career

ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ် မလုပ်ဘူး

စီးပွားရေးလုပ်တဲ့ပထမ ရည်ရွယ်ချက်ကကိုယ်ပျော်တာကိုအချုပ်အချယ်မရှိ လုပ်နိုင်ဖို့။ နောက်တစ်ခုကကိုယ့်ကိုတိုးတက်အောင်လုပ်ပေးဖို့။ တတိယတစ်ချက်ကကိုယ်ရောက်ချင်တဲ့ အိမ်မက်ကိုတစ်ဆင့်ချင်းတွန်းပို့ပေးနိုင်အောင်လို့။ ဒါကြောင့် ကိုယ့်ကို မပျော်စေတော့တဲ့အလုပ်မလုပ်ဘူး။ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ်မလုပ်ဘူး။ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့သွေဖယ်စေတဲ့ အလုပ်မလုပ်တော့ပဲ လွဲပြောင်းပေးခဲ့တယ်။ ဘဝက တိုတိုလေး။ဒီသုံးချက်နဲ့ မကိုက်တဲ့အလုပ်မလုပ်သင့်ဘူးလို့ ကိုယ့်ဥပဒေသထဲထည့်ထားတယ်။​ Phyo Paing @ Derek

ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ် မလုပ်ဘူး Read More »

ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်
ရေတိုမကြည့်နဲ့။ စိတ်ရှည်ရှည် သွေးအေးအေးနဲ့ တစ်လှမ်းချင်းသွား။

ဒါလေးလုပ်ကြည့်ကြည့် Google မှာMarketing MyanmarMarketing In MyanmarDigital Marketing In MyanmarMarketing Myanmar Tik TokMarketing Trainer in MyanmarMarketing Plan in Myanmarဒါတွေရိုက်ရှာတဲ့အခါဘယ်သူ့ video ကိုတွေ့လဲ ပြောကြည့်ကြည့်။ ဒီလို ဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှုလိုတယ်။မဟာဗျူဟာလိုတယ်။အဲ့လို လုပ်ဖို့ စိတ်ရှည်ဖို့လိုတယ်။ ဘဝဆိုတာတစ်နှစ်၊ နှစ်နှစ် ကစားရတဲ့ပြိုင်ပွဲဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ သုံးလေးငါးဆယ်ကစားတဲ့ပွဲပဲ။ အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲ။အိမ်ငှါးခမပေးနိုင်ရင်ကန်ချခံရမယ်။ ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်ရေတိုမကြည့်နဲ့။စိတ်ရှည်ရှည် သွေးအေးအေးနဲ့တစ်လှမ်းချင်းသွား။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်
ရေတိုမကြည့်နဲ့။ စိတ်ရှည်ရှည် သွေးအေးအေးနဲ့ တစ်လှမ်းချင်းသွား။
Read More »

အလုပ်ခွင်မှာ ကိုယ်ပိုင်အစွမ်းအစတွေ ထွက်ရှိလာဖို့။

(အောက်ပါမေးခွန်းတွေမှာ လက်ရှိလုပ်နေတဲ.အလုပ်ဟာ ၁ ကနေ ၁၀ ထိ ဘယ်လောက်ရှိသလည်း?) 1. မိမိ အစွမ်းအစကို သုံးရတဲ.အလုပ်လား? 2. မိမိ ခုံမင်န်ှစ်သက်စိတ်ဝင်စားတဲ.အလုပ်လား? 3. တကယ်လို.ခြောက်လလောက် လစာမရ၊ အမြတ်မရဘဲလုပ်ရမယ်ဆို လုပ်မှာလား? ၁ ကနေ ၁၀ ထိ rating ဘယ်လောက်ရှိသလည်း? 4. မိမိ လက်ရှိလုပ်နေရတဲ.အလုပ်အပေါ် ဂုဏ်ယူလား? 5. ဘဝအတွက် ကြိုတင်စီမံထားမှုရှိသလား? ဥပမာ ဒီထက်ပို ရာထူးမြင်.ဖို.အလားလာရှိတာမျိုး၊ ဒီထက်ပိုတိုးတက်နိုင်တာမျိုး။ 6. အလုပ်ကို ထမင်းမေ.ဟင်းမေ. လုပ်မိနေတာမျိုးရှိပြီလား? မေးခွန်းခြောက်ခုကို 1 မှ 10 ထိဖြေပြီး ကိုယ်.ရဲ. dream job ဟာ ဘယ်လိုဖြစ်မယ်ဆိုတာ ခန်.မှန်းလို.ရလာပါမယ်။ Phyo Paing @ Derek

အလုပ်ခွင်မှာ ကိုယ်ပိုင်အစွမ်းအစတွေ ထွက်ရှိလာဖို့။ Read More »