

Business is a spiritual pursuit ပဲ။ Read More »

သိ၊ သုံး၊ သစ်။

ကိုယ်ကျန်းမာချင်ရင်ခန္ဓာကိုယ်ကျန်းမာရေးအသိပညာအခြေခံသိဖို့လိုတယ်။ စီးပွားရေးကျန်းမာချင်ရင်စီးပွားရေးကျန်းမာရေးအသိပညာအခြေခံသိဖို့လိုတယ်။ သိ၊ သုံး၊ သစ်။ သိ = understand သုံး = utilization သစ် = unique creation Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

သိ၊ သုံး၊ သစ်။ Read More »

မြန်မာဝေါဟာရက အနက်ဖွင့်

အမှတ်တံဆိပ် = အသည်းစွဲမှတ်မိဖို့ စျေးကွက်ရှာဖွေမှု = သူစိမ်းကို မေးသူအဖြစ်ပြောင်း အရောင်း = မေးသူကို ဖောက်သည်အဖြစ်ရောင်း ဖောက်သည်ဝန်ဆောင်မှု = ဖောက်သည်ဝန်မပိအောင် လုပ်ဆောင်ပေးခြင်း စာရင်းဇယား = ဇယားမရှုပ်အောင် စာရင်းလုပ် 🌚 စီမံခန့်ခွဲ = စံမီအောင် စီမံပြီး လိုအပ်တဲ့ဝန်ထမ်းခန့်၊ တာဝန်ခွဲဝေပေး ဦးဆောင်မှု၊ ခေါင်းဆောင် = ဦထိပ်က လမ်းပြ၊ ဦးစွာဆောက်ရွက်ပြ။ စွန့်ဦးတီထွင် = စွန့်စားရတယ်၊ ဦးဆောင်ဦးစီးပြုရတယ်၊ တီထွင်ဆန်းသစ်ရတယ်။ ဆန်သစ် = ထူးဆန်းဖို့ စမ်းသပ်ဖို့လိုတယ်၊ ဒါမှ အသစ်တွေ့။ မြန်မာဝေါဟာရက အနက်ဖွင့် 😁 Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မြန်မာဝေါဟာရက အနက်ဖွင့် Read More »

ဘာလို့စီးပွားရေးလုပ်သလဲ?

ဘာလို့စီးပွားရေးလုပ်သလဲ? ၁။ စား၊ ဝတ်၊ နေရေး။ ၂။ လိုချင်တာတွေ ဝယ်လို့ရဖို့။ ၃။ ကိုယ်ဘယ်လောက်လုပ်နိုင်လဲဆိုတာသိဖို့။ ၄။ ဒီအလုပ်ကို မလုပ်ရမနေနိုင် အရမ်းရူးသွပ်လို့။ ၅။ လူတွေလုပ်ဆောင်နေတဲ့ပုံစံတွေထက်ပိုကောင်းတဲ့ နည်းလမ်းပုံစံတွေရှိတယ်ဆိုတာပြဖို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဘာလို့စီးပွားရေးလုပ်သလဲ? Read More »

ဘာတွေများဖြစ်မလဲ။

ကိုယ့်ကိုကိုယ် အမြဲမေးရမှာ“ကိုယ်က ဘာလုပ်ငန်းလုပ်နေတာလဲ?”“ကိုယ်တကယ်လုပ်နေတဲ့ လုပ်ငန်းကဘာလဲ?””ဘာကြောင့် ဒီလုပ်ငန်းကိုလုပ်နေတာလဲ?”“ဒီလုပ်ငန်းကို မလုပ်ရင် ဘာလုပ်ငန်းလုပ်နေမလဲ?” ဒီလုပ်ငန်းလုပ်တဲ့အခါမကြုံချင်တဲ့ စိတ်ခံစားမှုတွေကဘာလဲ? ဒါကို ဘယ်လိုရှောင်ရှားကာကွယ်မလဲ? ဒီလုပ်ငန်းလုပ်နေရင်းနဲ့နိစ္စဓူဝမှာ ကြုံတွေ့ချင်တဲ့ ခံစားချက်တွေကဘာတွေများဖြစ်မလဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဘာတွေများဖြစ်မလဲ။ Read More »

ကိုယ်တိုင် plan လိုတတ်တယ်။

ပိုက်ဆံရှာဖို့ ပိုက်ဆံနဲ့နီးရမယ်။ပိုက်ဆံနဲ့ နီးဖို့ လူတွေနဲ့ နီးရမယ်။လူတွေနဲ့ နီးဖို့ ကိုယ့်လုပ်ငန်းကို လူတွေသိအောင်လုပ်ရတယ်။နောက်လူတွေ ယုံကြည်အောင်သက်သေပြရတယ်။ လူတွေ သိ လူတွေ ယုံကြည်အောင်လုပ်တာကိုမားကတ်တင်းလို့ အကြမ်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။ ဘယ်သူတွေကို သိအောင်လုပ်မလဲ။ ဥပမာ $1 million ရှာမယ်ဆိုပါတော့။ $1 x 1000000 = $1 million $10 x 100000 = $1 million$100 x 10000 = $1 million$1000 x 1000 = $1 million $10000 x 100 = $1 million$100000 x 10 = $1 million$1000000 x 1

ကိုယ်တိုင် plan လိုတတ်တယ်။ Read More »