dream

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list တွေထဲကတစ်နှစ်ကို တစ်ခု အာရုံစိုက်ခပ်ကြမ်းကြမ်း အကောင်အထည်ဖော်ပြီးပြီးမြောက်သွားတာလောက်အရသာရှိတာ မရှိဘူး။တချို့ ရည်မှန်းချက်တွေအတွက်ကသုံး၊ လေး၊ ငါးနှစ်ကြာတတ်တယ်။ ဘဝမှာ သွားချင်တဲ့နေရာတော်တော်များများရောက်ဖူးပြီ။ဟိုးငယ်ငယ်က တွေ့ကြုံချင်တဲ့အတွေ့အကြုံတော်တော်များများလဲတွေ့ကြုံပြီးပြီ။ ထပ်ပြီးစမ်းသပ်ချင်တဲ့အရာလုပ်ဆောင်ချင်တဲ့ရည်ရွယ်ချက်တွေအတွက်အာရုံကို အာဏာကုန်စိုက်ပြီးဖြစ်အောင်လုပ်ရတဲ့ခံစားချက်ကတော်တော်လေး ကောင်းတယ်။ Phyo Paing @ Derek

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list Read More »

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။

ဖြစ်ချင်တာထက် ဖြစ်လာတာပိုအရေးကြီးတယ်။ လူတိုင်းက ဘာဖြစ်ချင်တယ်။ဘာရချင်တယ်။ဆန္ဒတွေ ရှိကြမယ်။ ဆန္ဒရှိတိုင်းဖြစ်လာမယ်ဆိုရင်လူတိုင်း ကြိုးစားကြံဆစရာတောင်လိုမှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေကို ၁၀% အချိန်ပေးပြီးရင်ဖြစ်လာတာတွေကို ၉၀% အချိန်ပေးဖို့လိုနိုင်တယ်။ နေ့တိုင်းက အသစ်တွေဖြစ်လာနေတယ်။ကောင်းတာရှိတယ်။ သိပ်မကောင်းတာရှိတယ်။ အရေးကြီးတာ ဖြစ်ချင်တာဖြစ်လာဖို့ဖြစ်ချင်တာထက်နေ့စဥ်ဖြစ်လာတာတွေကို ပိုအာရုံစိုက်ပါ။ ဒီနှစ်ခုကို ချိန်ငြိပါ။ အသေးစိတ်ထပ်ရှင်းပြပါရစေ။ အိပ်မက်နဲ့ လက်တွေ့ကျွန်တော်တို့ လူတိုင်းမှာ အိပ်မက်တွေရှိကြပါတယ်။ “ကားလှလှလေး တစ်စီးလိုချင်တယ်”“အိမ်ကြီးကြီးလေး ပိုင်ချင်တယ်”“စီးပွားရေးလုပ်ငန်းကြီး ထူထောင်ချင်တယ်”ဒါပေမယ့် အိပ်မက်ချည်းပဲ မက်နေလို့ မရပါဘူး။ လက်တွေ့မှာ နေ့တိုင်း ဘာတွေဖြစ်နေလဲ၊ ဘယ်လိုကိုင်တွယ်နေလဲက ပိုအရေးကြီးပါတယ်။ ဥပမာ –မနက်အိပ်ယာထ အလုပ်သွား၊ လုပ်ငန်းခွင်မှာ ကြိုးစား၊ ညနေအိမ်ပြန်၊ မိသားစုနဲ့အတူနေ။ဒါတွေက ပုံမှန်ဖြစ်နေတဲ့ အရာတွေပါ။တချို့ရက်တွေ ကောင်းမယ်။ တချို့ရက်တွေ မကောင်းဘူး။ဒါပေမယ့် ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှ ရည်မှန်းချက်တွေ တဖြည်းဖြည်း ဖြစ်လာမှာပါ။

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။
Read More »

ငယ်ငယ်က အိပ်မက်တွေရှိလိမ့်မယ်။

အတားအဆီးတွေကြောင့်ကိုယ့်အိပ်မက်တွေကို အရှင်လတ်လတ် မြေမမြုပ်လိုက်ဖို့လိုတယ်။ အိပ်မက်တွေကအတားအဆီးတွေထက်အများကြီး ပိုကြီးဖို့လိုနိုင်တယ်။ ငယ်ငယ်က အိပ်မက်တွေရှိလိမ့်မယ်။ဘယ်လို ဘဝမျိုးနေချင်တာ၊ ဘာတွေ ပိုင်ဆိုင်ချင်တာ၊ ဘယ်လို လူမျိုးဖြစ်ချင်တာ၊ ဘာအလုပ်တွေ လုပ်နေချင်တာ။ ဒီအိပ်မက်တွေကို ပြန်လည်တူးဆွဖို့လိုနိုင်တယ်။ အိပ်မက်တွေရဲ့ဆွဲငင်အားကအတားအဆီးတွေရဲ့ ပိတ်ပင်မှုထက်ပြင်းအားပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ငယ်ငယ်က အိပ်မက်တွေရှိလိမ့်မယ်။ Read More »

အိမ်မက်၊ပန်းတိုင်၊ရည်မှန်းချက်

အိမ်မက် = Dream ပန်းတိုင် = Goal ရည်မှန်းချက် = Objective ငါချမ်းသာချင်တယ်။ ဒါက အိမ်မက်။ ပိုင်ဆိုင်မှု ____ ကို ဘယ်အချိန်မှာ ပိုင်ဆိုင်ရမယ်။ ဒါက ပန်းတိုင်။ ဝင်ငွေနဲ့ ချမ်းသာကြွယ်ဝမှု ဒီလောက်ရှိဖို့၁။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တစ်ခု ဒီနှစ်မှာထုတ်မယ်။၂။ လုပ်ငန်းကို စနစ်သေချာချပြီး အလေအလွင့်နည်းအောင်လုပ်မယ်။၃။ ဝန်ထမ်းတွေကို သေချာလေ့ကျင့်ပေးမယ်။ ၄။ လစဥ်ဝင်ငွေရဲ့ ၂၀% ကို ကိုယ့်အတွက် စုဆောင်းမယ်။ ဒါက ရည်မှန်းချက်။ I want to be prosperous.This is a dream. I must own [something] at some point.This is a

အိမ်မက်၊ပန်းတိုင်၊ရည်မှန်းချက် Read More »

နောက်ဘဝထက်
နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့
စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။

လူမျိုးတစ်မျိုးမှာ တူညီတဲ့အိမ်မက်တွေ၊ခံယူချက်တွေနဲ့ ကိုယ့်လူမျိုးကိုချစ်ဖို့ငါတို့အနာဂတ်ကလေးငယ်တွေအတွက်ဆိုတဲ့စိတ်လိုတယ်။ နောက်ဘဝထက်နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့ စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။ မသေခင်တော့ ငါမြန်မာကဆိုပြီးဂုဏ်ယူပြီးပြောကြည့်ချင်သေးတယ်။ Phyo Paing @ Derek

နောက်ဘဝထက်
နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့
စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။
Read More »

လူတိုင်းမှာ အိမ်မက်တွေ ရှိတတ်ကြတယ်။

သေချာတာ တစ်ခုက အိမ်မက်တွေကထိုင်နေရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ့်အိမ်မက်တွေကကိုယ်နဲ့ပဲ သက်ဆိုင်တယ်။ နေရာတစ်ခု၊ လူတစ်ယောက်ကြောင့်ပျက်သွားတယ်ဆိုတဲ့ စိတ်ဓာတ်ဘယ်တော့မှ မထည့်လိုက်နဲ့။ နေရာတစ်ခုမှာ ကိုယ့်အိမ်မက်မဖြစ်နိုင်တော့ရင်နောက်နေရာတစ်ခု ပြောင်းလို့ရတယ်။ကိုယ်က သစ်ပင်မှမဟုတ်တာ။ လူတစ်ယောက်ကကြောင့် တိုင်ပတ်သွားရင်နောက်အဲ့လိုမဖြစ်အောင် အဲ့က သင်ခန်းစာယူ ရှေ့ဆက် လိမ့်နေမှ ရလိမ့်မယ်။ နည်းလမ်းဆိုတာ ရှာရင်ရမှာပဲ။ ကိုယ်ဘယ်လောက်စိတ်ရှည်တယ်၊အားစိုက်တယ်၊ ကြိုးစားတယ်နဲ့ဆိုင်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ အိမ်မက်တွေ ရှိတတ်ကြတယ်။ Read More »

မမြင်ရသေးတဲ့ အနာဂတ်ကို

သက်ဝင်ယုံကြည်ပြီးပိုးစိုးပက်စက် အလုပ်လုပ်နိုင်တာ လူတွေပဲ ရှိတယ်။မျောက်တွေ မလုပ်နိုင်ဘူး။မမြင်ရသေးတဲ့ ကိုယ့်အိမ်မက်တွေကိုဝေဖန်ဟားတိုက်သူတွေကMonkey တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ 😆 Phyo Paing @ Derek

မမြင်ရသေးတဲ့ အနာဂတ်ကို Read More »

ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့

ဘဝကို နောက်ပြန်ကြည့်ရင်နောင်တရလို့ ပြန်ပြင်ချင်စရာတစ်ခုမှ မရှိဘူး။ဘာကြောင့်လဲဆိုတော့ လုပ်ချင်တဲ့အရာ၊ ရချင်တဲ့အရာသွားချင်တဲ့နေရာ၊ ရှိချင်တဲ့ကျွမ်းကျင်မှုအတွက်ဘယ်တော့မှ ထိိုင်စောင့်မနေဘူး။ တခြားသူပေးမှရမည့် အဖြစ်မျိုးဘယ်တော့မှ အရောက်မခံခဲ့ဘူး။ဘဝမှာ God Mode နဲ့နေဖို့အိမ်မက်တွေချရေးထားတဲ့ Dream list လိုတယ်။စမ်းသပ်မှုတွေလုပ်ခဲ့တဲ့ Experiment list နဲ့ သင်ခန်းစာ rules တွေကို ချရေးထားတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့Rule No.1 က ဘူကောင်တွေ ရှောင်တာပဲ။Rule No. 2 ကကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေလုပ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့ Read More »

နေ့စဥ်ရဲ့ စွမ်းပကား

သစ်ပင်ကြီးတစ်ပင်ကို တစ်ချက်ခုတ်ရုံနဲ့ ပြိုလဲအောင်လုပ်လို့ မရဘူး။ ဘဝအပြောင်းအလဲကလဲ အဲ့လိုပဲ။ တခါတလေ အချက်ပေါင်း၃၅၆ လောက်လိုကောင်းလိုမယ်။ဒီထက်လဲ ပိုရင်ပိုမယ်။ အရေးကြီးတာ နေ့စဥ်စွမ်းပကားကိုလျော့မတွက်လိုက်ဖို့ပဲ။ ဘဝကို ကွာသွားစေတာနေ့စဥ် လုပ်တဲ့အလုပ်တွေပဲ။ အိမ်မက်တွေ ဘယ်လောက်ကြီးကြီးနေ့စဥ်စွမ်းပကားကို အကောင်းဆုံးအသုံးမချရင်အရာရာ “ဆုတောင်း list” ထဲကထွက်လာမှာ မဟုတ်ဘူး။ Phyo Paing @ Derek

နေ့စဥ်ရဲ့ စွမ်းပကား Read More »