life

လူတိုင်းနဲ့ မတူချင်ဘူး။

ဘဝမှာ မဖြစ်ချင်ဆုံးက တခြားသူနဲ့ ချွတ်စွပ်တူတာ။ အကြံဥာဏ်ကောင်းရဖို့ လေ့လာတာဖြစ်ကောင်းဖြစ်မယ်။ကိုယ့်ဘဝ ကိုယ်ပုံစံအတိုင်းပဲဖြတ်သန်းချင်တယ်။ ဘဝမှာ လူအများစုသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ ကိုယ်နဲ့မတူသလို၊တွေးတဲ့ပုံတွေက ကိုယ်နဲ့တော်တော်လေး အံမဝင်ဂွင်မကျဖြစ်နေတယ်။ လူအများသွားတဲ့လမ်းမရွေးတော့ကြောင်တောင်တောင်ဖြစ်နေတယ်။ ဆယ်စုနှစ် နှစ်ခုကျော်တော့ကိုယ်ပုံစံနဲ့ ကိုယ် ဘဝဖြတ်သန်းလို့ရလာတယ်။ ကျွန်တော်ကတော့ ဘဝကြီးကို စမ်းသပ်တဲ့နေရာနဲ့ လူသားအတွေ့အကြုံ ယူကြနေရာလို့ထင်တယ်။ ရူးရူးမူးမူ ချစ်ဖူးတယ်။ဘဝပျက်မတတ်လဲ ကြေကွဲဖူးတယ်။စိတ်ဓာတ်လဲကျဖူးသလို စမာန်တွေလဲတက်ဖူးတယ်။ အရမျးလဲဝဖူးသလို ပြန်ပြီးလဲ ထိန်းဖူးတယ်။ ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်နဲ့ကိုယ့် playbook အတိုင်းသွားပျော်နေဖို့ အရေးကြီးတယ်။ လူတိုင်းနဲ့ မတူချင်ဘူး။ လူတိုင်းနဲ့ မပြိုင်တော့ဘူး။ ကိုယ်ဖန်တီးထားတဲ့ ကစားကွက်၊ ကိုယ်ကစားနေတဲ့ ဂိမ်းကလူတွေနဲ့ မပြိုင်ဘဲနိုင်လို့ရတယ်လို့ယုံကြည်တယ်။ Phyo Paing @ Derek

လူတိုင်းနဲ့ မတူချင်ဘူး။ Read More »

ဘဝ

ဘဝက ဖြစ်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြေကြားမှာ ချိန်ငြိပြီး သွားနေရတယ်။ ဘာလုပ်ဘာဖြစ်မယ်။ဘယ်သွားဘယ်ရောက်နိုင်တယ်။ ဖြစ်နိုင်စွမ်းက သေချာမှုတစ်ခုကိုပေးတယ်။ ဘာလုပ်ရင် ဘာဖြစ်မယ်သေချာမသိသေးဘူး။ဘယ်သွားရင် ဘယ်ရောက်မယ်လဲ မရေရာသေးဘူး။စမ်းကြည့်ရင် လမ်းရှိတာ သိသွားတဲ့အခါလုပ်နိုင်တဲ့ အသစ်တွေ အများကြီးတွေ့လာမယ်။ ဘဝဆိုတာကို  ဖြစ်နိုင်ခြေကိုလဲလုပ်ရင်ဖြစ်နိုင်စွမ်းကိုလဲ များအောင်လုပ်တဲ့ကစားကွက်နဲ့သွားတာ အန္တရာယ်လဲနည်းသလိုအနာဂတ်အတွက် တိုးတက်နိုင်စွမ်းလဲရှိတယ်။ Phyo Paing @ Derek

ဘဝ Read More »

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။

ဘဝမှာ လိုချင်တာလုပ်မရတိုင်း“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။ ၂၀၀၅ ဒီဇင်ဘာမှာ ဆေးကျောင်းပထမနှစ်စတက်တယ်။ ၂၀၀၇ မှာ ဆေးရုံစသွားရတော့ဆေးကုတဲ့အပိုင်းစိတ်မဝင်စားတာစသိပြီ။ နှစ်လမ်းသွားမဟာဗျူဟာကဆေးကျောင်းမှာ စာမေးပွဲအောင်ဖို့လဲလုပ်တယ်။ကျောင်းပြီးရင် အသက်မွေးဝမ်းကျောင်းစဖို့အနာဂတ်ပြဿနာအဖြေရှာတာကိုလဲစလုပ်တယ်။ သေချာတာတစ်ခုက ဘွဲ့ရပြီးရင်နောက်အသက်မွေးပညာရပ်တစ်ခုကိုထပ်လေ့လာရမယ်။ ဒီနေ့အတွက်လဲ အကျိုးရှိမယ်။အနာဂတ်ပြဿနာကိုလဲ ဖြေရှင်းပေးနိုင်မည့်အရာကိုလိုက်ရှာကြည့်တော့Accelerated Learning Techniques နဲ့ Productivity ပိုင်းဖြစ်တာတွေ့ရတယ်။ ဒါနဲ့ မြန်နှုန်းမြင့်သင်ယူခြင်းဖြစ်တဲ့ မှတ်ဥာဏ်ကောင်းအောင်လုပ်ခြင်း၊ စာဖတ်မြန်အောင်လုပ်ခြင်း၊ ဦးနှောက်ကို မြန်ဆန်အောင်လုပ်ခြင်းနည်းလမ်းတွေ နေ့တိုင်းလေ့ကျင့်ဖြစ်တယ်။နောက် စွမ်းဆောင်ရည်မြင့်ဖို့ စိတ်ပညာပိုင်းတွေ လေ့လာဖြစ်တယ်။ ဒါကြောင့် ကျောင်းပြီးတော့ အသက်မွေးပညာပြောင်းတဲ့အခါအရမ်းလွယ်ကူသွားသလို အချိန်တွေ အများကြီးချုံ့ပေးလိုက်နိုင်တယ်။ ၂၀၁၃ ဂျန်နဝါရီတစ်ရက်မှာ Roche Pharmaceuticals မှာ အလုပ်စဝင်တယ်။ တစ်နေ့ ဝန်ထမ်းလုပ်နေရာက အလုပ်ထွက်ခဲ့သည်ရှိသော်ကိုစဥ်းစားမိတယ်။ အလုပ်ချိန်ပြင်ပမှာ MBA တက်တယ်။ဖုန်းဆော့ဝဲလုပ်ပေးတယ်။ Part-time စာသင်တယ်။ ၂၀၁၄ မတ်လမှာ ဖုန်းဆိုင်စဖွင့်ဖြစ်တယ်။ တစ်နှစ်လောက်အချိန်ပေးကိုယ်မပါပဲ

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။
Read More »

ဘဝမှာ ခပ်ကြီးကြီး
တစ်ခါပဲအောင်မြင်ဖို့လိုတယ်။

ဘဝမှာ ခပ်ကြီးကြီးတစ်ခါပဲအောင်မြင်ဖို့လိုတယ်။ အောင်မြင်တယ်ဆိုတာ ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်းလှိုင်းလုံးနဲ့ချိပ်ဆက်မိတာ။ ဒီ Timing အချိန်ကိုက်ဖြစ်ဖို့လူတိုင်းပြင်ဆင်နေကြတယ်။ ကြိုးစားတိုင်းအောင်မြင်တာတော့မဟုတ်ဘူး။ကြိုးစားမှုနဲ့ အခွင့်အလမ်းအချိန်ကိုက်ဖြစ်တာကလူတွေကို နောက်တစ်ဆင့်တိုးတက်သွားစေတာ။ တချို့က ကံကောင်းပြီး အချိန်ကိုက်ဖြစ်သွားတာရာခိုင်နှုန်းတစ်ခုရှိတယ်။အချိန်တော်တော် များများ အချိန်ကိုက်ဖြစ်ချင်ရင်တွက်ချက်ရတာမျိုးလုပ်ရတယ်လို့ထင်တယ်။ ကြိုးစားတိုင်းမရဘူး။တွက်ချက်ပြီး ကြိုးစားရတယ်လို့ယူဆတယ်။ Phyo Paing @ Derek

ဘဝမှာ ခပ်ကြီးကြီး
တစ်ခါပဲအောင်မြင်ဖို့လိုတယ်။
Read More »

ရုန်းကန်တာ ထုံးစံပါပဲ။

လူတိုင်းက ရုန်းကန်ရမှာပဲ။ဘာအလုပ် လုပ်မယ်။ဘယ်သူတွေနဲ့လုပ်မယ်။ဘာပြဿနာဖြေရှင်းမယ်။ဘယ်မှာနေမယ်။ ရုန်းကန်ရမှာပဲ။ဘဝရဲ့ ကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှု ကြားမှာ ပျော်အောင်၊နေတတ်အောင်နေရမှာပဲ။လောကီ၊ လောကုတ္တရာလွတ်မြောက်ဖို့ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek

ရုန်းကန်တာ ထုံးစံပါပဲ။ Read More »

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။

နေ့စဥ်ရင်ခုန်ဖို့ကောင်းတာ မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်ပဲ။ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးလုပ်ဖို့ခြောက်နှစ်၊ ခုနှစ်နှစ်လောက်သည်းခံစောင့်ဆိုင်းရင်း ကြိုးစားပြင်ဆင်ခဲ့ဖူးတယ်။ဘဝမှာ သည်းမခံနိုင်တဲ့အရာတွေကိုအပြုံးအမပျက် ရင်ဆိုင်ပြီးဖြတ်ကျော်ခဲ့ဖူးတယ်။ ဘဝမှာ လစဥ်အတိုးတွေပေးဖို့အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ တစ်လတစ်လ အရမ်းကျေအောင်ရုန်းကန်ကြိုးစားခဲ့ဖူးတယ်။ ကတိမတည်တဲ့လူတွေကြောင့်လူတွေအကြောင်းနားလည်ခဲ့ဖူးတယ်။ကိုယ်အထောက်အပံ့ပေးသလို ဖြစ်စေချင်သလို ဖြစ်မလာတဲ့အတွက်လူတွေကို စိတ်ကုန်ခဲ့ဖူးတယ်။ သံကြိုးကြီးခြေထောက်မှာတပ်ပြီးရှေ့ကိုပြေးပေမည့် ခရီးမတွင်တဲ့အချစ်ရေးမှာ ဆယ်စုနှစ်ဝက်နီးပါးဖြတ်သန်းခဲ့ဖူးတယ်။ ဘဝကို စိတ်ကုန်လို့ ဖြစ်သလိုနေရင်းနေသလိုဖြစ် ပေါင် ၁၉၀ ကျော် ၂၀၀ နီးပါးနဲ့ဘဝကြီးဖြစ်ခဲ့ဖူးတယ်။ ဘဝရဲ့သင်ခန်းစာတွေကို ကျေညက်လာတဲ့အခါဘာက အဓိက ဘယ်အရာက သာမညလဲ နားလည်လာတယ်။ အမြင်တွေမှန်လာတဲ့အခါအမှန်တွေ မြင်လာတယ်။ ဘဝအတွက်ထားရမည့် အမြင်တွေရှင်းလာတယ်။ကျန်းမာကြံ့ခိုင်ရေး တစ်။အလုပ်၊ စီးပွားနဲ့ ငွေကြေးနှစ်။ အချစ်နဲ့မိသားစု သုံး။ စိတ်ငြိမ်းချမ်းမှု လေး။ အပေါင်းအသင်းရောင်းရင်း ငါး။ ဘဝရဲ့ သင်ခန်းစာတွေလေ့လာရင်း မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်က ရင်ခုန်ဖို့ကောင်းတယ်။ဒီနေ့ဖြစ်နေတဲ့ ကိုယ်အတွက်အတိတ်က အားထုတ်မှုတွေအတွက်ကျေးဇူးတင်မိတယ်။

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။ Read More »

ဘဝမှာ လမ်းနဲ့ ပတ်သက်တဲ့
relationship နှစ်မျိုးရှိတယ်။

ပထမတစ်ခုက“လမ်းဖောက်”တာ။ဒုတိယတစ်ခုက“လမ်းလျှောက်”တာ။ “လမ်းပျောက်”တယ်ဆိုတာ“လမ်းဖောက်”ဖို့လိုလို့။ ဆယ်တန်းကျောင်းပြီးတဲ့အချိန်၊ဘွဲ့ရတဲ့အချိန်၊ အလုပ်ကထွက်လိုက်တဲ့အချိန်၊ကိုယ်တိုင်လုပ်ငန်းစရတဲ့အချိန်၊နိုင်ငံရေး၊ စီးပွါးရေးကမောက်ကမဖြစ်တဲ့အချိန်၊ဒါက လမ်းသစ်ဖောက်ရမည့်အချိန်တွေပဲ။ Phyo Paing @ Derek

ဘဝမှာ လမ်းနဲ့ ပတ်သက်တဲ့
relationship နှစ်မျိုးရှိတယ်။
Read More »

ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။

ဆယ်စုနှစ်တစ်ခုလောက်စိတ်ရှည်ရှည်အချိန်ပေးဖို့လိုနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ လေ့လာရန်လိုတယ်။Year 1 နဲ့ Year 10 ပထမနှစ်နဲ့ နောက်ဆယ်နှစ် တူမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ နေ့ရက်တိုင်းကို Iterative Process တွေလိုစဥ်းစားတယ်။ လတိုင်းကိုလဲ အလားတူပဲ။ ရှေ့ဆက်သွားမည့် မနက်ဖြန်တွေအတွက်နေ့ရက်တိုင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာယူတယ်။ မဖြစ်သေးတဲ့ ပြဿနာတွေကို ကြိုတင်အဖြေရှာကြည့်မိတယ်။ လတိုင်းမှာလဲ အသစ်တွေသင်ယူဖို့လုပ်ကြည့်တယ်။နောက် ၂၀၃၄ မှာ အသက်ရှင်ကြအုံးမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ ပြန်တွေ့ကြမလဲ ရင်ခုန်ဖို့ သိပ်ကောင်းတယ်။ Phyo Paing @ Derek

ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။
Read More »

၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နေ့စဥ် ၂၄ နာရီပဲ သုံးရမှာပဲ။ နေ့စဥ် ၂၄ နာရီသုံးတဲ့အခါကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်စီမံတာက ဘဝကို စီမံတာပဲ။ ဝမ်းသာ၊ ဝမ်းနည်း၊ ပျော်ရွင်၊ ကြေကွဲ၊ရင်ခုန်၊ ရင်တုန်၊ တက်ကြွ၊ စိတ်ဓာတ်ကျ၊ဥာဏ်ကွန့်မြူး၊ ထိုင်းမိုင်းအကုန်လုံးက ဒီ ၂၄ နာရီအတွင်းဖြစ်တာပဲ။ ဒီ ၂၄ နာရီကို အကောင်းဆုံးအသုံးပြုနိုင်ဖို့အချိန်နဲ့ စားဝတ်နေရေး မလဲရအောင်အရင်ဖန်တီးဖို့လိုတယ်။ ဂိမ်းတစ်ခုမှာ မရှုံးအောင်ကစားတာနဲ့ နိုင်အောင် ကစားတာ မတူပါဘူး။ ခံစစ်ဖက်က ကစားတာနဲ့၊ထိုးစစ်ဖက်က ကစားတာမတူပါဘူး။ ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ရတာခံစစ်ဖက်က ကစားတာပါ။ ဘဝတိုးတက်ရေးအတွက် အလုပ်လုပ်တာထိုးစစ်ဖက်က။ ဒါကြောင့် ခံစစ်ဖက်က ကစားနေရတဲ့အချိန်ရသမျှ ငွေကို မသုံးနဲ့။ဒီနေ့အတွက်ပဲ မကြည့်နဲ့။ အနာဂတ် အချိန်တွေ ခြွေတာပေးနိုင်အောင်လုပ်။ အနာဂတ် အချိန်တွေ ပိုထွက်လာအောင်လုပ်။ ဖြစ်နိုင်ရင် ကိုယ်မရှာပဲနဲ့

၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့ Read More »

ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။

ဘယ်နေရာမှာနေမယ်။ဘာအလုပ်လုပ်မယ်။ လုပ်ငန်းကို ဘယ်လိုလည်ပတ်မယ်။နေ့စဥ် ဘယ်လိုအလုပ်တွေလုပ်မယ်။ဘယ်အချိန် ဘယ်ကိုပြောင်းမယ်။ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။ ရွေးချယ်မှုမှန်သလို ကြိုးစားမှုလဲ မှန်သွားရင်ရလဒ်ကောင်းကောင်းရတာပဲ။ Phyo Paing @ Derek

ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။ Read More »