ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။
ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်တဲ့သူတစ်ယောက်ရဲ့တစ်ရက်တာ က ဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။ ဝန်ထမ်းအနေနဲ့က ပေးထားတဲ့အလုပ်ကိုပေးထားတဲ့အချိန်မှာ ပြီးအောင်လုပ်လို့ရတယ်။တိုးတက်ရေးအတွက် လုပ်လို့ရတယ်။ တခြားအချိန်တွေရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကျတော့သူ့လုပ်ငန်းသွားရမည့်လမ်းကြောင်းကိုတွေးရသလို ပြိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊ နိုင်ငံရေးစီးပွားရေး၊ လူမှုရေးအပြောင်းအလဲအခြေအနေတော်တော်များများကို စဥ်းစားနေရတဲ့အတွက် သူ့ရဲ့ internal attention တွေများနေတတ်တယ်။ ဒါကြောင့် တိုးတက်ရေးအတွက်အချိန်ပေးဖို့ လုပ်ငန်းသွားတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေတဲ့ alignment မတွေ့တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲလို alignment မမိလို့လေ့လာမှုရပ်တန့်သွားတဲ့အချိန်က ကိုယ့်လုပ်ငန်းကြီးထွားမှု ရပ်တန့်မယ့်အချိန်ပဲ။ ဘာကြောင့်လဲဆိုတော့ စျေးကွက်ထဲမှာ ပြိုင်ဖက်တွေကို အဝေးကြီးမှာ အပြတ်ချန်ခဲ့ဖို့ အတွေးအခေါ်တွေ လိုတယ်။ ဒီလိုအတွေးအခေါ်တွေမှန်ဖို့ တိုးတက်နေဖို့ သင်ယူလေ့လာနေဖို့လိုတယ်။ ဒါကြောင့် တစ်ရက်ကို နာရီဝက်ဖြစ်ဖြစ်အချိန်ပေးပြီး ပုံမှန် မဖြစ်မနေလေ့လာဖို့လိုတယ်။မလေ့လာခင် သုံးမိနစ်လောက် စိတ်ရှင်းလင်းလေး လုပ်ပေးဖို့လဲလိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ AkyanPay.comကိုယ်မပါဘဲ […]
ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။ Read More »
