Akyanpay

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်။

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်လို့ဝါရင်းဘူဖက်က ပြောတယ်။ Ladies, Liquor နဲ့ Leverage တဲ့။ မိန်းမ၊ အရက်နဲ့ အကြွေးဆိုပါတော့။Robert T. Kiyosaki တို့က ချမ်းသာချင်ရင် သူအများအချိန်ကိုသုံး၊သူများအတွေ့အကြုံကို ငှား၊သူများငွေကို သုံးလို့ပြောခဲ့တယ်။သူပြောတာ မှန်သင့်သလောက်မှန်တယ်။ သူများငွေကို သုံးဆိုတဲ့ Other people’s money (OPM) နဲ့အလုပ်လုပ်တဲ့အခါ ကမ္ဘာ့ချမ်းသာတဲ့သူအများစုကို ကြည့်ကြည့်Personal debt နဲ့ လုပ်တဲ့သူမများဘူး။ အကုန်လုံးက အကြွေးယူရင်တောင်business နဲ့သွားတယ်။စာရင်းတွေကို ခွဲထားတယ်။ နောက်ပြီး ဒီလူတွေက Equity financing လုပ်ငန်းတစ်ခုရဲ့ share တစ်ခုကိုရောင်းပြီးFund-raising လုပ်နိုင်စွမ်းရှိတယ်။ ဘဝမှာ စဥ်းစားမိတာ…လုပ်ငန်းစလုပ်မယ်ဆို အကြွေးယူပြီးမလုပ်နဲ့။ တိုင်ပတ်ဖို့ ရာခိုင်နှုန်းများတယ်။စီးပွားရေးကောင်းနေရင် သတိထား။ သုံးဖြုန်း ပျော်ပါးတာမျိုးလုပ်တာထက်အနာဂတ်မှာ အမြတ်ပြန်ရနိုင်မည့်အရာမျိုးမှာရင်းနှီးမြုပ်နှံမှုပြန်လုပ်။ ပေးရန်ရှိ ရရန်ရှိကို […]

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်။ Read More »

မြန်မာပြည်မှာ SME လုပ်တယ်ဆိုတာ

မြန်မာပြည်မှာ SME လုပ်တယ်ဆိုတာ မြက်စားနေရသလိုပဲ။တကယ်တမ်း တစ်လ သိန်း ၁၀၀ အထက်အသားတင်ကျန်တယ်ဆိုတာ ရာခိုင်နှုန်းအရ တော်တော်နည်းတယ်။ သိန်း ၁၀၀ အထက်ကို မရောက်တဲ့ လုပ်ငန်းအသေးအများစုက ၁။ အချိန်ကောင်းကို မမှီခဲ့ဘူး။ လုပ်ငန်းတိုင်းမှာ အချိန်ကောင်းဆိုတာရှိတယ်။ဒီ timing ဟာ လုပ်ငန်းတစ်ခုရဲ့ ကံကြမ္မာကို အကြီးအကျယ်အပြောင်းအလဲဖြစ်စေတဲ့ အချိန်ပဲ။အဲ့ဒီ timing ဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့နည်းပညာ အကြီးအကျယ်ပြောင်းတိုင်းပြောင်းပြောင်းနေတယ်။ ဖုန်းလောကဆို 2014 July လောက်မှာပေါ့။ မန်းလေးဆိုလဲ ဝင်းဝင်းအကင်ခေတ်ကနေအရသာတစ်ခေတ်ပြောင်း Dad တို့၊ Hot La La တို့ခေတ်ပေါ့။ ၂။ Buyers with Power မရှိဘူး။ ဘာရောင်းလဲဆိုတာထက် ဘယ်သူ့ကို ရောင်းလဲဆိုတာ အရမ်းအရေးကြီးတယ်။ ၃။ အပြောင်းအလဲ

မြန်မာပြည်မှာ SME လုပ်တယ်ဆိုတာ Read More »

ဖြစ်နေတတ်ကြတယ်။

တခါတလေ ယိုပေါက်တွေကိုမကြည့်မိပဲ အိတ်ပေါက်နဲ့ ဖားကောက်နေတာမျိုးဖြစ်နေတတ်ကြတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဖြစ်နေတတ်ကြတယ်။ Read More »

ကိုယ့်ရဲ့ ၁၀% လောက်ပဲ
မျှော်မှန်းချက်ထားပါ။

10% ဆယ်ရာခိုင်နှုန်း လုပ်ငန်းရှင်အများစုက ကိုယ့်ဝန်ထမ်းတွေကိုကိုယ့်လို မစဉ်းစားနိုင်မလုပ်နိုင် မတွေးနိုင်လို့ အားမလို အားမရဖြစ်တတ်ကြတယ်။ကိုယ့်လို တွေးနိုင်ရင် ကိုယ့်လိုလုပ်ငန်း လုပ်နေမှာပေါ့။ဒါကြောင့် ဝန်ထမ်းခန့်တဲ့အခါလုပ်ငန်းရှင်တွေကို အကြံပေးတာကိုယ့်ရဲ့ ၁၀% လောက်ပဲမျှော်မှန်းချက်ထားပါ။ မဟုတ်ရင် စိတ်ဆင်းရဲရလွန်းလို့ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်ရဲ့ ၁၀% လောက်ပဲ
မျှော်မှန်းချက်ထားပါ။
Read More »

ကြိုတင်စုဆောင်းထားရမည့်အချိန်။

ခုချိန်က လုပ်နေကျ အလုပ်တွေထက်စျေးကွက် သတင်းအချက်အလက်အတွက်မျက်စိကိုဖွင့် နားစွင့်ထားရမည့်အချိန်။လုပ်ငန်းအတွက် မရှိမဖြစ် ပစ္စည်းတွေကိုကြိုတင်စုဆောင်းထားရမည့်အချိန်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ကြိုတင်စုဆောင်းထားရမည့်အချိန်။ Read More »

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ ကိတ်မုန့်ဆရာက ကိတ်မုန့်ဆိုင်ဖွင့်တဲ့အခါ မုန့်ဖုတ်တဲ့အပိုင်းကိုပဲ ဝင်လုပ်နေလို့မရတော့ဘူး။ ကိတ်မုန့်ဖုတ်တယ်ဆိုတာ သူ့လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်သွားတဲ့အတွက် ဒီအပိုင်းကိုပဲ အာရုံစိုက်မယ်ဆိုရင် လုပ်ငန်းတစ်ဖက်စောင်းနင်းဖြစ်ပြီးရှေ့ရောက်သင့်သလောက်မရောက်ဖြစ်မယ်။ ကိတ််မုန့်ဆရာက ကိတ်မုန့်ဆိုင်စဖွင့်တာနဲ့သူ့ရဲ့ ကုန်ပစ္စည်းဟာ ကိတ်မုန့်လုပ်ငန်းဖြစ်သွားပြီ။ ပုံမှန်ရောင်းနေကျ ကိတ်မုန့်ဖုတ်တာအပြင် ဖောက်သည်အသစ်ရှာတာ၊ဖောက်သည်တွေကို လေ့လာပြီးကြိုက်နိုင်တဲ့ ကုန်ပစ္စည်းအသစ်ထုတ်တာ၊ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တာ၊ဝန်ထမ်းနေရာချထားမှုနဲ့ စီမံခန့်ခွဲတာ၊ စာရင်းဇယားအပိုင်း၊ ကုန်ပစ္စည်းဝယ်ယူမှုအပိုင်း အစရှိတာတွေဟာသူနဲ့ သက်ဆိုင်လာပြီ။ ဒီအပိုင်းတွေကို အစပိုင်းမှာ ကိုယ်တိုင်လုပ်ဆောင်ကြတယ်။နောက်ပိုင်းကျ တခြားသူတွေကို တာဝန်လွဲပြောင်းပေးကြတယ်။ ဒီကမှ တစ်ဆင့် လုပ်ငန်းတွေထပ်ချဲ့ကြတယ်။ လုပ်ငန်းရှင်တစ်ယောက် လုပ်မယ်ဆိုရင်လုပ်ငန်းရဲ့ အရှင်သခင်ဖြစ်ဖို့ ကိုယ်ဟာ ကိုယ့်လုပ်ငန်းထက်ကြီးတယ်ဆိုတာ သေချာ သိထားရပါမယ်။ ကိုယ်ကတိုးတက်မှုတွေမရှိပဲ ကိုယ့်လုပ်ငန်းက ကံကောင်းပြီးကြီးထွားသွားတဲ့အခါ လုပ်ငန်းရှင်အများစုက ရထားတဲ့ အောင်မြင်မှုလေးပြန်ကျသွားမှာ ကြောက်တတ်ကြတယ်။ ဒီလို မဖြစ်ဖို့ စီးပွားရေးရေလှိုင်းတွေကြားမှာ တစ်နေရာက တစ်နေရာရောက်ဖို့

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ Read More »

ခံယူချက်တော့လိုတယ်။

စီးပွါးရေးဘာကြောင့် လုပ်သလဲ။ အများစုက ဝင်ငွေရချင်လို့။ ဘာကြောင့်ဝင်ငွေရချင်သလဲတချို့က လွတ်မြောက်မှုရချင်လို့။ ကိုယ်ဝယ်ချင်တာကို ဝယ်ချင်တဲ့အချိန်ဝယ်နိုင်ဖို့။ သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန်သွားလို့ရနိုင်ဖို့။ ဒီအတွက် ပေးဆပ်မှုတွေကလကုန်တိုင်း အရှုံးအမြတ်ထွက်ဖို့မသေချာတာ။ ကိုယ့်ရဲ့ လွတ်လပ်မှုတချို့ လုပ်ငန်းစတင်ချိန်မှာ ဆုံးရှုံးရတာ။ဝန်ထမ်းရေးရာ၊ ဖောက်သည်ရေးရာနဲ့နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးရာနဲ့ပတ်သက်လာရင် ခေါင်းစားရတာ။ ဒါတွေ ရှိနိုင်တယ်။ တကယ်လို့ ကိုယ်က ငွေတစ်ခုအတွက်ပဲလုပ်တယ်ဆိုရင် ခံယူချက်မရှိခဲ့ရင် လုပ်ငန်းလုပ်ရတာ ပျော်မှာမဟုတ်ဘူး။ ကျွန်တော့်မြင်တဲ့အမြင်ကတော့လုပ်ငန်းဆိုတာက ကိုယ့်ကိုတိုးတက်အောင်လုပ်ပေးတဲ့ vehicle တစ်ခုပဲ။ နောက်နှစ်နှစ်ဆယ်၊ သုံးဆယ်သာ ပုံမှန်ဇွဲရှိရှိလုပ်သွား။နယ်ပယ်တစ်ခုမှာ ထိပ်ဆုံးမရောက်စရာအကြောင်း သိပ်မရှိဘူးလို့ ယူဆတယ်။ ခံယူချက်တော့လိုတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ခံယူချက်တော့လိုတယ်။ Read More »

ဘယ်လို အကြံဥာဏ်မျိုး
ပေးချင်လဲ အမျိုးတို့။

ကိုယ့်ကိုကိုယ်သာ အကြံကောင်းတစ်ခုပေးရမယ်ဆိုရင် ဘယ်လို အကြံဥာဏ်မျိုးပေးချင်လဲ အမျိုးတို့။ မအားတာနဲ့ post မတင်ဖြစ်တာလဲကြာပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဘယ်လို အကြံဥာဏ်မျိုး
ပေးချင်လဲ အမျိုးတို့။
Read More »

စီးပွါးရေး ပျက်ကပ်က ကိုယ့်လုပ်ငန်းကျော်ဖို့
ပြင်ဆင်ထားသင့်တာ တချို့ရှိတယ်။

စီးပွါးရေး ပျက်ကပ်က ကိုယ့်လုပ်ငန်းကျော်ဖို့ ပြင်ဆင်ထားသင့်တာ တချို့ရှိတယ်။ Operating expense ကို အနည်းဆုံးဖြစ်အောင်လုပ်။ ပေးစရာဒေါ်လာ အကြွေးတွေကိုသေချာ စီစဉ်ထား။ Customer acquisition အခမဲ့ နည်းပါးဖြစ်အောင်content marketing ကို သေချာလုပ်ထား။ Niche Market တစ်ခုအနည်းဆုံးရှိထား။ ကိုယ့် Team ကို Strategic Business Unitပုံစံထားပြီး သူ့ budget သူ့ target နဲ့သွား။ Self-sustaining ဖြစ်ဖို့လိုတယ်။ Organizational structure ကို cross-functional team တွေလုပ်ထား။ Founder ကိုယ်တိုင် thought leader ဖြစ်အောင်လုပ်။ ဒီ ပျက်ကပ်ပြီး ဝုန်းဖို့ Team Leader တွေ သေချာပြုစုပျိုးထောင်ထား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့

စီးပွါးရေး ပျက်ကပ်က ကိုယ့်လုပ်ငန်းကျော်ဖို့
ပြင်ဆင်ထားသင့်တာ တချို့ရှိတယ်။
Read More »

စိတ်မညစ်လိုက်နဲ့။

တပါးသူလုပ်ငန်း အထွဌ်အထိပ်ရောက်နေချိန်နဲ့ကိုယ့်လုပ်ငန်း ပြန်လည်နှိုးထဖို့ပြင်ဆင်နေတာ နှိုင်းယှဉ်ပြီးစိတ်မညစ်လိုက်နဲ့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စိတ်မညစ်လိုက်နဲ့။ Read More »