business man

ကိုယ့်လုပ်ငန်းက
ကိုယ်ပါမှ “လည်ပတ်” နေရင်
ချဲ့ထွင်လို့မရဘူး။

စဥ်းစားကြည့် ကိုယ်တိုင်စျေးရောင်းနေရင်။ကိုယ်တိုင်ပဲ ပစ္စည်းထည့်နေရင်။ကိုယ်တိုင်ပဲ စာရင်းဇယားအကုန်လုပ်နေရင်။ ကိုယ်တိုင်ပဲ ပစ္စည်းစစ်နေရင်။စားသောက်ဆိုင်မှာ ကိုယ်တိုင်ပဲချက်ပြုတ်နေရင်။ နိစ္စဓူဝ လည်ပတ်တဲ့အလုပ်က သူ့စနစ်နဲ့ သူဝန်ထမ်းနဲ့သူလုပ်။ ကိုယ်က လုပ်ငန်းမှာ ဝင်ငွေတိုးဖို့၊ဖောက်သည်အသစ်တွေလာဖို့စဥ်းစားကြံဆဖို့အဓိက လုပ်ရမှာ။ လည်ပတ်တာကလဲ ခေတ်ပြောင်းရင် စနစ်ပြောင်းတာရှိမယ်။မြန်မာပြည်မှာဆို တစ်နှစ်ကို သုံးခေါက်လောက်လေးလ တစ်ခါတော့ နည်းနည်း adjust လုပ်ရနိုင်တယ်။ လည်ပတ်တာကို မလွဲနိုင်ရင်ချဲ့ဖို့မလွယ်ဘူး။ တကယ်လို့ ကိုယ်က သိန်းထောင်၊ သောင်းချီ ဖောက်သည် ၁၀၀ အတွင်းလောက်ပဲသွားတဲ့ high-ticket ဆိုရင်တော့စနစ်ချစရာလိုချင်မှ လိုမယ်။ ချဲ့ချင်ရင်တော့ luxury brand တွေလိုအလုပ်အများကြီးတော့ လုပ်ရနိုင်တယ်။ Phyo Paing @ Derek

ကိုယ့်လုပ်ငန်းက
ကိုယ်ပါမှ “လည်ပတ်” နေရင်
ချဲ့ထွင်လို့မရဘူး။
Read More »

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။

လွယ်သလိုလိုနဲ့ အမျိုးတွေကို ရှင်းပြဖို့ခက်တာကိုယ်လုပ်နေတဲ့အလုပ်ပဲ။ ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ အသိပညာတွေကို လိုချင်တဲ့သင်ယူမှုရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒီဇိုင်းဆွဲပေး၊သင်ကြားပေးတဲ့သူKnowledge engineer = Instructional designer/ teacher စွန့်ဦးတီထွင် Entrepreneur = Solving market problem in creative ways တိုင်ပင်ဆွေးနွေး အကြံပေးThinking Partner = Coaching/ Consulting Explaining my work to relatives often proves challenging. When they inquire about my occupation, I simply respond with “KET.” I’m involved in designing educational paths and

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ Read More »

ဥစ္စာစောင့်

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။ ၁။ စီးပွားရေးလည်ပတ်မှုပုံစံ သေချာသိပြီလား။ဒါကို စာရွက်ပေါ်မှာချရေးတာကိုBusiness model generation လို့ခေါ်တယ်။ ၂။ ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ်အတွက်စီမံကိန်းရေးဆွဲပြီးပြီလား။ဒါကို brand plan လို့ခေါ်တယ်။ ၃။ ကိုယ့်လုပ်ငန်းဖောက်သည်အသစ်တွေဘယ်လိုရှာမလဲ မားကတ်တင်းပလန်ဖန်တီးတတ်ပြီလား။ဒါကို marketing plan လို့ခေါ်တယ်။ ၄။ ကိုယ့်လုပ်ငန်းရဲ့စုံစမ်းမေးမြန်းမှုတွေကိုဖြေဆိုပြီး ရောင်းဝယ်တတ်ပြီလား။ဒါကို sales plan လို့ခေါ်တယ်။ဒီလိုလုပ်ဖို့ လုပ်ဆောင်ရမည့်အရာတွေ အများကြီးရှိတယ်။FAQ လုပ်ပြီးပြီလား။Sales script တွေရေးပြီးပြီလား။Sales sequences တွေဖန်တီးပြီးပြီလား။ ၅။ ကိုယ့်လုပ်ငန်းလည်ပတ်မှုအတွက်လည်ငန်းစီးဆင်းမှု workflow တွေလိုတယ်။ဒါတွေ စနစ်တကျသတ်မှတ်ရေးချပြီးပြီလား။ ၆။ ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်းရေးရာအတွက်လူတော်တွေ၊ လူကောင်းတွေကိုယ့်ဆီအလုပ်လာလုပ်ချင်အောင်စီမံထားတဲ့ HR planning မှာrecruitment strategy သေချာရှိပြီလား။နောက် ရောက်လာရင်သင်ပေးမိတ်ဆက်ပေးဖို့orientation and training လုပ်ပြီးပြီလား။စွမ်းဆောင်ရည်ကိုတိုင်းတာဖို့performance appraisal လုပ်ဖို့ သေချာရှိပြီလား။

ဥစ္စာစောင့် Read More »

စီးပွားရေးဆန်တယ်ဆိုတာ…

စီးပွားရေး လုပ်တဲ့အခါစီးပွားရေး ဆန်မှရမယ်။ အလှူအတန်းလုပ်တဲ့အခါသဒ္ဒါစိတ်နဲ့ အလှူအတန်းဆန်မှရမယ်။ စီးပွားရေးဆန်တယ်ဆိုတာ ကိုယ့်ဦးစားပေးဖောက်သည်ရဲ့ လိုချင်တာ၊ လိုအပ်တာကိုဖြည့်ဆည်းပေးရင်းနှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင်လုပ်တာ။ စီးပွားရေးလုပ်ပြီး စေတနာမပါတာလို့ပြောတဲ့အခါစျေးသက်သာတဲ့ Budget airline စီးတဲ့အခါ စျေးသက်သာတဲ့အရည်အသွေးပဲရမှာပဲ။ ဇိမ်ခံအရည်အသွေးမြင့်လေကြောင်းစီးရင်သူနဲ့တူတဲ့ အရည်အသွေးရမှာပဲ။ ယူတာနဲ့ တန်းတူပြန်မပေးနိုင်ရင်၊တန်ဖိုးပိုပြန်မပေးနိုင်ရင် ဘယ်လုပ်ငန်းမှ တာရှည်မခံဘူး။ စီးပွားရေးလုပ်တဲ့အခါ စီးပွားရေး ဆန်မှရမယ်လို့ထင်တယ်။ မှန်ကန်တဲ့ မျှော်မှန်းချက်ထားဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

စီးပွားရေးဆန်တယ်ဆိုတာ… Read More »

အချစ်ကိုအစားထိုးတဲ့ ..

အချစ်ရေး အဆင်မပြေရင်ဘဝ စစ်ရေးမှာလဲအဆင်ပြေဖို့မလွယ်ဘူး။ အဆင်ပြေချင်ရင် အချစ်ကို အစားထိုးတဲ့Emotional Safety Netစိတ်ခံစားမှုလှုံခြုံရေးစနစ်လိုတယ်။ Phyo Paing @ Derek

အချစ်ကိုအစားထိုးတဲ့ .. Read More »

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။

လုပ်ငန်းရှင်ကြီးတော်တော်များများမှာ တွေ့ရတာတစ်ချက်ကအရေးမပါတာတွေကို အရာမပေးတတ်ဘူး။အရေးမပါတဲ့ ကိစ္စတွေအတွက်အချိန်ကုန် ခံမနေဘူး။ဒီတော့ တခါတလေ power buyer တွေကိုရောင်းရတာ စိတ်ချမ်းသာတယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။ Read More »