Akyanpay

Business Model တော့ရှိရမယ်။

လုပ်ငန်းအများစုမှာ အသေးစိတ်ချရေးထားတဲ့ plan မရှိကြပါဘူး။ ဝန်ထမ်း ၁၀၀ အောက်ဆို ဒါက ပြဿနာ မရှိတတ်ပါဘူး။ဒါပေမယ့် ဝန်ထမ်းဘယ်နှစ်ယောက်ရှိရှိကိုယ့်ရဲ့ ချရေးထားတဲ့ Business Model တော့ရှိရမယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Business Model တော့ရှိရမယ်။ Read More »

သင်သွားနေတဲ့ သင့်ရဲ့ မဟာဗျူဟာကို ပြန်စမ်းသပ်ပါ။

ငါသွားနေတဲ့လမ်းကြောင်းကမှန်မှမှန်ရဲ့လား။ငါ့အသိတွေကတော့ အိမ်တွေတစ်လုံးပြီးတစ်လုံးဖြစ်ကုန်ပြီ။ ဝင်ငွေတွေလဲ အရမ်းကောင်း။ ငါသွားနေတာ မှားနေပြီထင်တယ်။ငါလုပ်သင့်သလောက်အလုပ်မလုပ်ဘူးလား။ ဒါမျိုးအတွေးမျိုး တခါမဟုတ်တခါတချို့လုပ်ငန်းရှင်တွေမှာ ဝင်တတ်ကြတယ်။ ဒါက သဘာဝပါပဲ။ သင်သွားနေတဲ့ သင့်ရဲ့ မဟာဗျူဟာကိုပြန်စမ်းသပ်ပါ။ ကိုယ့်ရဲ့ winning formula ကို ပြန်လည်သုံးသပ်ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

သင်သွားနေတဲ့ သင့်ရဲ့ မဟာဗျူဟာကို ပြန်စမ်းသပ်ပါ။ Read More »

တချို့က ကံကောင်းလွန်းတော့
လမ်းပြပေးတဲ့ mentor ရှိတယ်။

လုပ်ငန်းထဲမှာ ပိတ်မိနေတဲ့အခါလေ့လာချိန်မရှိဘူးဖြစ်တတ်တယ်။ လေ့လာချိန်မရှိတဲ့အခါတချို့လုပ်ငန်းရှင်တွေက coach တွေ၊ အကြံပေးတွေနဲ့ development လုပ်ကြတယ်။ တချို့က ကံကောင်းလွန်းတော့လမ်းပြပေးတဲ့ mentor ရှိတယ်။ တကယ်လို့ ကိုယ်က ပုံမှန် coach တွေမရှိဘူးဆိုmastermind တိုင်ပင်စရာဥာဏ်ရည်တူအဖွဲ့တော့ရှိရမယ်။ ဒါတစ်ခုမှ မရှိရင်သင်တန်းတက်တာ၊ စာဖတ်တာတော့အနည်းဆုံးလုပ်ဖို့လိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက် ပိုကြီးနေဖို့လိုတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

တချို့က ကံကောင်းလွန်းတော့
လမ်းပြပေးတဲ့ mentor ရှိတယ်။
Read More »

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွါးပါ။

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွါးပါ။ ကိုယ်တိုးတက်သလောက်ပဲ ကိုယ့်လုပ်ငန်းတိုးတက်ပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ်၊တန်ဖိုးထားမှုတွေဟာ လုပ်ငန်းမှာလာထင်ဟတ်ပါတယ်။ အပြုအမူပုံစံဟာ လုပ်ငန်းမှာ လာထင်ဟတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတိုးတက်အောင်လုပ်နေစဉ်ကိုယ့်ကိုကိုယ်လဲ တိုးတက်အောင်လုပ်ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွါးပါ။ Read More »

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။ တချို့တွေက စျေးကွက်အသွားအလာကြည့်ပြီးဝယ်ရောင်းနဲ့ အောင်မြင်ကြတယ်။ကုန်သည် trader လို့ခေါ်တယ်။ တချို့က ဘယ်သူနဲ့ ဘယ်သူချိပ်ဆက်ပေးရင်ရနိုင်မလဲဆိုပြီး ဝယ်စရာမလိုပဲပွဲစားလုပ်ပြီး အောင်မြင်ကြတယ်။Deal Maker ပွဲစားလို့ခေါ်တယ်။ တချို့ကျတော့ ကုန်အမှတ်တံဆိိပ်တည်ဆောက်လူတွေရဲ့ယုံကြည်မှုကိုရအောင်တည်ဆောက်စီးပွါးရေးတွေတည်ဆောက်ပြီး အောင်မြင်ကြတယ်။Brand Builder လို့ခေါ်တယ်။ တချို့က လုပ်ငန်းတွေလိုအပ်တဲ့အရာတွေကိုထုတ်လုပ်ပံ့ပိုးပေးပြီးအောင်မြင်ကြတယ်။ Manufacturer လို့ခေါ်တယ်။ တချို့က အနာဂတ်အမြင်ရှိတဲ့ဦးဆောင်သူရဲ့အနာဂတ်အမြင်ကို ပုံဖော်ပေးရင်းအောင်မြင်ကြတယ်။Supporter or Insider လို့ခေါ်တယ်။ တချို့က တော်တဲ့လုပ်ငန်းရှင်တွေရဲ့လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုပြုပြီးအောင်မြင်ကြတယ်။Investor လို့ခေါ်တယ်။ ကိုယ့်ရဲ့ winning formula ကဘာလဲသေချာသိဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။ Read More »

Akyanpay.com ကို
အသုံးပြုနိုင်ပါပြီ။

Business Plan ဆွဲဖို့ Akyanpay.com ကို အသုံးပြုနိုင်ပါပြီ။ 1. Subscribe လုပ်ပါ။2. Akyanpay အသုံးပြုနည်းကို ရှင်းပြမည့် admin နှင့် Zoom Meeting တွေ့ဆုံပါ။3. စတင်အသုံးပြုပြီး လုပ်ငန်းတိုးတက်အောင်လုပ်ပါ။ အသုံးပြုသင့်သည့်သူများ၁။ Coach, Consultant နှင့် Trainer များ၂။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသုံးမပြုသင့်သူများ၁။ Business Plan မချတတ်သူများ၂။ Marketing Plan မချတတ်သူများ၃။ Brand Plan မချတတ်သူများ၄။ Business Model မဆွဲတတ်သူများ #Akyanpay

Akyanpay.com ကို
အသုံးပြုနိုင်ပါပြီ။
Read More »

အကြည်ဓာတ်ပျောက်တတ်ကြတယ်။

အားမရတဲ့အခါ လုပ်ငန်းရှင်အများစုကအကြည်ဓာတ်ပျောက်တတ်ကြတယ်။ဒီလို ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ထမ်းကိုအားမရဖြစ် အကြည်ဓာတ်ပျောက်တဲ့အခါ၁။ messenger အသုံးပြုတာ ခဏရပ်ပါ။တွေ့သမျှ ပြန်ဖြေတဲ့ စိတ်ကိုဖယ်ပါ။၂။ digital detox ခဏလုပ်ပါ။၃။ တရားခဏထိုင်တာမျိုးလုပ်ကြည့်ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

အကြည်ဓာတ်ပျောက်တတ်ကြတယ်။ Read More »

ဝန်ထမ်းကောင်းသေချာရွေးချယ်ပါ။

စနစ်ဘယ်လောက်ကောင်းကောင်းလူမကောင်းရင် တိုင်ပတ်မှာပဲလုပ်ငန်းရှင်အမျိုးတို့။ ဒါကြောင့် စနစ်ကောင်းကိုတည်ဆောက်ချိန်မှာ ဝန်ထမ်းကောင်းသေချာရွေးချယ်ပါ။ စနစ်ကျဖို့ hiring ဝန်ထမ်းရွေးချယ်မှုကစတင်ပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဝန်ထမ်းကောင်းသေချာရွေးချယ်ပါ။ Read More »

ကိုယ့်လုပ်ငန်းရောက်နေတဲ့အဆင့်ကို
ကိုယ်သိဖို့ အရေးကြီးပါတယ်။

လုပ်ငန်းတစ်ခုက ကလေးတစ်ယောက်နဲ့တူတယ်။1. Start စတင်ချိန်2. Speed Up ကြီးထွားမှုမြန်ချိန်3. Systemize စနစ်ချချိန်4. Scale ချဲ့ထွင်ချိန်5. Sell ရင်းနှီးမြုပ်နှံသူတွေကို ပြန်လည်ရောင်းချချိန် (သို့)စတော့စျေးကွက်တင်ချိန်အဆင့်ငါးဆင့်ရှိပါတယ်။ ကိုယ့်လုပ်ငန်းရောက်နေတဲ့အဆင့်ကိုကိုယ်သိဖို့ အရေးကြီးပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်လုပ်ငန်းရောက်နေတဲ့အဆင့်ကို
ကိုယ်သိဖို့ အရေးကြီးပါတယ်။
Read More »