အပြောင်းအလဲ လုပ်ပေးနိုင်တယ်။
ဆရာတစ်ယောက်ရဲ့ စွမ်းအားကလူတစ်ယောက်ဘဝကိုအပြောင်းအလဲ လုပ်ပေးနိုင်တယ်။ ဘဝရဲ့စာသင်ခြင်း Trauma ကတရုတ်ကျောင်းတွေမှာရတယ်။ဒါကြောင့် သူငယ်ချင်းအားမီတီမေဖြိုးရဲ့ အစ်ကိုနဲ့ကျောင်းအမြဲပြေးတယ်။ကျောင်းဘေးမှာ သူကြက်တိုက်တာကိုကြည့်၊ဖဲထိုင်ရိုက်။ ကိုးတန်းရောက်မှ ဆရာဂျွန်ဆိုတဲ့မြန်မာအန္ဒိယလူမျိုးအင်္ဂလိပ်စာဆရာနဲ့တွေ့တယ်။ဘဝမှာ အကြီးဆုံးအပြောင်းအလဲတစ်ခုဖြစ်တယ်။ဘဝအမြင်တွေ အကုန်ပြောင်းသွားတယ်။ကိုးတန်း၊ ဆယ်တန်းပြီးတော့အင်္ဂလိပ်စာဖတ်တတ်လာတယ်။ နောက် စာအုပ်နဲ့ audiobookနောက် video တိတ်ခွေတွေနဲ့လေ့လာခဲ့တယ်။မမြင်ဖူးတဲ့ဆရာတွေ အများကြီးပဲ။ ဆေးကျောင်းပြီးတော့ ကံကောင်းတာတစ်ခုကApex Business School မှာဆရာကျော်ဇော်လင်းနဲ့တွေ့တယ်။မားကတ်တင်းနဲ့ စီမံခန့်ခွဲမှုကိုလေ့လာခဲ့တယ်။ဘဝ နောက်တစ်ကွေ့ပြန်ပြောင်းတယ်။လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က။ ဘဝမှာ ဆရာတွေအများကြီးရှိတယ်။ဒီ ဆရာ၊ ဆရာမတွေကတကယ့်စိတ်ရင်း၊ ဝါသနာနဲ့စေတနာကို ထိတွေ့တဲ့အခါဘဝတစ်ခုလုံးပြောင်းလဲသွားတတ်တယ်။ ကိုယ့်မှာလဲ တခြားသူတွေကိုပြန်လည်ကူညီပေးဖို့ တာဝန်ရှိတယ်လို့အမြဲနှလုံးသွင်းထားတယ်။ Phyo Paing @ Derek
အပြောင်းအလဲ လုပ်ပေးနိုင်တယ်။ Read More »
