finance

ငွေကြေးလွတ်မြောက်မှု
အရေးကြီးတယ်။

သိတဲ့လူတိုင်းကိုယ်ကို သဘောကျပြီးကိုယ့်ကိုကိုယ် သဘောမကျလို့သတ်သေသွားတဲ့သူတွေ အများကြီးတွေ့ဖူးလိမ့်မယ်။ လူတိုင်းကိုယ့်ကို သဘောကျစရာမလိုဘူး။ ကိုယ့်ကိုကိုယ် သဘောကျဖို့လိုတယ်။ ကိုယ့်ဘဝက တပါးသူတွေသဘောကျအောင်ပျော်တော်ဆက်ဘဝနေနေတာမှမဟုတ်တာ။ အနုပညာဆိုတာ ကိုယ့်ကိုကိုယ်ပျော်ဖို့။ဖျော်ဖြည်ရေးဆိုတာ သူတပါးပျော်ဖို့။ လူတွေ သဘောမကျလဲဘဝရပ်တည်နိုင်ဖို့ပိုက်ဆံရှာထားဖို့လိုတယ်။ လူတွေရဲ့ အထင်အမြင်က စားဝတ်နေရေးနဲ့ ကိုယ့်ဘဝရပ်တည်မှုအပေါ်သက်ရောက်မှုရှိရင်ဘဝအကျဥ်းသားဖြစ်နေမယ်။ အဲ့လိုမဖြစ်အောင် ငွေကြေးလွတ်မြောက်မှုအရေးကြီးတယ်။ Phyo Paing @ Derek

ငွေကြေးလွတ်မြောက်မှု
အရေးကြီးတယ်။
Read More »

ပိုက်ဆံဘာကြောင့်ရှာလဲဆို

“လုပ်ချင်တာ လုပ်ဖို့”။ လုပ်ချင်တာလုပ်ဖို့ရဲ့အတားအဆီးက “မလုပ်ချင်တာကို လုပ်ရတာ။” မလုပ်ချင်တာလုပ်နေရတဲ့အကြောင်းအရင်းက၁။ ငွေကြေးကြောင့်၂။ လူတွေရဲ့ အထင်အမြင်ကြောင့် ၃။ နောက်ထပ်ရွေးချယ်မှုတစ်ခုကို မမြင်လို့။ ငယ်တုန်းက “မလုပ်ချင်ပေမယ့် လုပ်ရတဲ့”ကျောင်းစာတွေ ရှိတယ်။ဘွဲ့တွေ ယူရတယ်။စားဝတ်နေရေးရုန်းကန်ဖို့ အလုပ်ရှိတယ်။ ဘဝမှာ ဘွဲ့လဲရပြီးပြီ၊အသက်ရှင်ဖို့လဲ လုံလောက်တဲ့ငွေကြေးရှိပြီဆို လုပ်ချင်တာ လုပ်လို့ရလာပြီ။ တချို့က တနေ့ကျ လုပ်ချင်တာလုပ်ဖို့ဒီနေ့ မလုပ်ချင်တာလုပ်၊မနေချင်တဲ့နေရာနေပြီးလွတ်မြောက်မှုအတွက် အဿပြာရှာတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က ပြိုင်ဖက်တွေကို သက်သေပြ ခြေမှုန်းဖို့ငွေရှာ၊ ဂုဏ်ရှာ ပါဝါစုတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က မိဘ၊ သားသမီးနောင်ရေးအတွက်ပျော်ရာမှာမနေ၊ တော်ရာမှာနေပြီးပျော်တာကိုမလုပ်၊ တော်ရာအလုပ်လုပ်တာဖြစ်ရင်ဖြစ်မယ်။မိဘကျေးဇူးကလဲ ကြီးမားလှတယ်။ကိုယ့်ဒီဘဝအောင်မြင်မှုရောက်နိုင်တဲ့အမြင့်တစ်ဝက်လောက်က မိဘနဲ့ဆိုင်တယ်လို့ပြောရင်မမှားဘူး။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်ပိုက်ဆံ ဘာကြောင့်ရှာကြလဲဆို “လုပ်ချင်တာ လုပ်ဖို့”။တချို့တလေ ဒါကြီးကို မေ့သွားတတ်တယ်။ Phyo Paing @ Derek

ပိုက်ဆံဘာကြောင့်ရှာလဲဆို Read More »

ဘယ်နေရာမှာနေနေ တူညီတာတစ်ခုက

ပိုက်ဆံမရှိရင် ခက်ခဲမှာပဲ။ဒါကြောင့် ငွေကြေးစနစ်ရဲ့ ပိုက်ဆံဆိုတဲ့ တိုကင်ကိုရှာတတ်၊ ပွါးတတ်၊ ထိန်းတတ်ဖို့လိုတာ။ကျောင်းမှာအများစုကအလုပ်ခွင်ဝင်ဖို့ပညာပေးသင်ပေးလိုက်တယ်။ဘဝတိုးတက်ရေးပညာ ပါတော့ပါတယ်။အများကြီးမပါဘူး။ Phyo Paing @ Derek

ဘယ်နေရာမှာနေနေ တူညီတာတစ်ခုက Read More »

ငွေရှာမယ်ဆိုရင်

ဘယ်လို ငွေရှာမလဲ? How to make money? တို့How to get rich? တို့Youtube မှာ ရိုက်ရှာဖူးကြလိမ့်မယ်။ Google မှာ ရှာဖူးကြလိမ့်မယ်။ ဒီနေ့ခေတ်က အရင် ဆယ်နှစ်ထက်“နည်းပညာ အသုံးပြုတတ်ရင်”ငွေရှာရ ပိုလွယ်ပြီးအခွင့်အလမ်းပိုပေါတဲ့ ခေတ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါမယ်။ Mobile Banking ရှိတယ်။ Social Media ရှိတယ်။လူတိုင်းဖုန်းတွေသုံးနေတယ်။ သေချာတာတစ်ခုကတော့ သမာအာဇီဝနဲ့ ငွေရှာရင်တော့“ရောင်း” ရမယ်။ ရောင်းဖို့ အတွက် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ရှိရမယ်။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ရောင်းချရဖို့စျေးကွက်က လိုချင်တာ၊ လိုအပ်တာကိုသိရမယ်။ ဒီလို စျေးကွက်လိုချင်တာ၊လိုအပ်တာကို သိဖို့စျေးကွက် ပြဿနာကို သိရမယ်။ ဒါကြောင့် ငွေရှာမယ်ဆိုရင်“စားသုံးသူ” နေရာက စဥ်းစားနေရာက“ထုတ်လုပ်သူ” နေရာက စတင်စဥ်းစားကြည့်ပါ။ ပြဿနာတွေပေါ် ပူပင်သောကရောက်နေတာထက်စျေးကွက်မှာ

ငွေရှာမယ်ဆိုရင် Read More »

ကိုယ့်ကို ဝင်ငွေ ချက်ချင်းတိုးတက်စေနိုင်တဲ့ ကျွမ်းကျင်မှု ၇ ခု

၁။ Direct Response Marketing (DRM) ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုအတွက် ကြော်ငြာဖန်တီးပြီး အင်တာနက်ကကြော်ငြာခြင်းအတတ်ပညာ။ လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook, Instagram, Tik Tok နဲ့ Google တွေကတဆင့်ကြော်ငြာတွေဖန်တီးပြီး ဝင်ငွေရှာဖွေခြင်း။ Facebook မှာ ဆို Boost လုပ်တယ်ဆိုတဲ့စကားခဏခဏ ကြားဖူးလိမ့်မယ်။ တစ်ဒေါ်လာကြော်ငြာလိုက်တိုင်းမှာ ဝင်ငွေ ဘယ်လောက်ပြန်ရလဲ ကြည့်တဲ့ ROAS (Return on ad Spend) ကြည့်ပြီးအင်တာနက်ကို ငွေရိုက်စက် (Money Making Machine) ဖန်တီးတဲ့ အတတ်ပညာ။ ၂။ ကြော်ငြာရေးသားခြင်း Copywriting စာသားကို ငွေသားအနေနဲ့ ပြောင်းလဲခြင်းအတတ်ပညာ (ကြော်ငြာရေးသားခြင်း) ကို Copywriting လို့ခေါ်ပြီးသေချာစနစ်တကျ လုပ်ဆောင်တတ်ရင်ဝင်ငွေကို ချက်ချင်းတိုးတက်အောင်ကူညီပေးနိုင်တဲ့ အတတ်ပညာဖြစ်ပါတယ်။ Salesmanship in

ကိုယ့်ကို ဝင်ငွေ ချက်ချင်းတိုးတက်စေနိုင်တဲ့ ကျွမ်းကျင်မှု ၇ ခု Read More »

ကိုယ့်ကိုယ်ကို အမြဲပြောတဲ့ ငွေစကား ၁၅ ခွန်း

၁။ အလုပ်ကို အသက်လိုသဘောထား။၂။ ပိုက်ဆံများများရှာ။ ၃။ မစုနဲ့ ပွါး။၄။ အကြွေးရှင်းအောင်လုပ်Personal debt မထားနဲ့။၅။ ကိုယ့်အနာဂတ်ဝင်ငွေထိခိုက်စေမည့်ဘယ်အရာကိုမှ မလုပ်နဲ့။၆။ ငွေကိုချစ်။ ငွေဆိုတာ စွမ်းအင်တစ်ခုပဲ။၇။ ချမ်းသာတဲ့သူတွေ ဘယ်လိုတွေးလဲလေ့လာ။၈။ ငွေပြန်ရှာပေးမည့်အရာတွေမှာငွေသုံးဖို့ မနှမြောနဲ့။၉။ အပေါင်းအသင်းတွေကို သေချာဂရုစိုက်။၁၀။ ငွေက ပျော်ရွင်မှုကိုမပေးဘူး။ဒါပေမယ့် ကိုယ့်ကိုပျော်ရွင်စေတဲ့အရာအများစုကိုတော့ငွေနဲ့ ဝယ်လို့ရတယ်။၁၁။ ငွေကို ဘယ်လိုပွါးရမလဲ နေ့တိုင်းစဉ်းစား။ ၁၂။ ငွေများများရှာပေးဖို့ ကူညီတဲ့ငွေရှာနည်း high-income skills တွေသင်။ဥပမာ ကြော်ငြာရေးနည်း၊လူရှေ့ဟောပြောနည်း၊ကိုယ်သိထားတာကို ပြန်သင်ပေးနိုင်နည်း၊အသက်မွေးဝမ်းကျောင်းပညာကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်လေ့ကျင့်ထားခြင်း။၁၃။ စားလို့မကုန်၊ မှားလို့ကုန်တယ်။ကိုယ်မသိတဲ့လုပ်ငန်းမှာကိုယ်မှာမရှိတဲ့ငွေကို ချေးငှါးမလုပ်နဲ့။၁၄။ ငွေမရှိရင် မျက်နှာငယ်ရတယ်။ဒါကြောင့် ငွေကို မမုန်းနဲ့။အရေးမကြီးဘူးလို့လဲ မထင်နဲ့။ငွေအရေးကြီးတယ်။ငွေကိုချစ်ဖို့လိုတယ်။၁၅။ ဗုဒ္ဓဆိုဆုံးမတဲ့ မဂ္ဂင်ရှစ်ပါးမှာတစ်ပါးအပါအဝင်ဖြစ်တဲ့သမာအာဇီဝနဲ့ အသက်မွေး။ဒါမှ ဘဝအသက်ထွက်တဲ့အချိန်လိပ်ပြာလုံမှာ။ Here are constant reminders to oneself about

ကိုယ့်ကိုယ်ကို အမြဲပြောတဲ့ ငွေစကား ၁၅ ခွန်း Read More »

ချမ်းသာကြွယ်ဝမှုကို
အဓိပ္ပာယ်ဖွင့်ဆိုချက်

ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးသုညက ပြန်စရမယ်ဆို ဘာတွေစလုပ်မလဲ? တချို့သူတွေရဲ့ ချမ်းသာကြွယ်ဝမှုကိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကပိုင်ဆိုင်မှု၊ ငွေဘယ်လောက်ရှိသလဲ။တချို့က သုညကနေ ဒီနေ့ရှိတဲ့ပိုင်ဆိုင်မှုပြန်ရအောင်ဘယ်လောက်မြန်မြန်ပြန်လုပ်နိုင်သလဲ။ Phyo Paing @ Derek

ချမ်းသာကြွယ်ဝမှုကို
အဓိပ္ပာယ်ဖွင့်ဆိုချက်
Read More »

ပါဆင်နယ်အကြွေး။

ပိုက်ဆံချမ်းသာချင်ရင် အကြွေးယူပြီး ငွေပွားလို့ရနိုင်တယ်။ စိတ်ချမ်းသာချင်ရင်အကြွေးယူတာ ရှောင်ဖို့လိုနိုင်တယ်။ အထူးသဖြင့် ပါဆင်နယ်အကြွေး။ Phyo Paing @ Derek

ပါဆင်နယ်အကြွေး။ Read More »

စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”

ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ။ လူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆံမရှိတာ။ ရှိတဲ့ပိုက်ဆံ လျော့သွားတာ။ အနာဂတ်မှာ ပိုက်ဆံမဝင်မှာကြောက်တာ။ ဝင်ငွေနည်းသွားမှာကြောက်တာ။ ဒီတော့ ဥပဒေတစ်ခုထားထားတာက“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”။ နေ့တိုင်း ၂၄ နာရီမှာ ဒီနေ့အတွက် ပိုက်ဆံဘယ်လောက်ရှာလိုက်သလဲ။အနာဂတ်မှာ ပိုက်ဆံရှာဖို့ အချိန်ဘယ်လောက်ပေးလိုက်သလဲ။ ဒီအချက်တွေနဲ့ နေ့တိုင်းတိုင်းတာတယ်။ အမှတ်တံဆိပ်တည်ဆောက်တာ။ နေ့တိုင်း content တွေဖန်တီးတာ။ စာတွေဖတ်တာ။ စမ်းသပ်မှုတွေ လုပ်တာ။ ဒါတွေအကုန်လုံးက အနာဂတ်ပိုက်ဆံရှာဖို့ပဲ။ ဒါကြောင့် စိတ်မညစ်ချင်ရင်“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”တနည်းအားဖြင့် “ပိုက်ဆံပိုးစိုးပက်စက် လာအောင်လုပ်”။ Phyo Paing @ Derek

စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”
Read More »

ငွေကြေးဖောင်းပွမှုကို
ကိုယ်မထိန်းနိုင်ဘူး။

ဒေါ်လာစျေးကို ကိုယ်မထိန်းနိုင်ဘူး။ စီးပွားရေး ပျက်ကပ်ဖြစ်တာကိုယ်မထိန်းနိုင်ဘူး။ ပိုက်ဆံဘယ်လိုရှာမလဲ ကိုယ်ထိန်းနိုင်တယ်။ နောက် ပိုက်ဆံကိုဘယ်မှာရင်းနှီးမြုပ်နှံမလဲထိန်းနိုင်တယ်။ ဘယ်လိုပွားမလဲ ထိန်းနိုင်တယ်။ မထိန်းနိုင်တာကို ဘေးလူတွေပြောတာတွေးပူနေရင် ဖေးကူနိုင်မည့်သူမရှိဘူး။ ထိန်းနိုင်တာနဲ့ gain နိုင်တာပဲ စဥ်းစားတာ စိတ်သက်သာရာရတယ်။ Phyo Paing @ Derek

ငွေကြေးဖောင်းပွမှုကို
ကိုယ်မထိန်းနိုင်ဘူး။
Read More »