Akyanpay

Plan ဆိုတာ တစ်ခါချပြီးပြီးသွားတာမဟုတ်ဘူး။
အမြဲတွေးဆကြံစည်နေရတာမျိုး။

လုပ်ငန်းစတင်ပြီး သုံးနှစ်ပြည့်တဲ့အခါတစ်လကို အသားတင် သိန်းတစ်ရာတော့အနည်းဆုံးမြတ်နေဖို့လိုတယ်လို့လုပ်ငန်းရှင်အများစုယူဆကြတယ်။ ဒါပေမယ့် တကယ်တမ်းဝန်ထမ်းအယောက် ၂၀ အောက်လည်ပတ်နေတဲ့လုပ်ငန်းတချို့ဟာဒီ အမြတ်မထွက်ကြဘူးဆိုတာ သိရပြန်တယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအတွက်milestone တစ်ခုလိုတယ်။ဘယ်အချိန်မှာ operating expenses တွေကျေမလဲ။ဘယ်အချိန်မှာ ၁၀ သိန်းအထက်စမြတ်မလဲ။ဘယ်အချိန်မှာ ၁၀၀ အထက်၊ဘယ်အချိန်မှာ ၁၀၀၀ အထက်အစရှိသည် milestone ချထားဖို့လိုတယ်။ ရှုံးတဲ့လတွေရှိခဲ့ရင်လဲပြန်လည်သင်ခန်းစာယူဖို့လိုတယ်။ဒါတွေလုပ်ဖို့ လုပ်ငန်းကို plan ချဖို့လိုတယ်။ Plan ဆိုတာ တစ်ခါချပြီးပြီးသွားတာမဟုတ်ဘူး။အမြဲတွေးဆကြံစည်နေရတာမျိုး။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Plan ဆိုတာ တစ်ခါချပြီးပြီးသွားတာမဟုတ်ဘူး။
အမြဲတွေးဆကြံစည်နေရတာမျိုး။
Read More »

လုပ်ငန်းရှင်တစ်ယောက်က
မျက်စိဖွင့်နားစွင့်ထားဖို့လိုတယ်။

လုပ်ငန်းရှင်တစ်ယောက်က မျက်စိဖွင့်နားစွင့်ထားဖို့လိုတယ်။လုပ်ငန်းထဲမှာပဲ ပိတ်မိနေလို့မရဘူး။အပြောင်းအလဲဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊နည်းပညာ၊ ဥပဒေအပြောင်းအလဲကိုအမြဲမပြတ်သတိပြုရပြီးကိုယ့်လုပ်ငန်း သွားနေတဲ့လမ်းကြောင်းလိုအပ်ရင် ပြောင်းလဲမှုသေးသေးကြီးကြီးလုပ်ရတဲ့အချိန်မျိုးတွေရှိတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းရှင်တစ်ယောက်က
မျက်စိဖွင့်နားစွင့်ထားဖို့လိုတယ်။
Read More »

Power Niche တစ်ခုထားပါ။

Riches in the niches ဆိုတဲ့စကားရှိပါတယ်။လူအများစုမတွေ့ပဲ ကျော်သွားတဲ့စျေးကွက်ကို တူးဖော်အသုံးပြုပါ။ Niche Market ဆိုတာ ပုံမှန်စျေးကွက်ရဲ့ 1% သောသူတွေကို သီးသန့်ပစ်မှတ်ထားတာပါ။ ဥပမာ ကိတ်မုန့်ရောင်းတယ်ဆိုတဲ့စျေးကွက်မှာ ၁၂ အောက်ကလေးလေးတွေအတွက်Birthday Cake လှလှလေးတွေဖန်တီးရောင်းချ စျေးကွက်ဖောက်တာမျိုး။ ယောဂသင်တာတောင်မှဗိုက်ကြီးသည်တွေအတွက်ပဲ သီးသန့် ယောဂသင်ပေးတာမျိုးကိုNiche Market လို့ခေါ်ပါတယ်။ ဒီလို အပျောက်စျေးကွက်လေးတွေကလုပ်ငန်းအတွက် အမြတ်အများကြီးဖြစ်စေတတ်တဲ့အတွက် Riches in the niches လို့ခေါ်ကြပါတယ်အမျိုးတို့။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

Power Niche တစ်ခုထားပါ။ Read More »

ACDC ဆိုတာ သိရမယ်။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ACDC ဆိုတာ သိရမယ်။A = Attraction (Marketing)C = Conversion (Sales)D = Delivery (Operations)C = Collection (Finance) ကိုယ့်လုပ်ငန်းရဲ့ဘယ်အပိုင်းအားနည်းနေလဲ၊ အားသာလဲသိရမယ်။ လူတွေစိတ်ဝင်စားအောင်လုပ်တာMarketing (Attraction)စိတ်ဝင်စားစုံစမ်းမှုကိုအရောင်းအနေနဲ့ပြောင်းနိုင်တာSales (Conversion) လုပ်ငန်းထုတ်လုပ်၊ ပို့ဆောင်လည်ပတ်အဆင်ပြေအောင်Operations (Delivery)ငွေရေးကြေးရေး၊ အရှုံးအမြတ်၊လက်ကျန်စာရင်းရှင်းတမ်း၊ဝင်ငွေထက်ငွေအတွက် Finance (Collection) ဒါကတော့ လုပ်ငန်းရှင်အမျိုးတို့ပြန်လည်ဆန်းစစ်နိုင်အောင်ဖြစ်ပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ACDC ဆိုတာ သိရမယ်။ Read More »

Thinking partner လို့ခေါ်တယ်။

လက်သည်ကို အားကိုးပြီးမညစ်ပဲနေရင် မမွေးနိုင်သလိုပဲ။ တချို့အခြေအနေတွေမှာ အကူညီယူရသလို ကိုယ်တိုင်လဲ အားထုတ်ဖို့လိုတယ်။ ခွဲမွေးရင်လဲ ရတာပဲလို့ပြောစရာရှိတယ်။ခွဲမွေးရင် ၃ ယောက်ထိပဲမွေးလို့ရတယ်။ ဒါကြောင့် Coach က တိုးတက်ရေးအတွက် ကူညီပေးတယ်။ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးအောင် ကူညီပေးတယ်။အတူတူအဖြေရှာကြတဲ့အတွက်Thinking partner လို့ခေါ်တယ်။ Consultant က လက်ရှိကြုံနေတဲ့ တိကျတဲ့ပြဿနာကိုဖြေရှင်းပေးတယ်။ Coach ကို တိုးတက်ရေးအတွက်သုံးပြီးMarketing တို့၊ Accounting တို့အတွက် တိကျတဲ့ပြဿနာဖြေရှင်းဖို့ Consultant ကို အသုံးပြုတယ်။ဘယ်သူ့ကိုသုံးသုံး လက်သည်နဲ့မပြီးဘူး။ကိုယ်တိုင်လဲ ညစ်ဖို့လိုတယ် အမျိုးတို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Thinking partner လို့ခေါ်တယ်။ Read More »

အဖြေမရှိပဲ၊ ပြဿနာပဲထိုင်ပြောနေရုံနဲ့ အဖြေမရပါဘူး။

လုပ်ငန်းရှင် ခပ်ညံ့ညံ့ဆိုတာ အခြေအနေကို ရမယ်ရှာစီးပွါးရေးမကောင်းဘူးခိုလို ညည်းနေတဲ့သူမျိုးဖြစ်တယ်။အဖြေမရှိပဲ၊ ပြဿနာပဲထိုင်ပြောနေရုံနဲ့အဖြေမရပါဘူး။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

အဖြေမရှိပဲ၊ ပြဿနာပဲထိုင်ပြောနေရုံနဲ့ အဖြေမရပါဘူး။ Read More »

ကိုယ့်လုပ်ငန်းလဲစနစ်ကျဖို့မလွယ်ဘူး။

ကိုယ့်လုပ်ငန်းက ကိုယ့်ရဲ့ကိုယ်ပွါးဆိုတာ မမေ့ပါနဲ့။ကိုယ်က စနစ်မကျတဲ့သူဆိုကိုယ့်လုပ်ငန်းလဲစနစ်ကျဖို့မလွယ်ဘူး။ကိုယ်က ဖြစ်သလိုနေရင်ကိုယ့်လုပ်ငန်းကလဲ ဖြစ်သလိုဖြစ်နေမယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်လုပ်ငန်းလဲစနစ်ကျဖို့မလွယ်ဘူး။ Read More »

ကိုယ်ကလုပ်ငန်းကိုပိုင်တာလား?

ကိုယ်ကလုပ်ငန်းကိုပိုင်တာလား၊လုပ်ငန်းက ကိုယ့်ကိုပိုင်တာလား? Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်ကလုပ်ငန်းကိုပိုင်တာလား? Read More »

ဒီအချက် အလွန်အရေးကြီးပါတယ်။

လုပ်ငန်းကို စီမံခန့်ခွဲမှုလုပ်နေတယ်လို့ပြောတယ်။စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့စာဘယ်နှစ်အုပ်ဖတ်ဖူးလဲ။ ဒီအချက် အလွန်အရေးကြီးပါတယ်။စီးပွားရေးလုပ်ငန်းဟာ ကလေးငယ်တစ်ယောက်နဲ့တူခဲ့မယ်ဆိုရင်ကလေးငယ်ကို ပြုစုပျိုးထောင်ဖို့ နည်းလေ့လာဖို့လိုပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဒီအချက် အလွန်အရေးကြီးပါတယ်။ Read More »

Documentation အရေးကြီးပါတယ်။

Documentation အရေးကြီးပါတယ်။ချရေးထားတာကို ပြောတာပါ။ ကိုယ့်လုပ်ငန်းအနေနဲ့ နောက်ထပ် လှမ်းမည့်ခြေလှမ်းငါးလှမ်းကို ချရေးထားပါ။ဒါကို Business Roadmap လို့ခေါ်ပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Documentation အရေးကြီးပါတယ်။ Read More »