life

ဘယ်နေရာမှာနေနေ တူညီတာတစ်ခုက

ပိုက်ဆံမရှိရင် ခက်ခဲမှာပဲ။ဒါကြောင့် ငွေကြေးစနစ်ရဲ့ ပိုက်ဆံဆိုတဲ့ တိုကင်ကိုရှာတတ်၊ ပွါးတတ်၊ ထိန်းတတ်ဖို့လိုတာ။ကျောင်းမှာအများစုကအလုပ်ခွင်ဝင်ဖို့ပညာပေးသင်ပေးလိုက်တယ်။ဘဝတိုးတက်ရေးပညာ ပါတော့ပါတယ်။အများကြီးမပါဘူး။ Phyo Paing @ Derek

ဘယ်နေရာမှာနေနေ တူညီတာတစ်ခုက Read More »

ဘဝကို ကျော်ဖြတ်လို့ရတယ်။

စောင့်ရတာများပြီးနေရတာများတာ ဘဝပဲ။ ကျောင်းပြီးဖို့စောင့်ရတယ်။ဘွဲ့ရဖို့စောင့်ရတယ်။အလုပ်ရဖို့ စောင့်ရတယ်။ရုံးပိတ်ရက်စောင့်ရတယ်။ကလေးတွေ ကျောင်းပြီးဖို့စောင့်ရတယ်။ လူအများစုက စောင့်တာများပြီးနေဖို့မေ့သွားတတ်ကြတယ်။ ဘဝမှာ နေဖို့ ပြီးပြည့်စုံတဲ့ခံစားချက်ရှိဖို့၁။ ကျန်းမာကြံ့ခိုင်ရေး (Health and fitness) ၂။ ငွေရေးကြေးရေး လုံလောက်မှု (Money)၃။ အချစ်၊ မိသားစု၊ အပေါင်းအသင်း (Social)၄။ တိုးတက်မှု (Growth) ကားဘီးလေးဘီးလို လိုအပ်တယ်။ ဒါတွေပြည့်စုံနေရင်စောင့်နေလို့ စောင့်နေမှန်းမသိဘဝကို ကျော်ဖြတ်လို့ရတယ်။ Phyo Paing @ Derek

ဘဝကို ကျော်ဖြတ်လို့ရတယ်။ Read More »

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို
သေချာရွေးချယ်ဖို့လိုတယ်။

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို သေချာရွေးချယ်ဖို့လိုတယ်။ အသိ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊အသိုင်းအဝိုင်း၊ မိသားစု၊ ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ interactions တွေက ကိုယ့်အပေါ်တော်တော်လွမ်းမိုးမှုရှိတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို
သေချာရွေးချယ်ဖို့လိုတယ်။
Read More »

စိတ်ရှည်ဖို့လိုတယ်။

ဘဝမှာ ကိုယ်လုပ်ချင်တာတွေလုပ်လွတ်လပ်စွာဖြတ်သန်းနိုင်ဖို့ဆယ်စုနှစ်တစ်ခုကျော်အချိန်ပေးရတတ်တယ်။စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek

စိတ်ရှည်ဖို့လိုတယ်။ Read More »

ဘဝဂိမ်း

လူတိုင်းက ကိုယ်တတ်ထားတဲ့အတတ်ပညာ၊ အသိုင်းအဝိုင်း၊ခေတ်အခြေအနေ၊အနာဂတ်အမြင်၊ဆာလောင်မှုနဲ့ ငွေကြေးပေါ်မူတည်ပြီးကစားရတဲ့ ဘဝဂိမ်းတွေက မတူကြဘူး။ Phyo Paing @ Derek

ဘဝဂိမ်း Read More »

ဘဝမှာ လူဖြစ်ရတာမလွယ်ဘူး။

ဘဝမှာ အသတ်ခံရတော့မည့်နွားတွေ၊ ဝက်တွေ၊ ကြက် တိရစ္ဆာန်တွေဖြစ်ရတာလဲ လွယ်မယ်မထင်ဘူး။ ကံကောင်းတာတစ်ခုကသတ္တဝါတွေထဲမှာ ဥာဏ်အရှိဆုံးသတ္တဝါဖြစ်နေတော့ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးလို့အတိုင်းအတာတစ်ခုထိရှိနေတာပဲ။ ဒါကြောင့် ဘယ်နေရာနေနေ ဒီစွမ်းအားကို သုံးဖို့လိုတယ်။ကံမစွမ်းရင် ဥာဏ်စွမ်းဖို့လိုတယ်။ ဝိရိယစွမ်းဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ လူဖြစ်ရတာမလွယ်ဘူး။ Read More »

ဘဝမှာ အမြဲဖြစ်နေတာ
ပြောင်းလဲခြင်းတွေပဲဖြစ်တယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြားကြားကိုဘဝတဲ့။ ဘဝမှာ အမြဲဖြစ်နေတာ ပြောင်းလဲခြင်းတွေပဲဖြစ်တယ်။ နောက်ဆုံးတော့ အို၊ နာ၊ သေမယ်။ ဒီခရီးစဥ်ကြားမှာ တစ်ဘဝကိုအကျိုးရှိအောင်လုပ်သွားဖို့ “အ” ငါးလုံးတော့လိုတယ်။ အသိပညာ သုံးမျိုး၊အတတ်ပညာ လေးမျိုး၊အင်္ဂလိပ်၊ အိုင်တီ နဲ့ နောက်ဆုံးဒီနေ့ခေတ်အတွက်အရေးအကြီးဆုံး “အ” တစ်လုံးရှိတယ်။ အဖြေကိုလဲ ယူ၊ ကျု့ မှာတင်ထားပေးပါတယ်။ Phyo Paing @ Derek

ဘဝမှာ အမြဲဖြစ်နေတာ
ပြောင်းလဲခြင်းတွေပဲဖြစ်တယ်။
Read More »

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး

အသိ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက်ကမ္ဘာလောကကြီးကထွက်ခွာသွားကြတယ်။ ငယ်သူငယ်ချင်းတွေ၊တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊အသိမိတ်ဆွေတွေ။ ကိုယ်လဲ ဒီလမ်းသွားရမှာပါပဲ။ ဒါကြောင့်လဲ အသက်နဲ့ ခန္ဓာရှိတုန်းဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုပြီးဘဝကို အလှပဆုံးဖန်တီးခဲ့ဖို့နေ့တိုင်း အားထုတ်နေပါတယ်။ နေ့စဥ် တော်ပျော်ပွားပေးရမယ်။တော်ရမယ်။ပျော်ရမယ်။ငွေကြေးဥစ္စာ ပွားရမယ်။ ယူတဲ့လက်တင်မဟုတ် ပေးကမ်းမှုပါရှိမယ်။ Phyo Paing @ Derek

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး
Read More »

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။

အသက်ရှင်တုန်းကိုယ့်ရဲ့ အစွမ်းအစဘယ်လောက်ရှိလဲသေချာ သိသွားချင်တယ်။ ဘဝရဲ့ ပန်းတိုင်ကဒါပဲ။ အစွမ်းအစ ထွက်လာမထွက်လာက“လူတွေ မမှတ်မိလောက်အောင်တိုးတက် မတိုးတက်နဲ့ ကြည့်တယ်။” အင်္ဂလိပ်လို မပြောတတ်ရာကမွတ်နေအောင်။ခန္ဓာကိုယ်ပုံပျက်နေရာကကျန်းမာသန်စွမ်းနေအောင်။ချွတ်ခြုံကျနေရာမှငွေကြေး တိုးတက်နေအောင်။တိုင်ပတ်တဲ့ အချစ်ရေးမှပျော်ရွင်တဲ့ စိတ်အေးချမ်းမှု။ ဒါတွေအားလုံးလုပ်ဖို့ တိုးတက်ရေးအရေးကြီးတယ်။ လူတိုင်းကို အပြောင်းအလဲလုပ်နိုင်ဖို့မလွယ်ဘူး။ ကိုယ့်မိဘ၊ မောင်နှမ၊ သားသမီးတောင်ပြင်ဖို့ သိပ်မလွယ်တာလူတိုင်းပြင်ဖို့ဆိုတာ မလွယ်ဘူး။ဒီတော့ ပြင်ချင်တဲ့သူကိုပဲ ကူညီဖို့ဆုံးဖြတ်တယ်။ တခြားသူတွေက ကိုယ့်ထိန်းချုပ်မှုအောက်မရှိဘူး။ ကိုယ့်ဘဝဘဲ ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။ဒါကိုဘဲ အာရုံစိုက်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။ Read More »

ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။

ပိုက်ဆံများများရှာချင်ရင်မွဲနေတဲ့သူကို ပိုက်ဆံရှာနည်းဆရာတင်လို့မရဘူး။ ခန္ဓာကိုယ်အချိုးအစားကျချင်ရင်ပုံပျက်နေတဲ့သူရဲ့အကြံကို ယူလို့ မရဘူး။ အချစ်ရေးတိုင်ပတ်နေတဲ့သူဆီကအချစ်ရေးအကြံယူလို့အကောင်းဆုံးအကြံရမှာမဟုတ်ဘူး။ ဘဝမှာ ဘယ်အချိန်ဘယ်သူ့ဆီကသတင်းအချက်အလက်အတွေးအခေါ်ရယူရမယ်ဆိုတာ အရေးကြီးတယ်လို့ ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။ Read More »