communication

ပိုပေးဖို့ ကြိုးစားကြည့်ပါ။

Relationship တစ်ခု အဆင်ပြေချင်ရင်ကိုယ့်ဖက်က ပိုပေး။ အမြဲပိုယူချင်တဲ့အခါဘယ် relationship မှရေရှည်အဆင်မပြေနိုင်ဘူး။ သမီးရည်းစားဖြစ်ဖြစ်၊ မိသားစု၊ အလုပ်ရှင်နဲ့ ဝန်ထမ်း၊ လုပ်ငန်းနဲ့ ဖောက်သည်၊ စီးပွါးရေး ပါတနာအချင်းချင်း။ ပိုပေးဖို့ ကြိုးစားကြည့်ပါ။ ပိုပေးလို့ အဆင်မပြေရင်ပြောင်းနိုင်ရင်ပြောင်း၊ မပြောင်းနိုင်ရင် သည်းခံပေါင်း။ Phyo Paing @ Derek

ပိုပေးဖို့ ကြိုးစားကြည့်ပါ။ Read More »

Chemistry မိတယ်။မမိဘူး။

ဒီဓာတ်က တစ်ယောက်နဲ့တစ်ယောက်မိရင်အလုပ်လုပ်ရတာအဆင်ပြေတယ်။မမိရင် အဆင်ပြေဖို့ အချိန်ယူရတယ်။ အချစ်ရေး၊ အလုပ်အကိုင်၊နေရာ၊ အိုင်ဒီယာ အတူတူပဲ။ Chemistry မိ၊ဓာတ်ထိဖို့လိုတယ်ဗျာ။ဒါမှ လောကီမှာဓာတ်ပြုမှုအားတွေကောင်းမှာ။ Phyo Paing @ Derek

Chemistry မိတယ်။မမိဘူး။ Read More »

လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာ
သရုပ်ဆောင်ခြင်းအနုပညာကလဲ
လူတွေနဲ့ အဆင်ပြေစေတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းချင်ရင်နည်းလမ်းတွေအများကြီးထဲကသရုပ်ဆောင်တဲ့နည်းလမ်းတစ်ခုရှိတယ်။ စင်ပေါ်မှာ ဟောပြောတာအောင်မြင်ချင်ရင်သရုပ်ဆောင်တဲ့နည်းကလဲ အောင်မြင်နိုင်ပြန်တယ်။ လူတိုင်းက ကိုယ့်အတွေး၊ကိုယ့်ပုံပြင်နဲ့ ကိုယ်နေနေကြတာ။ သူတို့ရဲ့ပုံပြင်နဲ့ တစ်သားတည်းကျရင်ကိုယ့်ကို သဘောကျမယ်။ ကိုယ့်ပုံပြင်နဲ့ သူ့ပုံပြင်နဲ့မတူရင်သဘောထားကွဲလွဲမယ်။ တချို့ သရုပ်မဆောင်ချင်သူတွေကအပေါင်းအသင်းတော်တော်နည်းတယ်။တချို့ကျတော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့သရုပ်ဆောင်တယ်။ လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာသရုပ်ဆောင်ခြင်းအနုပညာကလဲလူတွေနဲ့ အဆင်ပြေစေတယ်။ Phyo Paing @ Derek

လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာ
သရုပ်ဆောင်ခြင်းအနုပညာကလဲ
လူတွေနဲ့ အဆင်ပြေစေတယ်။
Read More »

ဓာတ်တူရာစုဆိုတာရှိတယ်။

တချို့တရားအကြောင်းပဲပြောတဲ့လူတွေစုတာရှိတယ်။နောက်တစ်ဆင့်တက်ဖို့စီးပွားအကြောင်းပြောတဲ့သူတွေစုတာရှိတယ်။တိုးတက်အောင်မြင်ချင်တဲ့သူတွေစုတာရှိတယ်။ တစ်ခုခုဆို အပြစ်ပြောဖို့ အသိုင်းအဝိုငးဖွဲ့ ဂရုထောင်စုတာရှိတယ်။ လူတွေရဲ့ဦးနှောက်မှာmirror neurons ဆိုတာရှိတယ်။ဒီဦးနှောက်ဆဲလ်လေးတွေကကိုယ်နဲ့ပေါင်းတဲ့သူရဲ့ပုံကိုအတုယူလေ့ရှိတယ်။ တချို့ဆို စကားလုံးတွေကူးလာတာမျိုး။အမူအရာတွေပါတူလာတာမျိုး။ ဒါကြောင့် ဟားဗတ်ကပြုလုပ်တဲ့ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ Social Contagion Theory မှာNicholas Christakis and James Fowler ကဝတဲ့သူတွေနဲ့နေရင်ပိုဝဖို့ အလားလာ၊ဆေးလိပ်၊ အရက်သောက်ရင်သောက်ဖို့အလားအလာ 57% ရှိတယ်တဲ့။ ဘူပိတ်တဲ့သူတွေနားသွားရင်လဲဘူပိတ်တတ်တယ်။ တရုတ်အယူအဆမှာတော့ကိုယ်ဘူပိတ်ရင် ရှောင်ဖယ်တတ််ကြတယ်။ကျွန်တော်တို့ ယဥ်ကျေးမှုမှာတော့စာနာရင်း ကိုယ်ပါဘူပိတ်သွားတာမျိုး။ ငွေကြေးဘူပိတ်နေတဲ့သူငယ်ချင်းကိုသနားလို့ချေးရင်း ကိုယ်ပါဘူပိတ်တာမျိုး။ တခါတလေ ရွဲ့ပြီးသူဌေးနဲ့ပေါင်းပြီး သုံးဖြုန်းတာသူဌေးမဖြစ်ပဲမွဲသွားတယ်ဆိုတာ။ဒါမျိုးပြောတတ်တဲ့သူတွေရှိတယ်။ ကိုယ်နားဖူးနားဝနဲ့စဥ်းစားတတ်တယ်။ အရေးကြီးတာ အလုပ်ဖြစ်တာလုပ်ဖို့ပဲ။ 57% ဆိုတဲ့ရာနှုန်းက တော်တော်လေးများတယ်။ ကိုယ့်ဘဝအတွက် အသုံးချဖို့ပဲ။ လောကနီတိမှာလဲလူမိုက်ဆိုလျင်ရှောင်သွေလွဲလို့မမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့စကားရှိတယ်။ လောကမှာ ဘူပိတ်တဲ့အပြစ်တင်တဲ့စိတ်ကိုလျော့ပြီးအလုပ်ဖြစ်နေမည့် အဖြေရှာစိတ်ရှိဖို့ဘူကောင်တွေကို ရှောင်ဖို့လိုတယ်။ Phyo Paing @ Derek

ဓာတ်တူရာစုဆိုတာရှိတယ်။ Read More »

Mastery အဆင့်ရောက်လေ
ပိုပျော်လေ ဖြစ်လာလိမ့်မယ်။

ဘဝနေပျော်ချင်ရင် Magic လိုတယ်။ ကိုယ်ကျွမ်းကျင်တဲ့အရာတစ်ခုကိုထုတ်ဖော်ပြသလိုက်တဲ့အခါWow ခနဲဖြစ်သွားတဲ့အခါခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူး။ ဒီ Magic ကို အသံကောင်းသူတွေကို အသံနဲ့ ဖော်ပြကြတယ်။အနုပညာရှင်တွေက အနုပညာဖန်တီးမှုနဲ့ဖော်ပြကြတယ်။စကားပြောကောင်းသူတွေက အဟောအပြောနဲ့ ဖော်ပြတယ်။ ကိုယ့်ရဲ့ Magic က ဘာလဲသိဖို့လိုပြီးဒီ Magic ကို သေချာပြုစုပျိုးထောင်ဖန်တီး craft လုပ်ဖို့လိုတယ်။ တချိန် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သွားတဲ့Mastery အဆင့်ရောက်လေပိုပျော်လေ ဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek

Mastery အဆင့်ရောက်လေ
ပိုပျော်လေ ဖြစ်လာလိမ့်မယ်။
Read More »