ကိုယ့်အနာဂတ်အမြင်နဲ့
ဘဝတည်ဆောက်။
တခြားသူတွေရဲ့အထင်အမြင်နဲ့ ဘဝမတည်ဆောက်နဲ့။ ကိုယ့်အနာဂတ်အမြင်နဲ့ဘဝတည်ဆောက်။ Phyo Paing @ Derek
ကိုယ့်အနာဂတ်အမြင်နဲ့
ဘဝတည်ဆောက်။ Read More »
တခြားသူတွေရဲ့အထင်အမြင်နဲ့ ဘဝမတည်ဆောက်နဲ့။ ကိုယ့်အနာဂတ်အမြင်နဲ့ဘဝတည်ဆောက်။ Phyo Paing @ Derek
ကိုယ့်အနာဂတ်အမြင်နဲ့
ဘဝတည်ဆောက်။ Read More »
တချို့သူတွေအတွက်ပြန်မသွားချင်ဆုံးအရပ်ကတော့အတိတ်ပဲ။သတိရလားဆို ရတယ်။ဘယ်တော့မှတော့ ပြန်မသွားချင်ဘူး။နေ့ရက်တိုင်းကိုလဲ အကောင်းဆုံးအသုံးချခဲ့တယ်။အနာဂတ်က ပိုကောင်းမယ်လို့အမြဲယုံကြည်ထားတယ်။မသေခင်ထိပေါ့။အဲ့နောက်မှာဘာရှိလဲကိုယ်လဲမမြင်နိုင်ဘူး။ဒီနေ့ကို အကောင်းဆုံးအသုံးချဖို့လိုတယ်။ Phyo Paing @ Derek
ဒီနေ့ကို အကောင်းဆုံး
အသုံးချဖို့လိုတယ်။ Read More »
မျက်စိလေးမှိတ်ပြီး ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတစ်ကိုစဉ်းစားကြည့်ကြည့်။ အဲ့ဒီအရာကို ပုံရိပ်အနေနဲ့ပုံဖော်ကြည့်၊ သူနဲ့တွဲစပ်နေတဲ့ခံစားချက်ကို ကြည့်ကြည့်။ ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘယ်လိုခံစားရသလဲ။ ဒီလိုပုံရိပ်တွေ၊ ခံစားချက်တွေကို အမြဲတွေးပေးတာက ကိုယ့်ဦးနှောက်ကိုလေ့ကျင့်ပေးတာပဲ။ ဒါကို visualization ပုံရိပ်ဖော်ခြင်းလို့ခေါ်တယ်။ အားကစားမှာလဲ စိတ်ပိုင်းဆိုင်ရာrehearsal လေ့ကျင့်မှုပြုလုပ်ခြင်းကစွမ်းဆောင်ရည်တိုးတက်စေတာကိုတွေ့ရတယ်။ Neuroscience အာရုံကြောသိပ္ပံအရNeural overlap လို့လဲခေါ်တယ်။ တကယ်လုပ်ဆောင်တာနဲ့စိတ်ကူးပုံဖော်တာနဲ့က တူညီတဲ့ဦးနှောက်အစိတ်အပိုင်းကိုသွားလှုံ့ဆော်တယ်။ စိတ်ကျရောဂါဖြစ်ရင်လဲ Cognitive Behavioral Therapy (CBT) မှာစိတ်ညစ်စေတဲ့ပုံရိပ်ကို ပိုခွန်အားဖြစ်စေတဲ့ပုံရိပ်အနေနဲ့ပြောင်းတဲ့Imagery rescripting နည်းစနစ်နဲ့လဲအသုံးပြုတယ်။ ဘဝမှာ ဦးနှောက်ကို အလေ့အကျင့်လုပ်နိုင်ရင်ဘဝကို အကြီးအကျယ်အပြောင်းအလဲလုပ်လို့ရတယ်။ တရားထိုင်တာ၊ အားရုံစူးစိုက်မှုကောင်းအောင်လုပ်တာ၊အနာဂတ်အတွက် စိတ်ကူးပုံဖော်တာ၊ ဒါတွေက ဘဝပြောင်းလဲရေးမှာ အရေးကြီးတယ်။ ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်တွေကို ပုံဖော်စိတ်ကူးခံစားကြည့်တာကလေ့ကျင့်မှုပြုလုပ်တာပဲ။ Phyo Paing @ Derek
ကိုယ့်ကို ဒီနေ့ကောအနာဂတ်မှာပါ အကျိုးမပြုနိုင်တဲ့လူတွေ၊ အကြောင်းအရာနဲ့ အလုပ်ကြောင့်စိတ်ဆင်းရဲမခံပါနဲ့။ မတန်တာကို မလုပ်နဲ့။ ကိုယ့်အချိန်နဲ့ အာရုံပေးဖို့မတန်တဲ့အရာတွေမှာအားကုန်မခံနဲ့။အရေးမပါတာကို အရာမပေးနဲ့။ အမြဲ what is in it for me?ငါရချင်တာဘာလဲ။ဘာပြန်ပေးရမလဲ။အရာရာက အပေးအယူပဲ။ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။ Phyo Paing @ Derek
အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။ Read More »
ဘဝဆိုတာ ခက်ခဲတယ်။အနာဂတ်မှာ ဖြစ်နိုင်တဲ့ပြဿနာတွေအတွက်ကြိုတင်အဖြေမရှာထားနိုင်ရင်ပိုလို့တောင်ခက်ခဲသေးတယ်။ သားသမီးရဲ့အနာဂတ်စဉ်းစားတဲ့မိဘတွေကသူတို့သားသမီးတွေရဲ့အနာဂတ်ကို ကြိုတင်စဉ်းစားထားကြတယ်။ ငွေကြေးအရတိုင်မပတ်တဲ့သူတွေကလဲအနာဂတ်ငွေကြေးပြဿနာတွေကိုကြိုတင်တွက်ချက် အဖြေရှာထားကြတယ်။ ဒီနေ့ပြဿနာကိုတောင်ဖြေရှင်းဖို့မကြိုးစားတဲ့သူ၊ဖြေရှင်းဖို့မကြိုးစားနိုင်တဲ့သူရှိမယ်။ဒီနေ့ပြဿနာပဲ ဖြေရှင်းတဲ့သူရှိတယ်။အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာတဲ့သူတွေရှိတယ်။ လူ့ဘဝဆိုတာ ထင်သလောက်မလွယ်ဘူး။အကောင်းကြီးပဲ မြင်နေလို့မရသလို၊အဆိုးကြီးပဲမြင်နေလို့မရဘူး။ အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Phyo Paing @ Derek
အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Read More »
လူတစ်ယောက်အကြောင်းသိချင်သူကြီးပျင်းတဲ့ပတ်ဝန်းကျင်မှာထိတွေ့ခဲ့တဲ့သူတွေကို လေ့လာကြည့်။ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ဦးလေး၊ အဒေါ်၊ဆရာ၊ ဆရာမ၊ သူငယ်ချင်း၊အသိုင်းအဝိုင်း။ ဒါတွေက လူတွေရဲ့လောကအဓိပ္ပာယ်ဖွင့်ဆိုမှုကိုတော်တော် ကြီးလွမ်းမိုးထားတတ်တယ်။ ဟာဗတ်သုတေသနမှာ Social contagion theory အရဝတဲ့သူနဲ့ပေါင်းရင် ဝဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ပေါင်းရင်၅၇% လေ့ကျင့်ခန်းပိုလုပ်ဖို့များတယ်။ အရက်သမားနဲ့ပေါင်းရင် အရက်သောက်ဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ဘူတဲ့သူနဲ့ ပေါင်းရင် ဘူဖို့၅၇% ပိုများတယ်။ မွဲတဲ့သူနဲ့ပေါင်းရင် မွဲဖို့ ၅၇% ပိုများတယ်။ တရားသမားနဲ့ပေါင်းရင် တရားလုပ်ဖြစ်ဖို့၅၇% ပိုများတယ်။ အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းကကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။ ကိုယ်လိုချင်တဲ့အသိုင်းအဝိုင်းထဲဝင်ဖို့ကြိုးစားနိုင်ခြင်းက ကိုယ့်ရဲ့အားထုတ်မှုပဲ။ Phyo Paing @ Derek
အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။ Read More »
ငယ်ကတည်းက မိဘကိုပဲအကုန်အားကိုးလို့မရဘူးဆိုတာနားလည်ထားတာနဲ့အမျှကိုယ့်ဘဝအနာဂတ်ကိုယ်ကြိုတင်စိုးရိမ်ရတယ်။ ကျောင်းမပြီးသေးဘူးဘွဲ့ရတဲ့အခါ အလုပ်ရဖို့ စိုးရိမ်ရတယ်။အလုပ်ရတဲ့အခါနောက်လာမည့် အနာဂတ်မှာလက်ရှိရှိထားတဲ့ ဘဝထက်လူနေမှုအဆင့်အတန်း မကျသွားရေးစိုးရိမ်ရတယ်။ ဒီတော့ အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာရမယ်ဆိုတဲ့အသိစဝင်လာတယ်။ ဒီနေ့ပြဿနာတွေပဲ ဖြေရှင်းနေလို့မရဘူး။နောက်အနာဂတ် သုံးလေးငါးနှစ်ကစလို့ဆယ်နှစ်အတွင်းလာမည့်ပြဿနာကြိုတင်တွက်ချက်ရပြန်တယ်။ ပြဿနာတွေကြိုတင် အဖြေမရှာထားရင်နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့အခါခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်တယ်။ “အနာဂတ် ပြဿနာတွေအတွက်ကြိုတင် အဖြေရှာပါ။” Phyo Paing @ Derek
“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။” Read More »
ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။ကိုယ့်ကို ဂုဏ်အယူစေဆုံးအရာကပြီးသွားတဲ့ အတိတ်။ကိုယ့်ကို အအေးချမ်းစေဆုံးအရာကလက်ရှိပစ္စုပ္ပန်။ မနက်ဖြန်ရောက်လာမည့်အနာဂတ်ကိုစဥ်းစားတိုင်းကိုယ့်ကြိုတင်ကြံဆမှု၊ပြင်ဆင်မှုနဲ့ ရလာမည့်ရလဒ်တွေစဥ်းစားမိတဲ့အချိန်တိုင်းရင်ခုန်မှုတွေဖြစ်တယ်။ မနေ့တုန်းက အတိတ်မှာကိုယ့်အချိန်တွေကို အလေမလွင့်မရှိအကောင်းဆုံးအသုံးချပြီးကိုယ့်ရဲ့အကောင်းဆုံးပုံစံဖန်တီးခဲ့တဲ့အတွက်စဥ်းစားမိတိုင်း ဂုဏ်ယူမိတယ်။ လက်ရှိရှိနေတဲ့အချိန်မှာကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုတန်ဖိုးထား အသိနဲ့ သတိရှိရှိအကောင်အထည်ဖော်ခွင့်ရတဲ့အတွက်အေးချမ်းမှုဖြစ်တယ်။ Phyo Paing @ Derek
ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။ Read More »
အတိတ်ကို သတိရနေတာထက်အနာဂတ်ကို ရင်ခုန်နေတာမျိုးဖြစ်တတ်တဲ့လူတချို့ရှိလိမ့်မယ်။ အနာဂတ်အမြင်တွေကအတိတ်မှတ်ဥာဏ်တွေထက်ပိုရှင်းလင်းနေခြင်းကပိုကောင်းတဲ့အနာဂတ်ဖန်တီးဖို့အစဖြစ်နိုင်တယ်။ Phyo Paing @ Derek
အနာဂတ်ဖန်တီးဖို့အစ Read More »
အနာဂတ်မှာ ဘာတွေဖြစ်မယ်လို့ယုံကြည်ထားလဲ။ အနာဂတ်မှာ ဘာတွေမဖြစ်ဘူးလို့ယုံကြည်ထားသလဲ။ ကိုယ့်ဘဝကို ဘယ်လိုပုံစံမျိုးဖြတ်သန်းချင်သလဲ။ ဘာတွေ ပိုင်ဆိုင်ချင်သလဲ။ ဒီယုံကြည်ခန့်မှန်းထားတဲ့အနာဂတ်မှာ ကိုယ်လိုချင်တာတွေရဖို့ ဘာတွေကို ရွေးချယ်လုပ်ဆောင်ဖို့ လိုမလဲ။ Phyo Paing @ Derek