gratitude

ကျေးဇူးတင်စိတ်ထား။

ဘဝမှာ အပြင်ပိုင်းတစ်ခုမှမပြောင်းလဲဘဲ စိတ်ကြည်လင်စေနိုင်တာ ကျေးဇူးတင်တတ်တဲ့စိတ်ပဲ။ အနည်းဆုံးတော့ ရှူတဲ့လေ၊သောက်တဲ့ရေ ဝဝလင်လင်ရှူရသလိုအနာဘယ ကင်းနေသေးတာကျေးဇူးတင်စရာဖြစ်နိုင်တယ်။ လူအများစုက အတိတ်ကိုပြန်သတိရတတ်ကြတယ်။ ကိုယ်က ပစ္စုပ္ပန်မှာပျော်လို့ရတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်ထား။ Read More »

ကျေးဇူးတင်စိတ်၏ စွမ်းအားက

ကျေးဇူးတင်တတ်တဲ့စိတ်Gratitude တရားပွါးများပါ။ ကျေးဇူးတင်စိတ်၏ စွမ်းအားကလူ့ဘဝအတွက် အလွန်အရေးကြီးပါသည်။ ၁။ စိတ်ကျန်းမာရေး တိုးတက်စေခြင်း – ကျေးဇူးတင်တတ်သောသူများသည် စိတ်ဖိစီးမှု နည်းပြီး ပိုမိုပျော်ရွှင်ကြသည်။ ၂။ ဆက်ဆံရေး ခိုင်မာစေခြင်း – အခြားသူများကို အသိအမှတ်ပြုခြင်းဖြင့် ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာသည်။ ၃။ အပြုသဘောဆောင်သော အမြင် – ကောင်းသောအရာများကို သတိပြုမိစေပြီး ပိုမိုအပြုသဘောဆောင်စေသည်။ ၄။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု မြင့်တက်စေခြင်း – မိမိရရှိသောကောင်းကျိုးများကို အသိအမှတ်ပြုခြင်းဖြင့် ကိုယ့်ကိုယ်ကို ပိုမိုတန်ဖိုးထားတတ်လာသည်။ ၅။ စိတ်ခံစားမှုခွန်အား တိုးပွားစေခြင်း – အခက်အခဲများကို ရင်ဆိုင်ရာတွင် ပိုမိုခွန်အားရှိစေသည်။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေ့စဉ်ဘဝကို ဖြတ်သန်းကြည့်ပါ။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်၏ စွမ်းအားက Read More »

ကျေးဇူးတင်တတ်တဲ့စိတ်

ကျေးဇူးတင်တတ်တဲ့စိတ်မရှိရင်လောကရဲ့ အရာရာမှောင်မိုက်နေမယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာ၊ကိုယ့်မိသားစုရှိလို့ကျန်တဲ့အပိုင်းတွေ သေချာလုပ်ဆောင်နိုင်တာ။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ် Read More »

ကျေးဇူးတင်စိတ်ထားတယ်။

ရောက်တဲ့နေရာတိုင်းကိုချစ်တယ်။ကျေးဇူးလဲတင်တယ်။ကိုယ်နေတဲ့နေရာ၊တွေ့တဲ့သူ၊လုပ်နေတဲ့အလုပ် အခုအချိန်အတွက် အကောင်းဆုံးပဲ။အဆင်မပြေရင်ပြောင်းတယ်။ရောက်နေလုပ်နေတာကိုတော့ကျေးဇူးတင်စိတ်ထားတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်ထားတယ်။ Read More »

ဘဝဆိုတာ ခဏပဲ

ဘဝမှာ ကျေးဇူးတင်စရာတွေအများကြီးရှိတယ်။ ကိုယ်ဘာလုပ်လုပ် ကူညီပေးဖို့၊အားပေးဖို့ အဆင်သင့်ဖြစ်နေတဲ့လူတွေရှိတယ်။ အသက်ရှူနိုင်နေသေးတယ်။ ကောင်းမွန်စွာအိပ်စက်နေနိုင်သေးတယ်။ရောဂါဘယကင်းဝေးနေသေးတယ်။ ဒါတွေကို အမြဲ taking for granted အမြဲရနေမယ်လို့ ယူဆလို့မရဘူး။ ဘဝဆိုတာ ခဏပဲ။ ခဏလောက် အသက်ရှင်ခွင့်ပြုထားတဲ့အချိန်ကိုယ့်စိတ်ကူးတွေကို “တစ်နေ့နေ့”ဆိုတဲ့စကားလုံးကြီးနဲ့ မကန့်သတ်ထားစမ်းပါနဲ့။ လုပ်ချင်တာရှိရင် ချက်ချင်းသာကောက်လုပ်မနက်ဖြန်ဆိုတာ အရမ်းမသေချာဘူး။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပဲ Read More »

ကျေးဇူးတင်စိတ်

အခုအသက်ကို ဝဝရှူနေလို့ရတာဒါက ကိုယ့်ခန္ဓာကိုကျေးဇူးတင်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။မဟုတ်လို့ အရင်နှစ်ကလို တတိယလှိုင်းမှာအဆုပ်မကောင်း အသက်ငင်နေရတာဆို တိုင်ပတ်နေမှာ။ အခုချိန် ကိုယ်ချစ်ရတဲ့သူတွေအသက်ရှင်နေသေးတာလဲ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် ကိုယ့်အနေနဲ့ ကိုယ်လက်အင်္ဂါအစုံနဲ့ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်နေသေးတာကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန်လကုန် ဝန်ထမ်းတွေကိုလစာပေးနိုင်နေသေးတာ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် မနက်နိုးထ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရနေတာကျေးဇူးတင်စရာဖြစ်ကောင်းဖြစ်လိမ့်မယ်။ အရာရာနောက်ကျ ကမ္ဘာ့ဘိတ်ချေးနိုင်ငံမှာ ကျေးဇူးတင်စရာတွေများများစားစားမရှိပေမယ့်တချို့အသေးအမွှားတွေအတွက်gratitude စိတ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ် Read More »

ကျေးဇူးအများကြီးတင်ပါတယ်။

ဒီနေ့ အသက် ၃၀ ပြည့်တယ်။ မှန်တာတွေ၊ မှားတာတွေ အများကြီးလုပ်ခဲ့တယ်။ မှားတာတွေကပိုများမယ်ထင်ပါတယ်။ ဘဝဆိုတာ project ကြီးကြီးတစ်ခုလို့ ကျွန်တော်ခံယူထားပါတယ်။ သူ့မှာ အဆုံးသတ်ကာလရှိပါမယ်။ mini-project တွေဖြစ်တဲ့ စမ်းသပ်မှုအသစ်တွေ၊ သင်ယူမှုအသစ်တွေလုပ်ဖြစ်ခဲ့သလို ဆက်လုပ်နေပါအုံးမယ်။ ကိုယ့်ကိုပညာတတ်အောင်သင်ပေးခဲ့တဲ့ အမေ၊ မတူတဲ့အလုပ်တွေအများကြီးလုပ်ချင်တဲ့ကျွန်တော်လုပ်တဲ့ လုပ်ငန်းတိုင်းကို အားပေးတဲ့ မိတ်ဆွေတွေ၊ ကိုယ့်ကိုယုံကြည်ပေးတဲ့မိတ်ဆွေတွေ၊ စိတ်မြန်ဆုံးဖြတ်ချက်မြန်တဲ့ ကျွန်တော့ကို နားလည်ပေးတဲ့ ဝန်ထမ်းတွေ၊ အတူတကွလုပ်ကိုင်တဲ့ business partner တွေ၊ ကိုယ်ယုံကြည်တာကို တဇွတ်ထိုးလုပ်တတ်တာကို နားလည်ပေးတဲ့သူတွေ၊ Training ခေါင်းစဉ်တောင်မကြည့်ပဲ ကျွန်တော်သင်လို့လာတတ်တယ်ဆိုတဲ့ သင်တန်းသားတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ Phyo Paing @ Derek

ကျေးဇူးအများကြီးတင်ပါတယ်။ Read More »

တက္ကသိုလ်က ဘွဲ့လက်မှတ်ဆိုတာ အောင်မြင်မှုမဟုတ်ပါဘူး။

လက်တွေ့စစ်မြေပြင်မှာ အောင်မြင်ဖို့အတွက် လေ့ကျင့်မှုပြီးဆုံးကြောင်းလက်မှတ်သာဖြစ်တယ်။ ဘယ်မှာ train ခဲ့ train ခဲ့ စစ်မြေပြင်မှာ ဘယ်လောက်စွမ်းတာနဲ့ဘဲတိုင်းတာတယ်။ Phyo Paing @ Derek

တက္ကသိုလ်က ဘွဲ့လက်မှတ်ဆိုတာ အောင်မြင်မှုမဟုတ်ပါဘူး။ Read More »