life

ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။

ခေါင်းထဲမှာ ကိုယ်မဖြစ်ချင်တာတွေမေ့လိုက်။ ကိုယ်ဖြစ်ချင်တာတွေ ချရေး။ ကိုယ်အဖြစ်ချင်ဆုံးကိုပဲ နေ့တိုင်းတွေး။ နေ့တိုင်း အဖြေရှာ။ ကိုယ်အဖြစ်ချင်ဆုံးအရာကိုအကောင်အထည်ဖော်ဖို့ နေ့တိုင်းကြံစည်။နေ့တိုင်းလုပ်ဆောင်။ ပိုကောင်းတဲ့နည်းလမ်းရှာ။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ Read More »

ဘဝက ရေတိုဂိမ်းတစ်ခုထက်
ရေရှည်ဂိမ်းတစ်ခုဆို ပိုမှန်လိမ့်မယ်။

ငယ်ငယ်ကဆို ကျောင်းမှာ နယ်မှာ အရမ်းတော်တဲ့ အဆင့် ၁ အမြဲရတဲ့ကလေးကမြို့တက်လာတဲ့အခါအဆင့် ၃၊ ၄၊ ၅ ထဲတောင်မဝင်တော့တဲ့အခါ တဖြည်းဖြည်း သာမန်ဖြစ်သွားတာတစ်ခုသတိထားမိတယ်။ ဒါကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုတိုင်းနယ်မြေရွေးတဲ့အခါ ကိုယ်နဲ့အရမ်းကွာတဲ့နေရာမရောက်ခင်လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ထားဖို့လိုတယ်။နောက်ပြီး အစပိုင်းမှာ ရှုံးနေ၊နောက်ကောက်ကျန်နေလဲ စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံဖို့လိုတယ်။ ဘဝက ရေတိုဂိမ်းတစ်ခုထက်ရေရှည်ဂိမ်းတစ်ခုဆို ပိုမှန်လိမ့်မယ်။ Phyo Paing @ Derek

ဘဝက ရေတိုဂိမ်းတစ်ခုထက်
ရေရှည်ဂိမ်းတစ်ခုဆို ပိုမှန်လိမ့်မယ်။
Read More »

ဘဝမှာ ထိန်းချုပ်လို့မရတာ
အများကြီးရှိတယ်။

ဘဝမှာ ထိန်းချုပ်လို့မရတာအများကြီးရှိတယ်။ ပြည်တွင်း၊ ပြည်ပ အဖြစ်အပျက်တွေ။ ကိုယ်ထိန်းချုပ်လို့ရတာ ဘာတွေး၊ ဘာကြံ၊ ဘာလုပ်အတွေး၊ အကြံ၊ အလုပ်ကိုထိန်းချုပ်လို့ရတယ်။ တစ်ရက် ၂၄ နာရီ၊ ၁၄၄၀ မိနစ်၊ စက္ကန့်ပေါင်း ၈၆၄၀၀။ ဒါကို အသုံးပြု အပြောင်းအလဲလုပ်လို့ရတယ်။ အမြဲယုံကြည်ထားတာတစ်ခုရှိတယ်။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ ဖြစ်သမျှအကြောင်း အကောင်းဆိုပြီးအဖြစ်အပျက်တိုင်းက သဲလွန်စရှာကြည့်။အနာဂတ်အတွက် သွားရမည့်လမ်းညွှန်ချက်တွေ ရှင်းရှင်းကြီးတွေ့လိမ့်မယ်။ဒီအဖြစ်အပျက်တိုင်းက လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲတဲ့ နောက်တစ်ဆင့် ကိုယ်ဖြစ်လာဖို့တွန်းအားတွေပဲ။ ဘဝကို သင်္ချာပုစ္ဆာတစ်ခုလိုစဥ်းစားကြည့်။ပေးထားချက်နဲ့ မေးထားချက်ရှိမယ်။ကိုယ့်အလုပ်က ဘာလဲ?ဥာဏ်ကွန့်မြူးမှု ငါးဆယ်သား၊စူးစမ်းလိုစိတ် ငါးဆယ်သားနဲ့ပေါင်းစပ်ပြီး ဘဝပြဿနာအဖြေရှာဖို့ပဲ။ ဒီနည်းနဲ့ ဘဝကိုဖြတ်သန်းခဲ့တာတချိန်ကျ မှတ်တမ်းမှတ်ရာဖြစ်သွားမှာပဲ။ There’s a lot we can’t control: the economy, politics, the ebb

ဘဝမှာ ထိန်းချုပ်လို့မရတာ
အများကြီးရှိတယ်။
Read More »

ပြန်မရနိုင်တာ အချိန်။

ကိုယ့်ဘဝကြီးကို ဒီလိုပဲနေတော့မှာလား။ကိုယ့်ကိုယ်ကိုယ် အမြဲမေးတဲ့မေးခွန်းတစ်ခုဖြစ်ပြီးအခုအရွယ် ၂၀၊ ၃၀၊ ၄၀ ကျော်အရွယ်ဆိုတာ ဘဝတစ်ခုရဲ့ အကောင်းဆုံးရွှေခေတ်။ သန်တုန်း၊ မြန်တုန်းမှာ ဥာဏ်တုံးပြီး အချိန်မဖြုန်းမိဖို့လိုတယ်။ ပြန်မရနိုင်တာ အချိန်။ Phyo Paing @ Derek

ပြန်မရနိုင်တာ အချိန်။ Read More »

သာမညဘဝက ရုန်းထွက်ဖို့
ဥာဏကို မြင့်ဖို့လိုတယ်။

နေ့တိုင်း ဥာဏကိုမြင့်နေလား။ ဥာဏစွမ်းအားတိုးတက်လာရင်အမြင်တွေ ရှင်းလာမယ်။အတွေးတွေရှင်းလာမယ်။ခံစားချက်တွေရှင်းလာမယ်။ဘာလုပ်ရမလဲ ရှင်းလာမယ်။ဘဝနေထိုင်ရတာ ရှင်းလာမယ်။ ဆုံးဖြတ်ချက်တွေ ချတာမှန်လာမယ်။အလုပ်လုပ်တာ မြန်လာမယ်။လေ့လာနိုင်စွမ်း သန်မာလာမယ်။ ဘဝက ပိုတော်လာမယ်။ဘဝက ပိုပျော်လာမယ်။ဘဝက ဝင်ငွေပိုပွားလာမယ်။ဘဝမှာ လူတွေအတွက် ပိုပေးနိုင်မယ်။ Phyo Paing @ Derek

သာမညဘဝက ရုန်းထွက်ဖို့
ဥာဏကို မြင့်ဖို့လိုတယ်။
Read More »

၂၄ နာရီ တစ်ရက်။

စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် ၂ နာရီ။ဖတ်မှတ်လေ့လာဖို့အတွက် ၂ နာရီ။အလုပ်အတွက် ၈ နာရီ။အိပ်ချိန် ၈ နာရီ။ လုပ်ချင်တာလုပ် ၄ နာရီ။၂၄ နာရီ တစ်ရက်။ ဘဝရဲ့ သုံးပုံတစ်ပုံအိပ်။သုံးပုံတစ်ပုံ အလုပ်။ အလုပ်မှာ ပျော်နေ၊ အဓိပ္ပာယ်ရှိနေမှဘဝက အရသာရှိမှာ။ Phyo Paing @ Derek

၂၄ နာရီ တစ်ရက်။ Read More »

No Brain, No Gain

မွေး၊ နေ၊ သေတဲ့ ဘဝမှာမွေးတာနဲ့ သေတာကို ရွေးချယ်လို့ ရချင်မှရမယ်။ နေတာကိုတော့ ရွေးချယ်လို့ရနိုင်တယ်။ ဘဝကို ဖြတ်သန်းနေထိုင်တဲ့အခါမှီခိုအားကိုး၊ လွတ်လပ်၊ သံဝေဂဘဝကို သုံးပိုင်းခွဲကြည့်တယ်။ မှီခိုတဲ့အဆင့်မှာ စားဖို့၊ နေဖို့၊ကျောင်းတက်ဖို့၊ ပြုစုပျိုးထောင်ဖို့မိဘ ဒါမှမဟုတ် အမျိုးတွေကိုမှီခိုရတယ်။ ဒီကမှတဆင့် လွတ်လပ်တဲ့အဆင့်ရောက်တယ်။လူတွေရဲ့ အစွမ်းအစအလိုက်ဘာအလုပ်လုပ်မယ်၊ဘယ်သူတွေနဲ့တွေ့မယ်၊ဘယ်မှာနေမယ်၊ဘဝကို ဘယ်လိုပုံဖော်မယ် ကွာသွားတယ်။ နောက်တဆင့်က ဘဝမှာစိတ်သွားတိုင်း ကိုယ်သိပ်မပါတော့တဲ့အဆင့်။ငယ်စဥ်ဘဝဖြတ်သန်းခဲ့တာတွေကြည့်ပြီးသံဝေဂ ရတဲ့အချိန်။ ငယ်ဘဝကိုတော့ ရွေးချယ်လို့မရဘူး။ဒါက ဘဝရဲ့ပေးထားချက်။ လွတ်လပ်တဲ့ဘဝကိုတော့ ရွေးချယ်လို့ရတယ်။လူတွေရဲ့ စူပါပါဝါက “ဦးနှောက်”။ ကြံနိုင်စွမ်း၊ ဖန်နိုင်စွမ်း၊ပြဿနာဖြေရှင်းနိုင်စွမ်း၊မှားနေရင် မှားတာသိပြီးပြင်နိုင်စွမ်း။ ကိုယ်လိုချင်တာကို ရအောင်တဆင့်ချင်းယူနိုင်စွမ်း။ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်စွမ်းဒါတွေက အရေးကြီးသွားပြီ။ ကံမရှိဥာဏ်ရှိတိုင်းမွဲဆိုတာမှန်နိုင်သလိုဥာဏ်မရှိ ကံရှိတိုင်းလဲ မွဲနိုင်တယ်။ ဒါကြောင့် No Pain, No Gain ဆိုတာထက်No Brain, No

No Brain, No Gain Read More »

ဘဝတိုက်ပွဲမှာ
ကိုယ့်ဇာတ်ကိုယ်မနိုင်ရင်
nightmare ပဲ။

စံမမီတဲ့ ကံကြမ္မာကိုဥာဏ်မီသလောက်စီမံကြည့်တယ်။ စီမံတိုင်း စံမမီပေမယ့်ဥာဏ်မီရင်တော့ ကံသည်လဲ မာန်ဖီတာလျော့သွားမယ်။ ရှုပ်ပွတဲ့ ဒုက္ခတွေရဲ့အရင်းအမြစ်ကသမုဒယသစ်စာ။ ဆန္ဒတွေနည်း၊မာန်နတွေနည်း၊ဝေဒနာကို ဒေတာနဲ့အဖြေရှာတိုင်းမရေရာတဲ့ မနက်ဖြန်တိုင်းကဘဝမှာ ထပ်ဖြည့်ရမည့်လေဟာနယ်ပဲ။ ကြံတိုင်းမရ၊ဖန်တိုင်းလဲမလှ၊ကံအတိုင်းပဲကွဆိုတဲ့အချိန်တွေရှိမယ်။ ကြံရည်ဖန်ရည်နဲ့ ဥာဏ်ရည်ကြောင့်အလစ်ဖြုတ်လို့ရတဲ့လမ်းတွေနဲ့အလုပ်ဖြစ်သွားတာလဲရှိမယ်။ တခါတခါ ဇ လိုတယ်။တခါတလေ ဇွဲ လိုတယ်။တခါတခါ ဇွတ် လုပ်လိုက်ပြီးမှန်သွားတာတွေရှိမယ်။ ဘဝတိုက်ပွဲမှာ ကိုယ့်ဇာတ်ကိုယ်မနိုင်ရင်nightmare ပဲ။ စံမမီတဲ့ ကံကို စီမံဖို့ နေသလိုဖြစ်တဲ့ဘဝကိုဖြစ်သလိုမနေပဲ မလာသေးတဲ့ မနက်ဖြန်ကိုကြိုတင် စဥ်းစားလာမည့်ပြဿနာ ကြိုရှင်းထားမှတော်ကာကျနိုင်မယ်။ Phyo Paing @ Derek

ဘဝတိုက်ပွဲမှာ
ကိုယ့်ဇာတ်ကိုယ်မနိုင်ရင်
nightmare ပဲ။
Read More »

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။

ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်နေတာမဟုတ်တော့ငြီးနေလဲ ပိုအားလျော့နေမှာပဲ။ ဒုက္ခတွေကြားထဲ ပျော်အောင်ပဲနေလိုက်တာရွေးချယ်မှုတစ်ခုဖြစ်လာတယ်။ အခြေအနေကိုရွေးချယ်လို့ရချင်မှရမယ်။ဘယ်လိုတုန့်ပြန်မလဲတော့ရွေးချယ်လို့ရနိုင်တယ်။ ဒုက္ခကို ကော်ဖီခွက်ထဲထည့်ကော်ဖီခါးခါးအရသာနဲ့နိုးကြားပြီး ရှေ့ဆက်ရမှာပဲ။ Phyo Paing @ Derek

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။
Read More »

ဘဝဆိုတာ တိုတိုလေးပါ။

မနက်ရောက်တိုင်းမေးဖြစ်တယ်။ ဒီနေ့ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ဘာတွေပြီးသွားရင် ဒီနေ့တစ်ရက် အကျိုးရှိရှိ၊အဓိပ္ပာယ်ရှိရှိပြီးသွားတယ်လို့သိနိုင်မလဲ။ လောကမှာ ကိုယ်ထိန်းချုပ်လို့မရတာအများကြီးပဲ။ ကိုယ်ထိန်းချုပ်လို့ရတာ တစ်ရက်တာကို ဘယ်လို ကုန်ဆုံးမလဲ။ ဘာတွေကို အာရုံစိုက်မလဲ။ဘာတွေကို လုပ်ဆောင်မလဲ။ တစ်ရက်တာကုန်ဆုံးသွားတဲ့အခါဒီက ဘာသင်ခန်းစာယူပြီးမနက်ဖြန်ရှေ့ဆက်မလဲ။ ဘဝဆိုတာ တိုတိုလေးပါ။ ကိုယ့်စိတ်နဲ့ ခန္ဓာဆိုတာ နေ့စဥ် တည်ဆောက်နေရတဲ့အိမ်ပါ။ သေချာမတည်ဆောက်တဲ့အခါဖရိုဖရဲဖြစ်နေမယ်။ Phyo Paing @ Derek

ဘဝဆိုတာ တိုတိုလေးပါ။ Read More »