life

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။ ကျွန်တော်တို့အားလုံးစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းသိထားနှလုံးသွင်းထားကြတယ်။ ဒါကတော့ဘဝဆိုတာ ဒုက်ခ။ ဘဝဆိုတာလမ်းပေါ်သွားနေတဲ့ ယာဥ်တစ်စီးဆိုဖောက်ပြန် ပျက်စီးနိုင်တယ်။ဘီးပေါက်နိုင်တယ်။အဲကွန်းပျက်နိုင်တယ်။လမ်းတွေ ပျက်နေတာမျိုးကြုံရနိုင်တယ်။လမ်းမှားသွားမိတာမျိုးကြုံရနိုင်တယ်။ဒါတွေကို ကျွန်တော်တို့အားလုံးဗုဒ္ဓအဆုံးအမကြောင့်ကြိုသိခဲ့ကြတယ်။ ဒုက္ခသစ္စာ ဆိုတာ“ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည်အမှန်တကယ်ရှိသည်။” တဲ့။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့သာဒီနေ့ ဒီလိုအခြေကိုသွေးမပျက် ဖြတ်သန်းနိုင်တာ။ ဒီလို ဒုက္ခကို ဒုက္ခမှန်းသိအမှန်ကို အမှန်၊မှန်ကန်တဲ့အမြင်ထားနိုင်တဲ့အတွက်အဝိဇ္ဇာအဆင့်ကို ကျော်ဖြတ်နိုင်တယ်။ပုထုဇဥ်ဖြစ်နေသေးတာရယ်လောကီရေးရာဖြတ်သန်းမှုကြောင့်ရယ်ကြောင့်ကိလေသာတွေ ငြိတွယ်နေသေးတာကတော့သဘာဝပေမယ့်တဏှာကို တဏှာမှန်းသိအထူးမငြိတွယ်မိတဲ့ခြင်းမှာဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့သမုဒယသစ္စာကြောင့်ဆို မမှားဘူး။ သမုဒယသစ်စာ – သမုဒယ (တဏှာ၊ အဝိဇ်ဇာ)သည် ‘ဒုက္ခ’ကို ဖြစ်စေသောအကြောင်းအရင်း အမှန်ဖြစ်သည်။ သံသရာရန်ရှာတဲ့အခါအဖန်တရာမက ကြိုးစားလဲဒုက္ခပင်လယ်တွေ ဖြစ်တတ်တာအားလုံး မျက်မြင်ကိုယ်တွေ့ပဲ။ကိလေသာမီးငြိမ်းမှဖုယောင်းတိုင်မီးကိုလေမှုတ်ငြိမ်းလိုက်သလိုငြိမ်းသွားမယ်။ဒီသံသရာကို Sayonara ဘိုင်းဘိုင်လုပ်နိုင်မယ်။ ကံကောင်းတာတစ်ခုကဒီလို သံသရာထဲကလွတ်မြောက်ခြင်း၊ချုပ်ငြိမ်းခြင်းကို ဗုဒ္ဓကနိဗ္ဗာန်ဆိုပြီး ကျွန်တော်တို့ကိုလမ်းပြခဲ့တယ်။ဒါကတော့ နိရောဓသစ္စာ။“ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည်အမှန်တကယ်ရှိသည်” တဲ့။ ဒီတော့ သံသရာကို စိတ်ကုန်တဲ့သူတွေအတွက်ဒါက မျှော်လင့်ချက်ရောင်ခြည်ပဲ။တွေ့၊ ဆုံ၊ […]

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။ Read More »

Winning formula

အလုပ်ဖြစ်တာကို ဖိလုပ်။ လူတိုင်းမှာ Winning formula ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ သူများတော့ မသိဘူး။ ကျွန်တော့်ရဲ့ Winning formula ကတော့ ၁။ လေ့ကျင့်၊ လေ့လာ (Practice and Learn) ၂။ စမ်းသပ်၊ လုပ်ဆောင်၊ တွေ့ရှိ (Experiment and Execute) ၃။ ရေးသား၊ အကြံပေး၊ သင်ကြား (Share, Advise and Teach) ဒီသုံးခုကို နေ့တိုင်း၊ ဘယ်နေရာရောက်ရောက်ထပ်ခါထပ်ခါ  repeat လုပ်တယ်။ Phyo Paing @ Derek

Winning formula Read More »

ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ
အဓိပ္ပာယ်တွေရှိတယ်။

အသက်ကို ခပ်ပြင်းပြင်းရှူသွင်း။ပြန်ရှူထုတ်ကြည့်။ နောက် သေချာစဥ်းစားကြည့်။ စဥ်းစားလေ အရှင်းသားသိလေဖြစ်လိမ့်မယ်။ နေ့စဥ် ဖြတ်သန်းမှုတိုင်းမှာ အဓိပ္ပာယ်တစ်ခုရှိတယ်။ ဟုတ်တယ်။ဒီနေ့၊ ဒီလို၊ ဒီအခြေအနေဖြစ်နေတာ အလဟသမဟုတ်နိုင်ဘူး။ သူ့မှာ အဓိပ္ပာယ်တစ်ခုရှိနိုင်တယ်။ဒီ အဓိပ္ပာယ်ကို မြင်တာနဲ့ မမြင်တာ၊ရှင်းတာနဲ့ ဝေဝါးနေတာပဲဖြစ်ရင်ဖြစ်မယ်။ ဘဝရဲ့ ရုန်းကန်မှု၊ ဖြတ်သန်းမှု၊ကျော်ဖြတ်နိုင်မှု၊ တိုးတက်ပြောင်းလဲမှုတိုင်းမှာအဓိပ္ပာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ဘဝရဲ့ ပေးထားချက်ကို အရေးထားမယ်။ပေးထားတဲ့ အဓိပ္ပာယ်တွေကို တူးဆွဖော်ထုတ်မယ်။ နားလည်သလောက် ပေါင်းစပ်မယ်။အဖြေထုတ် လုပ်ဆောင်ကြည့်မယ်ဆိုရင်ကိုယ်မတွေ့သေးတဲ့ ကမ္ဘာကြီးတစ်ခု စောင့်ကြိုနေနိုင်တယ်။ မှန်ပါတယ်။အဖြစ်အပျက်တိုင်းမှာ အဓိပ္ပာယ်တစ်ခုရှိတယ်။လျစ်လျူရှုလို့ရတယ်။သာမန်ကာလျှံကာ ကျော်သွားလို့ရတယ်။ နောက်ပြီး သေချာသတိမူတဲ့အခါဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာဆက်လုပ်လို့ရတဲ့ လမ်းကြောင်း၊ ရွေးချယ်လို့ရတဲ့ လမ်းတွေကို ကွက်ကွက်ကွင်းကွင်းကြီးတွေ့မယ်။ ဒီလိုတွေ့တဲ့အခါ နားလည်လာလိမ့်မယ်။ဘဝမှာ ရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အရာတွေရှိတယ်။ဒီရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အရာတွေကိုရွေးချယ်မှု တခုချင်းပြုလုပ်ရင်းဒီနေ့ဒီအခြေအနေ ရောက်ခဲ့သလို အနာဂတ်ကမ္ဘာအသစ်ကလဲစောင့်ကြိုနေတယ်။ ဘာကြောင့်လဲဆိုတော့ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ အဓိပ္ပာယ်တွေရှိတယ်။သဲလွန်စတွေ ချန်ခဲ့တယ်။ ဒါကို မြင်အောင်ကြည့်။

ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ
အဓိပ္ပာယ်တွေရှိတယ်။
Read More »

ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ

စိတ်နဲ့ ခန္ဓာကို နေ့စဥ်ကြို မ train နေရင် လောကဓံစစ်ပွဲမှာကျရှုံးဖို့များတယ်။ ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ။ကြိုတင်ပြင်ဆင်၊ ကြံဆ၊ လေ့ကျင့်ထားမှအန္တရာယ်နဲ့ နဖူးတွေ့၊ ဒူးတွေ့လာတဲ့အခါပြန်လည်ခုခံရင်ခံ၊ ထွက်ပေါက်ရှိရင်ရှိမှာ။ Phyo Paing @ Derek

ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ Read More »

ဘဝ တိုက်ပွဲအတွက် လက်နက်လိုတယ်။

တချို့က ကံကောင်းပြီးရေခံမြေခံကောင်းတယ်။တချို့က မိသားစု အသိုင်းအဝိုင်းနောက်ခံကောင်းတယ်။တချို့က ဥာဏ်ကောင်းတယ်။တချို့က ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ဒါကို ကျွမ်းကျင်မှု၊ ပိုင်ဆိုင်မှုနဲ့ အဆက်အသွယ် ပြောင်းဖို့လိုလာတယ်။ တချို့တွေက အကုန်ကောင်းတယ်။ တချို့တွေက တစ်ခုမှ မကောင်းဘူး။တခုမှ မကောင်းရင်တောင် အချိန် ပိုင်တယ်။ ဘဝမှာ ဒီ အရင်းအမြစ်တွေကို အားသာချက် လက်နက်ပြောင်းဖို့Project Management လုပ်ဖို့လိုလာပြီ။ ကိုယ့်အနေနဲ့ ကံလဲ မကောင်းဘူး။ပေါင်းသင်ဆက်ဆံရေးလဲ မကောင်းဘူး။ဥာဏ်လေး နည်းနည်းကောင်းရင်ဥာဏ်ကို သုံး။ ကိုယ်က ပေါင်းသင်းဆက်ဆံရေးကောင်းရင်ဒါကို အသုံးပြု။ ဘဝမှာ အရင်းအမြစ်တွေရှိတယ်။ ၁။ အချိန် (ငယ်ရွယ်မှု)၂။ ဥာဏ်၃။ မိသားစု အသိုင်းအဝိုင်းနောက်ခံ၄။ ရေခံ၊ မြေခံ (နိုင်ငံ) ၅။ အပေါင်းအသင်း ၆။ အားသာချက် ဒီအရင်းအမြစ်တွေကို လက်နက် တွေ အနေနဲ့ ပြောင်းဖို့လိုလာတယ်။

ဘဝ တိုက်ပွဲအတွက် လက်နက်လိုတယ်။ Read More »

ဘဝမှာ

ဘဝမှာ မလုပ်ချင်တာ လုပ်ရတဲ့အချိန်ရှိတယ်။ ဘဝမှာ မလုပ်ချင်တာ တစ်ဝက်၊လုပ်ချင်တာ တစ်ဝက်လုပ်ရတဲ့အချိန်ရှိတယ်။ ဘဝမှာ လုပ်ချင်တာပဲ လုပ်ရတဲ့အချိန်ရှိတယ်။ ဘဝမှာ လုပ်ချင်တာလုပ်ရင်း ငြီးငွေ့လာတဲ့အချိန်ရှိတယ်။ ဘဝမှာ အရေးမပါတာတွေကို မရာမပေးမိတော့တဲ့အချိန်ရှိလာမယ်။ ဘဝမှာ သံဝေဂတရား လက်ကိုင်ထားပြီးဘဝရဲ့ အဓိပ္ပာယ် စစ်စစ်ကိုသိတဲ့အချိန် ရှိလာမယ်။ Phyo Paing @ Derek

ဘဝမှာ Read More »

လိုချင်တာ ဖြစ်မလာခင်ရုန်းကန်တာ ထုံးစံပါပဲ

ပျော်နေတာပဲ မြင်တယ်။ရုန်းကန်ခဲ့ရတဲ့အချိန်တွေလူတွေ မမြင်ဘူး။ဘယ်မြင်မလဲအများစုရုန်းကန်တဲ့အချိန်လူမှုကွန်ယက်တင်ဖို့အားမှ မအားခဲ့ကြတာ။လိုချင်တာ ဖြစ်မလာခင်ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek

လိုချင်တာ ဖြစ်မလာခင်ရုန်းကန်တာ ထုံးစံပါပဲ Read More »

အပြစ်တင်ဖို့ထက် အဖြေရှာ။

အမြင်မတူရင် အမြင့်မတူဘူး။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့။အပြစ်တင်ဖို့ထက် အဖြေရှာ။ဝေဒနာကို ဒေတာနဲ့ ပြန်စစ်။ Phyo Paing @ Derek

အပြစ်တင်ဖို့ထက် အဖြေရှာ။ Read More »

သဟဇာတဖြစ်ဖို့လိုတယ်။

ရည်မှန်းချက်ပန်းတိုင်ရောက်မှပျော်နေမည့်အစားပန်းတိုင်သွားရင်းပျော်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကျန်းမာရေး၊ဝမ်းစာရေးနဲ့ ဝမ်းသာရေး သဟဇာတဖြစ်ဖို့လိုတယ်။ ဒီအဆင့်ရောက်ဖို့ အဆင့်လေးဆင့် ၁။ရွာပြင်ထွက်၂။ ပြန်မွေးဖွားဖို့သန္ဓေတည်(ပျော်ရာမှာ မနေရသေးခင်တော်ရာမှာနေ။)၃။ ပြန်လည်မွေးဖွား ပြီးပန်းတိုင်သွားရင်းပျော်၄။ အိပ်မက်တွေ တစ်ခုပြီးတစ်ခုအကောင်အထည်ဖော်။ Phyo Paing @ Derek

သဟဇာတဖြစ်ဖို့လိုတယ်။ Read More »

ဖြစ်သလို မနေပါနဲ့။

ကိုယ်မချစ်တဲ့အလုပ်ကို ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။ အဆင်မပြေတဲ့ အချစ်ရေး relationship မှာဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။ ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။ ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီးကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။ ပျော်ရာမှာ မနေရ တော်ရမှာနေနေရတဲ့အချိန်။ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။ ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။ ဒီကမှတဆင့်ကိုယ်လုပ်တဲ့အလုပ်မှာ ၁။ ပျော်နေတယ်။၂။ တော်နေတယ်။၃။ ပွားနေတယ်။ (ငွေကြေး)၄။ ပေးနေတယ်။ (လူတွေအကျိုးရှိအောင် ပေးနေတယ်။) ဒီအဆင့်ရောက်လာမယ်။ ဒီကမှ တဆင့် အိပ်မက်တွေကိုအကောင်အထည်ဖော်ကြမယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေတာ အချိန်တစ်ခုထိပဲကောင်းပါတယ်။ ဒါကြောင့် နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေပါနဲ့။ Phyo Paing @ Derek

ဖြစ်သလို မနေပါနဲ့။ Read More »