future

နေ့တိုင်း ကိုယ့်ကိုကိုယ် Train ပါ

နေ့တိုင်း စာဖတ်တယ်နော်။ စာဖတ်တယ်လို့မစဉ်းစားဘူး။ ကိုယ့်ကိုကိုယ် train နေတာလို့စဉ်းစားတယ်။ Gym သွားဆော့တယ်နော်။ သွားဆော့တာ မဟုတ်ဘူး။သွား train နေတာ။ နေ့တိုင်း စာတွေရေးတယ်နော်။စာရေးတယ်ဆိုတာထက် ကိုယ့်ကိုကိုယ် စာရေးတဲ့စွမ်းအားတိုးတက်အောင် train နေတာ။ စာသင်၊ အကြံပေး၊ digital product ထုတ်၊ လုပ်ငန်းတွေအတွက် မဟာဗျူဟာချပြီးcheck ပြန်လုပ်ပေး ဒါတွေအကုန်လုံးကကိုယ့် skill ကို မကျသွားအောင်train လုပ်နေတာပဲ။ ဘောလုံးမကန်တာကြာတဲ့ ဘောလုံးသမားကအရင်လို performance ကောင်းနေမယ်ထင်လို့လား။ ဦးနှောက်နဲ့သိပ်မစဉ်းစားတဲ့သူတစ်ယောက်၊ မလေ့လာနေတဲ့ သူတစ်ယောက်ဦးနှောက်ကဖြတ်လတ်နေမယ်ထင်လို့လား။ စိတ်ဓာတ်ရေးရာသေချာ မ train ထားတဲ့သူတစ်ယောက်က လောကဓံအထုအထောင်းကို ဒူပေဒါပေ ခံမယ်ထင်လို့လား။ ကျွန်တော်ကတော့မထင်ဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် train နေရတယ်။ ဒါမှ ဒီထက်ပိုဝေးတဲ့ ခရီးနှင်နိုင်မယ်။ Phyo Paing […]

နေ့တိုင်း ကိုယ့်ကိုကိုယ် Train ပါ Read More »

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ

ကိုယ့်ကိုကိုယ်ထားတဲ့အနာဂတ် အမြင်က ဘာဖြစ်မလဲ။နောက် ငါးနှစ်၊ ဆယ်နှစ်၊အနှစ်နှစ်ဆယ်နေရင်ဘာဖြစ်နေမလဲ။ဘာတွေဆွတ်ခူးထားမလဲ။ဘယ်နေရာရောက်နေမလဲ။မြင်ယောင်ကြည့်၊ကြားယောင်ကြည့်၊ခံစားကြည့်ကြည့်။အတိတ်ရဲ့မှတ်ဥာဏ်ထက်အနာဂတ်အမြင်ကပိုရှင်းနေမှပစ္စုပ္ပာန်မှာ အလုပ်လုပ်ရတာအဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ
Read More »

အနာဂတ်က သင်ထင်ထားသလောက်
ဆိုးချင်မှ ဆိုးလိမ့်မယ်။

နောက်ပြီး သင်ထင်ထားသလောက်လဲကောင်းချင်မှလဲ ကောင်းလိမ့်မယ်။ဘယ်နေရာမှာ ဖြစ်ဖြစ်ပေါ့။ မယုံရင်အတိတ်ကို ပြန်စဉ်းစားကြည့်ကြည့်။ ကိုယ်ထင်ထားသလောက် မကောင်းခဲ့ဘူး။ဆိုးရင်လဲ အလားတူပဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

အနာဂတ်က သင်ထင်ထားသလောက်
ဆိုးချင်မှ ဆိုးလိမ့်မယ်။
Read More »

2030 ကိုရောက်နေတယ်လို့ စိတ်ကူးယဉ်ကြည့်

ကိုယ်မသေသေးဘူးဆိုရင်မြန်မာပြည်မှာပဲ ရှိချင်ရှိနေမယ်။တခြားနေရာမှာလဲ ဖြစ်ချင်ဖြစ်မယ်။ကိုယ်နေ့စဉ်လုပ်ခဲ့တဲ့အရာတွေအတွက်ဂုဏ်ယူနေမလား။ငါဥာဏ်နည်းခဲ့တယ်လို့ ပြန်ပြောမလား။ ကိုယ်ငယ်ငယ်ကတော့ ဥာဏ်နည်းတာတွေလုပ်ခဲ့ပြီးပြီ။အရာရာကို တွေးကြောက် ဘူပိတ်ပြီးအလုပ်မလုပ်နိုင်တာမျိုးပေါ့။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘဝရဲ့သမိုင်းပေးတာဝန်ကို သေချာသိပြီးနေ့ရက်တိုင်း ဘယ်လောက်ကြမ်းတမ်းနေပါစေနေ့စဉ် ဂုဏ်ယူတဲ့ တစ်ရက်တာဖြတ်သန်းလို့ရနိုင်တယ်။ Phyo Paing @ Derek

2030 ကိုရောက်နေတယ်လို့ စိတ်ကူးယဉ်ကြည့် Read More »

မမြင်ရသေးတဲ့ အနာဂတ်ကို

သက်ဝင်ယုံကြည်ပြီးပိုးစိုးပက်စက် အလုပ်လုပ်နိုင်တာ လူတွေပဲ ရှိတယ်။မျောက်တွေ မလုပ်နိုင်ဘူး။မမြင်ရသေးတဲ့ ကိုယ့်အိမ်မက်တွေကိုဝေဖန်ဟားတိုက်သူတွေကMonkey တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ 😆 Phyo Paing @ Derek

မမြင်ရသေးတဲ့ အနာဂတ်ကို Read More »