life

တချို့လူတွေက ကိုယ့်ကိုကိုယ်
Lifestyle entrepreneur လိုစဉ်းစားတယ်။

ကိုယ်နေချင်တဲ့ ဘဝနေထိုင်မှုပုံစံကိုပုံဖော်ဖို့ ကိုယ်တိုင်လုပ်ငန်းလုပ်တယ်။ အမှန်တော့ မနက် ၉ ရုံးတက်ည ၅ ရုံးဆင်း အဲ့လိုမလုပ်ချင်ကြဘူး။Boss မျက်နှာကြည့်ပြီး စိတ်မညစ်ချင်ဘူး။ ဘောင်တွေကြားထဲမှာ မနေချင်ဘူး။ ကိုယ်ဝါသနာပါတဲ့လုပ်ငန်းကို လုပ်မယ်။နေ့စဉ်ဖြတ်သန်းချင်တဲ့ ပုံစံအတိုင်းနေချင်တဲ့နေရာမှာ နေလို့ရတဲ့ဘဝကို တည်ဆောက်ချင်ကြတယ်။ ဒီအတွက် ကိုယ်ပိုင်လုပ်ငန်းတွေစတင်ကြတယ်။ဒါကို lifestyle entrepreneur လို့ခေါ်တယ်။ ဒီလို lifestyle business တွေထဲမှာ ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်ကိုပြန်လည်မျှဝေပေးတဲ့ expert business တွေပါတယ်။Training, Coaching, Consultation တွေပါတယ်။နောက်တစ်ခုက digital product ဖန်တီးတာတွေပါတယ်။ နောက်တစ်ခုက advisory role ယူပြီးday-to-day activities ထဲမှာ ဝင်မပါတဲ့အလုပ်မျိုးပါတယ်။ နောက်တစ်ခုက ကိုယ့်ပြဿနာကိုဖြေရှင်းရင်းဖြစ်ပေါ်လာတဲ့ app တွေ၊ website တွေပါတယ်။ဘယ်နေရာနေနေ အလုပ်လုပ်လို့ရတဲ့ location-independent business တွေပါတယ်။

တချို့လူတွေက ကိုယ့်ကိုကိုယ်
Lifestyle entrepreneur လိုစဉ်းစားတယ်။
Read More »

ငယ်ငယ်က ဖြတ်သန်းမှုက
လူတစ်ယောက်ဘဝကို
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။

တချို့အိမ်တွေမှာ မိဘတွေတကျက်ကျက် ရန်ဖြစ်တဲ့မိသားစုက ပေါက်ဖွားလာတဲ့အခါကလေးတစ်ယောက်မှာ စိတ်ခံစားမှုရှိတယ်။သူ့အနေနဲ့ မပြောပေမယ့် စိတ်ထဲ ခံစားရတတ်တယ်။ဒီအထဲမှာ အဖွားနဲ့ အမေမတည့်တဲ့အခါပိုစိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်။ ဒါကို ရှောင်လွဲဖို့ လူတွေနဲ့ကိုယ်နဲ့ စိတ်ခံစားချက်ကို ဖယ်ထားတာမျိုး ဖြစ်လာပြီး လူအများစုခံစားရတာနဲ့ကိုယ်ခံစားရတာ radar လွတ်နေတတ်တယ်။ အဖေနဲ့ အမေရဲ့ ဆက်ဆံရေးပေါ်မူတည်ပြီးအချစ်ရဲ့ strategy ဖြစ်ပေါ်လာတတ်တယ်။ အဖေက အမြဲခရီးထွက်နေတတ်တဲ့မိသားစုနဲ့ ဘေးနားမှာ ကျောင်းကြိုပို့လုပ်တဲ့မိသားစုမှာ မတူညီတဲ့love strategy တွေရှိကြတယ်။ လူတစ်ယောက်ရဲ့ love strategy ကိုသိိဖို့“ငယ်ငယ်က အဖေနဲ့ အမေ ဘယ်သူ့အချစ်ကိုပိုခုံမင်ခဲ့လဲ” ဆိုတဲ့မေးခွန်းမေးလို့ရတယ်။ အဖေ၊ ဒါမှ မဟုတ် အမေ့အချစ်ကိုရဖို့ဘယ်လို ကြိုးစားအားထုတ်ရလဲပေးကြည့်ကြည့်။ တချို့က ကိုယ်ချစ်တဲ့မိဘရဲ့အချစ်ကိုရဖို့လိမ်လိမ်မာမာ နေရတယ်။တချို့က ဂျီကျမှ ဂရုစိုက်ခံရတယ်။ ငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုက တစ်ဘဝလုံးကို လွမ်းမိုးမှုရှိတယ်လို့ထင််တယ်။ Phyo Paing

ငယ်ငယ်က ဖြတ်သန်းမှုက
လူတစ်ယောက်ဘဝကို
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။
Read More »

ယောကျာ်းတွေကြုံတွေ့နေရတဲ့
ဒီနေ့ခေတ် စိန်ခေါ်မှုကကြီးတယ်။

ဒါကြောင့်လဲ Andrew Tate ရဲ့ကြီးထွားမှုက အရမ်းမြန်ခဲ့တာ။ အဓိက အကြောင်းအရင်းကဒီနေ့ခေတ် အမျိုးသမီးတွေက ပညာတတ်လာတာ၊ တော်လာတာကြောင့်Relationship dynamics မှာ လွမ်းမိုးရခက်လာတာလဲ ပါတယ်။နောက်တစ်ခုက ပညာတတ်လာတာနဲ့အမျှမျှော်မှန်းချက်တွေက များလာတယ်။ ဒီ စံနှုန်းတွေကို ဖြည့်ဆည်းဖို့အတွက်အမျိုးသားအများစုဟာ စိတ်ဖိစီးမှု ဒဏ်ကို ခံကြရတယ်။ အမျိုးသမီးအများစုက ကိုယ့်သမီးရည်စား၊ လင်မယားကိုနှိုင်းယှဉ်တဲ့အခါလဲတခြားအမျိုးသမီးတွေရဲ့ spouse တွေရဲ့top 10% နဲ့ ပဲ သွားနှိုင်းယှဉ်တဲ့အခါအခြေခံ bottom line 90% က စိတ်ဖိစီးမှု များနိုင်တယ်။ Phyo Paing @ Derek

ယောကျာ်းတွေကြုံတွေ့နေရတဲ့
ဒီနေ့ခေတ် စိန်ခေါ်မှုကကြီးတယ်။
Read More »

နေ့ရက်တိုင်းကို တန်ဖိုးရှိရှိဖြတ်သန်းပါ။

ဒီစကားကြားရင် motivational speaker လိုလို ဘာလိုလို ထင်တတ်ကြတယ်။ တစ်ရက်တာမှာ ကိုယ့်ကိုကိုယ်တိုးတက်အောင် လုပ်တဲ့အချိန်ထားရမယ်။ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တဲ့အချိန်ထားရမယ်။ တခြားသူတွေကို ကူညီမျှဝေပေးတဲ့အချိန်ထားရမယ်။ ပိုက်ဆံရှာတဲ့ အချိန်ထားရမယ်။ သေရင်တစ်ယောက်တည်း အထီးကျန်ပြီးမသေဖို့အတွက် relationship အတွက် အချိန်ထားရမယ်။ သာရေး၊ နာရေး၊ ပေါင်းသင်းဆက်ဆံရေးအတွက်အချိန်ထားရမယ်။ လူဖြစ်ရတာ လွယ်တော့မလွယ်ဘူး။ မလွယ်တဲ့ကြားထဲက အသက်ရှင်နေနိုင်တာကောင်းတဲ့အချက်ပဲ။ တချို့က ဘဝကို ဒေါင်ကျကျ ပြားကျကျ ဖြတ်သန်းနိုင်ရမယ်တဲ့။ ကျွန်တော်လဲ စဉ်းစားမိတယ်ဘယ်လောက် စောက်တလွဲတွေပဲဖြစ်နေပါစေဘယ်လိုနေရာမျိုး အခြေအနေမျိုးပဲဖြစ်နေပါစေ ဘဝကို အထာကျကျ ဖြတ်သန်းမယ်။ ဒီလိုအထာကျကျ ဖြတ်သန်းဖို့က အချိန်တွေကို သေချာအသုံးချဖို့လိုတယ်။ Phyo Paing @ Derek

နေ့ရက်တိုင်းကို တန်ဖိုးရှိရှိဖြတ်သန်းပါ။ Read More »

တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင် ကိုယ်က သစ်ပင်မှ မဟုတ်တာ။

ဆယ်နှစ်လောက်ကြိုးစားတာ မအောင်မြင်ပဲ တစ်ချိန်ကျမှထအောင်မြင်တာမျိုးဖြစ်တတ်တာပဲ။ ကြီးကြီးကျယ်ကျယ် case study တွေကြည့်ရင်Bill Gates ဆိုလဲ Lakeside မှာ high school တက်ကတည်းက computer တွေသုံးလာတာ Microsoft ဖြစ်လာဖို့ မှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချတာတောင်အချိန် အများကြီးပေးခဲ့ရတာ။ Warren Buffet ဆိုလဲ ဆယ်ကျော်သက်ကတည်းကရင်းနှီးမြုပ်နှံမှုတွေလုပ်လာခဲ့တာသူ့ဆရာ Benjamin Graham ဆီမှာပညာသင်ခဲ့တာတောင် သူ့ကြွယ်ဝမှုအများစုက အသက် ၆၅ နောက်မှာဖြစ်တယ်။ Xiaomi ရဲ့ CEO Lei Jun ဆိုလဲKingsoft မှာ ၁၆ နှစ်လောက် အလုပ်လုပ်ခဲ့တာ။ Angel Investing တွေ အများကြီးလုပ်ပြီးမှာ Xiaomi ဆိုတာ ဖြစ်လာခဲ့တာ။ Jack Ma ဆိုလဲ China Yellow Page တို့ဘာလို့

တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင် ကိုယ်က သစ်ပင်မှ မဟုတ်တာ။ Read More »

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။

ကိုယ်ဘေးမှာ တစ်လလောက်နေနေတဲ့သူကကိုယ်နေ့စဉ် ဖြေရှင်းနေရတဲ့ပြဿနာတွေတွေ့တော့ အံ့ဩသွားတယ်။ဘဝက အဲ့လောက် ပြဿနာတွေများလားပေါ့။အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ဒါကို ခံစားအရှုံးပေးပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်ဖို့ပဲ။ဖြေရှင်းလိုက်တဲ့ ပြဿနာတွေကကိုယ့်ကို next level ရောက်စေတာပဲ။ Phyo Paing @ Derek

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ Read More »

သူများနဲ့ မနှိုင်းယှဉ်နဲ့။

စေတနာထားပြီး အလုပ်လုပ်။ရလဒ်ရအောင်လုပ်။လိပ်ပြာလုံတဲ့ အလုပ်ကိုလုပ်။ပြဿနာကို ဖြေရှင်း။ပြဿနာကို ဒုက္ခအနေနဲ့ မပြောင်းလိုက်နဲ့။အားမနာနဲ့။လုပ်သင့်တာ အရင်လုပ်။ပြီးမှ လုပ်ချင်တာလုပ်။ Phyo Paing @ Derek

သူများနဲ့ မနှိုင်းယှဉ်နဲ့။ Read More »

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်

တချို့အချိန်တွေကျရင်အလုပ်လုပ်နေပြီး ရှေ့သိပ်ရောက်သလိုမဖြစ်plateau phase မှာဖြစ်နေတတ်တယ်။ တချို့အချိန်တွေကျတော့လဲ သေတော့မလိုလောကကြီးကနေ ထွက်ပြေးချင်သလိုရှောင်ပြေးချင်တဲ့ အချိန်တွေလဲကြုံနိုင်တယ်။ ဘဝဆိုတာ အမြဲဒုက္ခရောက်မနေသလိုအမြဲလို သုခဖြစ်မနေဘူး။တစ်လှည့်စီပဲ။ အရေးကြီးတာ လှိုင်းအောက်ရောက်နေချိန်သွေးမပျက်ဖို့ပဲ။ တခါတလေ ဘဝအပြောင်းအလဲဆိုတာတစ်ရက်တည်းမှာလဲ ဖြစ်နိုင်တယ်။ အဲ့ဒီအခွင့်အရေးလာတဲ့အခါ ကိုယ့်ဖက်က ready ဖြစ်နေဖို့ပဲ။ ဒါကြောင့် စိတ်ညစ်စရာတွေကြုံလို့သွေးပျက်မသွားနဲ့။ ကိုယ့်ကိုကိုယ် training ဆင်းနေတယ်လို့စဥ်းစားကြည့်ကြည့်။ ကွန်ဖြူးရှုပ်ပြောသလို Our greatest glory is not in never falling, but in rising every time we fall. — Confucius Phyo Paing @ Derek

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်
Read More »

မသေခင် လုပ်ချင်တာတွေ
လုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က
ကိုယ့် တာဝန်ပဲ

လူဖြစ်နေသမျှ ပြဿနာကရှိနေမှာပဲ။ ကျွန်တော်တို့ တာဝန်ကပြဿနာမရှိတဲ့ ဘဝကို နေထိုင်ဖို့မဟုတ်ဘူး။ ပြဿနာတွေထက် သန်မာတဲ့လူတစ်ယောက်ဖြစ်ဖို့လို့မြင်တယ်။ ပြဿနာဆိုတာ စိတ်နဲ့ ခန္ဓာကဖြစ်တယ်။ စိတ်မထားတတ်ရင် ပြဿနာက ဒုက္ခဖြစ်သွားမယ်။ခန္ဓာကလဲ သေချာမထိန်းသိမ်းနိုင်ရင်ဒုက္ခဖြစ်သွားနိုင်တယ်။ အဲ့ဒီ စိတ်နဲ့ ခန္ဓာကို သေချာတိုးတက်ကောင်းမွန်အောင် အချိန်ပေးထိန်းသိမ်းဖို့လိုတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်အလုပ်စီးပွား ရှာတာအပြင် စိတ်အတွက်စာဖတ်၊ တရားထိုင်၊ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်၊အစားအသောက်ဆင်ခြင်။ ဘဝမှာ တစ်နေ့သေမှာပဲ။ မသေခင် လုပ်ချင်တာတွေလုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က ကိုယ့် တာဝန်ပဲ ဘဝဆိုတာ အိမ်ထောင်ကျသားမွေး၊ အို၊ နာ၊ သေထက်အများကြီးပိုတယ်လို့ယူဆထားတယ်။ Phyo Paing @ Derek

မသေခင် လုပ်ချင်တာတွေ
လုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က
ကိုယ့် တာဝန်ပဲ
Read More »