career

အဆုံးသတ်နိုင်ခြေရှိတဲ့
Scenario တွေကြားမှာ

အသက်ကြီးလာတာနဲ့အမျှတစ်ခုခု လုပ်တော့မယ်ဆိုဘယ်လိုအဆုံးသတ်မလဲဆိုတာပဲအဓိက စဥ်းစားဖြစ်လာတတ်တယ်။ အဆုံးသတ်နိုင်ခြေရှိတဲ့Scenario တွေကြားမှာအကောင်းဆုံးနဲ့ အဆိုးဆုံးကိုမြင်ကြည့်၊ ကြားကြည့်၊ခံစားကြည့်တတ်တယ်။ နောက်တော့လဲ လုပ်ချင်တာကောက်လုပ်လိုက်ကြတာပဲမဟုတ်လား။ 😂 Phyo Paing @ Derek

အဆုံးသတ်နိုင်ခြေရှိတဲ့
Scenario တွေကြားမှာ
Read More »

နေ့စဥ်ရဲ့ စွမ်းပကား

ဥုံဖွ ဆိုပြီး ဘဝကြီးကိုကိုယ်လိုချင်သလို ပြောင်းလိုက်ဖို့ဆိုတာဇာတ်ကားထဲမှာပဲ ရှိမယ်။ ကိုယ််လိုချင်တဲ့ဘဝ ဖန်တီးဖို့ကနေ့စဥ်ရဲ့ စွမ်းပကားကိုအသုံးချဖို့ လိုတယ်။​ စည်းကမ်းလိုတယ်။ကိုယ့်ကိုကိုယ် ပေးထားးတဲ့ကတိတည်ဖို့လိုတယ်။ တစ်ရက်တစ်ရက် ခေါင်းထဲကိုဘာတွေထည့်သလဲ၊ဘာတွေလုပ်သလဲ၊ဘယ်လိုလူတွေနဲ့ တွေ့သလဲ၊ဘယ်လို အလုပ်တွေ လုပ်သလဲ။​ ဒါတွေကို ဘဝကို ပုံဖော်ပေးတဲ့အရာတွေပဲ။ မွေးလာတဲ့ ဘဝပေးထားချက်ကိုလက်မခံလို့ မရပေမည့်ဘယ်လိုပုံစံဘဝဖြတ်သန်းမလဲဆိုတာကတော့ကိုယ်တိုင်ရွေးချယ်လို့ရတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ကနေ့စဥ်ရဲ့ စွမ်းပကားကိုအကောင်းဆုံး အသုံးချဖို့လိုတယ်။​ Phyo Paing @ Derek

နေ့စဥ်ရဲ့ စွမ်းပကား Read More »

မွေးကတည်းက လူတိုင်းမှာ
ပေးထားချက်တွေရှိတယ်။

ရည်ရွယ်ချက်ကြီးကြီးမားမားမရှိရင်ကြုံတွေ့ရတဲ့ ပြဿနာတွေကကြီးနေလိမ့်မယ်။ မွေးကတည်းက လူတိုင်းမှာပေးထားချက်တွေရှိတယ်။ အခြေခံပေးထားချက်တွေပေါ်မူတည်ပြီးဘဝကို တည်ဆောက်ရတာပဲ။​ လွန်ခဲ့တဲ့ နှစ်ကို ပြန်ကြည့်လိုက်ငွေကြေးပိုင်ဆိုင်မှု၊လုပ်ငန်းကျွမ်းကျင်မှု၊အတွေးအခေါ်ရင့်ကျက်မှု၊ကျန်းမာရေးတိုးတက်မှု၊ဘဝပျော်ရွင်မှု မတိုးတက်လာရင်ကိုယ်သွားတဲ့လမ်းကြောင်းကိုတစ်ချက်ပြန်ဆန်းစစ်ကြည့်ဖို့လိုကောင်းလိုမယ်။ Phyo Paing @ Derek

မွေးကတည်းက လူတိုင်းမှာ
ပေးထားချက်တွေရှိတယ်။
Read More »

ဘာပဲဖြစ်ဖြစ် အကောင်းဆုံး
လုပ်ဆောင်ပါ။

လောကကြီးက မတရားဘူး။$ရမ်းကို မတရားတာ။မွေးကတည်းက သာတူညီမျှမရှိဘူး။တချို့တွေက မွေးကတည်းကအခွင့်ထူးခံ။ တချို့က မျက်နှာမွဲ။တချို့က ဘားမှ လုပ်စရာမလိုပဲနဲ့ကိုကံအကြောင်းလှပြီး ပြည့်စုံနေတယ်။တချို့ကျတော့လဲ ကျောပူအောင်အလုပ်လုပ်ပြီးသမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်ရုန်းရင်းကန်ရင်း ဘယ်မှခရီးမရောက်ဘူး။ တချို့အတွက် တစ်သောင်းနှစ်သောင်းနဖူးမှချေွးခြေကျအောင် လုပ်ရပေမယ့်တချို့က ပြောလိုက်တဲ့စကားလေးငါးဆယ်ခွန်းနဲ့ တစ်သောင်းနှစ်သောင်းရှေ့မှာ စကားလုံးတစ်လုံးထည့်လိုက်လို့ရတယ်။ ဒါတွေက ကျွန်တော်တို့လူအများစုထိန်းချုပ်မှုအောက်မှာ မရှိဘူး။ဒါတွေကို အပစ်တင်ပြီးမိုက်ဖက်လိုက်ရင်လဲသံသရာခြားလပတ်ထဲကတိုင်ပတ်ပြီးရင် ပတ်နေမှာ။ လူတွေထိန်းချုပ်လို့ရတာတစ်ခုပဲ။ဒါကတော့ ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်။ဒီဆောင်ပုဒ်က လူတိုင်းလုပ်လို့ရတယ်။ကိုယ့်ရဲ့ ဘဝပေးထားချက်နေ့ရက်တိုင်းကို အကောင်းဆုံးအသုံးချတာဟာ အားလုံးထိန်းချုပ်မှုအောက်မှာ ရှိတယ်။ မဟုတ်ရင် နှိုင်းယှဥ်ပြီးတစ်တောင်ထက် တစ်တောင်မြင့်ဘဝမှာ ငြိမ်းချမ်းမှုရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်ပါ။ဒီဆောင်ပုဒ်ပဲ လက်ကိုင်ထားလိုက်တယ်။ Phyo Paing @ Derek

ဘာပဲဖြစ်ဖြစ် အကောင်းဆုံး
လုပ်ဆောင်ပါ။
Read More »

လူတွေ မမှတ်မိလောက် အောင်တိုးတက်ပြောင်းလဲလိုက်ပါ။

အရင်က ကိုယ့်ကိုကိုယ် ဘယ်တော့မှ အားမရခဲ့ဘူး။ အပြောင်းအလဲ တစ်ခုအမြဲလုပ်ချင်ခဲ့တယ်။ သင်တန်းတွေတက်တယ်။ စာအုပ်တွေဖတ်တယ်။​ စာအုပ်တွေလဲ​ မျိုးစုံပဲ။ သင်တန်းဆိုလဲ ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေး မျိုးစုံတက်ဖြစ်တယ်။ ဒါပေမယ့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ဆိုတာကတော့ တော်တော်မလွယ်ခဲ့ဘူး။ ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့တယ်။ မှတ်ဥာဏ်ကောင်းဖို့ ဦးနှောက်အားတိုးဆေးတွေဖြစ်တဲ့ nootropics တွေ supplement တွေအပြင် မတူညီတဲ့ project တွေအများကြီးလုပ်ဖြစ်တယ်။ ဒီ project တွေ လေ့လာမှုတွေမှ တဆင့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ ToeTet Techniques တွေကို တွေ့ရှိခဲ့တယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အဆင့်သုံးဆင့်လိုတယ်။​ ပထမအဆင့်ဖြစ်တဲ့ တစ်ကိုယ်ရည်တိုးတက်မှုအတွက် personal development လိုတယ်။ ဒုတိယအဆင့်ကတော့ အသက်မွေးဝမ်းကြောင်းအတတ်ပညာတိုးတက်မှု professional development လိုတယ်။

လူတွေ မမှတ်မိလောက် အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ Read More »

ဒီအလုပ်လေးခုပြီးဖို့လိုတယ်

တစ်ရက်တစ်ရက်ကိုနေ့စဉ်မဖြစ်မနေလုပ်ရတဲ့အလုပ် (တိုးတက်ရေး)အလုပ်ပြီးမြောက်တယ်လို့ခံစားရတဲ့အလုပ်ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်အနာဂတ်မှာ ပိုက်ဆံရှာပေးမယ့်အလုပ်ဒီအလုပ်လေးခုပြီးဖို့လိုတယ်လို့ကိုယ့်ကိုကိုယ် တာဝန်ပေးထားတယ်။လူဆိုတာ ကိုယ့်ကိုကိုယ်မဟားတရားမခိုင်းရင်သူများခိုင်းတာကြီး ခံနေရလိမ့်မယ်။ Phyo Paing @ Derek

ဒီအလုပ်လေးခုပြီးဖို့လိုတယ် Read More »

You will make or break you.

ဘဝမှာ အပြောင်းအလဲ ဖြစ်တဲ့အချိန်တွေပြန်ကြည့်ကြည့်။လူတစ်စုံတစ်ယောက်နဲ့တွေ့ပြီးနောက်ကိုယ့်ဘဝလားရာ trajectoryပြောင်းသွားတာကြီးပဲ။ကိုယ့်အနားမှာထားတဲ့သူတွေကိုအထူးဂရုစိုက်ပါ။You will make or break you. Phyo Paing @ Derek

You will make or break you. Read More »

Mental Model

လူတိုင်းမှာ စဥ်းစားတဲ့ပုံစံရှိတယ်။ ဒါကို mental model လို့ခေါ်တယ်။ ဒီ စဥ်းစားတဲ့ပုံစံပေါ်မူတည်ပြီး လုပ်ဆောင်မှုတွေ လုပ်ကြတယ်။ ဒီလုပ်ရပ်တွေက တစ်ဆင့် ရလဒ်တွေရကြတယ်။​ ကျွန်တော့်ရဲ့ mental model တချို့ရှိတယ်။ ဒါကတော့ ဘဝဖြတ်သန်းမှုဖြစ်စဥ်ပေါ်မူတည်ပြီး တည်ဆောက်ခဲ့တဲ့ စဥ်းစားမှုပုံစံဖြစ်တယ်။ ၁။ Limit your loss တရုတ်ဆိုတော့ လောင်းကစားလုပ်ရတာကြိုက်တယ်။ ဘောလုံးပွဲလောင်း၊ ဖဲရိုက်၊ Russian Roulette ဆော့ ဒီကနေ တဖြည်းဖြည်းနားလည်လာတာ မဆော့ခင် ဘယ်လောက်ရှုံးရင် ပြန်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်တစ်ခုရှိရမယ်။ မဟုတ်ရင် loss aversion လို့ခေါ်တဲ့ စိတ်ပညာအရ ရှုံးမဲမဲပြီး မွဲတတ်တယ်။​ ဒါက လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ ကူညီပေးတယ်။ Casino ထဲ မဝင်ခင် အရှုံးခံမည့် amount ပဲယူသွားတယ်။ မဆော့ခင်ကတည်းက

Mental Model Read More »

ဘဝမှာ ဒုက္ခမရှိရင် သုခဆိုတာကို
သိဖို့ မလွယ်ဘူး။

ဘဝမှာ ခံစားချက်ဆိုတာ နှိုင်းယှဉ်ဖို့ကနေလာတဲ့အတွက်အနာဂတ်အတွက် မျှော်မှန်းချက်ကို အနိမ့်ဆုံးထားထားပြီး ကိုယ်လုပ်နိုင်တာကိုပဲ အားထည့်လုပ်လိုက်တယ်။ ကိုယ့်ဘဝ ကိုယ့် control အောက်မရှိရင်တိုင်ပတ်ပြီသာမှတ်။ အနည်းဆုံးတော့ ကိုယ့်အချိန်ကို ဘယ်လိုအသုံးချရမယ်ဆိုတဲ့ control လေးတော့ရှိဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဒုက္ခမရှိရင် သုခဆိုတာကို
သိဖို့ မလွယ်ဘူး။
Read More »

ကျွန်တော်သာ ၂၈ အောက်ဆို

လူငယ်တွေ ပြည်တွင်းမှာOfqual သို့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို ပြည်တွင်းမှာ စျေးသက်သက်သာသာနဲ့အမြန်ပြီးအောင်လုပ်။တချိန်ထဲ အလုပ်အတွေ့အကြုံယူ။ဘာသာစကားသေချာလုပ်။နှစ်နှစ်၊ သုံးနှစ်ပြီးရင် နိုင်ငံခြားထွက်။PR ရမှ ပြန်လာခဲ့။ကျွန်တော်သာ ၂၈ အောက်ဆိုအဲ့လိုပဲ လုပ်မယ်။သိန်းလေးငါးခြောက်ရာအထက်သုံးနိုင်ရင်တော့ နိုင်ငံခြားသွားတက်ပေါ့။ Phyo Paing @ Derek

ကျွန်တော်သာ ၂၈ အောက်ဆို Read More »