life

ပြဿနာတွေရဲ့ အထက်ကိုသွားပါ။

တခါတလေပြဿနာဆိုတာ ရေနဲ့တူတတ်တယ်။လူဖြစ်ပြီးရေနစ်ရင် မွန်းကြပ်တတ်တယ်။ ရေပေါ်မှာ ရေလှိုင်းစီးတတ်ရင်သူ့အထာနဲ့တူ ဘဝက ညင်ညင်သာသာ နဲ့ လိုရာခရီးရောက်တယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့လူအများစုက frequency 12.5 and 30 Hz ကြားရှိတဲ့Beta Brain Wave တွေပဲ အသုံးများကြတယ်။Beta ဆိုတာ သတိပြုမိတဲ့ ယုတ္တိကျကျ စဥ်းစားတဲ့အခါ ဖြစ်တဲ့ ဖြစ်တဲ့ ဦးနှောက်လှိုင်း။ Frequency 8 နဲ့ 12 Hz ကြားရှိတဲ့Alpha Brain Wave ကျတော့တည်ငြိမ်ပြီး တီထွင်ဆန်းသစ်မှုရှိတဲ့Calm, Creative and Capturing information လို့ခေါ်တဲ့ မြန်နှုန်းမြင့် သင်ယူမှုမှာ အသုံးပြုလို့ရတယ်။ လူအများစုက သာမာန် beta brain wave တွေနဲ့သမရိုးကျ ပြဿနာတွေနဲ့ တိုင်ပတ်နေတယ်။ ဆေးလိပ်ဖြတ်လို့ […]

ပြဿနာတွေရဲ့ အထက်ကိုသွားပါ။ Read More »

System is the solution

စနစ်ဆိုတာ အဖြေပဲ။စာဖတ်ရင်လဲ စနစ်လိုတယ်။အစားစားရင်လဲ စနစ်လိုတယ်။​ဘဝရဲ့နေ့စဥ်ဖြတ်သန်းမှုအတွက်လဲစနစ်လိုတယ်။နောက်ဆုံး training ပေးရင်တောင်စနစ်လိုတယ်။မဟုတ်ရင် ကမောက်ကမဖြစ်ချင်သလို ဖြစ်နေမယ်။ ဒီစနစ်က ထိန်းချုပ်မှုတစ်ခုကိုပေးတယ်။စနစ်ဆိုတာ ထပ်ခါထပ်ခါ လုပ်လို့ရတဲ့ဖြစ်စဥ် တစ်ခုဖြစ်တယ်။ အရေးကြီးတကာ့ အရေးအကြီးဆုံးထဲမှာဘဝနေထိုင်မှု စနစ်ဖြစ်တယ်။ဒါကို  System of Living လို့ခေါ်တယ်။ အတော်ဆုံး ကမ္ဘာ့ထိပ်တန်းအားကစားသမားတွေမှာသူများနဲ့မတူတဲ့ လေ့ကျင့်မှုစနစ်၊စားသောက်မှုစနစ်နဲ့ဘဝနေထိုင်မှုစနစ်ရှိတယ်။​ နောက်ဆုံး မားကတ်တင်းလုပ်ရင်တောင်စနစ်လိုတယ်။ ဘဝကို ဖရိုဖရဲ မဖြစ်ဖို့စနစ်လိုတယ်။ Phyo Paing @ Derek

System is the solution Read More »

ဘဝဆို game တစ်ခုပဲ။

ဘဝမှာ ရည်မှန်းချက်ပန်းတိုင်တစ်ခုချမဖြစ်မနေ ဖြစ်အောင်ကစ်မယ်ဆိုပြီးမဟာဗျူဟာချစားလဲဒီစိတ်၊ သွားလဲဒီစိတ်နဲ့မဖြစ်ဖြစ်အောင်လုပ်ပြီးအကောင်အထည်ပေါ်သွားတဲ့ခံစားချက်က ဘာနဲ့မှ မလဲနိုင်ဘူး။ဘဝဆို game တစ်ခုပဲ။ Phyo Paing @ Derek

ဘဝဆို game တစ်ခုပဲ။ Read More »

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။

တချို့တွေ မသိသေးတဲ့သူအပေါ်ဆိုအရမ်းကောင်းတတ်၊ အားနာတတ်ပြီးကိုယ်နဲ့သိတဲ့သူတွေအပေါ်ဆို မညာတာတတ်တာ တွေ့ဖူးလိမ့်မယ်။ တချို့လူတွေက တစ်ခုခု လုပ်တော့မယ်ဆိုအရမ်းတတ်ကြွ ရင်ခုန်ပြီးအချိန်တစ်ခုကြာရင် ပျင်းသွားတတ်တာတွေ့ဖူးကြလိမ့်မယ်။ လူတွေက ကိုယ့်အတွေးအခေါ်Pattern တွေရဲ့ သားကောင်ပဲ။ ကိုယ့်မှာရှိတဲ့ ကိုယ့် pattern တွေကိုသိမှ လိုချင်သလို ဘဝကို program လုပ်လို့ရမှာ။ ကိုယ်နဲ့ ပေါင်းသင်းတဲ့သူရဲ့အတွေးအခေါ် pattern သိမှလဲcommunication က အောင်မြင်မှာ။ ဒီ pattern သိမှ ကျန်တာတွေပြင်လို့ရမှာလေ။ Phyo Paing @ Derek

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။
Read More »

ကိုယ့်ကို ဖျက်စီးနေတဲ့သူက
ကိုယ်ကိုကိုယ်ပဲ။

ဒီလို ဖျက်စီးနေတာကို လုပ်မိစေတဲ့အချက်က သတိ မမူမိတာပဲ။ ပါးစပ်ထဲကို ထည့်တဲ့အစာ၊ခေါင်းထဲထည့်တဲ့ စာ၊ ပေါင်းတဲ့အပေါင်းအသင်း၊ နေ့စဥ်လုပ်ဆောင်နေတဲ့အရာတွေ။ ဒီအရာတွေက ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးတယ်။ ဒီလုပ်ရပ်တွေကို သတိပြုမိဖို့လိုတယ်။ လူဆိုတာ စနစ်တစ်ခုပဲ။ စိတ်နဲ့ ခန္ဓာနှစ်ခုနဲ့ လည်ပတ်နေတယ်။ ဒီစနစ်ကြီးကို လေ့လာပြီးကောင်းအောင်တည်ဆောက်နေမှ ပိုကောင်းလာမှာပေါ့။ သေချာတာတစ်ခုက ခန္ဓာကိုယ်ထဲကcell တွေပွားနေပြီး အချိန်နဲ့အမျှ အိုမင်းရင်းရော်နေတယ်။telomere တွေတိုနေတယ်။တချို့အပြုအမူတွေက mTor ဆိုတဲ့ protein ကို နှိုးဆွပြီး အိုမင်းရင့်ရော်မှုကိုမြန်ဆန်စေတယ်။ ဒီ process ကြီးကို ထိန်းနိုင်မှတော်ကာကျမှာ။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေမိဖို့လိုတာပဲ။ Phyo Paing @ Derek

ကိုယ့်ကို ဖျက်စီးနေတဲ့သူက
ကိုယ်ကိုကိုယ်ပဲ။
Read More »

နေ့တိုင်းက ကိုယ့်ရဲ့ တည်ဆောက်ရေးဖြစ်စဉ်ပဲ။

၂၀၁၃ ကတည်းက စာသင်တယ်။ရုံးဆင်းရင် part-time စာသွားသင်တယ်။MBA တက်တယ်။ဖုန်း software service တွေလုပ်ပေးတယ်။ ကြားထဲ တရုတ်က ပစ္စည်းတွေသူငယ်ချင်းနဲ့ပေါင်းပြီးသွင်းတယ်။ ကိုယ်လိုချင်တာမှန်သမျှ အလကားရတယ်ဆိုတာဘဝမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အတွက်ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်ဆိုတာကောင်းကောင်းနားလည်ထားတယ်။ စာသင်တာကို နာရီပေါင်း တစ်သောင်းပြည့်ဖို့တစ်ရက်ကို ၂ နာရီ သုံးချိန်ကိုနေ့ရက်တော်တော်များများ သင်တယ်။ ဘာကြောင့်လဲဆို တစ်ရက်ကို ၆ နာရီသင်ရင်တစ်နှစ် ရက်သုံးရာ၊ ခြောက်နှစ်ဆို နာရီပေါင်း ၁၀၈၀၀ ပြည့်တယ်။ အမှန်တော့ teaching ဆိုတာ learning ပဲ။ ကိုယ့်ဘဝ ကိုယ်တည်ဆောက်ရမှာပဲ။ တကယ်တမ်း ဘဝမှာ လိုအပ်ချိန်ဆို ဘယ်သူမှ လာကူတာမဟုတ်ဘူး။ ဂျေးမီပြောသလို ကိုယ့်ဘဝနဲ့ကိုယ်ပဲ။ ဒါကြောင့်နေ့တိုင်း ကိုယ့်ကိုကိုယ် ပိုကောင်းအောင် လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek

နေ့တိုင်းက ကိုယ့်ရဲ့ တည်ဆောက်ရေးဖြစ်စဉ်ပဲ။ Read More »

အသက်ငယ်တုန်းမှာ
စိတ်သွားတိုင်းကိုယ်ပါတဲ့အတွက်

ကိုယ်အကောင်အထည်ဖော်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ဖြစ်အောင်လုပ်။ အသက်ကြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့အခါ စိတ်ထားတတ်အောင် အလေ့အကျင့်ပြုလုပ်။ ငယ်ရွယ်တုန်း သန်တုန်းမြန်တုန်းမှာဆာလောင်မှု လိုတယ်။ အသက်ကြီးတဲ့အခါ အေးချမ်းမှုလိုတယ်။ ငယ်ရွယ်တုန်း ဆာလောင်မှုကြောင့် ရှာထားတဲ့ ဥစ္စာက အသက်ကြီးတဲ့အခါ အေးချမ်းမှုတရားဓမ္မနဲ့နေတဲ့အခါ အထောက်အကူပြုနိုင်မယ်။ Phyo Paing @ Derek

အသက်ငယ်တုန်းမှာ
စိတ်သွားတိုင်းကိုယ်ပါတဲ့အတွက်
Read More »

လွှတ်ချလိုက်တာက
အကောင်းဆုံးရွေးချယ်မှု
ဖြစ်ကောင်းဖြစ်နေနိုင်တယ်

ဘဝမှာ တချို့အရာတွေကို လက်လွတ်လိုက်တာနဲ့ပိုကောင်းတဲ့အရာတွေ ရောက်လာတတ်တယ်။ တခါတလေ အဆင်မပြေပေမည့်လဲသူနဲ့ သည်းခံပြီး ပြုပြင်ဖို့ နှစ်ပေါင်းများစွာကြိုးစားတဲ့အခါတွေလူတိုင်းမှာရှိတတ်ကြတယ်။ ဒါကို သမီး၊ ရည်းစား၊ လင်မယားကစလို့မိဘ၊ ဝန်ထမ်းလူအမျိုးမျိုးမှာဖြစ်နိုင်တယ်။ စတင်ခဲ့တဲ့ project တစ်ခုကို သံယောဇဉ်နဲ့ စိတ်မဖြတ်ရဲတာမျိုးလဲဖြစ်တတ်ကြတယ်။ ဒီအရာတွေကို ခြေထောက်ကိုသံကြိုးခတ်ထားသလို မွန်းကြပ်မှုတွေကို ပေးတယ်။ ရှေ့သွားတိုင်းမရောက်။အနောက်ကို ပြန်ပြန်ကြည့်နေရပြီးကြည့်တိုင်း အားမရ စိတ်ညစ်ရတတ်တယ်။ ဒါကြောင့် တချို့အချိန်တွေမှာ letting go ဆိုတဲ့ စကားကအကောင်းဆုံးဖြစ်တတ်တယ်။ Phyo Paing @ Derek

လွှတ်ချလိုက်တာက
အကောင်းဆုံးရွေးချယ်မှု
ဖြစ်ကောင်းဖြစ်နေနိုင်တယ်
Read More »

“လူ့ဘောင်” ဆိုတဲ့အတိုင်း
လူတွေကို သောက်တလွဲအတွေးအခေါ်တွေနဲ့
ဘောင်ခတ်ထားတတ်တယ်။

ဒါကြောင့် သာမာန်အများစုကဘယ်နေရာမှာ နေနေ မပျော်ကြဘူး။သာမာန်လူအများစုရဲ့ ဘဝကလတ်ဆတ်မှုမရှိကြဘူး။သာမာန်လူအများစုလူတွေကို ထိန်းချုပ်ချင်တဲ့သူတွေသတ်မှတ်ထားတဲ့ “ဘောင်” တွေအတွင်းကအသက်ရှင်ကြတယ်။ “လူ့ဘောင်” ကြီး လည်ပတ်အောင်“ဥပဒေသ” တွေနဲ့ “ဘောင်” ခတ်ထားတယ်။​တချို့ ဥပဒေသတွေက အလုပ်မဖြစ်တော့ဘူး။တော်တော် ဒိတ်အောက်နေပြီ။ အရေးကြီးက ကိုယ်က အဲ့ဘောင်ထဲက“အကျဥ်းသား” မဖြစ်ဖို့ပဲ။ Phyo Paing @ Derek

“လူ့ဘောင်” ဆိုတဲ့အတိုင်း
လူတွေကို သောက်တလွဲအတွေးအခေါ်တွေနဲ့
ဘောင်ခတ်ထားတတ်တယ်။
Read More »

Not-to-do lists

တသင်္ဂသာယာမှုအတွက်ကိုယ့်အတွက် အနာဂတ်မှာဒုက္ခဖြစ်စေနိုင်တဲ့ အလုပ်တွေမလုပ်မိဖို့ Not-to-do list လိုတယ်။ ဆေးမသုံးဘူး။ ကိုယ့်ကို ဘဝပျက်သွားစေမည့်အလုပ်ဘယ်တော့မှ မလုပ်ဘူး။ ကိုယ့်ကိုကိုယ် ချစ်ရင်ကိုယ်ဒုက္ခရောက်စေမည့်အလုပ်တွေမလုပ်နဲ့။ Phyo Paing @ Derek

Not-to-do lists Read More »