life

ဘဝ

လိုချင်တိုင်း အကုန်ဖြစ်နေရင်ဘဝ လို့ ဘယ်ခေါ်မလဲ။ လိုချင်တာရအောင်ယူနိုင်တာပါဝါ။ ကိုယ့်အတွက် မဟုတ်တာကို မလိုချင်တာကတော့ ဥာဏ်ပညာဖြစ်သွားတယ်။ Phyo Paing @ Derek

ဘဝ Read More »

ဗုဒ္ဓက သင်ကြားပေးလိုက်တဲ့
ဘဝနေထိုင်မှု ၇ ခု

၁။ မှန်ကန်တဲ့ အမြင်ဘဝမှာ ကျွန်တော်တို့ထင်တဲ့ သုခတွေရှိသလိုဒုက္ခတွေလဲ ရှိမယ်။လောကဓံရှစ်ပါးရှိတယ်။ ဒီတော့ အမြဲတမ်းကောင်းတာတွေဖြစ်မှာမဟုတ်သလို၊အမြဲ ဆိုးတာတွေလဲ မဖြစ်ဘူး။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းရှိနေမယ်။အရာရာ မတည်မြဲဘူး။အနိစ္စ။ ဒီတော့ မှန်ကန်တဲ့ မျှော်မှန်းချက်ထားလို့ရတယ်။ ၂။ မရှာပဲ တွေ့နိုင်တယ်။ပျော်ရွင်မှုဆိုတာ လိုက်ရှာစရာမလိုဘူး။အသက်ရှူနဲ့ နှာသီးဖျားကို အာရုံပြန်လာခဲ့။ဘားမှ လုပ်စရာမလိုဘူး။ငြိမ်းချမ်းမှုရှိတယ်။ကိုယ့်ရဲ့အတွေးတွေက ကောင်းတဲ့ခံစားချက်ဖြစ်စေသလို၊ဆိုးတဲ့ ခံစားချက်လဲဖြစ်စေတယ်။ဒါတွေရဲ့ ပကတိနေရာကတော့နှာသီးဖျားပဲ။ ၃။ သီလ၊ သမာဓိ၊ ပညာ။ကောင်းမွန်တဲ့ စေတသိက်တွေပွားများ။ အလိုမပြည့်တဲ့ လောဘ၊ မခံချင်စိတ်ကြောင့်ဖြစ်တဲ့ ဒေါသ၊ တွေဝေမိုက်မဲစေတဲ့ မောဟ ဒီသုံးခုကို စီမံခန့်ခွဲဖို့သတိ၊ သမာဓိ၊ ပညာလိုတယ်။ သတိ၊ သမာဓိ၊ ပညာဖြစ်ဖို့အနှောက်အယှက်ဖြစ်စေတဲ့အတွေးအခေါ်နဲ့ မူးယစ်မှုတွေရှောင်ဖို့လိုတယ်။ နေ့စဥ် journaling လေးတာ သတိတိုးဖို့၊စာဖတ်၊ တရားထိုင်တာ သမာဓိတိုးဖို့၊ နေ့စဥ် လေ့လာ၊ စမ်းသပ်လုပ်ဆောင်တာ ပညာတိုးဖို့။

ဗုဒ္ဓက သင်ကြားပေးလိုက်တဲ့
ဘဝနေထိုင်မှု ၇ ခု
Read More »

ဘဝ

ဘဝမှာ ဖြစ်ခဲ့တဲ့ အဆိုးဆုံးတိုင်းကဘဝမှာ ဖြစ်ခဲ့တဲ့ အကောင်းဆုံးပဲ။အဲ့အဆိုးဆုံးတွေကို ဖန်တီးမှုရှိရှိအသုံးမချခဲ့ရင်ဘဝရဲ့ အကောင်းဆုံးတွေရမှာမဟုတ်ဘူး။အဆိုးကို အကောင်းပြောင်းဖို့အတားအဆီးက အကြောက်တရားပဲ။ Phyo Paing @ Derek

ဘဝ Read More »

ဘဝမှာ

ဘဝမှာ နေ့စဥ်ပြဿနာတွေမဖြေရှင်းနိုင်ရင် နေ့စဥ်ဘဝမှာတိုင်ပတ်မှာ။ လုပ်ငန်းတွင်းပြဿနာတွေ မဖြေရှင်းနိုင်ရင်လုပ်ငန်းတွင်းမှာ တိုင်ပတ်မယ်။ပိုက်ဆံပြဿနာ မဖြေရှင်းနိုင်ရင်ငွေကြေးရေးရာ တိုင်ပတ်မယ်။ အချစ်ရေးမှာ မဖြေရှင်းနိုင်ရင်အချစ်ရေးမှာ တိုင်ပတ်မယ်။ လုပ်ငန်းအတွက် မဖြေရှင်းနိုင်ရင်လုပ်ငန်းအတွက် တိုင်ပတ်မယ်။ နောက်ပိုင်း ပြဿနာတွေကြုံတိုင်း၁။ ဖြေရှင်းဖို့လိုလား၂။ ဖြေရှင်းဖို့ မလိုဘူးလား အရင်စဥ်းစားတယ်။ ဖြေရှင်းဖို့လိုရင် ရင်ခုန်စွာဖြေရှင်းတယ်။ ဖြေရှင်းဖို့ မလိုရင် လျစ်လျူရှုလိုက်တယ်။ Phyo Paing @ Derek

ဘဝမှာ Read More »

တစ်ရက်တာစဖို့

တစ်ရက်တာစဖို့ ထလာတိုင်းဘဝက ရင်ခုန်စရာပဲ။ဘဝမှာ ရည်မှန်းထားတဲ့ အရာတွေ အကောင်အထည်ဖော်ဖို့နေ့သစ်တစ်နေ့ စတင်တာပဲ။ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေကို ဥာဏ်နဲ့ ဝိရိယပေါင်းစပ်ပြီးကံကို ဖန်တီးနိုင်ရင်အကုန်ဖြစ်နိုင်တယ်လို့ အကြွင်းမဲ့ ယုံကြည်ထားတယ်။ Phyo Paing @ Derek

တစ်ရက်တာစဖို့ Read More »

အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့
ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။

ကိုယ်နဲ့ထဲထဲဝင်ဝင်ပေါင်းတဲ့လူတွေရဲ့ အကျင့်အကူးမြန်တယ်။ ဦးနှောက်မှာ မှန်နဲ့တူနဲ့ဆဲလ်mirror neuron ရှိတယ်။ ဒါကြောင့် အမူအကျင့်တွေအတူနေတာ ကြာရင် ကူးတယ်။ ကိုယ်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအပျင်းထူပြနေပြီးကိုယ့်ဝန်ထမ်းတွေ တက်ကြွစေချင်လို့မရဘူး။ အပေါင်းအသင်း ယောင်းရင်းကို ဂရုစိုက်ရသလို၊ လုပ်ငန်းတွင်းယဥ်ကျေးမှုculture တည်ဆောက်တဲ့အခါလဲလူသေချာရွေးဖို့လိုတယ်။ အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့
ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။
Read More »

ဘဝရဲ့ ပြဿနာတွေဆိုတာ

လူတိုင်းက ကိုယ်နဲ့ တန်ရာတန်ရာ ဘဝကိုရတာပဲ။ ကိုယ့်အတွေးနဲ့ တန်တဲ့ဘဝ။ ကိုယ့် အကြံအစီနဲ့တန်တဲ့ ဘဝ။ ကိုယ့်အလုပ်နဲ့ တန်တဲ့ဘဝ။ သေချာတာ တစ်ခုကတော့အပြစ်တင်ခြင်းကိုပဲ ထိုင်လုပ်နေသမျှအဖြေရှာခြင်းဆိုတာနဲ့ ဝေးသွားနိုင်တယ်။ ဘဝရဲ့ ပြဿနာတွေဆိုတာ ထိုင် အဖြေရှာဖို့။ Phyo Paing @ Derek

ဘဝရဲ့ ပြဿနာတွေဆိုတာ Read More »

အောင်မြင်မှု

ဘဝမှာ တိုးတက်ပျော်ရွင်နေတာအောင်မြင်တာပဲ။ တိုးတက်ပျော်ရွင်ဖို့ ဆူညံသံ noise တွေကို ရှောင်ရတယ်။ အတင်းအဖျင်းတွေ၊ ကိုယ့်ဘဝအတွက် အရေးမပါတဲ့အထင်အမြင်တွေ၊ ကိုယ့်အတွက် မမှန်တဲ့ ပုံပြင်တွေ၊ အဲ့လို အရေးမပါတာတွေကို အရာမပေးဖို့လိုတယ်။ ကိုယ့်နှလုံးသားအသံ၊အားသာချက်၊ လုပ်ချင်တာတွေကိုကြားလာမယ်။ ဒီ Voice က ဆူညံသံ Noise တွေအထက်ရောက်ဖို့လိုတယ်။ ရေဒီယို ချိန်သလိုပဲဆူညံသံတွေရဲ့ လှိုင်းကိုဖမ်းနေရင်ကိုယ်လိုချင်တဲ့ လှိုင်းကို ရမှာမဟုတ်ဘူး။ လူတွေဖမ်းယူနေတဲ့ ဖရီကွန်စီ frequencyလှိုင်းတွေ မတူကြဘူး။ Low-level frequency တွေနဲ့ ရုန်းမထွက်နိုင်ဘဝကို ကျော်လွှားမှကိုယ့်ရဲ့ Voice က Noise အထက်ရောက်မယ်။ Phyo Paing @ Derek

အောင်မြင်မှု Read More »

သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ?

ရည်ရွယ်ချက်ရှိရှိလုပ်တာနဲ့ရည်ရွယ်ချက် မရှိပဲ လုပ်တာကွာတယ်။ မသုံးရင် ရှုံးတာပဲ။ ဒီလို thought experiment လေး လုပ်ကြည့်။ လူ့ဘဝသာ ဂိမ်းတစ်ခုဆိုရင်ဒီနေ့ခေတ်မှာ ၇၁ နှစ်လောက်နေရလိမ့်မယ်။ရက်ပေါင်း ၂၆၀၀၀ လောက်ရမယ်။ ဒီရက်ပေါင်း ၂၆၀၀၀ မှာ ပညာသင်ရတဲ့ အချိန်၊အလုပ်ရှာရတဲ့အချိန်၊စီးပွားရှာရတဲ့အချိန်၊မိသားစုတည်ဆောက်ရေးအချိန်၊လူ့ဘောင်အတွက် ပေးရတဲ့အချိန်၊ဝါသနာပျော်စရာအတွက် ပေးရတဲ့အချိန်ဘဝက မျိုးစုံမယ်။. ဒီပေးထားတဲ့ ဂိမ်းမှာသရုပ်ဆောင်ရတဲ့ ဇာတ်ခုံကမတူကြဘူး။မွေးတဲ့နိုင်ငံ၊ ဖြစ်တဲ့လူမျိုး၊ဆက်ခံရတဲ့ မျိုးရိုး၊ ပါလာတဲ့ ပါရမီ၊ဖြတ်သန်းလာတဲ့ ဘဝသမိုင်းကြောင်း။ ဘဝမှာ ဆယ်ကျော်သက်အရွယ်ထိကကိုယ်ကဘဝကို ရွေးတာမဟုတ်ပဲဘဝကို ကိုယ့်ကိုရွေးတယ်။ဆယ်ကျော်သက်ကျော်တဲ့အခါကိုယ်က ဘဝကို ပြန်ရွေးတယ်။ ဒီဂိမ်းကို ထိုင်ငြီးနေလို့ကတော့ခိုပဲ ဖြစ်သွားနိုင်တယ်။ဒီဂိမ်းမှာ ပေးထားချက်ပေါ်မူတည်ပြီးသေချာထိန်းဆော့ရင်တော့ရက်ပေါင်း ၂၆၀၀၀ ကျော်ဆော့ရမှာပဲ။ ဒီဂိမ်းရဲ့အမှတ်တွေက နောက်ဂိမ်းမှာဖြစ်လာမည့်ဇာတ်ကောင်နဲ့ သရုပ်ဆောင်ရမည့်အပိုင်းကိုမဆုံးဖြတ်ဘူးလို့ မပြောနိုင်ဘူး။ ရက်ပေါင်း ၂၆၀၀၀ ကိုကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံမျိုးအဓိပ္ပာယ်ရှိရှိ သုံးမှ မဖြန်းရာကျမယ်။ သုံးတာနဲ့ ဖြုန်းတာ

သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ? Read More »

ပြဿနာတွေနဲ့ ပျော်တတ်ဖို့လိုတယ်။

ဘဝကို အပူအပင်ကင်းကင်းနဲ့ဖြတ်ဖို့ပြဿနာတွေနဲ့ ပျော်တတ်ဖို့လိုတယ်။ ဘဝမှာ မရှာပဲတွေ့မှာ ပြဿနာပဲ။ အမြဲတွေ့မည့် ပြဿနာနဲ့best friend သာဖြစ်နေမယ်ဆို သူနဲ့တွေ့တိုင်း ပျော်နေမှာပဲ။ နေ့တိုင်း လူက အိုနေတာ၊ဖျားနာတာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိမယ်။လိုတိုင်း မရတာ၊ ရတိုင်းလဲ မလိုချင်ပြန်တာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်။ ပြဿနာတွေကို ခံစားချက်တွေရောထည့်လိုက်တဲ့အခါ ဒုက္ခတွေ ဖြစ်လာတယ်။ ပြဿနာကနေ ဒုက္ခမဖြစ်လာဖို့ခံစားချက်တွေကို ခံယူချက်တွေနဲ့ အနိုင်ယူoverwrite လုပ်ဖို့လိုလာတယ်။ ဒီတော့ ပြဿနာတွေနဲ့best friend ဖြစ်အောင်လုပ်ထားခြင်းကပြဿနာကို ဒုက္ခတိုက်ရိုက်ဖြစ်မလာအောင်ရာခိုင်နှုန်းတစ်ခု ကာကွယ်ပေးနိုင်လိမ့်မယ်။ Phyo Paing @ Derek

ပြဿနာတွေနဲ့ ပျော်တတ်ဖို့လိုတယ်။ Read More »