life

ဘဝမှာ ရှုံးသွားရင်တောင်
နိုင်နေမည့်အရာတွေ
ရွေးချယ်ဖို့လိုတယ်။

နိုင်သွားရင်တောင် ရှုံးတဲ့အရာနဲ့ ရှုံးသွားရင်တောင် နိုင်တဲ့အရာ။ ဥပမာ အရက်ပြိုင်သောက်တယ်။ နောက်တစ်ခုက စာပြိုင်တယ်။ ၁။ အရက်သောက်ပြိုင်တာ – အရက်သောက်ပြိုင်ပွဲမှာ နိုင်သွားရင်တောင် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် တကယ်တမ်း ရှုံးနေတာပါပဲ။ ၂။ စာပြိုင်တာ – စာပြိုင်ပွဲမှာ ရှုံးသွားရင်တောင် ကိုယ်က ဗဟုသုတ၊ အသိပညာတွေ တိုးလာတဲ့အတွက် တကယ်တမ်း နိုင်နေတာပါပဲ။ ဘဝမှာ ရှုံးသွားရင်တောင်နိုင်နေမည့်အရာတွေရွေးချယ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ရှုံးသွားရင်တောင်
နိုင်နေမည့်အရာတွေ
ရွေးချယ်ဖို့လိုတယ်။
Read More »

ဘဝက တိုတိုလေးပဲ။
အရေးပါတာကို အရာပေးဖို့လိုတယ်။

လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။အားလုံးသိပြီးတဲ့ ၂၀/၈၀ သီအိုရီဆိုတာရှိတယ်။ အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်းလုပ်တာ၈၀ ရာခိုင်နှုန်းရလဒ်ရစေတယ်။ ကျွန်တော်ဘဝမှာ အသုံးချပုံကိုနည်းနည်းပြောပြပေးမယ်။ ကျွန်တော့် စွမ်းအင်တွေ ၁၀၀ ရာခိုင်နှုန်းရှိရင်၂၀ ရာခိုင်နှုန်းစီကို အလုပ် ငါးခုမှာပေးထားတယ်။ ဥပမာ -လေ့လာ၊ စမ်းသပ်၊ စာရေး၊ စာအုပ်ထုတ်၊ဗီဒီယို ဖန်တီးတာက ၂၀%-စီးပွားရေးအကြံပေးတာက ၂၀%-သင်ကြားမှုအပိုင်းက ၂၀%-နည်းပညာထုတ်ကုန်တွေဖန်တီးတာက ၂၀%-လုပ်ငန်းသစ်တွေစတာ၊ ရင်းနှီးမြုပ်နှံမှုပြုလုပ်ဒါရိုက်တာလုပ် သွားမည့်လမ်းကြောင်းပြတာ ၂၀% ဘဝမှာ ၂၀/၈၀ နည်းကို တစ်ခုတည်းမသုံးဘဲခြင်းတောင်းတစ်ခုထဲမှာ ကြက်ဥအကုန်မထားတော့ဘဲဖြန့်ကျက်မဟာဗျူဟာကို ထားထားတယ်။ ဒါကြောင့် စာရေးဆရာလား၊ဖန်တီးသူလား၊ အကြံပေးလား၊သင်ကြားရေးဆရာလား၊စွန့်ဦးတီထွင်လုပ်ငန်းရှင်လား၊ရင်းနှီးမြုပ်နှံမှုပြုလုပ်သူလား၊ဒီဂျစ်တယ်နိုမက်လားဆရာဖြိုးပိုင်က ဘာလဲ။ ဒီမေးခွန်းမေးတဲ့အခါဟုတ်တယ်။ အချိန်ရဲ့ ၂၀% ကို ပေးပြီးရလဒ်ရဲ့ ၈၀% ကိုပဲယူဖို့မှန်းထားတယ်။ ဒါတွေအားလုံးပေါင်းစပ်မှုရဲ့collective upside က တစ်ခုတည်းကို ၁၀၀% အားထည့်တာထက်ပိုနိုင်မယ်လို့ မြင်တယ်။အထူးသဖြင့် ကျွန်တော်တို့ ရှင်သန်တဲ့ပတ်ဝန်းကျင်မှာပေါ့။

ဘဝက တိုတိုလေးပဲ။
အရေးပါတာကို အရာပေးဖို့လိုတယ်။
Read More »

မာစတာ ကီး

ရုပ်ခန္ဓာကအင်ဂျင်ဆိုစိတ်ကမောင်းနှင်တဲ့ ဒရိုက်ဘာပဲ။ နွေပူ၊ မိုး၊ ဆောင်းကြားမှဘဝဖြတ်သန်းမှု အများစုက“စိတ်အလုပ်” လုပ်နေရတာပဲ။ အတွေးကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။အကြံအစည်ကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။ အလုပ်အကိုင် ကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။ စိတ်အလုပ် လုပ်ရတာဖြစ်တဲ့အတွက်စိတ်ရှုပ်ရမည့်အရာတွေဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်ပါ။ မြန်မြန်ဖြေရှင်းလို့ရရင် ဖြေရှင်း။ဘာကြောင့်လဲဆိုတာ ဘဝဆိုတာ စိတ်အလုပ်။ စိတ်မပျော်ရင် အိပ်မပျော်ဘူး။စိတ်ထောင်းရင် ကိုယ်ကြေတယ်။ ဒါကြောင့် ဓမ္မပဒ မှာ“မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ” လို့ဆိုပြီး “စိတ်ဟာ တရားအားလုံးရဲ့ရှေ့ဦးဆောင်ဖြစ်တယ်၊ စိတ်ဟာ အကောင်းဆုံးဖြစ်တယ်၊ အရာခပ်သိမ်းဟာ စိတ်ကနေ ဖြစ်ပေါ်လာတယ်” လို့ဆိုတယ်။ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့“မနောပုဗ္ဗင်္ဂမာ ဓမ္မာ”၊“စိတ်ဟာ တရားအားလုံးရဲ့ရှေ့ဦးဆောင်ဖြစ်တယ်” ဒါက ဘဝဖြတ်သန်းရေးအတွက်မာစတာ ကီးပဲ။ Phyo Paing @ Derek

မာစတာ ကီး Read More »

ဘဝရဲ့ အနှစ်သာရ

ဘဝရဲ့ အနှစ်သာရဆိုတာကိုယ့်ဘဝ ကိုယ်ဘယ်လောက်ကျေနပ်လဲဆိုတာပဲ။ အာဏာပါဝါ ဘယ်လောက်ရှိရှိဘဝက ဘယ်လောက်ကောင်းကောင်းစိတ်မထားတတ်ရင်ဘဝ အရည်အသွေးမကောင်းနိုင်ဘူး။ မွဲနေလဲ အဆင်မပြေသလို၊မတင့်တိမ်နိုင်ရင်လဲ အဆင်မပြေဘူး။ ဘဝက အလယ်အလတ်လမ်းစဉ်။Yin ယင်း နဲ့ Yang ရန် နှစ်ခုကြား။ Phyo Paing @ Derek

ဘဝရဲ့ အနှစ်သာရ Read More »

ကိုယ့်အချိန်ကို ကိုယ်ပိုင်ဖို့ပဲ။

နေ့စဥ် ဘဝကို လုပ်ချင်တဲ့အလုပ်တွေလုပ်၊ကိုယ့်အတွက် အဆင်အပြေစိတ်ငြိမ်းချမ်းမှုအရှိဆုံးနေရာမှာနေကိုယ့်အချိန်ကို ကိုယ်ပိုင်ဖို့ပဲ။ Phyo Paing @ Derek

ကိုယ့်အချိန်ကို ကိုယ်ပိုင်ဖို့ပဲ။ Read More »

ဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။

ဆေးရုံမှာ အသက်ရှူမဝအသက်ငင်နေရတဲ့လူနာတွေ အများကြီးကိုပြုစုပေးခဲ့ဖူးတယ်။ဒါကြောင့် ကိုယ်အသက်ကိုဝဝလင်လင် ရှူနေနိုင်တိုင်းဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ဘဝမှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ဘဝနေဝင်ချိန်ကို ပင်ပင်ပန်းပန်းစောင့်နေတဲ့ လူနာတွေကိုပြုစုပေးခဲ့ဖူးတယ်။ကျန်းကျန်းမာမာ အသက်ရှင်နေတဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့တန်ဖိုးထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘဝမှာ လမ်းလျှောက်လို့မရတော့တာ၊မျက်စိမမြင်ကွယ်သွားတာဒီလို အဖြစ်အပျက်ပေါင်းများစွာလူနာတွေကိုတွေ့ရှိကြုံကြိုက်ဖူးခဲ့တယ်။ ကိုယ့်ဘဝရဲ့ ရှင်သန်မှုတိုင်းကိုတန်ဖိုးထားဖို့နဲ့ အသုံးဝင် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အသက်ရှင်တိုင်းပညာရေးနဲ့နည်းပညာသုံးပြီးဘဝတွေ ပိုကောင်းအောင်လုပ်ပေးဖို့သံဓိဠာန်ချထားတယ်။ Phyo Paing @ Derek

ဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။
Read More »

ပိုပိုပြီးကောင်းတာတွေရလာတယ်။

ဘဝမှာ လိုချင်ပြီးမရခဲ့တဲ့အရာတွေကြောင့်ပိုပိုပြီးကောင်းတာတွေရလာတယ်။တခါတလေ လောက ကကိုယ်လိုချင်တာထက်ကောင်းတဲ့အရာတွေပေးတတ်တယ်။ Phyo Paing @ Derek

ပိုပိုပြီးကောင်းတာတွေရလာတယ်။ Read More »

မေးခွန်းကောင်းမေးနိုင်ဖို့လိုတယ်။

စာကောင်းပေကောင်းက အတွေးကိုကောင်းစေတယ်။ အတွေးကောင်းရင် စဥ်းစားတာကောင်းတယ်။ စဥ်းစားတာကောင်းရင် ဆုံးဖြတ်တာကောင်းတယ်။ ဆုံးဖြတ်တာကောင်းရင် ရွေးချယ်မှုကောင်းတယ်။ ရွေးချယ်မှုကောင်းရင် ဘဝကောင်းတယ်။ ဒီနေ့ရောက်နေတဲ့ဘဝက ကိုယ့်ရဲ့ရွေးချယ်မှုကြောင့်။ မေးခွန်းကောင်းမေးနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

မေးခွန်းကောင်းမေးနိုင်ဖို့လိုတယ်။ Read More »

ဘဝမှာ အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့ နှလုံးသွင်း။

လောကဓံက မရိုက်ရင်လဲမရိုက်ရိုက်ရင်လဲ ကျောကော့အောင်ခံရတာ။ဒူပေဒါပေခံပြီးအရေးမပါတော့တာတွေကိုချန်ခဲ့နိုင်လို့။ကိုယ်မကြိုက်တာ သူများမလုပ်နဲ့။ဘဝမှာ အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့ နှလုံးသွင်း။ Phyo Paing @ Derek

ဘဝမှာ အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့ နှလုံးသွင်း။
Read More »

ကိုယ့်ဘဝတိုင်ပတ်စေတာ
ဒီ ငါးခုကြောင့်

၁။ အနာဂတ်အမြင်မရှိလို့၂။ အရေးပါတာနဲ့ အရေးမပါတာခွဲမသိလို့၃။ ဇွဲမရှိ အပျင်းကြီး ရည်မှန်းချက်မရှိလို့၄။ အပေါင်းအသင်းကောင်းမရှိလို့၅။ ကံကိုက မကောင်းလို့ =====================အသေးစိတ်ဖတ်ချင်ရင် ဆက်ဖတ်ပါ။ ကိုယ့်ဘဝတိုင်ပတ်စေတဲ့ အကြောင်းရင်း ၅ ခုကို အသေးစိတ် ရှင်းပြပေးပါမယ်။ ဥပမာတွေနဲ့ သုတေသန အချက်အလက်တွေ ထည့်သွင်းဖော်ပြပေးပါ့မယ်။ ၁။ အနာဂတ်အမြင်မရှိလို့ အနာဂတ်အမြင်ဆိုတာ ရေရှည်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို မျှော်တွက်နိုင်စွမ်းဖြစ်ပါတယ်။ အနာဂတ်အမြင်မရှိရင် လက်ငင်းအကျိုးအတွက်ပဲ ဆုံးဖြတ်မိတတ်ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေကို မထည့်သွင်းစဉ်းစားမိတတ်ပါဘူး။ ဥပမာ – အလုပ်တစ်ခုကနေ နုတ်ထွက်ဖို့ စဉ်းစားနေတဲ့သူတစ်ယောက်အနေနဲ့ လက်ရှိအလုပ်မှာ စိတ်ပျက်နေလို့ ချက်ချင်းနုတ်ထွက်ချင်နိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်အမြင်ရှိရင် အလုပ်သစ်ရှာဖွေထားပြီးမှ နုတ်ထွက်တာ ပိုကောင်းမယ်ဆိုတာ သိနိုင်ပါတယ်။ သုတေသနတွေအရ အနာဂတ်အမြင်ရှိသူတွေဟာ ပညာရေး၊ အလုပ်အကိုင်နဲ့ ဘဏ္ဍာရေးမှာ ပိုအောင်မြင်ကြောင်း တွေ့ရှိထားပါတယ်။

ကိုယ့်ဘဝတိုင်ပတ်စေတာ
ဒီ ငါးခုကြောင့်
Read More »