life

ဒီလိုစဉ်းစားရင် အတ္တမကြီးတော့ဘူး။

ဘဝဆိုတာ နှစ် ၈၀ လောက်အငှါးယူထားတဲ့ ဇာတ်ကောင်လို့စဉ်းစားကြည့်ကြည့်။ ပိုင်ထားတာတွေလဲ တချိန်အကုန်ထားခဲ့ရမှာပဲ။အကုန်လုံးက ဆိုင်သာဆိုင်တာဘယ်အရာမှ ထာဝရ တကယ်မပိုင်ဘူး။ဒီလိုစဉ်းစားရင် အတ္တမကြီးတော့ဘူး။ Phyo Paing @ Derek

ဒီလိုစဉ်းစားရင် အတ္တမကြီးတော့ဘူး။ Read More »

ကိုယ့်အတွက်
နောင်တရနိုင်တဲ့အရာတွေက

အသက် ၈၀ ကျော်တဲ့အခါကိုယ့်အတွက် နောင်တရနိုင်တဲ့အရာတွေက ၁။ အချိန်တွေ အလဟသဖြုန်းပြီးကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းမတည်ဆောက်ခဲ့တာ။ ၂။ ကျန်းမာရေးကို လျစ်လျူရှုခဲ့တာ။ ၃။ ငယ်တုန်းရသမျှ ပိုက်ဆံသုံးဖြုန်းခဲ့တာ။ ၄။ အပေါင်းသင်းကောင်းတွေ မရှိတာ။ ၅။ ပညာရပ်တစ်ခု တစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်မလုပ်ခဲ့တာ။ ၆။ အခြေအနေတစ်ခုကြောင့် ကိုယ့်ဘဝကြီး ပိတ်မိပြီးဘေးထိုင်ဘုပြောပြီး ဘဝကိုဖြတ်သန်းနေမိတာ။၇။ သားတစ်ယောက် ကိုယ့်တာဝန်ကိုယ်မကျေခဲ့တာ။ ၈။ ကိုယ်သွားချင်တဲ့နေရာတွေ မသွားခဲ့တာ။ ၉။ ကိုယ့်ဘဝ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကိုမသိပဲကုန်ဆုံးသွားတာ။ ၁၀။ ကိုယ့်တိုင်ရဲ့ အိပ်မက်တွေကိုမေ့ပြီး လူအများလုပ်သလို လိုက်လုပ်တာ။ Phyo Paing @ Derek

ကိုယ့်အတွက်
နောင်တရနိုင်တဲ့အရာတွေက
Read More »

Intuitive power

ဘဝရဲ့ ရုန်းကန်မှု၊အခက်အခဲ၊ ဒုက္ခတိုင်းမှာ အဓိပ္ပာယ်ရှာကြည့်။ သူ့အလိုလို မဖြစ်လာဘူး။ ကိုယ့်ကို မက်ဆေ့တစ်ခုပေးနေတာကြည့်တတ်၊ မြင်တတ်တဲ့အခါရှေ့ဆက်ရမည့်လမ်းတွေရှင်းရှင်းကြီး မြင်လာနိုင်တယ်။ ကိုယ့်ရဲ့ အလိုလိုသိစိတ်စွမ်းအားIntuitive power ကိုလျော့မတွက်ပါနဲ့။ Phyo Paing @ Derek

Intuitive power Read More »

ဘဝမှာ အချိန်တွေရှိတုန်း
ဘာတွေ လုပ်မလဲ။

အများကြီးမစဥ်းစားနဲ့။ လက်ရှိအခြေအနေကိုသာတစ်ရက်တာအတွက်၊တစ်ပတ်အတွက်၊ တစ်လအတွက်အကောင်းဆုံး ဘယ်လို optimize လုပ်လို့ရမလဲသာစဥ်းစားကြည့်။ တကယ်တမ်း ၂၀ နဲ့ ၄၀ ကြားလောက်သာနုပျိုနေတာ။ ၄၀ ကျော်ရင် ဇရာက မျက်နှာမှာစပြပြီ။ ၆၀၊ ၇၀ ကျော်ရင် ကျန်းမာရေးသေချာမလုပ်ဘဝကို ဖြစ်သလိုနေရင်ကျန်းမာရေးကိစ္စဖြစ်လာပြီ။ လူတိုင်းက တသားမတ်ထဲ ဘဝကို ဖြတ်သန်းရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရထားတဲ့အချိန်တွေကသိပ်တန်ဖိုးရှိတယ်။ကိုယ်တကယ်ပိုင်တာ အချိန်ပဲ။ ဒီအချိန်အတွေကို နေ့စဥ်ဘယ်လိုအသုံးချမလဲဆိုတာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပဲ။ တစ်ရက်အတွက်၊ တစ်ပတ်အတွက်၊တစ်လအတွက် အကောင်းဆုံးဖြစ်ဖို့နေ့စဥ် မပျက်မကွက် ဘာတွေလုပ်မလဲ။ ဘဝမှာ အချိန်တွေရှိတုန်းဘာတွေ လုပ်မလဲ။ Phyo Paing @ Derek

ဘဝမှာ အချိန်တွေရှိတုန်း
ဘာတွေ လုပ်မလဲ။
Read More »

အရေးမပါတာတွေကို
အရာမပေးပါနဲ့။

နေ့စဥ် အရေးအကြီးဆုံးက “အာရုံ စီမံခန့်ခွဲမှု”။ ဒီနေ့ခေတ် အလုပ်က ကိုယ်ကာယသုံးရတဲ့အလုပ်တဖြည်းဖြည်း နည်းလာပြီ။ အလုပ်ရဲ့သဘောတရားအဆင့်မြင့်လာလေဦးနှောက်ပိုသုံးလာရလေ။ ဒီလို ဦးနှောက်သုံးတဲ့ အလုပ်လုပ်ဖို့ အာရုံကို ဘယ်နားစိိုက်ရမယ်၊ဘာကို လျစ်လျူရှုရမယ် အရေးကြီးတယ်။ လူကို အာရုံထွေပြားစေမည့်အရာတွေရှောင်ရှားဖို့လိုတယ်။ အာရုံကို အရေးပါတဲ့အရာတွေမှာအာဏာကုန်ထည့်ဖို့လိုတယ်။ အရေးမပါတာတွေကို အရာမပေးပါနဲ့။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးပါနဲ့။
Read More »

ဘဝအပြောင်းအလဲဖြစ်ဖို့
ဒီလေးခုကို ဂရုစိုက်။

လူ၊ နည်းပညာ၊ စျေးကွက်၊ အလုပ်။ လူတိုင်းရဲ့ ဘဝဟာကိုယ့်ကိုယ်အပြောင်းအလဲဖြစ်စေတဲ့ဆရာသမား၊ စီးပွားရေးပါတနာ၊ ဝန်ထမ်းကောင်း၊ အချစ် ဒါမှမဟုတ် သူငယ်ချင်းတွေပြီးနောက်တဆင့်တက်သွားတတ်ကြတယ်။ ဒါမှမဟုတ် နည်းပညာအသုံးချတတ်မှုလျှို့ဝှက်ချက်တွေကြောင့်လဲဘဝအပြောင်းအလဲဖြစ်တယ္။ တတိယအချက်ကတော့ စျေးကွက်အပြောင်းအလဲကြားမှာ သေချာ လက်ဆုပ်လက်ကိုင်ယူနိုင်ရင်လဲဖြစ်တယ်။ ဒီသုံးချက်က အလုပ်မပါရင်အကောင်အထည်ဖော်လို့မလွယ်ဘူး။ Phyo Paing @ Derek

ဘဝအပြောင်းအလဲဖြစ်ဖို့
ဒီလေးခုကို ဂရုစိုက်။
Read More »

ဘဝဆိုတာ ခဏပါ။

လူတစ်ယောက်ကို အရမ်းလဲ မချစ်နဲ့။အရမ်းလဲ မမုန်းနဲ့။အရမ်းလဲ အထင်မကြီးနဲ့။ဘဝကို အေးဆေးဖြတ်သန်းချင်ရင်အပူရှောင်။စိတ်ထားတတ်ဖို့လိုတတ်တယ်။ ဘဝကြီးမှာငွေကြေးရဲ့ချုပ်နှောင်မှု၊စိတ်ဒုက္ခဝေဒနာတွေရဲ့ ချုပ်နှောင်မှု၊ခန္ဓာကိုယ်အကျဉ်းကျခြင်းချုပ်နှောင်မှုကကင်းဝေးဖို့ နီးလမ်းရှာရမှာပဲ။ ဘဝဆိုတာ ခဏပါ။မလိုတာတွေ ပိုမလုပ်မိဖို့ လိုတတ်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပါ။ Read More »

ဘဝရဲ့ ပေးထားချက်တွေနဲ့
ဘဝပုစ္ဆာအဖြေရှာရမှာပဲ။

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူကပေါင်းသင်းဆက်ဆံရေးနဲ့သက်ဆိုင်တာနဲ့အသက်မွေး။ဥာဏ်ကောင်းတဲ့သူက ဥာဏ်ဏနဲ့ အသက်မွေး။ ကာယဗလရှိတဲ့သူကကာယဗလနဲ့ အသက်မွေး။စည်းစနစ်ကောင်းသူက စီမံခန့်ခွဲမှုနဲ့ အသက်မွေး။ အတွက်အချက်ကောင်းသူကအတွက်အချက်နဲ့။ ချိပ်ဆက်တဲ့အပိုင်းကောင်းသူကချိပ်ဆက်ပွဲစား။ လူတိုင်းက ကျွမ်းကျင်ရာလိမ္မာရာပဲ။ ဘဝရဲ့ ပေးထားချက်တွေနဲ့ ဘဝပုစ္ဆာအဖြေရှာရမှာပဲ။ Phyo Paing @ Derek

ဘဝရဲ့ ပေးထားချက်တွေနဲ့
ဘဝပုစ္ဆာအဖြေရှာရမှာပဲ။
Read More »

လူတွေက ချုပ်နှောင်ခံထားရတယ်။

လူတွေက ချုပ်နှောင်ခံထားရတယ်။ ပထမ အလွှာက ငွေ။ဒုတိယ အလွှာက စိတ်။တတိယ အလွှာက ခန္ဓာ။စတုတ္ထအလွှာက နှလုံးသား။ ၁။ ငွေ ငွေမရှိတဲ့ဆင်းရဲဒုက္ခကိုပထမအလွှာကို ချွတ်ဖို့အတတ်ပညာသင်တယ်။အတတ်ပညာရှိတော့အလုပ်ခွင်ဝင်ငွေရှာလို့ရတယ်။​စီးပွားရေးလုပ်ပြီးငွေလာအောင်လုပ်တယ်။ဒီငွေကို စီမံခန့်ခွဲပွားအောင်လုပ်တယ်။ဒါက ပထမအလွှာကို ချွတ်တယ်။​ ငွေပြတ်လပ်နေတဲ့အခါနဲ့ငွေရှိတဲ့ အခါ လမ်းလျှောက်တာခံစားချက်တောင်မတူဘူး။ဒါကြောင့် ပထမအလွှာငွေကြေးချုပ်နှောင်မှုကို ချွတ်ဖို့လိုတယ်။​ ၂။ စိတ် အတိတ်က အရိပ်လို ဒုက္ခပေးတတ်တယ်။အတိတ်ရဲ့ မှတ်ဥာဏ်ကခံစားချက်တွေကို အရှင်လတ်လတ်ပစ္စုပ္ပာန်ကို ခေါ်ဆောင်လာတယ်။ရံဖန်ရံခါ ခံစားချက်တွေ ပြန်တက်တယ်။ဒီစိတ်ရဲ့ အတိတ်ရဲ့ အချုပ်အနှောင်ကိုပြန်ဖြေဖို့လိုတယ်။ခွင့်လွတ်ရမည့်သူ ခွင့်လွတ်။ကြေငြိမ်းစရာရှိ ကြေငြိမ်း။ ၃။ ခန္ဓာ နေ့စဥ် မရပ်မနားလည်ပတ်နေတယ်။အသက်ရှူနေတယ်။​နှလုံးခုန်နေတယ်။သွေးလည်ပတ်နေတယ်။လက်သည်းခြေသည်းဆံပင်တွေရှည်နေတယ်။ဆဲလ်တွေ သေလိုက်၊ အသစ်ဖြစ်လိုက် ဖြစ်နေတယ်။ဒီခန္ဓာကိုယ်ကြီးရဲ့ ဝေဒနာအချုပ်အနှောင်ကိုလွတ်ဖို့အစားအသောက်၊ခန္ဓာကိုယ်လှုပ်ရှားမှု အထူးဂရုပြုပြီးသူ့အချုပ်အနှောင်က လွတ်ဖို့လုပ်ရတယ်။ ၄။ နှလုံးသား လူတွေ ငွေလဲရှိ၊ စိတ်လဲကျန်းမာ၊ကိုယ်ချမ်းသာပြီးရင် ဘာလုပ်ကြသလဲ။အလှူအတန်းလုပ်လေ့ရှိကြတယ်။ကိုယ့်ပတ်တန်းကျင်ကို ပြန်ပေးကြတယ်။ကိုယ့်မှာမရှိတဲ့အရာကို ပေးဖို့ခက်တယ်။ဒီနှလုံးသား အချုပ်အနှောင်ကကိုယ်၊

လူတွေက ချုပ်နှောင်ခံထားရတယ်။ Read More »

ဘဝ

ဘာမှန်းမသိပဲရောက်လာတယ်။ဝဝလင်လင်နေဖို့ အလုပ်လုပ်ရတယ်။ဘောင်ဝင် လူဝင်ဆန့်ဖို့ လူ့ဘောင်မှာနေတတ်ရတယ်။ဘဝင်လေဟပ် အောင်မြင်မှုဆုတံဆိပ်တွေအတွက် ကြိုးစားရပြန်တယ်။ဘာဝနာပွားပြီး သံသရာက ထွက်ရမယ်။ Phyo Paing @ Derek

ဘဝ Read More »