Akyanpay

Business Model Canvas (BMC)

Business Model Canvas (BMC) ဆိုတာ ဘာလဲ? BMC လို့အတိုကောက်ခေါ်နေကြတဲ့ Business Model Canvas ဆိုတာဟာ စီးပွားရေးလုပ်င န်းတွေအတွက်အသစ်အသစ်သော business model တွေ ဖန်တီးတဲ့အခါသာမက ရှိပြီးသား business model တွေကို ပြုပြင်တာ ဖြည့်စည်းတာ တိုးတတ်အောင်လုပ်တာ စတဲ့နေရာမျိုးတွေမှာ သုံးနိုင်တဲ့မဟာဗျူဟာကျတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ BMC ကိုဘာကြောင့်သုံးသင့်တာလဲ? ကိုယ့်ရဲ့အကြံဉာဏ်တွေကိုလျင်လျင်မြန်မြန်လွယ်လွယ်ကူကူပုံဖော်နိုင်တယ်။ ကိုယ့်ရဲ့ အကြံဉာဏ်က ဘာလဲဆိုတာကိုရှင်းလင်းစေပြီး ဒီအကြံဉာဏ်ကနေ စီးပွားရေးလုပ်ငန်းတစ် ခုအဖြစ်အသွင်ပြောင်းဖို့လိုအပ်တာတွေကိုပုံဖော်ပေးပါတယ်။ BMC မှာဆိုရင်ဟိုးအရင်ကလိုသမားရိုးကနည်းတွေလိုစာမျက်နှာတွေ အများကြီး မလိုပါဘူး။ စာရွက်တစ်မျက်နှာပေါ်ကနေပြီး လုပ်ငန်းရဲ့အရေးကြီးတဲ့အပိုင်းတွေ မလိုအပ်တဲ့အရာတွေ စတာတွေကိုဖော်ပြပေးမှာပါ။ BMC ဟာ ကျိုးကြောင်းဆီလျော်ပြီး ရှင်းလင်းပြတ်သား တဲ့အတွက်အလွန်အသုံးတည့်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ BMC မှာ ဘာတွေပါလဲ? Comment မှာ ပုံတင်ထားပေးပါတယ်။ […]

Business Model Canvas (BMC) Read More »

ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

အခြေအနေတစ်ခုရောက်ရင် လုပ်ငန်းရှင်တော်တော်များများဟာ ကိုယ့်လုပ်ငန်းကို စိတ်ကုန်သွားတဲ့အချိန်တစ်ခုကြုံတတ်ကြတယ်။အထူးသဖြင့် ရောင်းအားမကောင်းတဲ့အချိန်၊တိုးတက်မှုမရှိတဲ့အချိန် ဒါမှမဟုတ်အရှုံးပေါ်နေတဲ့ အချိန်လိုမျိုးမှာဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ကိုယ်ဘာကြောင့် ဒီလုပ်ငန်းကိုစတင်ဖြစ်ခဲ့သလဲ? လုပ်ငန်းတွေစတင်ခဲ့တုန်းက လုပ်ငန်းရှင်တွေကရင်ခုန်မှုအပြည့်နဲ့ စတင်ခဲ့ကြတယ်။ ဒီရင်ခုန်မှုတွေ မရပ်သွားဖို့ ကိုယ်ဘာရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းတွေစခဲ့လဲပြန်မေးကြည့်ပါ။ #AkyanPay

ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ Read More »

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ
မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို “စီမံခန့်ခွဲ” “ဦးဆောင်” “လည်ပတ်”ဖို့အိမ်စာလုပ်ထားမှ တော်ကာကျပါတယ်။ လုပ်ငန်းရှင်တိုင်းမဖြစ်မနေလုပ်ရတဲ့အိမ်စာကတော့ စီမံခန့်ခွဲ၊ ဦးဆောင်၊ လည်ပတ်တဲ့အပိုင်းဖြစ်ပါတယ်။ စီမံတာကို Manager (မန်နေဂျာ) က လုပ်ပါတယ်။ ဦးဆောင်တာကို Owner (လုပ်ငန်းရှင်) က လုပ်ပါတယ်။ လည်ပတ်တာကို Staffs (ဝန်ထမ်းတွေ) က လုပ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ လုပ်ငန်းရှင်ဟာ “ကိုယ့်နေရာကိုယ်သိ”၊ “ကိုယ့်အလုပ်ကိုယ်လုပ်”၊“ကိုယ့်တာဝန် ကိုယ်ကျေ” ဖို့လိုအပ်ပါတယ်။ လည်ပတ်မှုအပိုင်းမှာ အမှတ်တံဆိပ်တည်ဆောက်တာ Brandingဖောက်သည်ရှာတာ Marketingရောင်းတာ Saleဝယ်ပြီးဖောက်သည်ပြန်လာဖို့ Customer serviceစာရင်းအင်း Accounting & Financeကုန်ပစ္စည်းထိန်းချုပ်မှု Inventory Controlအစရှိတဲ့အပိုင်းတွေကို operation အပိုင်းလို့ခေါ်ပါတယ်။ ဒီအပိုင်းတွေကို အလေအလွင့်နည်းနည်း၊ စည်းစနစ်တကျ “လူနဲ့စနစ်” အသုံးပြုပြီး “ရည်မှန်းချက်ပန်းတိုင်” ရောက်အောင် လုပ်ဆောင်တာကိုManagement

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ
မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။
Read More »

လုပ်ငန်းရှင်လား လုပ်သားလား?

လုပ်ငန်းရှင်လား လုပ်သားလား?လုပ်သား Vs အလုပ်ရှင် 1. Operation → နိစ္စဓူဝ လည်ပတ်မှုတွေမှာ ကိုယ်ဝင်မပါပဲ မနေနိုင် Vs အစပိုင်းမှာ ဝင်ပါပေမယ့် အချိန်နဲ့အမျှ ဝန်ထမ်းတွေကိုလွဲပေး။ 2. Satisfaction → တခြားသူတွေကို စိတ်မချ၊ သူတို့လုပ်တာအားမရ၊ သူတို့တစ်ရက်လုပ်တာကို ငါ နာရီဝက်လောက်နဲ့လုပ်လို့ရတယ်ဆိုပြီး စိတ်တိုင်းမကျ Vs ငါစိတ်ရှည်ဖို့လိုတယ်ဆိုတာသိ။ တဖြေးဖြေးချင်းသင်ပေးတယ်။ 3. Vision → ကိုယ်ဘာဖြစ်ချင်လဲ သေသေချာချာမသိ။ သိရင်လဲ ဝန်ထမ်းတွေကိုမပြော Vs ကိုယ်ဖြစ်ချင်တာသေသေချာချာသိသလို ဝန်းထမ်းတွေကို ကိုယ့်လုပ်ငန်းသွားမည့်လမ်းကြောင်းလဲ အမြဲပြောပြ။ 4. တစ်ခုခုဆို ဝန်ထမ်းတွေကို အပြစ်တင် Vs ဝန်ထမ်းတွေကို သင်ခန်းစာယူခိုင်း၊ လိုအပ်ရင်လုပ်ငန်းစနစ်ကိုပြန်လည်ပြုပြင် 5. လုပ်ငန်းလည်ပတ်မှုကို လုပ်နေကျအတိုင်းပဲ လည်ပတ်နေ Vs ကိုယ့်လုပ်ငန်းရဲ့စနစ်ကို

လုပ်ငန်းရှင်လား လုပ်သားလား? Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ
စနစ်လိုပါတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါစနစ်လိုပါတယ်။စနစ်ချတဲ့အခါ တချို့အရာတွေကို “No” လို့ရဲရဲပြောဖို့လိုပါတယ်။ ဒီလိုပြောနိုင်ဖို့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တိုင်းမှာ 1. Policies လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းချမှတ်ရပါမယ်။ 2. Process ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းစဉ် workflow ကိုသေချာစနစ်တကျဆွဲရပါမယ်။ 3. Procedure လုပ်ထုံးလုပ်နည်းတွေကို “ချရေး” ဖို့ အထူးလိုအပ်ပါတယ်။ ချရေးရုံနဲ့ ပြီးသွားပြီ ယူဆလို့မရပါ။ ဝန်ထမ်းတိုင်းလိုက်နာကျင့်သုံးဖို့လိုပါတယ်။ ဒါကို စောင့်ကြည့်ပြီး အရေးယူသင့်ရင်ယူဖို့ဆုပေး၊ ဒဏ်ပေးစနစ်လိုပါတယ်။ #AkyanPay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ
စနစ်လိုပါတယ်။
Read More »

လုပ်ငန်းကို ကိုယ်မပါပဲ လည်ပတ်ဖို့
စနစ်ချတယ်ဆိုတာ

လုပ်ငန်းကို ကိုယ်မပါပဲ လည်ပတ်ဖို့စနစ်ချတယ်ဆိုတာ အိမ်တစ်အိမ်ဆောက်သလိုပဲ။ကိုယ်ဆောက်မည့်အိမ်ပုံစံကြိုတင်မြင်ထားဖို့လိုတယ်။ဒါကို Vision လို့ခေါ်ပါတယ်။ စကားလုံးအကြီးကြီးနဲ့ ဥပမာပေးရရင်Bill Gates ရဲ့ တချိန်က Vision ကအိမ်တိုင်းအိမ်တိုင်းမှာ computer တစ်လုံးရှိဖို့။ကွန်ပြူတာတိုင်းမှာ သူ့ကုမ္ပဏီထုတ်Microsoft operating system ရှိဖို့ဖြစ်တယ်။ လုပ်ငန်းရှင်မိတ်ဆွေအနေနဲ့ ပြန်စဉ်းစားကြည့်ပါ။ကိုယ့်လုပ်ငန်းအနေနဲ့ ကိုယ်မရှိပဲလည်ပတ်နေတဲ့အချိန်မှာဘယ်လိုဖြစ်နေမလဲ? ကိုယ့်လုပ်ငန်းအနေနဲ့ ရောက်နေမည့်နေရာ။ရှိနေမည့်ဖောက်သည်တွေ။လုပ်ငန်းကို ဦးဆောင်နေသူတွေနဲ့ သူတို့အရည်အချင်း။လည်ပတ်မှုပုံစံ အစရှိတာတွေကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒါကိုတော့ Vision လို့ခေါ်ပါတယ်။ #AkyanPay

လုပ်ငန်းကို ကိုယ်မပါပဲ လည်ပတ်ဖို့
စနစ်ချတယ်ဆိုတာ
Read More »

လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။

လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။ တချို့လုပ်ငန်းတွေအတွက်က တီထွင်ဆန်းသစ်မှု။တချို့လုပ်ငန်းတွေအတွက်က ဖောက်သည်နဲ့ရင်းနှီးမှု။တချို့လုပ်ငန်းတွေကျတော့ supplier အဆက်အသွယ်။တချို့လုပ်ငန်းတွေအတွက်က distribution ပိုင်းအားသာတာ။တချို့လုပ်ငန်းတွေက လူစိတ်ဝင်စားအောင်လုပ်တတ်တာ။ တချို့လုပ်ငန်းတွေ အတွက်က ရင်းနှီးမြုပ်နှံငွေ ပိုရှိတာ။ တချို့လုပ်ငန်းတွေအတွက်ကဝန်ထမ်းကောင်းတွေကို ရှာဖွေခန့်ထားပြုစုပျိုးထောင်ပေးတဲ့ စနစ်ရှိတာ။ တစ်ခုထက်လဲ ပိုနိုင်သလို အကုန်လုံးရှိနေတဲ့ လုပ်ငန်းလဲဖြစ်နေနိုင်တယ်။ ဒီအားသာချက်တွေရှိနေပေမယ့်လဲအောင်မြင်မယ်လို့ အာမ မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်ကြောင့်ဖြစ်တယ်။အဲ့လူက ဘယ်သူဖြစ်မယ်ထင်သလဲ? #AkyanPay

လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။ Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ
ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။ မပါဘူးဆိုတဲ့နေရာမှာ Production ပိုင်းမှာ ပါဖို့မလိုတာလား? ဒါမှ မဟုတ် Purchasing အပိုင်းလား?ဒါမှ မဟုတ် Inventory control ပိုင်းမလိုတာလား?Marketing အပိုင်းလား?Sales အပိုင်းလား? Customer service အပိုင်းလား? Finance အပိုင်းလား? HR အပိုင်းလား? အစရှိတဲ့အပိုင်းတွေမှာ ကိုယ်ပါဝင်စရာမလိုဖို့အတွက်စနစ်တစ်ခု တည်ဆောက်ဖို့လိုပါတယ်။ စနစ်ဆိုတာ ကိုယ်ပါပါ မပါပါလည်ပတ်နေတာကိုဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် သက်ဆိုင်ရာစနစ်ရှိပြီလား? #AkyanPay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ
ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။
Read More »

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး ၁။ ရူးသွပ် – အလုပ်အပေါ်ရူးသွပ်ရမယ်။ ရူးသွပ်မှုမပါပဲ လုပ်ငန်းကို ခေါင်းထဲမှာ အမြဲစဉ်းစားနေနိုင်ဖို့မလွယ်ဘူး။၂။ ရလဒ် – ဘာလိုချင်တာလည်း ရလဒ် clear ဖြစ်ရမယ်။ ၃။ ရိုးသား – သမာသမတ်ကျ ရိုးသားရမယ်။ ၄။ ရိုက်ခတ် – ပတ်ဝန်းကျင်မှာရိုက်ခတ်မှုရှိရမယ်။ ၅။ ရိုးရာ – ကိုယ့် identity ကိုမပျောက် တီထွင်နိုင်ရမယ်။ ကိုယ့်တန်ဖိုးထားမှု core values ကို သေချာသိထားဖို့လိုတယ်။ #AkyanPay

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး Read More »

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ ကိတ်မုန့်ဆရာက ကိတ်မုန့်ဆိုင်ဖွင့်တဲ့အခါ မုန့်ဖုတ်တဲ့အပိုင်းကိုပဲ ဝင်လုပ်နေလို့မရတော့ဘူး။ ကိတ်မုန့်ဖုတ်တယ်ဆိုတာ သူ့လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်သွားတဲ့အတွက် ဒီအပိုင်းကိုပဲ အာရုံစိုက်မယ်ဆိုရင် လုပ်ငန်းတစ်ဖက်စောင်းနင်းဖြစ်ပြီးရှေ့ရောက်သင့်သလောက်မရောက်ဖြစ်မယ်။ ကိတ််မုန့်ဆရာက ကိတ်မုန့်ဆိုင်စဖွင့်တာနဲ့သူ့ရဲ့ ကုန်ပစ္စည်းဟာ ကိတ်မုန့်လုပ်ငန်းဖြစ်သွားပြီ။ ပုံမှန်ရောင်းနေကျ ကိတ်မုန့်ဖုတ်တာအပြင် ဖောက်သည်အသစ်ရှာတာ၊ဖောက်သည်တွေကို လေ့လာပြီးကြိုက်နိုင်တဲ့ ကုန်ပစ္စည်းအသစ်ထုတ်တာ၊ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တာ၊ဝန်ထမ်းနေရာချထားမှုနဲ့ စီမံခန့်ခွဲတာ၊ စာရင်းဇယားအပိုင်း၊ ကုန်ပစ္စည်းဝယ်ယူမှုအပိုင်း အစရှိတာတွေဟာသူနဲ့ သက်ဆိုင်လာပြီ။ ဒီအပိုင်းတွေကို အစပိုင်းမှာ ကိုယ်တိုင်လုပ်ဆောင်ကြတယ်။နောက်ပိုင်းကျ တခြားသူတွေကို တာဝန်လွဲပြောင်းပေးကြတယ်။ ဒီကမှ တစ်ဆင့် လုပ်ငန်းတွေထပ်ချဲ့ကြတယ်။ လုပ်ငန်းရှင်တစ်ယောက် လုပ်မယ်ဆိုရင်လုပ်ငန်းရဲ့ အရှင်သခင်ဖြစ်ဖို့ ကိုယ်ဟာ ကိုယ့်လုပ်ငန်းထက်ကြီးတယ်ဆိုတာ သေချာ သိထားရပါမယ်။ ကိုယ်ကတိုးတက်မှုတွေမရှိပဲ ကိုယ့်လုပ်ငန်းက ကံကောင်းပြီးကြီးထွားသွားတဲ့အခါ လုပ်ငန်းရှင်အများစုက ရထားတဲ့ အောင်မြင်မှုလေးပြန်ကျသွားမှာ ကြောက်တတ်ကြတယ်။ ဒီလို မဖြစ်ဖို့ စီးပွားရေးရေလှိုင်းတွေကြားမှာ တစ်နေရာက တစ်နေရာရောက်ဖို့

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ Read More »