life

လူတွေက အမြင်သာဆုံးဖြစ်တဲ့
ပိန်တာကဝတာ၊ ဝတာကပိန်တာ၊

Muscle တွေထွက်လာတာကိုပိုခက်တယ်ထင်တာ။ဒါက easy ဖြစ်တယ်လို့မြင်တယ်။ပေါင်သုံးလေးငါးဆယ်ကိုသုံးလေးလနဲ့ နည်းစနစ်မှန်မှန်နဲ့“စိတ်” ထိန်းနိုင်ရင်ချလို့ရတယ်။ ခက်တာက skill acquisition ဖြစ်တယ်။တရုတ်လို မပြောတတ်တာကိုသုံးလေးလအတွင်း၊English လိုမဖတ်တတ်တာကို သုံးလေးငါးလအတွင်းဖတ်တတ်ဖို့တော်တော် challenging ဖြစ်တယ်။ ကိုယ့်တုန်းကတော့ English textbook ကိုThe pulley, Brave Boy, Evaporation နဲ့Short story, Fatherless Child ကစလို့Calendar, ကနေ Rainbow ကဗျာထိကျက်လိုက်တယ်။ လူတွေရဲ့ ဒီ mindset နဲ့Skill set ကို သာမာန် သင်ကြားတာကနေအဆ ၁၀၀ ထက်ပို ထိရောက်တဲ့နည်းလမ်းတွေရှိတာ လူတွေမသိတော့ပိုပင်ပန်းကြရတယ်။ ကျွန်တော်တို့ လိုချင်တဲ့ပုံစံDesign လုပ်လို့ရတယ်။Identity by design ဆိုပါတော့။ Phyo Paing @ Derek

လူတွေက အမြင်သာဆုံးဖြစ်တဲ့
ပိန်တာကဝတာ၊ ဝတာကပိန်တာ၊
Read More »

လူတွေရဲ့ ဘဝဆိုတာ

သူတို့ရွေးချယ်မှုအားလုံးရဲ့စုစုပေါင်းပဲလို့ပြောကြတယ်။ ရွေးချယ်မှုပြုလုပ်ဖို့ ဆုံးဖြတ်ရတယ်။ဆုံးဖြတ်ဖို့ decision-making model လိုတယ်အားတီတို့။ ဆုံးဖြတ်ချက်ချတော့မယ်ဆို ကိုယ်လက်ကိုင်ထားတဲ့ framework မရှိရင်သောက်တလွဲတွေ ဖြစ်တတ်တယ်။ ၁။ ရှုံးနေခြေသတ်မှတ်ခြင်းDownside risk ဘယ်လောက်ရှိမလဲ။ Upside potential ဘယ်လောက်ရှိမလဲ။ ဘယ်လောက်ရှုံးပြီး ဘယ်လောက်ထိအမြတ်ရနိုင်လဲဆိုတဲ့ model ပေါ့။ တစ်ခုခု ဆုံးဖြတ်ချက်ချရတော့မယ်ဆိုတိုင်းဘယ်လောက် ဆုံးရှုံးမယ်၊ဘယ်လောက်ထိတော့ အောင်မြင်နိုင်တယ်။ကြိုတင် စိတ်ပိုင်းဖြတ်ထားဖို့လိုတယ်။ ၂။ နောက်ပြန်လမ်းရှိသလား။ ဝယ်ယူမှုတစ်ခုဖြစ်လုပ်တဲ့အခါဖြစ်ဖြစ်မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခု ချမိတဲ့အခါပဲဖြစ်ဖြစ် နောက်ပြန်လမ်းရှိလား။ reversible ရှိသလား စဥ်းစားဖို့လိုတယ်။ ဒီအချက်ကို အသုံးပြုပြီး မားကတ်တင်သမားတွေက ရက်သုံးဆယ်မကြိုက်ရင် ပြန်ပေးလို့ရတာတွေ အသုံးပြုကြတယ်။ ၃။ သတင်းအချက် ဆုံးဖြတ်ချက် မချရင် သတင်းအချက်များနိုင်သမျှ များအောင်စုဆောင်းပြီးရွေးချယ်လို့ရနိုင်တဲ့ options တွေများများ ရှိထားဖို့လိုတယ်။ ရွေးချယ်စရာရှိခြင်းသည် မရှိခြင်းထက်ပိုကောင်းတယ်။ ၄။ အချိန်အလိုက် စဥ်းစားဒီဆုံးဖြတ်ချက်ကို

လူတွေရဲ့ ဘဝဆိုတာ Read More »

ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။

လူတွေက ပြဿနာမရှိအောင်ဆုတောင်းကြတယ်။ ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ ကျောင်းတွေမှာ ဒါမေးဒါကျက်ဒါဖြေနဲ့ ကြီးလာပြိး ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့အတွေးအခေါ် ကျွမ်းကျင်မှုထည့်မပေးလိုက်ဘူး။ ဒါကြောင့်လူအများစုဟာ စိတ်ခံစားမှုပေါ်မူတည်ပြီးဆုံးဖြတ်ကြရင် လမ်းကြောင်းတွေလွဲသွားခဲ့ကြရတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့flexibility လိုတယ်။ကိုယ်လိုချင်တာရဖို့ တစ်ဖက်လူဘာလိုချင်တာလဲဆိုတာ သိရမယ်။အဓိက အရင်းအမြစ်ကဘာလဲroot cause analysis လုပ်ရမယ်။ပြဿနာဖြေရှင်းနိုင်တဲ့option တွေကို ဆွဲထုတ်ပြီးလိုချင်တာရအောင် အားထုတ်ရမှာဒါ သဘာဝပဲ မဟုတ်လား။ ပညာသင်တယ်ဆိုတာ စဥ်းစားတတ်အောင်ပြဿနာတွေ ဖြေရှင်းတတ်အောင်သင်ပေးခြင်းတစ်မျိုးပဲ မဟုတ်လား။ Phyo Paing @ Derek

ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ Read More »

ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ
ဘဝရဲ့ အနိမ့်အမြင့်
အတက်မကျတွေကြားထဲဖြတ်သန်းရင်း

မနက်နိုးလာတိုင်းအသက်ရှင်နေသေးတာ၊အသက်ရှူဝနေသေးတာ၊ကိုယ်ချစ်တဲ့သူတွေကျန်းကျန်းမာမာရှိနေသေးတာကိုယ့်အိမ်မက်တွေအတွက်အကောင်အထည်ဖော်ခွင့်ရှိနေသေးတာကျေးဇူးတင်ရမည့်အရာတွေဖြစ်ကောင်းဖြစ်မယ်။ ကိုယ်သိထားတာတွေမျှဝေပေးရင်းအပြောင်းအလဲတွေဖြစ်တယ်ပြန်ကြားရတာဒါကလဲ ဝမ်းသာစရာတစ်ခုပဲ။ အားလုံး မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ Phyo Paing @ Derek

ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ
ဘဝရဲ့ အနိမ့်အမြင့်
အတက်မကျတွေကြားထဲဖြတ်သန်းရင်း
Read More »

ဘဝဆိုတာ ခရီးသွားတာနဲ့တူတယ်။

မသွားခင် စဉ်းစားရင်းရင်ခုန်နေတာမျိုး။သွားဖို့ ပြင်ဆင်ရင်း ပျော်နေတာမျိုး။ခရီးစဉ်အတွင်းမှာ တွေ့ရသမျှစူးစမ်းလေ့လာနေရတာမျိုး။ပန်းတိုင်ရောက်မှ ပျော်ရတာမဟုတ်ဘူး။ခရီးမသွားခင်၊ သွားနေရင်းလဲ ပျော်လို့ရတာ တချို့လူတွေမေ့နေတတ်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခရီးသွားတာနဲ့တူတယ်။ Read More »

ဦးနှောက်ကို နေ့စဥ်
အစာကျွေးဖို့လိုတယ်။

ကျွေးတဲ့အစာကလဲအဟာရရှိဖို့လိုတယ်။သောက်တလွဲတွေပဲခေါင်းထဲထည့်နေရင်သောက်တလွဲဘဝပဲရမှာ။ Phyo Paing @ Derek

ဦးနှောက်ကို နေ့စဥ်
အစာကျွေးဖို့လိုတယ်။
Read More »

ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ်

အလုပ်လုပ်တာကို အလုပ်လုပ်တယ်လို့ မခံစားရအောင်လုပ်တဲ့နည်းကကိုယ့်ဘဝကို ပြည့်စုံစေတဲ့အလုပ်လုပ်တာပဲ။ ဝါသနာပါတာကိုလုပ်ဆိုတာတော်တော်လေးအပေါ်ယံဆန်နိုင်တယ်။ ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ်ဆိုရင် ပိုပြီး မှန်ကန်နိုင်မယ်။ ကိုယ့်ဦးနှောက်ထဲ နေရာအယူဆုံးအကြောင်းအရာတွေကဘာလဲ။ မတွေးပဲ မနေနိုင်တဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲ။ ဒီအရာနဲ့ဆိုင်တဲ့ အလုပ်ကိုရွေးချယ်လုပ်ဆောင်တာ ဘဝရဲ့ပျော်ရွင်မှုပဲ။ မတွေးပဲ မနေနိုင်တဲ့အလုပ်ကနေဝင်ငွေဖန်တီးဖို့အတွက်တော့နည်လမ်းရှာဖို့လိုတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဒီနေ့ခေတ် လူတိုင်းရထားတဲ့အခွင့်အရေးပဲ။ဒါကတော့ social media ပေါ့။ ကိုယ်မတွေးပဲ မနေနိုင်တဲ့အရာတွေကိုဖော်ပြခြင်းဟာ ကိုယ့်လိုလူတွေကိုဆွဲဆောင်ခြင်းဖြစ်ပြီးဒီကမှတစ်ဆင့် ဝင်ငွေပြောင်းတဲ့အဆင့်သွားလို့ရတယ်။ လူအများစုက ဝင်ငွေကို အရင်စဥ်းစားပြီးမှ ဘယ်အလုပ်လုပ်ရမလဲ စဥ်းစားတယ်။ အဲ့ထက်ကောင်းတဲ့ approach တစ်ခုကကိုယ်မတွေးပဲ မနေနိုင်တဲ့အပေါ်ကိုယ့်အသက်မွေးဝမ်းကြောင်းတည်ဆောက်တာပဲ။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ် Read More »

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။

နယ်ပယ်တိုင်းမှာအောင်မြင်နေတဲ့သူတွေဘာအလုပ်လုပ်လဲ? ကိုယ်မတွေးပဲ မနေနိုင်တဲ့ အလုပ်ကိုလုပ်ကြတာများတယ်။ တွေးဖို့ သီးသန့်အချိန်ပေးနေစရာမလိုဘူး။သိစိတ်၊ မသိစိတ် နှစ်ခုလုံးအလုပ်လုပ်နေတယ်။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။
Read More »

ကိုယ့်ကိုကိုယ် မျက်စိမှိတ်မယုံပါနဲ့။

ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ တွေးတောကြံဆယုံကြည်ချက်တွေကမှားနိုင်ခြေရှိတယ်။ ကိုယ့်ရဲ့ တဒင်္ဂစိတ်ခံစားချက်အတွေးအခေါ်၊ ယုံကြည်ချက်တွေအနာဂတ်အတွက် ယူဆချက်တွေကမှန်ချင်မှ မှန်မှာ။ ဒါတွေကို မျက်စိစုံမှိတ်ယုံကြည်တာထက်ပြန်လည်သုံးသပ်မှု ဖြစ်စဉ်လိုတယ်။ ကိုယ့်ရဲ့ယုံကြည်ချက်၊ အတွေးအခေါ်၊ခံယူချက်ကို နေ့စဉ်သုံးသပ်နေတဲ့အခါဘဝက ဝေဒနာတွေနဲ့ ဖြတ်သန်းစရာမလိုတော့ဘူး။Data တွေက လမ်းပြသွားတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် မျက်စိမှိတ် မယုံလိုက်နဲ့။ ဘာကြောင့်လဲဆိုတော့ကိုယ့်ဘဝရဲ့ အကြီးဆုံးအတားအဆီးက ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မျက်စိမှိတ်မယုံပါနဲ့။ Read More »

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။

အမှန်တော့ တကယ်ပြဿနာအစစ်ကကိုယ် ကိုယ်တိုင်ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာဆိုတဲ့ အိမ်ကလူတွေရဲ့ ဦးနှောက်ပဲ။ အတွေးတွေ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ စဥ်းစားတာ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ကိုယ်လိုချင်တာ ပြတ်ပြတ်သားသားမသိရင် ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ကိုယ့်ကိုကိုယ် မတည်ဆောက်ရင်ပြဿနာက ပြီးတော့မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။
Read More »