life

ကိုယ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုယ့်လက်ထဲ ရှိပါတယ်။

ထိန်းချုပ်လို့ ရတာကို ထိန်းချုပ်ပါ။ထိန်းချုပ်လို့ မရတာကို လွှတ်ပါ။ဒါ Stoicism ရဲ့ အနှစ်သာရပါ။ နှစ်ပေါင်း ၂,၀၀၀ ကျော် အရင်ကရောမ ဘုရင် Marcus Aurelius ကနေကျွန် ဖြစ်ခဲ့တဲ့ Epictetus အထိဒီ အတွေးအခေါ်ကို ကျင့်သုံးခဲ့ကြပါတယ်။ ဘုရင်ရော ကျွန်ရော တူညီတဲ့ အရာ တစ်ခု ရှိပါတယ်။ဘဝမှာ ထိန်းချုပ်လို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာ။ ဒီနေ့ မြန်မာပြည်မှာ ဆိုရင် လျှပ်စစ် ဘယ်တော့ လာမလဲ ထိန်းချုပ်လို့ မရဘူး။ဈေးနှုန်း ဘယ်လောက် တက်မလဲ ထိန်းချုပ်လို့ မရဘူး။ ဒါတွေကို စိတ်ညစ်နေရင်ထိန်းချုပ်လို့ မရတဲ့ အရာကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ဒါ အချည်းနှီးပါ။ Epictetus က ပြောခဲ့ပါတယ်။“ကိုယ့်ကို ဒုက္ခပေးတာ ဖြစ်ရပ်တွေ […]

ကိုယ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုယ့်လက်ထဲ ရှိပါတယ်။ Read More »

ဘဝ ဆိုတာ ကံ မဟုတ်ဘူးဘဝ ဆိုတာ စနစ်စနစ်ကို ကိုယ် ပြင်လို့ ရတယ်

ဘဝ ဆိုတာ စနစ် တစ်ခုပဲ ကိုယ့်လုပ်ငန်းမှာ စနစ် လိုသလိုကိုယ့်ဘဝမှာလည်း စနစ် လိုတယ် ဒါပေမဲ့ လူအများစု ဘဝကို စနစ်တကျ မကြည့်ဘူးခံစားချက်နဲ့ သွားတယ်ပြဿနာ တက်မှ ကြည့်တယ်ပြီးတော့ “ဘာလို့ ဒီလို ဖြစ်ရတာလဲ” လို့ မေးတယ် ဘဝ ဆိုတဲ့ စနစ်မှာ အပိုင်း ၈ ပိုင်း ရှိတယ် ၁။ ကျန်းမာရေးကိုယ်ခန္ဓာ မကျန်းမာရင် ကျန်တာ အကုန် ပြိုကျတယ်ဒါ အခြေခံ ၂။ ဆက်ဆံရေးချစ်သူ မိသားစု သူငယ်ချင်းဒီဆက်ဆံရေးတွေ ကောင်းရင် ဘဝ ခံနိုင်ရည် ရှိတယ် ၃။ ငွေကြေးငွေ က အကုန်မဟုတ်ဘူးဒါပေမဲ့ ငွေ မရှိရင် ရွေးချယ်မှု မရှိဘူး ၄။ အလုပ်အကိုင်တစ်နေ့ ၈

ဘဝ ဆိုတာ ကံ မဟုတ်ဘူးဘဝ ဆိုတာ စနစ်စနစ်ကို ကိုယ် ပြင်လို့ ရတယ် Read More »

တော်ဖို့ထက်ပျော်ဖို့ အရေးပိုကြီးလာမယ်။

အနာဂတ် ကလေးငယ်တွေတော်ဖို့ထက် ပျော်ဖို့ပိုအရေးကြီးလာမယ်။ အနာဂတ်မှာ တော်တဲ့သူတွေ အများကြီးရှိလာမယ်။AI က လူတိုင်းကို တော်အောင်လုပ်ပေးလိမ့်မယ်။ ဒါပေမဲ့ ပျော်တဲ့သူ နည်းလာမယ်။ တော်တာနဲ့ ပျော်တာ မတူဘူး။ငွေရှိတာနဲ့ စိတ်ချမ်းသာတာ မတူဘူး။အောင်မြင်တာနဲ့ ပြည့်စုံတာ မတူဘူး။ အနာဂတ်မှာ အရေးအကြီးဆုံး skill ကကိုယ့်စိတ်နဲ့ကိုယ် ပျော်တတ်တဲ့ skill ပဲ။ တစ်ယောက်ထဲ ထိုင်နေလို့ရတယ်။ဖုန်းမကြည့်ဘဲ နေလို့ရတယ်။ဘယ်သူမှ like မနှိပ်ဘဲ စိတ်မဆိုးဘူး။ဘယ်သူ့ကိုမှ prove မလုပ်ဘဲ ကိုယ့်ကိုကိုယ် လက်ခံနိုင်တယ်။ ဒါ skill ပဲ။ဒါ မွေးရာပါ မဟုတ်ဘူး။လေ့ကျင့်ရတယ်။ လူအများစုက ပြင်ပကနေ ပျော်ရွှင်မှုရှာတယ်။လူတွေရဲ့ အသိအမှတ်ပြုမှု။Social media ရဲ့ engagement။ဝယ်လိုက်တဲ့ ပစ္စည်းသစ်။ ဒါတွေက ပျော်ပါတယ်။ဒါပေမဲ့ ခဏပဲ။ တစ်ကယ် ကြာရှည်ခံတဲ့ ပျော်ရွှင်မှုကကိုယ့်အတွင်းထဲက

တော်ဖို့ထက်ပျော်ဖို့ အရေးပိုကြီးလာမယ်။ Read More »

လူတွေကို နာကျင်စေတဲ့အရာတွေ မတူဘူး။ဒါပေမဲ့ structure က တူတယ်။

─── ကိုယ့် identity ကို ဖက်တွယ်ထားတယ်။ကိုယ့် reputation ကို ကိုင်ထားတယ်။Relationship တွေ၊ outcome တွေ၊“ကိုယ်မှန်တယ်” ဆိုတဲ့ ခံစားချက်၊“ကိုယ့်ကို ချစ်ပါ” ဆိုတဲ့ လိုအပ်ချက်။ ဖက်တွယ်မှု ပြင်းလေ —နာကျင်မှု နက်လေ။ ─── ဖြစ်ရပ်က ဖြစ်ပြီးသားပဲ။ဒါပေမဲ့ စိတ်က “ဒီလိုမဖြစ်သင့်ဘူး” လို့ တိုက်နေတယ်။ နာကျင်မှုက သဘာဝပဲ။ခုခံမှုက — အဲဒါကို ရှည်စေတယ်။ ─── “ကိုယ်ရဲ့ အောင်မြင်မှုက ကိုယ်ပဲ။”“ကိုယ့် image က ကိုယ်ပဲ။”“ကိုယ့် relationship က ကိုယ်ပဲ။” အဲဒါတွေ ယိမ်းသွားတဲ့အခါ —ကိုယ်တိုင် ပျက်သွားသလို ခံစားရတယ်။ ─── လူတွေက control လိုချင်တယ်။မသေချာမှုက anxiety ဖြစ်စေတယ်။ ကိုယ့် narrative

လူတွေကို နာကျင်စေတဲ့အရာတွေ မတူဘူး။ဒါပေမဲ့ structure က တူတယ်။ Read More »

ဒါက လောကသဘာဝပဲ။​

စိတ်ညစ်စရာဆိုတာလူဖြစ်နေသမျှရှိနေမှာပဲ။ဒါက လောကသဘာဝပဲ။​ လူတွေက အပြင်မှာထက်စိတ်ကူးထဲမှာ ပိုနာကျင်တတ်ကြတယ်တဲ့။ လူလာဖြစ်တော့လဲ မစဉ်းစားဘဲနဲ့လဲမနေနိုင်ပြန်ဘူး။​ဒီတော့ စဉ်းစားနည်းကောင်းအောင်လုပ်ဖို့လိုလာတယ်။ လူတိုင်းက အမှားလုပ်တတ်တယ်။ကိုယ့်ကိုကိုယ် ခွင့်လွတ်။လူတိုင်းက ကိုယ့်ကိုအထင်ကြီးမှာမဟုတ်ဘူး။စိတ်ထားတတ်အောင်လုပ်။အာရုံတွေထွေပြားဝေဝါးနေရင်ဘဝက ပိုခက်ခဲလိမ့်မယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့အရာ“တစ်ခု” ကိုပဲ အားပြုပြီးစဉ်းစား။​အာရုံပြုနေ့စဉ်လုပ်ဆောင်။​ ကိုယ်ထိန်းချုပ်နိုင်တာတွေကိုအာရုံစိိုက်။​ထိန်းချုပ်လို့မရတာကို လျစ်လျူရှုလိုက်။ Phyo Paing @ Derek

ဒါက လောကသဘာဝပဲ။​ Read More »

လွတ်လပ်ဖို့ လွတ်ချဖို့လိုတယ်။

ကိုယ် လွတ်လပ်ချင်တယ်လို့ ပြောတယ်။ဒါပေမယ့် ဘာကိုမှ လွတ်မချနိုင်ဘူး။ ဒါ လွတ်လပ်ချင်တာ မဟုတ်ဘူး။ဒါ အကုန်လုံး ရချင်နေတာ။ လုပ်ငန်းရှင် ဖြစ်ချင်တယ်။ဒါပေမယ့် လစာကို မစွန့်ရဲဘူး။ ကိုယ်ပိုင် အချိန် ရချင်တယ်။ဒါပေမယ့် control ကို မလွှတ်ရဲဘူး။ ပြောင်းလဲချင်တယ်။ဒါပေမယ့် အရင်အတိုင်းက အဆင်ပြေနေတာကို မချနိုင်ဘူး။ လက်ထဲမှာ တစ်ခုခု ကိုင်ထားရင်လက်က ဘယ်တော့မှ အခြားတစ်ခု ကိုင်လို့ မရဘူး။ လက်ဟောင်းက ကျွမ်းနေပြီ။ အဆင်ပြေနေပြီ။ဒါပေမယ့် ကိုယ် လိုချင်တဲ့ အရာအသစ်ကအဲ့ဒီလက်ကို အသုံးပြုဖို့ စောင့်နေတယ်။ ချမှ ကိုင်လို့ ရမယ်။ သစ်ပင်က ရွက်ဟောင်းတွေ ကြွေမှရွက်အသစ် ထွက်တယ်။ ကြွေတာ ဆုံးရှုံးတာ မဟုတ်ဘူး။ကြွေတာ နေရာဖွင့်ပေးတာ။ ကိုယ့်ဘဝမှာ ဘာကို ဆုပ်ကိုင်ထားလဲ ပြန်ကြည့်ပါ။ ဒါ

လွတ်လပ်ဖို့ လွတ်ချဖို့လိုတယ်။ Read More »

ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။

ဘဝမှာ တချို့လူတွေနဲ့အဆက်အဆံမလုပ်ချင်ဘူး။သိလဲမသိချင်ဘူး။စကားလဲမပြောချင်ဘူး။ခုလဲပတ်သက်ဖို့မရှိသလိုနောက်လဲ ပတ်သက်ဖို့မရှိဘူး။ ဒီလိုလူတွေနဲ့သိရလို့ကောင်းတာလဲဘာမှဖြစ်မှာမဟုတ်သလိုသူ့ဘဝသူတောင် မကျေနပ်တိုင်ပတ်နေတာဖြစ်တဲ့အတွက်ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်တယ်။ ဒီလို လူတွေကို​လှောင်၊လောကကိုပြောင်၊ကိုယ့်ဘဝကို မကျေနပ်၊​လောကကို စိတ်တိုင်းမကျတဲ့သူတွေကိုဘူကောင်လို့ပဲခေါ်မလား။ ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ လူမှုကွန်ယက်မှာတွေ့ရင်ထပ်မတွေ့ချင်တော့တဲ့အတွက်ban လိုက်၊ block လိုက်တယ်။ ဘဝက တော်တော်လေး မိုက်လာတာဘူကောင်တွေကို ဘဝထဲမှာမထားတာပဲ။ Phyo Paing @ Derek

ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ Read More »

အရေးမပါတာကို အရာမပေးနဲ့။

လူတွေ ဘာပြောလဲ — အရေးမပါဘူး။လူတွေ ဘာထင်လဲ — အရေးမပါဘူး။Like ဘယ်နှစ်ခု ရလဲ — အရေးမပါဘူး။ ဒါပေမယ့် ကိုယ် ဒါတွေကို အရာပေးနေတယ်။ ကိုယ့်အချိန်ကို ပေးနေတယ်။ကိုယ့်စွမ်းအင်ကို ပေးနေတယ်။ကိုယ့်စိတ်ကို ပေးနေတယ်။ အရေးမပါတဲ့ အရာကို အရာပေးတိုင်းအရေးပါတဲ့ အရာက လျော့သွားတယ်။ ကိုယ့်ကို မကြိုက်တဲ့ လူကို ပြန်ကြိုက်အောင် လုပ်နေတယ်။ဒါ အရေးပါလား? ကိုယ်နဲ့ မဆိုင်တဲ့ drama ထဲ ဝင်နေတယ်။ဒါ အရေးပါလား? ကိုယ့် ego ကို ကာကွယ်ဖို့ ရက်ပေါင်းများစွာ စိတ်ညစ်နေတယ်။ဒါ အရေးပါလား? ကိုယ့်မှာ ၂၄ နာရီ ရှိတယ်။ဒါ ပြောင်းလို့ မရဘူး။ ဒါပေမယ့် ဒီ ၂၄ နာရီကို ဘာကို ပေးလဲဒါ

အရေးမပါတာကို အရာမပေးနဲ့။ Read More »

လူတိုင်းက ကိုယ့်အားသာချက်နဲ့ကိုယ်။

ငယ်ငယ်က လူတွေကို သိပ်အထင်ကြီးတတ်တယ်။​နောက်ပိုင်း လူတိုင်းကပြောတဲ့အတိုင်း တကယ်လုပ်နိုင်တာမဟုတ်ဘူးဒါကို နားလည်လာတဲ့အခါအမြင်မှန်လာတယ်။​ လူတွေက အပေါ်ယံမှာ ပြထားတာအမှန်တွေမဟုတ်ဘူး။ လူတိုင်းကို မလိုအပ်ပဲအရမ်းမထင်မကြီးနဲ့။အထင်လဲ အရမ်းမသေးလိုက်နဲ့။ Phyo Paing @ Derek

လူတိုင်းက ကိုယ့်အားသာချက်နဲ့ကိုယ်။ Read More »

ဘဝဆိုတာ ခဏပဲ။

တစ်နှစ်၊ နှစ်နှစ်အတွက်အလုပ်လုပ်နေတာမဟုတ်ဘူး။နှစ်ပေါင်း သုံး၊ လေး၊ ငါးဆယ်အတွက်အလုပ်လုပ်နေတာ။ တစ်နေ့နေ့ တစ်ချိန်ချိန်ပြန်တွေ့တဲ့အခါလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့။ ဒါကြောင့် စိတ်ရှည်တယ်။အလုပ်ကို မြန်မြန်အကောင်အထည်ဖော်တယ်။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေဘူး။ဘဝကို ပြောင်မနေဘူး။လူတွေကို လောင်မနေဘူး။ဘေးထိုင်ဘုမပြောဘူး။ရည်မှန်းချက်တွေလျော့ပြီးရောင့်ရဲမနေဘူး။ဖြစ်ချင်တာ ဖြစ်လာဖို့နည်းလမ်းတွေရှာလိုက်၊​မှားလိုက်၊ သင်ခန်းစာယူလိုက်၊လဲကျလိုက်၊ ပြန်ထလိုက်ရှေ့ဆက်နေတယ်။ ဘဝဆိုတာ ခဏပဲ။ဒီခဏက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပဲ။ Read More »